“မြက်ဈေးကောင်းတဲ့ခေတ်”

Share |
"တိုင်းပြည်အတွက်
မြက်ကလေးတပင်
သင် နှုတ်ပေးခဲ့ဖူးပါသလား"…တဲ့။

ကိုယ်ကျိုးအတွက်
မြက်ထုံးပေါင်း မြောက်မြားစွာ
ဝါးစားနေသူတွေက
ပလုပ်ပလောင်းသံနဲ့
တညံညံ မေးလာကြတဲ့အခါ…..။

15 comments:

Unknown said...

အမှန်ပါဘဲကိုပေါရေ..
ကိုပေါနဲ့ ထပ်တူထပ်မျှပါဘဲ၊၊

စန္ဒကူး said...

စာတိုတိုလေးနဲ့ အဓိပ္ပယ်အများကြီးပေါ်အောင်ရေးသွား တာသဘောကျတယ်။း)

ဂျစ်တူး ( မုံရွာ ) said...

ထပ်တူထပ်မျှခံစားမိပါသည်။
ကဗျာကလေးကတိုပေမဲ့အများကြီးအဓိပ္ပါယ်ဆောင်တယ်-
( ကဲ - - -မဒမ်ပေါရေ --ဘယ်လိုမှတားလို မှတား
လို့ မရလို့ ရေးမိသွားပြီဗျာ )

Anonymous said...

မြက်တွေကိုစားသုံးသူတွေရော..
ကိုပေါလို မြက်ရောင်းနေသူတွေရော..

အားလုံးအားလုံး ....ဟာ ဘာမှဖြစ်မလာပဲ
နားတွေပဲငြီးလာပါတယ်။

အာအိုင်တီ၉၆

Rita said...

မြတ် ထင်လို့ ရုတ်တရက် ဝမ်းသာအားရ ဖြစ်မိသေးတယ်။ :)

kma said...

ကိုပေါရေ.. ဈေးခေါ်ကောင်းတဲ့ မြက်ပွဲစားတွေလည်း ရှိသေးတယ်နော်။

သတိ said...

အားလုံးသတိ

အမေးခံရသူ ဘယ်လိုပြန်ဖြေမလဲ...
သိပ်လေးနက်ပီး စဉ်းစားစရာ ကောင်းတဲ့ မေးခွန်းလေးပေါ့ဗျာ..
ငါမနှုတ်ဘူးဘူး.. မင်းလိုပလုတ်ပလောင်း ၀ါးနေတဲ့ ကောင်ရှိနေမှတော့
သေတောင်မနှုတ်ဘူးကွလို့ ပြန်ဖြေမလား..
ကျွန်တော်တို့ဟာ တိုင်းပြည်အတွက် မြက်တပင်နှုတ်ဖို့
သူများဘာလုပ်နေလဲ ကြည့်ပီးမှ လုပ်သင့်မလုပ်သင့် ဆုံးဖြတ်ကြမှာလား..
သူ့ဘာသာ ပလုတ်ပလောင်းမကလို့ စားပိုးပဲ နင့်နင့် တိုင်းပြည်အတွက်
ငါမြက်တပင်နှုတ်ဖူးတယ်ကွလို့ ကြွေးကြော်ကြမလား..

အဲလိုမေးခွန်းမျိုးကို ဘယ်လိုလူမျိုးကမေးမေး
လိပ်ပြာသန့်သန့် ပြန်ဖြေရဲဖို့တော့ ငါတို့မှာ တာဝန်ရှိတယ်.. ကြိုးစားသင့် တယ်လို့ ယုံကြည်တဲ့ နိုင်ငံသားတွေ များလာရင် ကျွန်တော်တို့ နိုင်ငံအတွက် အရမ်းအကျိုးရှိမှာပါဗျာ..

ခုတော့ နိုင်ငံဟာ ပလုတ်ပလောင်း ၀ါးနေသူတွေ ပြည့်လို့.. အဲဒီလူတွေကို အပြစ်လွှဲချပီး သူများနိုင်ငံနဲ့ ယှဉ်ရင်တောင် မတရားနည်းလှတဲ့ အခွန်အကောက်ကို ဘယ်လိုပုန်းရမယ်ဆိုတာ အကြံကုန် ထုတ်နေတဲ့လူတွေ ပြည့်လို့.. ဒီမိုကရေစီရမှ မျဉ်းကြားကကူးမယ်ကွဆိုတဲ့ လူတွေတောင် ပြည့်လို့...

ကိုယ်ကောင်းဖို့ ခေါင်းရွေးနေကြတဲ့ လူတွေအတွက် ကိုယ်ညံ့ကိုယ်ခံမဟုတ်ပဲ ကိုယ့်ရဲ့ တာဝန်မဲ့ ပျက်ကွက်မှုတိုင်းကို လွှဲချစရာ ခပ်ညံ့ညံ့ အစိုးရတစ်ရပ် ရှိနေတာပဲ အဲဒီလူတွေအတွက် ကံကောင်းမှုတစ်ရပ်လို့ ပြောရမလားပဲဗျာ..

သက်သာဗျို့..
မောင်သတိ

ကိုပေါ said...

မောင်သတိ...

ဒီတခါ မောင်သတိ ရေးသွားတာတော့ ကြိုက်တယ်ဗျိုး။ တကယ်ပြောတာပါ။

မိတ်ဆွေပြောတာမှန်ပါတယ်။ ဘယ်သူမတရားတာလုပ်လုပ် ကိုယ်ကတော့ တရားမျှတတဲ့၊ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကို လုပ်သင့်တာ အမှန်ပါပဲ။ ဒီမိုကရေစီရမှ လူကူးမျဉ်းကျားက ကူးမယ်ဆိုတာလည်း မဖြစ်သင့် မဖြစ်အပ်တဲ့အရာပါ။

အခုဟာက တိုင်းပြည်အတွက် မြက်တပင်နှုတ်ပေးဖူးပါသလားဆိုတဲ့စကားကို ငါးဖယ်က ပြောင်းပြန်ဖြစ်နေသူတွေ၊ သူခိုးက လူလူ ဟစ်နေသူတွေက ပြန်လှန်မေးခွန်းထုတ်နေတဲ့အတွက် မြက်ရိတ်သမားရဲ့ မချိတင်ကဲ ခံစားချက်ကနေ ဝင်ရောက်ခံစားပေးရင်းက ပေါက်ဖွားလာတဲ့ ကဗျာပါ။ သူတို့ အဲသည်လို စားလို့ ရိတ်မပေးရဖူး မဆိုလိုပါဘူး။ ကျနော်တို့လေးစားသူတွေဟာ အဲဒီ မြက်ရိတ်မှုနဲ့ပဲ အကျဉ်းကျ၊ နေအိမ်အကျယ်ချုပ်ကျ၊ တချို့ဆို မြက်စားသူတွေ လက်မှာ အသက်ပါ စွန့်လွှတ်သွားရတာတွေ မရေမတွက်နိုင်တော့ပါဘူး။

pandora said...

ဘယ်လိုဖြစ်ဖြစ်ဗျာ.. ဟိုဘက်ခြံက မြက်က ပိုစိမ်းတယ်။ ဒါပဲ။ :P

. said...

ကိုယ်အပင်ပန်းခံနှုတ်ထားသမျှ မြက်စားနေတဲ့သူတွေအတွက်ချည့် ဖြစ်သွားမယ်ဆိုလဲ သိသိကြီးနဲ့ ဆက်နှုတ်နေမှာပဲလား။ ကိုယ့်စိတ်ကိုကိုယ် လိပ်ပြာသန့်ဖို့ကသာ အရေးကြီးပါတယ်ဗျာ။

Moe Tain Nyo said...

သာမာန်လူတွေ အတွက် နုတ် နိုင်လောက် တဲ့ အခြေအနေလေး ဖန်တီး ပေးနိုင်ရင် အကောင်းဆုံးပါပဲ။ တစ်ချို့လူတွေက နုတ်ချင်ပါတယ်။ နုတ်ခွင့် မပေးကြလို့ပါ။ ကိုယ့်ဟာကိုယ် ရအောင် ဖန်တီးကြပေါ့ လို့ ပြောကြပါလိမ့်မယ်။ ဒါပေမယ့် လူတိုင်း ဗိုလ်ချုပ် အောင်ဆန်း လူတိုင်း ဦးသန့် မဟုတ်ပါဘူး။ သာမာန် လူတွေပါ။

ကျော်ထင် said...

အခုတော့ မြက်တွေလဲ မစိမ်းနိုင်တော့ဘူး။ မိုးခေါင်ရေရှားနေလို့။ မြက်ခြောက်လေးတပင်နှုတ်တာ အသာထား၊ ရေငတ်နေသူတွေအတွက် ရေလေးတစ်ခွက်အရောက်ပို့ဖို့တောင် ကျက်သရေတုံးတဲ့ အလံ ကားမှာချိတ်သွားမှ သွားခွင့်ြ့ပုမယ်ဆိုတဲ့ လုပ်ရပ်ကိုတော့ ဘယ်လိုခံစားနားလည်ပေးရမလဲ နားကိုမလည်နိုင်အောင်ပေပဲ..။

Kaung Kin Ko said...

ကဗျာ heart ထိတယ်ဗျို့။

Anonymous said...

ဒါကြောင့် အစိုးရက ပြည်သူတွေကို မကျေနပ်တာ
သူတို့စားဖို့ မြက်လေးတောင် နှုတ်မပေးနိုင်ဘူးလားဆိုပြီး

Anonymous said...

http://news.asiaone.com/News/Latest%2BNews/Asia/Story/A1Story20100525-218318.html

how do u think for that news????

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs