“မရယ်ရသော ပြက်လုံးများ”

Share |
တလောက သတင်းတပုဒ်ထဲမှာ ဖတ်လိုက်ရသည်။ မြန်မာပြည်တွင်း အငြိမ့်ခွေများ ထုတ်ဝေရောင်းချရာတွင် မင်းသမီးကသည့် အခန်းများကို ချန်လှပ်ပြီး လူရွှင်တော်ပြက်လုံးများချည်း စုစည်းထုတ်ဝေရသည်ဆိုသည်။ အကြောင်းမှာ မြန်မာပရိသတ်က မင်းသမီးခန်းကို မကြည့်ချင်တော့သောကြောင့်ပင်။ အကယ်၍ အခွေထဲတွင် မင်းသမီးခန်းပါလျှင်လည်း ပရိသတ်က ထိုအခန်းကို ကျော်ကြည့်ကြသည်ဟု သိရသည်။

တခြားသူအတွက်တော့ မသိ။ ကျနော့်အတွက်တော့ အငြိမ့်မင်းသမီးခန်းကို ကြည့်ရသည်မှာ အင်မတန်ပျင်းစရာကောင်းသည်။ မြန်မာအကကို မနှစ်သက်၍ မဟုတ်။ မင်းသမီး အယောက် ၁၀၀ ကလျှင် ကြည့်ကောင်းအောင် ကတတ်သူမှာ တယောက်မျှသာ ရှိသောကြောင့်ပင်တည်း။ ထို့ပြင် ကက်ဆက်ဖြင့်ဖွင့်၍ ကသော သီချင်းများမှလွဲ၍ မင်းသမီးများ ကိုယ်တိုင် သီဆိုသော သီချင်းများမှာလည်း ညံ့ဖျင်းလှချေသည်။

ဟိုခေတ်က အငြိမ့်မင်းသမီးများ နာမည်ကြီးကြသည်မှာ တေးရေးဆရာတွေကလည်း အကျော်အမော်တွေ။ နန်းတော်ရှေ့ဆရာတင်၊ ရွှေတိုင်ညွန့်စသဖြင့်။ မင်းသမီးတွေကိုယ်တိုင်က နာမည်ကျော် အဆိုကောင်းတွေ။ မမြရင်၊ သြဘာသောင်း၊ ကြည်ကြည်ဌေး စသည်။ သူ့တို့သီဆိုခဲ့သော သီချင်းများမှာ ယနေ့အထိ ပြည်သူတွေရင်ထဲတွင် စွဲငြိပြီး နိုင်ငံတဝှမ်း ပျံ့လွင့်နေဆဲဖြစ်သည်။

မင်းသမီးသီချင်းညံ့ပုံအကြောင်းကို အစပြုမိ၍ မနေ့က ကြည့်မိသော သီးလေးသီး အငြိမ့်အဖွဲ့မှ မင်းသမီး မြစပယ်ငုံအတွက် ရေးစပ်ပေးသောသီချင်းကို အနည်းငယ်မျှ ဥပမာ ပေးလိုပါသည်။ သီချင်းမှာ ဒီမိုကရေစီတော်လှန်ရေးသမားများကို အားပေးသော သီချင်းဖြစ်သည်။ သို့သော် စဖွင့်ဖွင့်ချင်း စာသားက “အရောင်စုံလင်းချေပြီ… ခွပ်ဒေါင်းကြီးလည်း တရေးနိုးလေပြီ”….တဲ့။ ကဲ…ကောင်းကြပါလေရော။ “တရေးနိုးလေပြီ” ဆိုတဲ့ စာသားက ဘယ်လို အနက်အဓိပ္ပါယ်ထွက်သွားသလဲဆိုတာကို သီချင်းရေးသူကရော မင်းသမီးကပါ စဉ်းစားမိကြပုံမရ။ “အနှစ်၂၀ လုံးလုံး ခွပ်ဒေါင်းကြီး ဘယ်ချောင်မှာ သွားအိပ်နေခဲ့သလဲ” ဟု အဓိပ္ပါယ်ထွက်မနေပေဘူးလား။ ယခုပြောခဲ့သည်မှာ သီချင်းညံ့ပုံကို စာသား နမူနာမျှ အနည်းငယ်ထုတ်နှုတ် ပြောပြခြင်းမျှသာ။ သီချင်းရဲ့ သံစဉ်တွေ၊ နောက်ခံတီးလုံးတွေ စွဲမက်စရာကောင်းမကောင်းကို သက်ဆိုင်ရာ ဗီဒီယိုလင့်ခ်မှာပဲ စာဖတ်သူတို့ကိုယ်တိုင် သွားရောက် အကဲဖြတ်စေချင်သည်။ ဗီဒီယိုလင့်ခ်တွေကို ပို့စ်အောက်ခြေမှာ ပေးထားပါသည်။

နောက်ပြီး ရှေးခေတ်အငြိမ့်မင်းသမီးတွေက သူ့ခေတ်သူ့အခါအလျောက် ထွင်လည်း ထွင်တတ်ကြသည်။ အငြိမ့်မင်းသမီး မထွေးလေးသည် ရုပ်သေးအရုပ်ကလေးနဲ့တူအောင် ကပြရာတွင် အလွန်ကြည့်၍ ကောင်းသည်ဟုဆိုသည်။ သို့သော် မထွေးလေးအက ကြည့်ကောင်းသည်နှင့် ထိုအကမျိုးကို ကသူတိုင်း ကြည့်ကောင်းမည်ဟု တွက်ဆ၍မရ။ ယခုခေတ်မင်းသမီးအချို့ အရုပ်နှင့် မတူတူအောင် ခေါင်းတုန်တုန် လက်တုန်တုန်ဖြင့် ကပြသည်ကို လုံးဝကြည့်၍မရ။ (မှတ်ချက်။……….။ မြစပယ်ငုံ အကတွင်တော့ ထိုအကွက်မျိုးမပါပါ။)။ ဒေါ်သြဘာသောင်းအကြောင်းကို ယခင်က မဂ္ဂဇင်းတွေတွင် ဖော်ပြရာ၍ ကျွဲကော်မျက်မှန်ကော်ကိုင်းကိုတပ်၊ ဦးထုတ်ကိုဆောင်း၊ ယောက်ျားလေးလို ဝတ်၊ တယောလေးကိုထိုးပြီး ဒေါ်သြဘာသောင်း သီချင်းဆိုရာ ပရိသတ် အထူးနှစ်သက်သည်ဟု သိရသည်။ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကိုယ်ပိုင်ဟန်ကို မထွင်နိုင်လျှင် ပရိသတ်က စွဲမက်မည်မဟုတ်။ ဤအချက်မှန်ကန်ကြောင်းကို ယခု မြန်မာပရိသတ်၏ တုန့်ပြန်ချက်က ထင်ဟပ်ပြနေပေသည်။

လူရွှင်တော်ပြက်လုံးများအကြောင်းဆက်ရလျှင် ပြက်လုံးတွေ အပ်ကြောင်းထပ်နေသည့်အကြောင်းက စရမည်ထင်သည်။ လူရွှင်တော်တွေ တဦးနှင့် တဦး ပညာစမ်းကြသည့် ပြက်လုံးမျိုးမှာ တခါလာလည်း မဲပြာပုဆိုးဟု ဆိုရလောက်အောင် ခေါက်ရိုးကျိုးနေသာ ပြက်လုံးအသွား (Pattern)တခု ဖြစ်လာသည်။

ဤပြက်လုံးအသွား၊ ပြက်လုံးခွင်မျိုးတွင် လူရွှင်တော်တဦးက “ဒီအဖွဲ့ထဲမှာ ငါပညာအတတ်ဆုံး။ မင်းတို့ ငါ့ကို တစ်ကနေ တစ်ဆယ်အထိ ကြိုက်တာမေး။ ငါအိုင်တင်တမျိုးတည်းနဲ့ ဖြေသွားမယ်” ဆိုတာမျိုးနဲ့ စတတ်သည်။ တချို့ကျတော့ “မင်းတို့ ငါ့ကို အေ၊ဘီ၊စီ၊ဒီ ကြိုက်တာမေး၊ ငါ ကာရန်လေးနဲ့ အဓိပ္ပါယ်ရှိရှိ ဖြေပြမယ်၊ စာနဲ့ပေနဲ့ဖြေပြမယ်” ဆိုတာမျိုး မူကွဲလေးတွေရှိသည်။ သူငယ်တန်းကလေးကို သွားမေးလျှင်တောင်သိမည့် တစ်ကနေ တစ်ဆယ်အထိသိခြင်း၊ အေ၊ ဘီ၊ စီ၊ ဒီ သိခြင်းကို ပညာရှိသည်ဟု လူရွှင်တော်တွေ ပြောနေကြခြင်းကိုလည်း စဉ်းစား၍ မရအောင်ရှိသည်။ နောက်တခုက ပြက်လုံးဆိုသည်မှာ ဘာကို ပြောတော့မည် (punch line)ကို ကြိုသိမနေမှ ရယ်စရာကောင်းသည်။ ခေါက်ရိုးကျိုးနေသော ပြက်လုံးများမှာ သူတို့ ပါးစပ်မဟမီမှာပင် ဘာပြောတော့မည်ကို ကြိုတင်ခန့်မှန်း၍ ရနေသဖြင့် ရယ်စရာပြက်လုံးကောင်းတစ်ခု ဖြစ်လာဖို့ ခဲယဉ်းသည်။

ဤ ပြက်လုံးအသွားမျိုးကို အပျော်တမ်းလူရွှင်တော်များက သုံးသည့်အပေါ် သည်းခံခွင့်လွှတ်နိုင်သေးသော်လည်း ပညာသည်လူရွှင်တော်များက ထပ်တလဲလဲ သုံးနေသည်မှာ လုံးဝမဖြစ်သင့်။ ပိုဆိုးသည်မှာ မနေ့က ကြည့်လိုက်ရသော “သီးလေးသီးအငြိမ့်အဖွဲ့”၏ ပြက်လုံးတွင် ဤပြက်လုံးမျိုးကို လူရွှင်တော်ငါးယောက်ရှိရာ ငါးယောက်စလုံးက တယောက်ပြီးတယောက် ဤနည်းအတိုင်း လူလဲပြီး ပြက်သွားသည်မှာ အင်မတန် စိတ်ပျက်ငြီးငွေ့ဖွယ် ကောင်းလှပေတော့သည်။ သို့သော် ထိုနည်းအတိုင်းပြက်သော်လည်း ရယ်ရလျှင်တော်ပေသေးသည်။ ယခုမှာမူ နိုင်ငံရေးပြက်လုံးဖြစ်လျှင်ပြီးရောဟု သဘောထားလေသလောမသိ။ အတုံးလိုက်အတစ်လိုက် ပြက်သွားကြသည်မှာ နအဖက ထုတ်လွှင့်နေတတ်သော ခပ်ညံ့ညံ့ပေါ်လစီဇာတ်လမ်းများကပင် “အဘ” ခေါ်ရလောက်ပေသည်။ အဆိုးဆုံးမှာ တနေရာတွင် ဇီးသီးသည် အတတ်ပညာတတ်ခြင်း နှင့် သစ်ပင်တက်ခြင်း ဆိုသည့် “တတ်” နှင့် “တက်” မတူညီသည့် အသံနှစ်ခုကို ကွဲကွဲပြားပြား မသိရှာသည့်လက္ခဏာဖြင့် ပြက်လုံးတခု ထုတ်လိုက်ခြင်းပင်ဖြစ်သည်။

ယခင်မျှော်စင်ကျွန်းတွင် သီးလေးသီး ပြက်ခဲ့သော ဂန်ဘာရီခရီးစဉ်ပြက်လုံးမျိုး၊ စင်္ကာပူတွင်ပြက်သွားသော မျက်နှာချင်းဆိုင်၊ ကျောချင်းကပ် လှေလှော်သည့် ပြက်လုံးမျိုးများသည် နိုင်ငံရေးပြက်လုံးဖြစ်သော်လည်း ရယ်ရသောပြက်လုံးများဖြစ်သည်။ ဟာသပါသည်။ အတွေးအခေါ်ပါသည်။ ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်းပြုလုပ်သော (စစ်အစိုးရ၏) မြန်မာနိုင်ငံအမျိုးသမီးများနေ့အထိမ်းအမှတ်ပွဲတွင် ဧရာတို့ ကျော်ထူးတို့ ပြက်သော ပြက်လုံးခွင်မျိုး (ယူကျုမှာ ရှာကြည့်ပါ)သည်လည်း နိုင်ငံရေးမပါသော်လည်း ဟာသမြောက်သည်။ ရယ်ရသည့် ပြက်လုံးခွင်မျိုးဖြစ်သည်။

သီးလေးသီးအဖွဲ့၏ အခုနောက်ဆုံး တစ်ကနေ တစ်ဆယ်ပြက်လုံးမှာမူ မရယ်ရရုံမက အပေါစားဆန်နေပေသည်။

ယနေ့ခေတ်ကာလသည် ရုပ်ရှင်၊တီဗီ၊အင်တာနက်၊ ဗီစီဒီ၊ ဒီဗီဒီ စသဖြင့် မီဒီယာမျိုးစုံ၊ ဖျော်ဖြေမှု ပုံစံမျိုးစုံ အပြိုင်အဆိုင် ပွင့်လန်းနေသောကာလဖြစ်သည်။ ယခင် မမြင်ရင်တို့ ဒေါ်သြဘာသောင်းတို့ခေတ်နှင့်မတူ။ ယခင်က အငြိမ့်နှင့် ရုပ်သေးပွဲများသာ ကြည့်စရာရှိသည်။ ယနေ့ခေတ်ကဲ့သို့ ဖျော်ဖြေမှုများ အပြိုင်အဆိုင်ဖြစ်ထွန်းနေသောကာလတွင် မြန်မာ့အငြိမ့်သဘင်ကို ဆက်လက်ရှင်သန်စေလိုလျှင် သက်ဆိုင်ရာအနုပညာရှင်များအနေဖြင့် ယခုထက် ဆတက်တံပိုးတိုး၍ ပိုမိုကြိုးစားသင့်သည်။ ဤပုံစံအတိုင်းသာ ပြီးစလွယ် လုပ်သွားမည်ဆိုပါက ကြာလျှင် အငြိမ့်မင်းသမီးအကကို လူတွေ ငြီးငွေ့သွားသကဲ့သို့ပင် လူရွှင်တော်တို့၏ ခေါက်ရိုးကျိုးနေသော၊ မရယ်ရသော ပြက်လုံးများကို ပရိသတ်က ကျောခိုင်းသွားကြမည်မှာ အမှန်ပင်ဖြစ်သည်။

သီးလေးသီးပြက်လုံး


မင်းသမီးအက

31 comments:

ချစ်ကြည်အေး said...

မင်္ဂလာပါ။ ပထမဆုံးအလည်ရောက်ပါတယ် စိတ်ဝင်တစားဖတ်သွားပါတယ်ရှင် ။

Anonymous said...

မင်္ဂလာပါ။ကိုပေါရေ ကျမအနေနှင့် အငြိမ့်ကို တော်တော်ကို ကြိုက်ပါတယ်။ ကိုပေါရဲ့ ဘလော့ကိုလည်း အကောင်းဆုံးဖြစ်စေချင်ပါတယ်။တိုင်းပြည်ကို အကျိုးပြုမယ့်ဟာပေါ့။ နေဘုန်းလတ်တို့ ဘလော့ပိုင်ရှင်ပေါ့။

Dr. Yi Yi Win said...

လူတွေကို ဖျော်ဖြေဖို့ ၊ စွဲစောင်မှုရှိဖို့ တာဝန်တွေနဲ့ အငြိမ့်သမလေးတွေဘ၀ကလည်း သိပ်တော့မလွယ်ဘူးနော်။ ဒါတောင်ရှေးကဆိုရင် “ဖက်ခွက်စား” လို့ ခေါ်ရက်ကြသေးတယ်။ ကျွန်မတော့ “မြင့်မြင့်ကြည်” ကြိုက်တယ်။ သိပ်ကြီးလွန်းတဲ့မင်းသမီးတွေတော့ မမီဘူးလေ။

Nge Naing said...

ကျွန်မတော့ မြန်မာပြည်မှာတုန်းက အငြိမ့်ဆို လုံးဝမကြိုက်ဘူး။ ဇာတ်ပွဲကြည့်ရင် အငြိမ့်ချိန် အိမ်ပြန်အိပ်ပြီး နှစ်ပါးသွား ထွက်တဲ့ အချိန်မှ ပြန်ထကြည့်တယ်။ အခုတော့ အငြိမ့်ကိုလည်း ကြိုက်တတ်လာပြီ။ လူရွှင်တော်ပြက်လုံးထက် ကတာကို ကြည့်တတ်လာပြီ။

Anonymous said...

ခင်ဗျားကလဲ မညာမတာ ပြောတာပဲဗျ ကျုပ်လဲကြည့်မိပါတယ် မကောင်းပါဘူး ခဏခဏကရတော့လဲဒီလောက်တော့ရှိမှာပေါ့ဗျာ သူတို့ခင်ဗျာ ခင်ဗျားတို့မြောက်ပေးလို့ ဟိုဟာတက်အောင် အကကောင်းလို့ မြန်မာပြည်ပြန်လို့မရပဲ ထိုင်းနယ်စပ်မှာ ရွာလယ်နေတာလဲကိုချင်းစာဦးမပေါ့

Moe Tain Nyo said...

ဟုတ်ပါ့ကိုပေါရေ။ ကျွန်တော်အမြင်ကတော့ အနုပညာ တော်တော် နိမ့်ကျလာသလိုပဲ။ တစ်ခြားမကြည့်နဲ့။ ဂီတကို ကြည့်ပါလား။ ကိုယ်ပိုင်သံစဉ်ဆို တာပြတိုက်ထဲ ထားရမလိုဖြစ်နေပြီ။ မြန်မာသီချင်းကို နိုင်ငံခြားသားတွေဖွင့်ပြရမှာ တောင်ရှက်စရာကောင်းနေပြီ။ ကော်ပီတွေကြည့်ပဲ မို့လို။
ကျန်တာတွေလဲ ဒီလိုပါပဲ။ :(

အောင်ကိုကိုထိုက် said...

ဖြစ်ညှစ်ပြီး ဟာသတွေထွက်အောင်လုပ် ရတော့ ရသမပါတော့ဘူးပေါ့ လုပ်ကြံပျက်လုံးတွေ လိုဖြစ်ကုန်ပြီ
သူတို့လဲသူဌေးဖြစ်သွားတော့ လုပ်စားတွေ ဖြစ်ကုန်ပြီ နိုင်ငံရေးပျက်လုံးပဲဖြစ်ရမယ်လို့ ခံယူထားရင်လဲပြောင်မြောက်အောင် စဉ်းစား ထိမိအောင်တွေးခေါ်ပါ သီးလေးသီးရယ် ကိုဇာဂနာရဲ့ ပျက်လုံးတွေ လို အဲမြဲတမ်း ဆန်းသစ်နေပါစေ
၈၈ မတိုင်ခင်က ကိုဇာဂနာ ဓနုဖြူမှာ ပျက်တဲ့ပျက်လုံးကလေး သတိရသေးတယ် အုတ်စီခိုင်းတာ တစ်ယောက်စီလဲသဘောမကျ နှစ်ယောက်စီလဲ သဘောမကျ နောက်ဆုံးဘာပြောလဲဆိုတော့ ဟိုကောင်စီလဲ မကောင်းဘူး ဒီကောင်စီလဲမကောင်းဘူးတဲ့
အဲဒီအချိန်က ပါတီကောင်စီခေတ်လေ

Bino said...

I have never been watched Myanmar movies or့ အငြိမ့် except my childhood.

Also they can not make me laugh.

BINO

apple said...

ကိုပေါရေ
ခင်ဖျားသိးလေးသိးမှာဇာတ်ဆ၇ာလုပ်ပါလား
ဒါမှမဟုတ်ယဉ်ကျေးမှုမှာဝန်ကြိးလုပ်ပါလား
ခင်ဗျားကအနုပညာဘယ်လောက်နားလည်လဲ
ဟိုဘက်လိုလိုဒီဘက်လိုလိုမလုပ်ပါနဲ့ 
ခင်ဗျားအလုပ်ခင်ဗျားလုပ်ပေါ့ဗျာ

Unknown said...

ကိုပေါရေ
ရေးထားတာကောင်းပါတယ် နအဖ သတင်းစာအာဘော်
အတိုင်းပါဘဲ။ အနုပညာဆိုတာဝေဖန်တာလွယ်ပါတယ်
လုပ်ရင်ခက်ပါတယ်။ စာဖတ်ပြီးပြောချင်တိုင်းပြောလို့ မရဘူးရှင့် ဘောလုံးကန်တာ(၁၁)ယောက်ပါ
ဝေဖန်တာလူသန်းနဲ့ ချီပါတယ်။ဒါပေမဲ့ဝေဖန်တဲ့သန်းနဲ့ 
ချီတဲ့ လူတွေအားလုံးဘောလုံးကန်ရတာမဟုတ်ဘူး။
ကန်နေတာ(၁၁)ယောက်ထဲပါ

Unknown said...

ကျမကသီးလေးသီးပရိတ်သတ်ပါ။ သူတို့ ဟာသာမန်အနုပညာရှင်တွေလိုမဟုတ်ပါဘူး
ကျမကြည့်လိုက်ရတဲ့ သီးလေးသီးပွဲမှာ ရုပ်သေးတွေရာမ
ဇာတ်တော်ဇာတ်ဝင်ခန်းတွေကို သီးခြားတင်ဆက်ထားတာ တို့ဟာ တွေ့ ရပါတယ် ။ ကျမအံသြမိတယ်. သာမာန်အနုပညာရှင်တွေ မလုပ်နိုင်တဲ့ လုပ်ရပ်မျိုးကို အများဆုံးလုပ်နိုင်တဲ့ အဖွဲ့ တစ်ပါ။ အခုကိုပေါဝေဖန်တယ် ဆိုတော့ ကျမတော်တော်အံသြမိပါတယ် ။ ကိုပေါသူများကိုဝေဖန်ချင်တယ်ဆိုရင် ကိုယ်တိုင်အရည်အချင်းရှိအောင် လုပ်သင့်တယ်လို့ ထင်ပါါတယ် ။ အနုပညာကို ဝေဖန်ဆိုရင်တော့ စည်းနှင့် ၀ါးကိုတော့ နားလည်အောင်ကြိုးစားဖို့တော့လိုမယ်နော်။ဒါမှမဟုတ်ရင် ကိုယ်ပိုင်ဘလော့ကို လူအများဆုံးခြွင်းချက်မရှိ အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ လိုမယ်နော်။

Anonymous said...

ကိုပေါ
ခင်ဗျား ဘလော့က အပေါစားဆန်လိုက်တာ ဗျာ ။ ပြီးတော့ ဟုတ်တာလဲ မဟုတ်ဘူး ။ ဆီကျင်တာနှင့်ပတ်သတ်ပြီးတော့ အသိပေးထားတာလည်း တလွဲကြီးဘဲ ။ အခုလည်း တလွဲဘဲ ။

Anonymous said...

ကိုပေါ ရေ... ကိုပေါ ရေးတဲ့ စာတွေ တော်တော်အောင်မြင်တယ်ဗျို့  ။ပိုက်ဆံမရပဲ အငတ်ခံပြီးတော့ ပြည်တွင်းမှာ ပံ့ ပိုမှုတွေနဲ့  ဆရာသမားရဲ့ လုပ်ချင်ဖြစ်ချင်တဲ့ အနုပညာတွေ ကိုတိုင်းပြည်အတွက်လုပ်ပေးနေတဲ တခုတည်းသော ပြည်ပရောက် မင်းသားကနေပြီး လူရွှင်တော်ဆိုပြီးတွေတာမြင်တာတွေကို ရတဲ့ ပစည်း ရတဲ့ လက်နက်နဲ့ တိုက်နေတဲ့  အနုပညာအဖွဲလေးကို အဲ့ ဒီလို တော့ နာမည်မဖျက်ပါနဲ့ ကွာ တက်နိုင်ရင် မင်းတို့ ကတောင်ကူညီရမှာ.မင်းတို့ တိုက်ရမှာက သူတို့ မဟုတ်ဘူး.. သူတို့ ကလခစား မဟုတ်ဘူး.. စီးပွားရေးသမားမဟုတ်ဘူး..အနုပညာသမား...အဲ့ ဒါလေးကိုမင်းနားလည်ပေးပါ ။

Anonymous said...

ကိုပေါရေ

ခင်ဗျားဝေဖန်တာကတော့ အရမ်းလွယ်တယ်နော်။ သီးလေးသီး အပြင်ကို ထွက်မလာခင်တုန်းက ကိုဇာဂနာ တပည့်တွေဆိုတော့ မျက်နှာလုပ်ချင်လို့ ဟိုကခေါ်ချင်၊ သည်က ခေါ်ချင် တဲ့ လူတွေ၊ အဖွဲ့အစည်းတွေ လက်ချိုးရေလို့တောင် မရဘူးဗျ။

အခုကျတော့ တမ္ဘာလုံးက မြန်မာတွေ သုံးချင်သလိုသုံးပြီးတဲ့အချိန်မှာတော့ သီးလေးသီးဆိုတာ နယ်စပ်လို နေရာမျိုးမှာ ကူညီမယ့်သူမရှိဘူး။ သူတို့မှာ မရှိ၊ ရှိတဲ့ဟာလေးနဲ့ စားပြီး ရပ်တည်နေကြရတာ။ ခင်ဗျားတို့ အဲဒါ သိလားဗျ။ ကျုပ်တို့က မျက်မြင်ကိုယ်တွေ့မို့လို့ပြောတာပါဗျာ။

အခု ခေတ်မှာ ဘယ်အငြိမ့်အဖွဲ့ကများ သီးလေးသီးလို ဒဿဂီရိ ပန်းစိုက်အက၊ ဦးရွှေရိုး နဲ့ ဒေါ်မိုး၊ နှစ်ပါးသွားအက၊ တခန်းရပ်ပြဇာတ် တွေကို ကပြနိုင်လို့လဲ။ ခင်ဗျားတွေ့ဖူးလား။

ခင်ဗျား ဘိုးအေလက်ထက်က ဟာတွေ နဲ့ သွားမယှဉ်နဲ့ဗျို့။ ခင်ဗျားဝေဖန်တာက စည်းလွတ်ဝါးလွတ်နိုင်လွန်းတယ်။

သီးလေးသီးအငြိမ့်ကို အပြင်မှာ သူများတွေ ဝေဖန်တာကြားဖူးပေမယ့် ခင်ဗျားဝေဖန်သလို အဆင့်အတန်းမရှိတဲ့ ပုံစံနဲ့ ဝေဖန်တာမျိုးတော့ တခါမှ မကြုံဖူးဘူးဗျာ။

Unknown said...

mg paw!!!
what kind of man you are?
you always see to others negative views.
are u perfect also?
as you know " nothing is easier than fault-finding "
you are just talker, my man.
that's all.

Unknown said...

ကိုပေါရေ
နုာမည်အတိုင်းဘဲခင်ဗျားဟာအပေါစားလူတယောက်ထင်
တယ်၊ သူများမျက်ချီးဘဲမြင်တတ်တယ်
ကိုမျက်ချီးကိုမမြင်ပါလားဗျာ
ဘလော့မှာ သိက္ခာမရှိတဲ့ ဆောင်းပါတွေကိုရေး
ဟိုလူကိုဝေဖန်ဒီလူကိုဝေဖန်နဲ့ အဆင့်တန်းမရှိတဲ့အလုပ်ကို
မလုပ်ပါနဲ့ လားဗျာ ခင်ဗျားကောတိုင်းပြည်အတွက်ဘာတွေအကျိုးပြုခဲ့ပြီးပြီလဲ

Unknown said...

ကိုပေါရေ
စည်းနဲ့ ဝါးကိုတောင် မြင်ဘူးရဲ့လား
စက်ာပူမှာ နအဖလိုလို နိုင်ငံရေးသမားလိုလိုလှေနံ
နှစ်ဖက်နင်း သူများအတင်းကို ဒိုင်ခံပြော
မောနေရင်ေ၇သောက် အနောက်နေကွယ်ရင်
သတ်တော့မည်

Unknown said...

ကိုပေါရေ
စည်းနဲ့ ဝါးကိုတောင် မြင်ဘူးရဲ့လား
စက်ာပူမှာ နအဖလိုလို နိုင်ငံရေးသမားလိုလိုလှေနံ
နှစ်ဖက်နင်း သူများအတင်းကို ဒိုင်ခံပြော
မောနေရင်ေ၇သောက် အနောက်နေကွယ်ရင်
သတ်တော့မည်

Anonymous said...

hi ,
i accept maymaylay,myo,boe2 .u have not good mind.

Anonymous said...

Alwin
criticizing is in every field. everybody has to welcome criticize no matter good or bad.the important thing is that you must be tough stand on your belief. keep up ko paw.

မေဓာဝီ said...

ကိုပေါရေ ... ကျမလဲ လူရွှင်တော်တွေ (ပြက်လုံးတွေ) နဲ့ ပတ်သက်တဲ့ စာတပုဒ်တင်မလို့ ကိုပေါရဲ့ ဒီပို့စ်ကို လင့်ခ်ခွင့်ပြုပါ။

ကိုပေါ said...

>>>မေဓာဝီ.... မမေဓာဝီ ရေးထားတဲ့ပို့စ်ကို ဖတ်ပြီးကာမှ ဒီကွန်မင့်ကို တွေ့တယ်။း-) လင့်ခ်တဲ့အတွက် ကျေးဇူးပါ။ ရေးထားတဲ့ ပို့စ်အတွက်လည်း ကျေးဇူးတင်ပါတယ်။

Unknown said...

ပေါ ပေါ ပေါ ပေါ ပေါ ပေါ ပေါ ပေါပေါ ပေါ

နာမည်ကလဲပေါ စိတ်ကလဲပေါ လူပုံကလဲပေါ

စာရေးတာလဲပေါ အဆင့်မရှိတဲ့ပေါ

ပေါ ပေါ ပေါ ပေါ ပေါ ပေါ

စောက်ပေါ

Unknown said...

သတိ
နအဖ လူများသတိထားကြပါ

ဟိုဘက်လိုဒီဘက်လို စာများရေးနေသည်

ဘယ်သူလဲဆိုတာစဉ်းစားကြနော်

ပေါ ပေါ ပေါ ပေါ ပေါ ပေါ

Anonymous said...

ကိုပေါ

လို့ အများခေါ်တယ် ပေါချာချာလူတယောက်ရယ်

Anonymous said...

ကျွန်းအ၀ီစိမှာသောင်တင်နေတဲ့
ကိုပေါရေ ခရစ္စမတ်မှာ
သူများအတင်းများများပြောနိုင်ပါစေဗျား
ပေါတောတောလုပ်မနေနဲ့ 

Anonymous said...

လူတွေဘာဘဲပြောပြော ကိုရည်မှန်းချက်
မပျက်စေနဲ့ 
မင်းဟာ လူတိုင်းမကောင်းမြင်တတ်တဲ့
မင်းစိတ်ဓါတ် အတိုင်းသာဆက်သွားပါ

ကိုပေါ

jonyaw said...

ကိုပေါက...
သူများဆဲတာခံဖူးချင်လို့
ဒီလို ရိတိတိ ဆောင်းပါးရေးတာနေမှာ...

Anonymous said...

ခင်များကိုယ်တိုင်ရော အပြစ်ကင်းလို့လား...
စစ်အစိုးရဆန့်ကျင်သလို ဘာလိုလိုနဲ့ တကယ်တော့ အကောင်းမမြင်တတ်လို့ မြန်မာပြည်ကလူတွေနဲ့ သဘောထားချင်းတူသယောင်ရှိပေမယ့်..
တကယ်တော့ ခများက လူတိုင်းကို မုန်းနေတာ..အရိပ်နေနေအခက်ချိုးချိုး ခများက ဘယ်သူမျက်နှာမှ ကြည့်မှာမဟုတ်ဘူး...ဒီလိုမျိုးစော်ကားပါ ခများ အလှည့်ရောက်တော့မှ ပြေးမပုန်းနဲ့ဗျို့...

Anonymous said...

ပေါက်ကရပြောတတ်တဲ့ကိုပေါရေ
သူများသွားမပြောနဲ့ ကိုယ်ကကော ဘာစောက်ဆင့်ရှိလို့ လဲ အနုပညာကိုမင်းဘယ်လောက်နားလည်သလဲ
အာမချောင်စမ်းပါနဲ့  ကွာမင်းအကြောင်းငါသိပါတယ်။

Anonymous said...

ကိုပေါရေ

ဝေဖန်တယ်ဆိုတာအဆင့်ရှိ၇တယ်ကွ
ဗရမ်းဗတာ ဝေဖန်လို့ မရဘူး
အနုပညာကိုနားလည်အောင်လေ့လာအုံး
မင်းဝေဖန်တာက အောက်တန်းကျတယ်
မင်းအနုပညာစိတ်ရှိရင် သူတို့ ဆီဖုန်းဆက်ပြီး
သတ္တိရှိရှိ ပြောပါလား

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs