“ပျောက်ဆုံးသွားသော မှတ်ချက်များ”

Share |
ဘလော့ဂ်မရေးဖြစ်တာ ကြာသွားပြီ။ မရေးဖြစ်ရုံမက မြန်မာဘလော့ဂ်တွေပါ သိပ်မဖတ်ဖြစ်ဘူး။ ကိုယ့်ဘလော့ဂ်တောင် ကိုယ်မဝင်ဖြစ်ဘူး။ ဧရာဝတီအွန်လိုင်းမဂ္ဂဇင်းနဲ့ ဒေါက်တာလွဏ်းဆွေဘလော့ဂ်မှာ တက်လာတဲ့ လင့်ခ်တွေထဲက စိတ်ဝင်စားရာ တချို့တလေကိုသာ ဖတ်ဖြစ်တယ်။

အခု ရုံးသုံးရက် ပိတ်တာနဲ့ ဘလော့ဂ်ရေးတော့မယ် စိတ်ကူးပြီး ဘလော့ဂ်ဝင်လိုက်တော့ “မောင်သတိ”ရဲ့ ကွန်မင့်နဲ့ တိုးတော့တာပါပဲ။ မောင်သတိဆိုတာကို စာဖတ်သူများသိအောင် မိတ်ဆက်ပေးရရင် နိုင်ငံရေးနဲ့ပတ်သက်တဲ့ ကျနော့်ဘလော့ဂ်ပို့စ်တွေမှာ လာရောက်ဖတ်ရှုရင်း မှတ်ချက်ရှည်ရှည် ရေးပေးတတ်သူပါ။ အခုလည်း မောင်သတိက ရှေ့က ပို့စ် (“သိက္ခာရှိခြင်း၊ မရှိခြင်း” ) မှာ တင်ထားတဲ့ သူ့ရဲ့ ကွန်မင့်ရှည်ကြီးတခုတည်း ကွက်ပြီး ပျောက်ဆုံးနေတဲ့အတွက် “System က တိုက်တိုက်ဆိုင်ဆိုင်ဆိုင် ကြောင်ပြီး ပျက်သွားတယ်ထင်တယ်”လို့ ဒုတိယမြောက်မှတ်ချက် ပေးထားတာကို တွေ့ရပါတယ်။ သူ့ကွန်မင့်ကို ကျနော်ဖျက်ပစ်တယ်ထင်လို့ “ခနဲ့” ထားဟန် တူပါတယ်။

ခက်တာက ကျနော်ကိုယ်တိုင်လည်း ဘလော့ဂ် မဝင်တာကြာပြီဆိုတော့ သူ့ကွန်မင့်ပျောက်နေတာကို အခုမှ သတိထားမိတယ်။ ဒီတော့ ကျနော့်ရဲ့ ပထမဦးဆုံး တုန့်ပြန်မှုကတော့ ဂူဂယ်အကောင့်ပတ်စ်ဝါ့ဒ်ကို အမြန်ပြေးပြောင်းလိုက်ပါတယ်။ တစုံတယောက်များ ဝင်နှောက်လေသလား စိုးရိမ်လို့ပါ။

ဒါပေမယ့် ဂျီမေးလ်ထဲမှာ ပေါ်တဲ့ ကွန်မင့်တွေနဲ့ တိုက်ဆိုင်စစ်ဆေးလိုက်တဲ့အခါ သူ့ကွန်မင့်နဲ့အတူ အခြားသူ နှစ်ယောက်ရဲ့ ကွန်မင့်တွေပါ ပျောက်ဆုံးနေတာကို တွေ့လိုက်ရပါတယ်။

လွန်ခဲ့တဲ့ ကာလအတန်ကြာတုန်းကလည်း ကျနော့်ဘလော့ဂ်မှာ “မောင်လမ်းသစ်”ဆိုတဲ့ စာဖတ်သူတယောက်ရဲ့ ကွန်မင့်တွေ အခုလိုပဲ ပျောက်ဆုံးဖူးပါတယ်။ အဲဒီတုန်းက ပိုထူးဆန်းပါတယ်။

မောင်လမ်းသစ်က Open ID နဲ့ ကွန်မင့်ရေးသူပါ။ ဒီတော့ သူ့မှတ်ချက်ကို သူပြန်ဖျက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ Google ID နဲ့ ဝင်တဲ့လူတွေဆိုရင်တော့ သူတို့မှတ်ချက် သူတို့ကိုယ်တိုင် ပြန်ဖျက်လို့ ရပါတယ်။ ကွန်မင့်ရေးသူကိုယ်တိုင် ရေးပြီးသားမှတ်ချက်ကို ပြန်ဖျက်ခဲ့တဲ့ အခါမျိုးမှာ “This post has been removed by the author. ” ဆိုတဲ့ မက်ဆေ့ခ်ျတခု ကျန်ရစ်ခဲ့ပါတယ်။ တကယ်လို့ ဘလော့ဂ်ပိုင်ရှင်က စာဖတ်သူရဲ့ မှတ်ချက်ကို ဖျက်မယ်ဆိုရင် “This post has been removed by a blog administrator. ” လို့ ပေါ်ပါတယ်။ ဘလော့ဂ်ပိုင်ရှင်က အပြီးတိုင် ပယ်ဖျက်လိုက်မယ်ဆိုရင်တော့ အဲဒီစာတန်းလည်း မပေါ်တော့ပါဘူး။ ဒါပေမယ့် မောင်လမ်းသစ်ရဲ့ ကွန်မင့်တွေ ပျောက်ဆုံးသွားတုန်းက “This post has been removed by the author. ” ဆိုတဲ့ စာတန်းကျန်ခဲ့တဲ့အတွက် ဘယ်လိုဖြစ်သလဲဆိုတာ စဉ်းစားလို့ မရအောင် ရှိခဲ့ပါတယ်။

အခုလည်း မောင်သတိ နဲ့ အခြားနှစ်ယောက်ရဲ့ မှတ်ချက်တွေကို ကျနော်မဖျက်ပါဘူး။ မောင်သတိနဲ့ မောင်လမ်းသစ်နှစ်ယောက်စလုံးဟာ ကျနော်နဲ့ အမြင်မတူတာမှန်ပေမယ့် သူတို့အမြင်ကို ယဉ်ယဉ်ကျေးကျေး ရေးနေသူတွေ ဖြစ်ပါတယ်။ ကျနော့်အနေနဲ့ သူတို့ မှတ်ချက်ကို ဖျက်စရာ အကြောင်းမရှိပါဘူး။

ဒါပေမယ့် ဒီတခါ မှတ်ချက်တွေ ပျောက်သွားတဲ့အခါ ဘာသဲလွန်စမှ မကျန်ရစ်ခဲ့ဘူး။ ဒီတော့ ကျနော်ဖျက်ပစ်တယ်လို့ မောင်သတိအနေနဲ့ ထင်တာလည်း သူမလွန်ပါဘူး။

ကာယကံရှင် ကျနော်ကလည်း မဖျက်တော့ ဒီနေရာမှာ တော်တော်လေး ဦးနှောက်ခြောက်သွားပါတယ်။ ဒါနဲ့ အင်တာနက်မှာ လိုက်ရှာကြည့်ရတယ်။ သူများဘလော့ဂ်တွေမှာ ရေးထားခဲ့တဲ့ ကွန်မင့်တွေကို လုံးဝပျောက်ကွယ်သွားအောင် ဖျက်လို့ရမရဆိုတဲ့အကြောင်း။ ယာဟူးအမေးအဖြေကဏ္ဍမှာ ဖြေထားပုံအရကတော့ ဖျက်လို့ မရဘူးတဲ့။ အက်ဒမင် (သို့မဟုတ်) ဘလော့ဂါဆီကို စာရေးပြီး ဖျက်ပေးဖို့ တောင်းဆိုမှ ရသတဲ့။

ဒါနဲ့ နောက်တဆင့်တက်လို့ Missing comments ဆိုပြီး ဂူဂယ်မှာ ရှာကြည့်တဲ့အခါကျမှ ဒီလို မှတ်ချက်တွေ ပျောက်ဆုံးနေတာ ကိုယ်တယောက်တည်းမဟုတ်ဘူးဆိုတာ သိရတော့တယ်။ တိုက်တိုက်ဆိုင်ဆိုင် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၄ ရက်ပတ်ဝန်းကျင်မှာ ဒီလိုပဲ မှတ်ချက်တွေ ပျောက်ကြတယ်ဆိုတာ ဘလော့ဂါဖိုရမ်တခုမှာ ဆွေးနွေးထားတာကို တွေ့လိုက်ရပါတယ်။ မောင်သတိတို့ မှတ်ချက်တွေ ပျောက်သွားတဲ့ အချိန်နဲ့ အတူတူလောက်ပဲ ဖြစ်မယ်ထင်ပါတယ်။

ဒီလောက်ဆိုရင် မောင်သတိအပါအဝင် အရင်ပို့စ်က မှတ်ချက်ပျောက်သွားသူတွေအားလုံး ကျေနပ်လောက်ပြီလို့ ထင်ပါတယ်။ ပျောက်သွားတဲ့ မှတ်ချက်တွေအားလုံး ကျနော့် ဂျီမေးလ်ထဲမှာ ကျန်နေသေးတဲ့အတွက် ဒီရုံးပိတ်ရက်အတွင်း အားလုံးပေါင်းပြီး သက်ဆိုင်ရာပို့စ်က မှတ်ချက်ကဏ္ဍမှာ ပြန်တင်ပေးပါ့မယ်။

14 comments:

Bino said...

Good Holiday Ko Paw,

Well come.

We are waiting you.

I like to read your recent posts.


BINO

pandora said...

ကိုပေါ ပျောက်နေလို့ နေမှကောင်းရဲ့လားလို့...
မှတ်ချက်တွေပျောက်တာ မိတ်ဆွေတယောက် ဘလော့ဂ်မှာလည်း ကြုံတယ် ပြောပါတယ်။ ပန်ဒိုရာဘလော့ဂ်မှာတော့ သတိမထားမိဘူး။

ကောင်းသောပိတ်ရက်ဖြစ်ပါစေဗျို့။

Mar Mar said...

Welcome Ko Paw. I am waiting your posts. :D :D :D

ဂျူနို said...

မအယ် ပို့စ်က ကော့မန့် တွေဆိုရင် အကုန်နီးပါး မရှိတော့ဘူး။ မနှစ်က ပို့စ်တွေဆို ကုန်သလောက်ပဲ။ တချို့ပို့စ်တွေ ကျတွေ ၁ခု ၂ခု ကျန်တယ်။ ခုလောလောဆယ် ပို့စ်တွေတော့ ရှိသေးတယ်။

တခုမှာတော့ removed by a blog admin လို့ ရေးထားတယ်။ အံ့ရော။ မအယ်လည်း မဖျက်။ blog admin က ကိုယ်တယောက်တည်းပါ။

ကုန်သလောက်ကိုး ရှိနေပါပြီ။ တော်တော် စိတ်မကောင်း ဖြစ်ရတယ်။


မအယ်

Rita said...

ဒီလို ကိစ္စမျိုး ရှိသလား။

ကိုပေါပျောက်နေတယ်လို့ ကျွန်မဆီမှာပါ blog reader တယောက်က cbox မှာ လာပြောသေးတယ်။
စာရေးပါဦး။

မိုးတိမ်ညို said...

ကိုပေါရေ။ ဘလော့ တွေ မ၀င်ဖြစ်တာကြာပြီ။
စာရေးပါဦးဗျာ။ စောင့်ဖတ်နေပါတယ်။

Moe Tain Nyo said...

ကျွန်တော်လည်း လိမ်စာသစ် ပြောင်းထားလို့ပါ။

khin oo may said...

လာဖတ်တယ်ကိုပေါ။နေကောင်းလား. ဆီးရောဂါကောင်းသလား. တံခါးပိတ်တဲ့ အကျင့်ကောလုပ်နေတုံးဘဲလား။ ချမ်းမြေ့ပါစေ။

Anonymous said...

ကိုပေါ Blog အသစ်လေးတွေ ရေးပါဦး။ စောင့်မျှော်နေပါသည် ခင်ဗျား။ :)

Nge Naing said...

ကိုပေါရေ အမြဲလာချောင်းပါတယ်။

Anonymous said...

ကိုမျီုးမြင့်မောင်တယောက်လည်း ပျောက်နေပါ့လား ။...


ရလွတ်ပလွတ်ရွာစားကြီး

Me said...

ကိုယ့်စာတွေအပေါ်ဝေဖန်ရှူတ်ချပေမယ့်(လူ့ကျင့်ဝတ်ဘောင်ထဲမှာရှိနေသေးတဲ့) ကော်မန့်တွေကို တကူးတက ပြန်တင်ပေးတဲ့အတွက်ရော အထင်အမြင်မှားတွေကို ပြေလည်အောင်ကြိုးစားပြီး ပြန်ဖြေရှင်းပေးတဲ့အတွက်ရော အထူးလေးစားပါတယ်ကိုပေါ။ ဆက်ရေးပါဦး။

ကျော်ထင် said...

ကွန်မင့်တွေပျောက်ရတဲ့အကြောင်း ကျွန်တော့်အထင်ကိုပြောရရင် ကွန်မန့်ရေးသားသူ သုံးတဲ့ google account လုံးလုံးမရှိတော့ (delete account ဖြစ်စေ/သုံးမရတော့တဲ့ အခါဖြစ်စေ) တဲ့အခါမှာ ထိုအကောင့်နှင့်ရေးသားထားတဲ့ကွန်မင့်တွေ ပျောက်သွားတယ်လို့ယူဆရပါတယ်။ google server က web content တွေကို update (scrawl) လုပ်တဲ့အခါမှာ invaild ဖြစ်သွားတဲ့အကောင့်တွေနဲ့ပတ်သက်တာတွေကိုဖယ်ပစ်လိုက်တယ်လို့ ထင်တာပဲဗျ။ ဖြစ်နိုင်မယ်ထင်တာ တွေးကြည့်တာ။ တကယ်ဟုတ်မဟုတ်တော့ မသိဘူး။ စကားမစပ် ထူးထူးခြားခြား ငြိမ်သက်နေပါလား။

ကိုပေါ said...

လာရောက်အားပေးသွားသူအားလုံးကို ကျေးဇူးတင်ပါတယ်။

ကျနော်စာပြန်ရေးဖို့ ပြင်ဆင်နေပါတယ်။

ကွန်မင့်တွေ ပျောက်သွားတာနဲ့ ပတ်သက်လို့.....

ဒီကနေ့ ပျောက်သွားတဲ့ ကွန်မင့်တွေကို ပြန်တင်တဲ့အခါ မူရင်း ကွန်မင့်အရှည်ကြီးတွေအတိုင်း တင်လိုက်ရင် တင်လို့ မရတာကို တွေ့ရပါတယ်။ ကြည့်ရတာ ဘလော့ဂါဒေါ့ကွန်းမ် က စာလုံးအရေအတွက် ခွင့်ပြုချက်ကို ကန့်သတ်လိုက်လေသလားမသိဘူး။ ဒါကြောင့် ကွန်မင့် ရှည်ရှည်ရေးမယ်ဆိုရင် နည်းနည်းချင်း ခွဲရေးကြဖို့ တိုက်တွန်းလိုက်ပါတယ်

ခင်မင်စွာဖြင့်
ကိုပေါ

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs