“သိက္ခာရှိခြင်း၊ မရှိခြင်း”

Share |
"Means and ends are convertible terms." (M.K.Gandhi)
However noble the goal may be, it is justified only when attained by noble means.
S. Arya (15-11-09)

အပေါ်က စာသားတွေကတော့ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားဟောင်းများရဲ့ နှစ်ပတ်လည် ဆရာကန်တော့ပွဲအတွက် ဦးအာရ်ယား လို့ အမည်ရတဲ့ ဆရာကြီးတယောက်က အမှတ်တရ ရေးသားပေးတဲ့ သြဝါဒ စကားပါ။ သူ့သြဝါဒကို မြန်မာလို ဘာသာပြန်ရမယ်ဆိုရင်….

“ ပန်းတိုင်က မည်မျှပင် မွန်မြတ်သည်ဖြစ်စေ မွန်မြတ်သောနည်းလမ်းဖြင့် ရယူနိုင်မှသာ မှန်ကန်မျှတသည်ဟု (တရားသဖြင့် ရယူသည်ဟု) ဆိုနိုင်ပေသည်”

လို့ အဓိပ္ပါယ်ရပါတယ်။

အဲဒီ သြဝါဒကို ဖတ်ရတော့ ကျနော်အင်မတန် နှစ်သက်မိပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကစလို့ ဒီအတွေးအခေါ် အယူအဆကို ကျနော့်အနေနဲ့ တောက်လျှောက် နှစ်သက်လက်ခံခဲ့ပါတယ်။ ဒါကြောင့်လည်း အရင်လထဲက “ညောင်သီးကိုသာ စားရပါလိမ့်” ဆိုတဲ့ ပို့စ်တခုမှာတောင် ဒီအယူအဆကို ထည့်သွင်းရေးသားဖြစ်ခဲ့ပါသေးတယ်။

တိုက်တိုက်ဆိုင်ဆိုင် မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်လို့ အခုတလော ထွက်ပေါ်လာတဲ့ သတင်းတွေထဲက သတင်းတခုဟာ အင်မတန် စိတ်ဝင်စားစရာကောင်းပါတယ်။ ဘာလဲဆိုတော့ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နဲ့ တွေ့ခွင့်ပေးတာကို ဒေါ်အောင်ဆန်းစုကြည်က ငြင်းပယ်လိုက်တယ်ဆိုတဲ့ သတင်းပါ။ ငြင်းပယ်ရခြင်းအကြောင်းရင်းကတော့ စီအီးစီတဖွဲ့လုံးနဲ့ တွေ့ခွင့်ပြုတဲ့ အထဲမှာ အဖွဲ့ချုပ်ရဲ့ ဒု-ဥက္ကဋ္ဌဖြစ်တဲ့ သူရဦးတင်ဦးကို စစ်အစိုးရက ချန်လှပ်ထားခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်က ငြင်းပယ်လိုက်ခြင်းဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဦးဝင်းတင်နဲ့ ဗွီအိုအေနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဦးဝင်းတင်က အကျယ်တဝင့် ထောက်ခံပြောကြားသွားပါတယ်။ ကျနော့်အနေနဲ့လည်း ဦးဝင်းတင်နဲ့ ထပ်တူထပ်မျှ သဘောရပါတယ်။ ဦးဝင်းတင်ရဲ့ စကားအချို့ကို ဒီမှာ ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။

“ကျနော့်သဘော ပြောရရင် ကျနော်က ဒေါ်စုနဲ့ မတွေ့တာလည်း နှစ်ပေါင်း ၂၀ ကျော်ပြီ။ ကျနော် အကြာဆုံးပေါ့ဗျာ၊ မတွေ့တဲ့လူထဲမှာ။ ဦးတင်ဦးနဲ့လည်း နှစ်ပေါင်း ၂၀ ကျော်ပြီ၊ မတွေ့ရဘူး။ အဲတော့ ဒီပုဂ္ဂိုလ် ၂ ယောက်နဲ့ ကျနော် မတွေ့လိုက်ရတဲ့ အတွက်တော့ ကျနော့်အဖို့ကတော့ အများကြီးကို စိတ်မကောင်းဖြစ်စရာ ကိစ္စပဲ။ သို့သော် ဒေါ်စုလုပ်တာ Morally မှန်တယ်ဗျ၊ ဒီလိုလုပ်ရမယ်။

“ဆိုပါတော့ဗျာ၊ NLD မှာ ကျနော်နဲ့ ဦးခင်မောင်ဆွေဆိုရင် စစ်အစိုးရက တရားဝင် CEC မဟုတ်ဘူးဆိုပြီး အမြဲတမ်း ပယ်ပယ်ချတယ်။ ဂမ်ဘာရီနဲ့ခေါ်တယ်၊ ကျနော်တို့ မပါဘူး။ မစ္စတာဘန်ကီမွန်းနဲ့ တွေ့တယ်၊ ကျနော်တို့ မပါဘူး။ ဂျင်မ်ဝက်ဘ်နဲ့ တွေ့တယ်၊ ကျနော်တို့ မပါဘူး။ ကျနော်တို့ စစ်အစိုးရလုပ်တိုင်း ခံခဲ့ရတာတွေ အများကြီးရှိတယ်။ နေရာတိုင်းမှာ ကျနော်က ငုံ့မခံနိုင်ဘူး။ သည်းညည်းခံတာက တမျိုးဗျာ၊ ငုံ့မခံနိုင်ဘူး။ ဒေါ်စုလုပ်တာ ကျနော် ထောက်ခံတယ်။ ဒါ နည်းကိုယူရမယ့်ကိစ္စ ဖြစ်တယ်လို့ ကျနော် ပြောချင်တယ်။”

ဒီနေရာမှာ အကျိုးရလဒ်ပဓာနဝါဒီတွေကတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပေးသလောက်အခွင့်အရေးနဲ့ ကျေနပ်သင့်တယ်လို့ ပြောကြမှာပါဘဲ။ အလုပ်ဖြစ်ဖို့က ပဓာနလို့လည်း ယူဆကောင်း ယူဆကြလိမ့်မယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းတင်တို့ဟာ နည်းလမ်းမကျဘူးလို့ သူတို့ ယူဆတဲ့ ကိစ္စတရပ်မှာ ဘယ်လောက်အခွင့်အရေးပေးပေး အူယားဖားယား ပြေးယူမှာ မဟုတ်ဘူးဆိုတာကို သတိထားစေလိုပါတယ်။ သူတို့ဟာ သူတို့ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်လေ့မရှိဘဲ အစဉ်သဖြင့် နည်းလမ်းတကျသာ ပြုမူဆောင်ရွက်တာကို တွေ့ရပါတယ်။

အဖွဲ့ချုပ်ခေါင်းဆောင်ပိုင်းမှာ ဦးဝင်းတင်နဲ့ ဒေါ်အောင်ဆန်းစုကြည်နှစ်ယောက်ကို အင်မတန် သဘောကျပါတယ်။ သံမဏိစည်းကမ်းပိုင်ရှင်တွေပဲ။ “ရဟန်းမစားရသော ဆွမ်းတနပ်” ဇာတ်ကားထဲက မိမိအသက်နဲ့လဲပြီး ဝိနည်းကို စောင့်ထိန်းတဲ့ ရဟန်းလိုပါပဲ။ (ဒီအကြောင်းကိုလည်း ရှေ့မှာ ပို့စ်တခု ရေးခဲ့ဖူးပါတယ်။)

အနှစ်ချုပ်ရရင် လောကကြီးမှာ ကြီးကျယ်မွန်မြတ်တဲ့သူတွေဟာ သူတို့ရဲ့ သံမဏိစည်းမျဉ်းစည်းကမ်းတွေကို ချိုးဖျက်လေ့မရှိကြဘူး။ မွန်မြတ်တဲ့အရာကို ရယူတဲ့နေရာမှာ မှန်ကန်တဲ့၊ မွန်မြတ်တဲ့ တရားသဖြင့် နည်းလမ်းတွေကိုသာ ကျင့်သုံးကြတယ်။ ဒီလို ကောင်းမွန်မှန်ကန်တဲ့ အကျင့်ကို ရွေးချယ်ကျင့်သုံးတဲ့ လူတွေကို အစွန်းရောက်တယ်လို့ ပြောလို့မရပါဘူး။ သူတို့ဟာ အလယ်အလတ်လမ်းစဉ်ကို အမှန်တကယ် ကျင့်သုံးနေသူတွေသာ ဖြစ်တယ်။

တကယ်တော့ ဒီအလေ့အထ(ကျင့်စဉ်)နဲ့ ပတ်သက်လို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်ကတည်းက ဗုဒ္ဓကလည်း ဟောခဲ့ပြီးသားပါ။ သစ္စာလေးပါးမှာ နောက်ဆုံးတရားဖြစ်တဲ့ မဂ္ဂသစ္စာဟာ ဒုက္ခ၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်လို့လည်း ဆိုပါတယ်။ ဒီကျင့်စဉ်မှာ ပါဝင်တဲ့ မွန်မြတ်တဲ့ လမ်းရှစ်သွယ် (Noble eightfold path)ကတော့…. (ကိုးကားချက်။)

(၁) သမ္မာဒိဋ္ဌိ - ကောင်းစွာသိမြင်ခြင်း (right view)
(၂) သမ္မာသင်္ကပ္ပ - ကောင်းစွာ ကြံစည်ခြင်း (Right thought)
(၃) သမ္မာဝါစာ- ကောင်းစွာ ပြောဆိုခြင်း (Right speech)
(၄)သမ္မာကမ္မန္တ- ကောင်းစွာ ပြုမူနေထိုင်ခြင်း (Right action)
(၅)သမ္မာအာဇီဝ- ကောင်းစွာ အသက်မွေးခြင်း (Right livelihood)
(၆) သမ္မာဝါယာမ- ကောင်းစွာ အားထုတ်ခြင်း (Right effort)
(၇)သမ္မာသတိ - ကောင်းစွာ ဆင်ခြင်အောက်မေ့ခြင်း (Right mindfulness)
(၈)သမ္မာသမာဓိ - ကောင်းစွာ တည်ကြည်ခြင်း (Right concentration) တို့ ဖြစ်ပါတယ်။

အဲဒီ မဂ္ဂင်ရှစ်ပါးကိုမှ အစုသုံးစု ထပ်ခွဲလို့ ရပါသေးသတဲ့။ ပညာ၊ သိက္ခာ နဲ့ သမာဓိဆိုတဲ့ အစု သုံးစုဖြစ်ပါသတဲ့။ ပညာအစုမှာ ပါတဲ့ လမ်းနှစ်သွယ်ကတော့ ကောင်းစွာ သိမြင်ခြင်းနဲ့ ကောင်းစွာ ကြံစည်ခြင်းတို့ ဖြစ်ကြပါတယ်။ ဒုတိယ အစုဖြစ်တဲ့ သိက္ခာအစုမှာတော့ ကောင်းစွာပြောဆိုခြင်း၊ ကောင်းစွာပြုမူနေထိုင်ခြင်း၊ ကောင်းစွာအသက်မွေးခြင်းဆိုတဲ့ ကျင့်စဉ်သုံးမျိုး ပါဝင်ကြသတဲ့။ နောက်ဆုံး သမာဓိအစုမှာတော့ ကောင်းစွာ အားထုတ်ခြင်း၊ ကောင်းစွာဆင်ခြင်အောက်မေ့ခြင်းနဲ့ ကောင်းစွာ တည်ကြည်ခြင်းဆိုတဲ့ စူးစိုက်ခြင်း သုံးမျိုးဖြစ်ပါတယ်။

ဒီနေရာမှာ ဆက်စပ်စဉ်းစားရင် လောကီကိစ္စတော်တော်များများမှာ လူတွေဟာ ဘယ်ဟာမှန်တယ်၊ ဘယ်ဟာမှားတယ်ဆိုတာကို အတော်အတန် ခွဲခြားသိကြပါတယ်။ ဒါပေမယ့် အမှန်ကိုသိတာက တခြား။ လက်တွေ့ကျင့်ကြံတာက တခြားပါ။ ဒါကြောင့်လည်း “မရှိတာထက် မသိတာခက်၊ မသိတာထက် မလုပ်တာခက်” လို့ ယောမင်းကြီးဦးဖိုးလှိုင်က ပြောခဲ့တာပါ။

သိက္ခာအစုမှာပါတဲ့ ကျင့်စဉ်တွေဖြစ်တဲ့ ကောင်းစွာပြောဆိုခြင်း၊ ကေင်းစွာပြုမူနေထိုင်ခြင်း၊ ကောင်းစွာ အသက်မွေးခြင်းဆိုတဲ့ အကျင့်တွေကို တသွေမသိမ်း လက်တွေ့ကျင့်သုံးကြသူတွေဟာ သိက္ခာကြီးမားတဲ့ လူတွေ ဖြစ်လာတတ်ကြပါတယ်။

ဦးဝင်းတင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ မြန်မာ့နိုင်ငံရေး၊ ကမ္ဘာ့နိုင်ငံရေးမှာ အင်မတန် သိက္ခာကြီးမားသူတွေ ဖြစ်ကြတယ်ဆိုတာ အားလုံးအသိပါ။ ကမ္ဘာတလွှားက လေးစားကြရသူတွေပါ။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ ကောင်းမွန်တဲ့ အမှုတွေကို သိမြင်ရုံမက အဲဒီအတိုင်းလည်း တသွေမတိမ်း ပြုမူပြောဆို နေထိုင်သူတွေ ဖြစ်ကြလို့ပါ။ ဒီနေရာမှာ အမှန်ကို သိပေမယ့် အလုပ်ဖြစ်ဖို့အတွက် စည်းမျဉ်းစည်းကမ်း(principles)တွေနဲ့ အလဲအလှယ် (trade off) လုပ်လိုက်မယ်ဆိုတဲ့ ရလဒ်ပဓာနဝါဒီတွေနဲ့ သိက္ခာကြီးမားသူတွေအကြား ခြားနားပုံကို သတိပြုသင့်ပါတယ်။

မဂ္ဂင်ရှစ်ပါးကျင့်စဉ်ကို ဗုဒ္ဓက အလယ်အလတ်ကျင့်စဉ်ရယ်လို့ ညွှန်ပြခဲ့ပါသေးတယ်။ ဒါကြောင့်မို့ ဒီလမ်းစဉ်အတိုင်း ကျင့်သုံးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဝင်းတင်တို့ဟာ အစွန်းရောက်သူတွေ မဟုတ်ကြပါဘူး။ အလယ်အလတ် လမ်းစဉ်ကို အမှန်တကယ် ကျင့်သုံးနေကြသူတွေသာ ဖြစ်ကြပါတယ်။

ဒါဆိုရင် ဘယ်သူတွေက အစွန်းရောက်သူတွေလဲ။

နအဖ စစ်အစိုးရကတော့ မဂ္ဂင်ရှစ်ပါးရဲ့ ဆန့်ကျင်ဖက်မှန်သမျှကို လုပ်ဆောင်နေသူတွေဆိုတော့ သူတို့ဟာ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဝင်းတင်တို့ရဲ့ ဟိုးတခြားတဖက် မှာရှိပါတယ်။ ဒါကတော့ အများသိကြပြီး အချက်ပါ။ ရှင်းရှင်းလင်းလင်းကြီးလည်း မြင်သာပါတယ်။ အထူးပြောဖို့မလိုပါဘူး။

ပြောဖို့လိုတာက လက်တွေ့ကျတဲ့ (အလုပ်ဖြစ်မယ့်) လမ်းစဉ်ကိုလိုက်တယ်ပြောပြီး မိမိရဲ့ စည်းမျဉ်းစည်းကမ်းတွေကို အခွင့်အရေးနဲ့ လဲလှယ်ချင်သူတွေ အကြောင်းကိုပါ။ ထိုသူများအဖို့ သူတို့ဟာ ဒေါ်အောင်ဆန်းစုကြည်တို့လောက်လည်း အစွန်းမရောက်ဘူး၊ နအဖလောက်လည်း တဖက်စွန်းမရောက်ဘူး။ ဒါကြောင့် သူတို့သာလျှင် အလယ်အလတ် လမ်းစဉ်ကို ကျင့်သုံးသူတွေ၊ သဘောထားပျော့ပြောင်းသူတွေ၊ လက်တွေ့ကျသူတွေ ဖြစ်တယ်လို့ ယူဆ ပြောဆိုတတ်ကြတယ်။

တကယ်တော့ အမှားနဲ့ အမှန်ကြားမှာ ဝင်ရပ်လိုက်ရုံနဲ့ “အလယ်အလတ်လမ်းစဉ်ကျင့်သုံးသူ” အဖြစ်ကို အလိုအလျောက် ရောက်သွားတာမျိုး မဟုတ်ပါဘူး။ အမှန်တရားက ဒီဖက်အစွန်းတခုမှာရှိတယ်၊ အမှားက အခြားတဖက်စွန်းမှာ ရှိတယ် ဆိုပါစို့။ အဲဒီကြားမှာ ဝင်ရပ်တဲ့သူဟာ သိပ်မမှန်တဲ့လူပဲ ဖြစ်လာစရာအကြောင်းရှိပါတယ်။ အမှန်တရားကို လက်ကိုင်ထားသူ ဖြစ်မလာနိုင်ပါဘူး။ အလားတူပဲ ကောင်းတဲ့အစွန်းနဲ့ မကောင်းတဲ့အစွန်း၊ တရားမျှတမှုနဲ့ မတရားမှု၊ ဓမ္မနဲ့ အဓမ္မ….. ဒီကိစ္စအားလုံးမှာ ကြားထဲက ဟိုမရောက်ဒီမရောက် နေပြရုံနဲ့ ကောင်းတဲ့လူ၊ တရားမျှတသူ၊ ဓမ္မကို လက်ကိုင်ထားသူ ဖြစ်မလာနိုင်ပါဘူး။ ဟိုမရောက် ဒီမရောက်တွေပဲ ဖြစ်လာနိုင်ပါတယ်။ နောက်တခုက လက်တွေ့ကျကျလုပ်ဖို့လိုတယ်လို့ ကြွေးကြော်ပြီး အမှန်ကို သိပါလျက်နဲ့ အမှန်အတိုင်းလုပ်ဖို့ ဝန်လေးသူတွေဟာ သိက္ခာအစုမှာ ပါဝင်တဲ့ ကျင့်စဉ်တွေကို လက်တွေ့မကျင့်သုံးတဲ့အတွက် သိက္ခာမရှိသူတွေ ဖြစ်လာနိုင်ပါသေးတယ်။

ဒါကြောင့် ဘယ်အရာကို လုပ်လုပ် မှန်ကန်တဲ့၊ တရားမျှတတဲ့၊ ကောင်းသောစိတ်နဲ့ယှဉ်တဲ့ အမှုမျိုးကိုသာ ပြုသင့်ပါတယ်။ ကောင်းတာဖြစ်ဖို့ ဘာလုပ်လုပ်တရားတယ်ဆိုတဲ့ စကားဟာ မှားယွင်းပါတယ်။ တရားတာကို လုပ်မှ တရားသဖြင့် ဖြစ်နိုင်ပါတယ်။

ဒါကြောင့်မို့ ဆရာကြီး ဦး Arya ရဲ့ စကားနဲ့ပဲ ဒီပို့စ်ကို နိဂုံးချုပ်လိုက်ပါတယ်။

“However noble the goal may be, it is justified only when attained by noble means. ”

32 comments:

Mg Ng said...

ကိုပေါရေ..
ဒါကြောင့်လဲ ကြောင်ကျိုးဆင်ခြင် စဉ်းစားတတ်သူတိုင်း
ဒေါ်အောင်ဆန်းကြည်တို့  ဦးဝင်းတင်တို့ ကို မိဘတွေ လို လေးစားချစ်ခင်ကြတာပေါ့

ဧပရယ်လ်ပူး@ပူးတေ said...

ကိုပေါ
စိတ်ဝင်တစားဖတ်သွားပါတယ်။

Thargyi(Gyobingauk) said...

ကိုပေါရေ..
ဒီပို့စ်အတွက်အရမ်းအရမ်းကျေးဇူးတင်ပါတယ်.. အန်တီစုNLD EC နဲ့မတွေ့တာအစွန်းရောက်တယ်ဆိုပီး.. သူငယ်ချင်းတယောက်ကပြောတော့အစွန်းမရောက်ကြောင်း ပြောဖို့ဘယ်လိုဥပမာပေးရမှန်းမသိဖြစ်နေတာ.. အရမ်းကျေးဇူး

Doughnut IO said...

L or Kira ? (from Death Note)
If you can choose, whom would you choose ?
Two years ago, I chose Kira.
Now, I'd choose L.
However, it is a very delicate decisions.
Greedy methods are not always the best methods.
Exhaustive methods are always the best and the slowest.
The compromise ? How much is enough ? (from Computer Science)

KNL said...

“မရှိတာထက် မသိတာခက်၊ မသိတာထက် မလုပ်တာခက်” လို့ ယောမင်းကြီးဦးဖိုးလှိုင် စကားကို ကိုးကားပုံထောက်
ကိုပေါလဲ မဂ္ဂင်တရားရှစ်ပါး ကို အချိန်ယူပြီး ပွားများနေလို့  ပို့ စ်တွေ ကြဲနေတာထင်ပါ့..း-)

Anonymous said...

S. Arya (15-11-09)? today is only 8-11-09 :P ? can u predict?

Anonymous said...

အလုပ်တခုလုပ်တော့မယ်ဆိုရင် အကျိုးအပြစ်ကိုစဉ်းစားသင့်တယ်ဗျ အများအတွက်အကျိုးရှိတယ်ဆိုရင်လုပ်ရမယ် ကောက်ကျစ်တဲ့လူတွေကိုရင်ဆိုင်တဲ့နေရာမှာ ပရိရယ်ရှိဖို့လဲလိုတယ် မှန်တယ်တရားတယ်ဆိုပြီး မီးပုံထဲခုန်ဆင်းရင်တော့ ပြာပဲဖြစ်မှာပေါ့

ကိုပေါ said...

To Anonymous (2:59 PM),

သြဝါဒစာစောင်အတွက် ကွန်ပြူတာစာစီပေးတဲ့သူက ဆယ်လပိုင်းလို့ ဖော်ပြလိုတာကို Typo error ကြောင့် ၁၁ လ လို့ ဖော်ပြမိတာလို့ ထင်ပါတယ်။ ရက်စွဲကို ကျနော် သတိမထားလိုက်မိဘူး။

http://f1.grp.yahoofs.com/v1/oJb2Ss0faeqVoEnShbSHc8_KuLboOX5Ookf6SVr_TCOZGVkvm4pjeWWqCU1F_f26W-6BiFWGgBsPJUo_8nn9iETB-cQXIB55/saya43.pdf

ကိုကိုကြောင်ချေး said...

မောင်ပေါ တို.ကတော. မာမီစု အီးပေါက်ရင်တောင်

မွှေးလိုက်တာလို. ပြောမယ်ထင်တယ်။

ကိုပေါ said...

To Anonymous (4:52 PM),

မိတ်ဆွေတို့လို ပရိယာယ်ကောင်းသူတွေ တပုံကြီးရှိလျက်နဲ့ အရေးတော်ပုံ ဒီလောက်ကြာရှည်နေရတာ နာသဗျာ။

ကိုပေါ said...

ကိုကိုကြောင်ချေး....

ဒေါ်အောင်ဆန်းစုကြည် အီး မွှေးမမွှေးကတော့ မသိဘူးခင်ဗျ။

ကြောင်ချေးကတော့ နံတာ သေချာတယ်။ ဒါထက် ကိုယ့်လူကြည့်ရတာ “အီး၊ ချေး” ကိစ္စတွေမှာ အလွန်အမင်း စိတ်ဝင်စားဟန်တူရဲ့။း-)

Anonymous said...

ကိုပေါက ရွာနဲ့အနေဝေးနေတော့ ရွာကလူတွေရဲ့ တကယ့်လိုအပ်ချက်ကိုမသိဘူးဗျ ဘဝရပ်တည်ရေးအတွက် ရိက္ခာကိုသိက္ခာနဲ့ လဲနေရတဲ့အဖြစ်တွေတပုံကြီးဗျ ထမင်းစားတဲ့လူတွေပဲဗျာ သိတာပေါ့ဘယ်ဟာအမှားဘယ်ဟာအမှန် တရားတယ်မတရားဘူးသိတာပေါ့ ဘာလို့အမှန်တရားဖက်ကမရပ်ကြသလဲ စားဝတ်နေရေးမပြည့်စုံလို့ဗျ တနေ့၃ထောင်ရရင် ဘုန်းကြီးခေါင်းရိုက်ခွဲမဲ့လူတွေပေါ်လာတာလဲမဆန်းဘူးဗျ ဒီမိုကရေစီတို့ လူအခွင့်အရေးတို့ဆိုတဲ့ ခေါင်းစဉ်အကြီးကြီးတွေကို ခဏထားလို့ လူတွေရဲ့လိုအပ်ချက်ကို အရင်ပြေလည်အောင်ဦးတည်လုပ်သင့်တယ်ဗျ ရေသောက်ဗိုက်မှောက်ပြီး NLDနောက်ပြည်သူတွေအသေခံလိုက်တာကြာပေါ့ အနစ်နစ်ဆယ်

Anonymous said...

ဒေါ်စုဘာလုပ်လုပ်အမှန် ကျန်တဲ့လူတွေအမှား ဒေါ်စုကိုမထိနဲ့မီးပွင့်သွားမယ် ဒေါ်စုကလုပ်တာလိုက်မလုပ်တဲ့ လူတွေ အခွင့်ရေးသမားတွေ ခင်ဗျားတို့အဲလိုပေါတောတော လုပ်နေတာကို စစ်တပ်ကသိတ်ကြိုက်နေတာဗျာ့

Anonymous said...

ရိက္ခာနဲ့ သိက္ခာကို လဲရဲတဲ့သူတွေကလည်း သူ့အမြင်ကိုသူပြောမှာပေါ့ကိုပေါ ရေ.ရိက္ခာက အရေးပိုကြီးတယ်ထင်တာလေ.သူ့ကိုယ်ကျင့်တရားနဲ့ဘ၀အမြင်က ရိက္ခာများများရတဲ့အခါ ဘာဖြစ်ဖြစ်လိုက်လုပ်နိုင်တယ်ဆိုတဲ့ သဘောမျိုးထင်တယ်.ဒီလူ့ကိုလည်း ရိက္ခာများများပေးပြီး ၀င်မပြောဖို့ တောင်းပန်ရမလိုဖြစ်နေပြီ. နောက်ပြီးအန်အယ်လ်ဒီနောက်က နှစ်(၂၀)လုံး ပြည်သူတွေက လိုက်ပါခဲ့တယ်ဆိုတဲ့နေရာမှာ ရိက္ခာသမားတွေက ဘယ်နေရာလေးကပါခဲ့ပါသလဲဗျာ.
ပုဆိုးခြုံထဲကလက်သီးပြနေခဲ့ရုံနဲ့ လိုက်ပါတယ်တော့မပြောနဲ့ဗျ ထောက်ခံတာပဲရှိသေးတာ
အမှန်နဲ့အမှားဆို တာဘေးတိုက် ဟိုဖက်ဒီဖက်တန်းတူချထားစရာလို့ထင်တယ် ထင်တယ် တကယ်က အထက်အောက်ဗျ အမှန်တရားက အပေါ်က အမှားတရားက အောက်က အလယ်မှာနေတယ်ဆိုရင်တောင် နည်းနည်းတော့မြင့်ဖို့လိုမယ်.တ၀က်တော့မြင့်ရမယ်ဗျ နို့မိုရင်တော့ ခြံစည်းရိုးခွထိုင်နေတာပဲဖြစ်တယ် ရိက္ခာများများရတဲ့ဖက်လိုက်သွားမှာ မျိုးကို ကြားနေတယ်ခေါ်တယ်လို့ ကျနော်မြင်တယ်ဗျာ..
သိချင်ပါတယ်.

Anonymous said...

ကိုပေါရေ..
အတော်သဘောကျပါသည်။ :D

Me said...

((( အမှား နဲ့ အမှန် ကြားမှာ အလည်အလတ် ဝင်ရပ်တဲ့သူဟာ သိပ်မမှန်တဲ့လူပဲ ဖြစ်လာစရာအကြောင်းရှိပါတယ်။ အမှန်တရားကို လက်ကိုင်ထားသူ ဖြစ်မလာနိုင်ပါဘူး။...)))
အဲဒီစကားကို အလွန်သဘောကျပါသည်....ကိုပေါ

KHIN ZIN MINN said...

Good post.

Anonymous said...

ကိုပေါ

ဒေါ်အောင်ဆန်းစုကြည်က ရှေ့ နေဦးညဏ်ဝင်းကို ထူးခြားတာဝန်တခုပေး ဆိုတဲ့ ကိုးရက်နေ့ ဒီဗွီဘီသတင်းထဲမှာ ဒီလိုဖတ်လိုက်ရတယ်။

( အမေရိကန်သံတမန်အဖွဲ့  နဲ့ တွေ့ ဆုံတဲ့နေ့ က ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ နဲ့  တွေ့ ဆုံနိုင်ဖို့  စစ်အစိုးရက စီစဉ်ပေးခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆိုတယ်ဆိုတဲ့အချက်နဲ့  ပါတ်သက်ပြီး ဦးညဏ်ဝင်းက ပြောပါတယ်။

"အဲဒီသတင်းက မပြည့်စုံဘူး၊ အကုန်လုံးမမှန်ဘူးတဲ့။ မမှန်တာကို သူမပြောချင်ဘူးတဲ့။ ကျေးဇူးတင်စရာတွေ ရှိတဲ့အတွက် သူခွင့်လွှတ်ပါတယ်လို့  အဲလိုပြောပါတယ်" )

ကျနော်အနေနဲ့ တော့ တကယ့်အဖြစ်မှန်တွေ မှန်မှန်ကန်ကန်သိနိုင်ဖို့  စဉ်းစားစရာတွေ အများကြီးလိုနေသေးသလို ခံစားရတယ်။

လန်ပမ်

ကိုပေါ said...

လန်ပမ်… ဒီသတင်းကို ညွှန်ပြတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Unknown said...

ကိုပေါရေ

ဦးဝင်းတင် ပြောတာလေး ရှိတယ်။ သူရယ်၊ဦးခင်မောင်ဆွေရယ် ကို နအဖ က တရားဝင် စီအီးစီ လို့ မသတ်မှတ်ဘူးတဲ့။ အဲဒီတော့ စီအီးစီ နဲ့ပေးတွေ့မယ်ဆိုရင် သူတို့ပါရင် မရဘူးဆိုပဲ။

ဦးခင်မောင်ဆွေ က ၁၉၉၀ ရွေးကောက်ပွဲ မဲဆွယ်တရား ဟောတုန်း က ပြောတာလေး ပြန်ပြောပြချင်တယ်။ မြွေပွေးဆိုတာ အရေခွံ လဲ ရုံနဲ့ မြက်လျှော မဖြစ်ဘူးတဲ့။ အဲဒီတုန်းက တစည ကို ရယ်ရွယ်ပြောတာပဲ။ အခု NLD စီအီးစီတွေက သူတို့နှစ်ယောက် က လွဲရင် မြွေပွေးရုံ ခြုံထားတဲ့ မြက်လျှောတွေ ဖြစ်နေပြီလေ။

PhotoVigor said...

Love reading your post. Great..

သတိ said...

အားလုံးသတိ

တကယ့်ကို နှစ်သက်စရာကောင်းတဲ့ ဦးအာရ်ယားရဲ့ စာသားလေးကတော့ မောင်သတိအတွက် ကူးချဖို့အတော်ကောင်းဗျ.. ကျေးဇူးပါပဲ ကိုပေါရေ..

အမြင်မတူတာလေးတော့ နဲနဲပွားပရစေဦးဗျာ.. ကဲ.. ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ထောင်ရန်ဆိုတဲ့ မွန်မြတ်တဲ့ ပန်းတိုင်ရှိတယ်ပေါ့ဗျာ.. အဲဒီပန်းတိုင်ကိုသွားဖို့ အတိုက်အခံတွေ ခုသုံးခဲ့တဲ့ နည်းလမ်းတွေဟာ မှန်ကန်လား.. ဒီလောက် နှစ်နှစ်ဆယ် လုပ်ပီးချိန်မှာ လမ်းမှန်လို့ ရွာတွေ့ဖို့နေနေသာသာ ဘယ်ရောက်လို့ ဘယ်ပေါက်မှန်းမသိပဲ သူတို့အချင်းချင်းတောင် ဖရိုဖရဲတွေဖြစ်နေတဲ့ လမ်းကို မှန်ချင်မှန်မှာပေါ့ စောင့်ကြည့်ပါဥိးဆိုရင်တော့ အင်း.. ဘာပြောရမှန်းတောင် သိမှာမဟုတ်တော့ဘူးဗျ.. ကျွန်တော် လက်ခံတာတော့ ဒီလမ်းဟာ မမှန်ဘူး.. အဲဒီမမှန်ချက်ကပဲ တတိယအုပ်စု ဆိုတာကြီးကို မွေးထုတ်လိုက်သလိုတောင် ဖြစ်နေသေးပါသဗျာ.. တတိယအုပ်စုရဲ့ ရွေးကောက်ပွဲကို လက်ခံပီး နိုင်ငံရေးဝင်ကစားမယ်ဆိုတဲ့ စိတ်ကူးကရော.. မသိနိုင်ဘူး.. မှန်ချင်မှန်မယ်.. မှားချင်မှားမယ်ဆိုပေမဲ့ နည်းလမ်းသစ်ဖြစ်တယ်.. နိုင်ငံရေး လုပ်ပိုင်ခွင့်တွေ ပိုရလာတဲ့အတွက် ကစားကွင်း ကျယ်လာမယ်ဗျာ.. ဒီတော့ စမ်းကြည့်ကြမယ်ဆိုတဲ့ လမ်းပဲ.. ဒီနေရာမှာ မောင်သတိဟာ ကိုပေါလို အမှန်အမှားကို နှာစီးသလိုနဲ့ ကြားဝင်ရပ်တယ်လို့ မမြင်ဘူးဗျ.. မှားနေတဲ့လမ်းကြောင်းကနေ အသစ်လမ်းကို လျှောက်မဲ့စိတ်ကူးလို့ မြင်တယ်.. ဒီတော့ ကိုပေါယုံကြည်သလို အထပ်ထပ် ရေးနေသလို စဉ်းစားဖို့လိုလာပီ.. အမှားနဲ့အမှန်မှာ အလည်ရပ်မလား/ လမ်းကြောင်း မှားနေတယ်ဆိုတာ အချိန်ကရော အနေအထားကရော သက်သေပြနေတဲ့ အတိုက်အခံတို့ရဲ့ စနစ်အမှားကိုပဲ ဆက်ဖက်ထားမလား.. အမှန်ဘက်ကို ပြေးမလား.. ဟားဟား.. စဉ်းစားပေတော့ဗျို့..

အဲဒီမှာမှ ငါတို့ရဲ့ ဖီဆန်ကြ.. ဆန့်ကျင်ကြ.. ပိတ်ကြ.. ဆို့ကြ.. အထီးကျန်အောင် လုပ်ကြတွေကစလို့.. မလာကြပါနဲ့.. အသိမှတ်မပြုပါနဲ့.. အဖွဲ့ကိုမ၀င်စေနဲ့.. အဖွဲ့ကထုတ်ပစ်.. ကူပါ.. ကယ်ပါတွေအလယ်.. ၀င်တိုက်တော့.. ဖြုတ်ချပစ်ဆိုတဲ့အထိ အဆုံး လမ်းကြောင်းတွေကမှ မွန်မြတ်သော လမ်းကြောင်းတွေပါလို့ ပြောလာမယ်ဆိုရင်တော့ အင်း...

မောင်သတိမြင်တာတော့ ဦးတည်ချက်ပါပဲ.. ကိုပေါလေးစားတဲ့ ပုဂ္ဂိုလ်ရေးအာဏာရရှိဖို့ ဆိုရင်တော့ ဖိနှိပ်သူနဲ့ တော်လှန်သူ အားနည်းတဲ့ဘက်က ရပ်တည်တာက ကောင်းပါတယ်.. ဒါတောင် အားနည်းတဲ့ဘက်လို့ မောင်သတိပြောတာ မှန်တဲ့ဘက်ဆိုရင် ဘယ်လောက်တောင် မှန်လို့လဲဆိုတဲ့ မေးခွန်းတွေ ရှိလာပါလိမ့်မယ်ဗျ.. အဲ.. နိုင်ငံတော်အရေးဆိုရင်တော့ မှားတဲ့လမ်းကြောင်း ဖြစ်နေတယ်ဆိုတာ သေချာတဲ့လမ်းနဲ့ မှားမလားမှန်မလား မသေချာသေးတဲ့လမ်း အနည်းဆုံးတော့ မှားတဲ့လမ်းဘက်မှာ မရပ်သင့်တော့ပါဘူးဗျာ..

အခွင့်ကြုံလို့ ခပ်ရှည်ရှည်ပြောချင်တာက ဒီရွေးကောက်ပွဲကို ထွက်ပေါက်တစ်ခုအနေနဲ့.. ဒီမိုတော်လှန်ရေးရဲ့ ပိုရလာမဲ့ နိုင်ငံရေးအနေအထား ဆိုပီး အမြင်နဲ့ လက်ခံကြမဲ့ တတိယအုပ်စုဝင်တွေ အများကြီး ရှိပါတယ်.. ဒါကို ကိုယ့်အမှားလမ်းကြောင်းကို မယုံတာနဲ့ပဲ အခွင့်အရေးနဲ့ လဲမဲ့လူတို့.. အခွင့်အရေးသမားတို့.. ကပ်မြှောင်တို့ဆိုပီး ပုတ်ခတ်ပုံကတော့ အမြင်မတူတာကို ပွင့်ပွင့်လင်းလင်း ဝေဖန်ဆန်းစစ်တတ်သူ မှန်ရင် မသုံးသင့်တဲ့ စကားတွေလို့ မောင်သတိ သတိပေးချင်ပါတယ်ခင်ဗျ..

အနည်းဆုံးတော့ဗျာ.. ဒီတတိယအုပ်စု ပေါ်လာတဲ့အတွက် ဒီမိုတွေဟာ အီယော့သွားနေလို့ မရဘူးဗျာ.. သူတို့ကို တတိယအုပ်စုရဲ့ အမြင်တွေက ကြိမ်တို့နေပီကိုး.. ဒီတော့ လုပ်ပြကြရတော့မယ်.. အရင်လို လေပစ်နေလို့ မရတော့ဘူး.. ဒါပေမဲ့ တုန့်ပြန်သူတွေဟာ မလိုတမာ အတင်းတုတ်သလို ပုတ်ခတ်ရုံကလွဲပီး ဘာမှထက်မလာတော့လည်း ဟားဟား.. မောင်သတိ နှစ်နှစ်ဆယ်ဆိုတာကို မအံ့သြောမိတော့ပါဘူး..

ခုတော့ အဲဒီပုတ်ခတ်အတင်းအဖျင်း အပြောခံ.. နာမည်ပျက်ခံပီး ရွေးကောက်ပွဲဝင် ဖော်ဆောင်ပေးလို့ ရလာမဲ့ လွတ်လပ်စွာပြောခွင့်.. တရားဝင် ဆန္ဒပြခွင့်ဆိုတာတွေကို လှိုင်လှိုင်သုံးလို့ အဲဒီ ဒီမိုတွေ လေကြီးမိုးကြီး ပစ်ကြမှာလဲ မြင်ယောင်ပါသဗျား..

အဲ.. သတိပေးချင်တာက သိပ်တော့လဲ မဟော့နဲ့ဦးဗျ.. တော်ကြာ မပြောကောင်း မဆိုကောင်း ဒေါ်စုကြီးတို့က ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ တတိယအုပ်စု လမ်းစဉ် လိုက်ပါမယ်ဆိုလို့ ကိုပေါခမျာ ဟိုဘက်ရပ်ရမလား အလယ်ရပ်ရမလား ရပ်လက်စနဲ့ ခုရပ်နေတဲ့ အမှားဘက်ကြီးပဲ ဆက်ရပ်မလား စဉ်းစားရ ဖာထေးရ ခက်နေပါဦးမယ်ဗျာ.. ဟားဟား..

အားလုံးသက်သာ
မောင်သတိ

NG said...

လုပ်လိုက်တဲ့ ရွေးကောက်ပွဲ...
လွဲလိုက်တဲ့ အာဏာ..
ရလိုက်တဲ့  ဒီမိုကရေစီ...
န.အ.ဖ လက်ပါးစေများကလည်း ဘာမှန်းမသိ
လိုက် လိုက်တဲ့ သံယောင်...

Anonymous said...

ကိုပေါရေ..အမှန်နဲ့ အမှားကြားက ဘေးထွက်နေပါတယ်
ဆိုတဲ့ အကျိုးစီးပွားမျှော် တတိယအုပ်စုတွေ ပေါ်လာတာ လည်း ကောင်းပါတယ်ဗျာ သိရတာပေါ့ ဘယ်သူတွေ ဟာ ဘယ်လိုလူတွေလည်းဆိုတာ.တတိယအုပ်စုပဲ ခေါ်ခေါ် စတုထ္ထ အုပ်စုပဲခေါ်ခေါ် နအဖပေးမဲ့ ရသလောက် ဒီမိုကရေစီကို ဘာမှ မရတာနဲ့စာရင် ရသလောက်ယူပြီး ပြုပြင်မဲ့သူတွေ ဆိုတဲ့သူတွေက ကော အရင်တုန်းက အနှစ်နှစ်ဆယ်လုံးလုံး သူများတွေ လမ်းမှားချင်လည်းမှားမယ် ဒါပေမဲ့ ပြည်သူတွေအတွက် မတရားတဲ့သူတွေကို မတရားဘူး မတရားတဲ့ဖိနှိပ်မှုကို မတရားဘူးဆိုပြီး ခုခံတွန်းလှန်ရတဲ့သူတွေက အငတ်ခံ အသေခံ အဖမ်းခံ နေတဲ့အချိန်မှာ အဲ့ဒီတတိယအုပ်စုတွေက ဘာတွေလုပ်နေကြပါလဲ..ပုဂ္ဂိုလ်ရေးစွန့်လွှတ်မှုမရှိခဲ့လို့ ကိုယ့်ကို မရှိကြောင်းဝေဖန်တာ မကောင်းမြင်သမားတွေဆိုတာ ထက် အမှန်မြင်သမားတွေလို့ပဲ ပြောထိုက်ပါတယ်.ပြည်သူတရပ်လုံးက အသေခံ အဖမ်းခံပြီး လုပ်ခဲ့ကြလို့ ၁၉၉၀ ရွေးကောက်ပွဲ ပေါ်လာပြီး တပြည်လုံးက တခက်နက်မဲပေးလို့ အနိုင်ရခဲ့တဲ့ ပါတီကို အကြောင်းအမျိုးပြ နှိပ်ကွက်နေတာ ပြည်သူတရပ်လုံးကို စော်ကားတာ မဟုတ်ဘူးလားဗျာ အဲ့ဒီလို စော်ကားခဲ့တဲ့သူတွေလုပ်ခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေ ဆန္ဒခံယူပွဲကကော ဘယ်လိုလုပ်ခဲ့ကြတယ်ဆိုတာ တတိယအုပ်စုသမားတွေ မသိဘူးမရှိပါဘူး အဲ့ဒီကြားက ကျားကပေးမဲ့ ကြင်နာမှုကို မျှော်လင့်နေတဲ့ တတိယအုပ်စုသမားများလည်း ပညာတတ်တွေမို့.သိမှာပါ .ပြည်သူတွေပေးခဲ့တဲ့ နာမည် ၀ိဒူရသခင်ချစ်မောင်ကနေ ခွေးကတက်ချစ်မောင်ဖြစ်ခဲ့ရတဲ့ သမိုင်းကိုလည်း ပြန်ရှာဖတ်ကြည့်ကြပါဦး..လို့..အကျိုးအမြတ် အကျိုးအမြတ်နဲ့ အမြီးလေးတနှံ့နှံ့ လုပ်နေမဲ့အစားပေါ့ဗျာ..ရွေးကောက်ပွဲဥပဒေက ဘယ်နေမှန်းမသိ. ဒေါ်စုက ရွေးကောက်ပွဲဝင်မယ်ဆိုခဲ့ရင်တောင် ကိုမင်းကိုနိုင်တို့ ရွေးကောက်ပွဲဝင်ခဲ့မယ်ဆိုရင် သူတို့ စွန့်လွှတ်အနစ်နာခံမှု ကိုယုံကြည်လို့ ထောက်ခံပါတယ်.ခု တတိယအုပ်စုသမားတွေ က ဘယ်လိုလူတွေလည်းဆိုတာ ပြည်သူရှေ့မှာ ပွင့်ပွင့်လင်းလင်း မညစ်ပတ်ကြေး ပြောခွင့်ရကြရင် ပြောချင်ပါတယ်...ပြိုင်ဆိုင်ပြီးကော တကယ်အရွေးခံရဲကြသလားလို့ပါ..တကယ်အစစ်အမှန်ရွေးကောက်ပွဲမှာပေါ့ မဆလ န၀တ နအဖ လုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွေ ဆန္ဒခံယူပွဲတွေ သမိုင်းကိုကြည့်ရင် ယုံလောက်စရာကို မရှိပါဘူး မယုံပါဘူး ဒါကကျနော်အမြင်..ကြည့်ကြသေးတာပေါ့..ဗျာ...ကိုပေါရေ. တတိယအုပ်စုသမားတွေကို ပြောပြပေးပါဗျာ..

Anonymous said...

စစ်သားဆို ဘောပဲဗျာ
အသိညဏ် တွေ ရိုက်ချိုးခံထား ရပြီး သရဲဘော ကြောင် တဲ့ ကောင်တွေ

သတိ said...

အားလုံးသတိ

ဝိုး.. တယ်ဟုတ်ပါလား.. မလာတာကြာလို့ ၀င်ဖတ်ကြည့်ပါတယ်.. ကိုယ့်ကော်မန့်လေးမှ ကွက်ပီးပျောက်လို့.. ကြည့်ရတာ အရှည်ကြီးရေးမိလို့ system က တိုက်တိုက်ဆိုင်ဆိုင် ကြောင်ပီး ပျက်သွားတယ်ထင်ပဗျာ.. အဲဒီတော့လဲ တိုတိုပဲ ခေါင်းစဉ်လေး ပြန်ဖတ်သွားပါတယ်.. ဘာတဲ့.. သိက္ခာရှိခြင်း မရှိခြင်းဆိုပဲ.. ဟားဟား

ကဲ.. သက်သာပါဗျာ
မောင်သတိ

Anonymous said...

Ko Paw,
Nice Post!!

Who the hell is that so called "Tha-Ti"?
Whom are you talking to with those " Tha-Ti" and "Thet-Thar".
We don't understand and never use ( at lease never being told ) those dogs' language. Those are only for dogs that ( NOT who ) will do everything when being asked.

ကိုပေါ said...

ပျောက်သွားသော ကွန်မင့်များ (၁)

သတိ said....

အားလုံးသတိ

တကယ့်ကို နှစ်သက်စရာကောင်းတဲ့ ဦးအာရ်ယားရဲ့ စာသားလေးကတော့ မောင်သတိအတွက် ကူးချဖို့အတော်ကောင်းဗျ.. ကျေးဇူးပါပဲ ကိုပေါရေ..

အမြင်မတူတာလေးတော့ နဲနဲပွားပရစေဦးဗျာ.. ကဲ.. ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ထောင်ရန်ဆိုတဲ့ မွန်မြတ်တဲ့ ပန်းတိုင်ရှိတယ်ပေါ့ဗျာ.. အဲဒီပန်းတိုင်ကိုသွားဖို့ အတိုက်အခံတွေ ခုသုံးခဲ့တဲ့ နည်းလမ်းတွေဟာ မှန်ကန်လား.. ဒီလောက် နှစ်နှစ်ဆယ် လုပ်ပီးချိန်မှာ လမ်းမှန်လို့ ရွာတွေ့ဖို့နေနေသာသာ ဘယ်ရောက်လို့ ဘယ်ပေါက်မှန်းမသိပဲ သူတို့အချင်းချင်းတောင် ဖရိုဖရဲတွေဖြစ်နေတဲ့ လမ်းကို မှန်ချင်မှန်မှာပေါ့ စောင့်ကြည့်ပါဥိးဆိုရင်တော့ အင်း.. ဘာပြောရမှန်းတောင် သိမှာမဟုတ်တော့ဘူးဗျ.. ကျွန်တော် လက်ခံတာတော့ ဒီလမ်းဟာ မမှန်ဘူး.. အဲဒီမမှန်ချက်ကပဲ တတိယအုပ်စု ဆိုတာကြီးကို မွေးထုတ်လိုက်သလိုတောင် ဖြစ်နေသေးပါသဗျာ.. တတိယအုပ်စုရဲ့ ရွေးကောက်ပွဲကို လက်ခံပီး နိုင်ငံရေးဝင်ကစားမယ်ဆိုတဲ့ စိတ်ကူးကရော.. မသိနိုင်ဘူး.. မှန်ချင်မှန်မယ်.. မှားချင်မှားမယ်ဆိုပေမဲ့ နည်းလမ်းသစ်ဖြစ်တယ်.. နိုင်ငံရေး လုပ်ပိုင်ခွင့်တွေ ပိုရလာတဲ့အတွက် ကစားကွင်း ကျယ်လာမယ်ဗျာ.. ဒီတော့ စမ်းကြည့်ကြမယ်ဆိုတဲ့ လမ်းပဲ.. ဒီနေရာမှာ မောင်သတိဟာ ကိုပေါလို အမှန်အမှားကို နှာစီးသလိုနဲ့ ကြားဝင်ရပ်တယ်လို့ မမြင်ဘူးဗျ.. မှားနေတဲ့လမ်းကြောင်းကနေ အသစ်လမ်းကို လျှောက်မဲ့စိတ်ကူးလို့ မြင်တယ်.. ဒီတော့ ကိုပေါယုံကြည်သလို အထပ်ထပ် ရေးနေသလို စဉ်းစားဖို့လိုလာပီ.. အမှားနဲ့အမှန်မှာ အလည်ရပ်မလား/ လမ်းကြောင်း မှားနေတယ်ဆိုတာ အချိန်ကရော အနေအထားကရော သက်သေပြနေတဲ့ အတိုက်အခံတို့ရဲ့ စနစ်အမှားကိုပဲ ဆက်ဖက်ထားမလား.. အမှန်ဘက်ကို ပြေးမလား.. ဟားဟား.. စဉ်းစားပေတော့ဗျို့..

ကိုပေါ said...

ပျောက်သွားသောကွန်မင့်များ (၂)

သတိ said....

အဲဒီမှာမှ ငါတို့ရဲ့ ဖီဆန်ကြ.. ဆန့်ကျင်ကြ.. ပိတ်ကြ.. ဆို့ကြ.. အထီးကျန်အောင် လုပ်ကြတွေကစလို့.. မလာကြပါနဲ့.. အသိမှတ်မပြုပါနဲ့.. အဖွဲ့ကိုမ၀င်စေနဲ့.. အဖွဲ့ကထုတ်ပစ်.. ကူပါ.. ကယ်ပါတွေအလယ်.. ၀င်တိုက်တော့.. ဖြုတ်ချပစ်ဆိုတဲ့အထိ အဆုံး လမ်းကြောင်းတွေကမှ မွန်မြတ်သော လမ်းကြောင်းတွေပါလို့ ပြောလာမယ်ဆိုရင်တော့ အင်း...

မောင်သတိမြင်တာတော့ ဦးတည်ချက်ပါပဲ.. ကိုပေါလေးစားတဲ့ ပုဂ္ဂိုလ်ရေးအာဏာရရှိဖို့ ဆိုရင်တော့ ဖိနှိပ်သူနဲ့ တော်လှန်သူ အားနည်းတဲ့ဘက်က ရပ်တည်တာက ကောင်းပါတယ်.. ဒါတောင် အားနည်းတဲ့ဘက်လို့ မောင်သတိပြောတာ မှန်တဲ့ဘက်ဆိုရင် ဘယ်လောက်တောင် မှန်လို့လဲဆိုတဲ့ မေးခွန်းတွေ ရှိလာပါလိမ့်မယ်ဗျ.. အဲ.. နိုင်ငံတော်အရေးဆိုရင်တော့ မှားတဲ့လမ်းကြောင်း ဖြစ်နေတယ်ဆိုတာ သေချာတဲ့လမ်းနဲ့ မှားမလားမှန်မလား မသေချာသေးတဲ့လမ်း အနည်းဆုံးတော့ မှားတဲ့လမ်းဘက်မှာ မရပ်သင့်တော့ပါဘူးဗျာ..

ကိုပေါ said...

ပျောက်သွားသောကွန်မင့်များ (၃)

သတိ said....

အခွင့်ကြုံလို့ ခပ်ရှည်ရှည်ပြောချင်တာက ဒီရွေးကောက်ပွဲကို ထွက်ပေါက်တစ်ခုအနေနဲ့.. ဒီမိုတော်လှန်ရေးရဲ့ ပိုရလာမဲ့ နိုင်ငံရေးအနေအထား ဆိုပီး အမြင်နဲ့ လက်ခံကြမဲ့ တတိယအုပ်စုဝင်တွေ အများကြီး ရှိပါတယ်.. ဒါကို ကိုယ့်အမှားလမ်းကြောင်းကို မယုံတာနဲ့ပဲ အခွင့်အရေးနဲ့ လဲမဲ့လူတို့.. အခွင့်အရေးသမားတို့.. ကပ်မြှောင်တို့ဆိုပီး ပုတ်ခတ်ပုံကတော့ အမြင်မတူတာကို ပွင့်ပွင့်လင်းလင်း ဝေဖန်ဆန်းစစ်တတ်သူ မှန်ရင် မသုံးသင့်တဲ့ စကားတွေလို့ မောင်သတိ သတိပေးချင်ပါတယ်ခင်ဗျ..

အနည်းဆုံးတော့ဗျာ.. ဒီတတိယအုပ်စု ပေါ်လာတဲ့အတွက် ဒီမိုတွေဟာ အီယော့သွားနေလို့ မရဘူးဗျာ.. သူတို့ကို တတိယအုပ်စုရဲ့ အမြင်တွေက ကြိမ်တို့နေပီကိုး.. ဒီတော့ လုပ်ပြကြရတော့မယ်.. အရင်လို လေပစ်နေလို့ မရတော့ဘူး.. ဒါပေမဲ့ တုန့်ပြန်သူတွေဟာ မလိုတမာ အတင်းတုတ်သလို ပုတ်ခတ်ရုံကလွဲပီး ဘာမှထက်မလာတော့လည်း ဟားဟား.. မောင်သတိ နှစ်နှစ်ဆယ်ဆိုတာကို မအံ့သြောမိတော့ပါဘူး..

ခုတော့ အဲဒီပုတ်ခတ်အတင်းအဖျင်း အပြောခံ.. နာမည်ပျက်ခံပီး ရွေးကောက်ပွဲဝင် ဖော်ဆောင်ပေးလို့ ရလာမဲ့ လွတ်လပ်စွာပြောခွင့်.. တရားဝင် ဆန္ဒပြခွင့်ဆိုတာတွေကို လှိုင်လှိုင်သုံးလို့ အဲဒီ ဒီမိုတွေ လေကြီးမိုးကြီး ပစ်ကြမှာလဲ မြင်ယောင်ပါသဗျား..

အဲ.. သတိပေးချင်တာက သိပ်တော့လဲ မဟော့နဲ့ဦးဗျ.. တော်ကြာ မပြောကောင်း မဆိုကောင်း ဒေါ်စုကြီးတို့က ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ တတိယအုပ်စု လမ်းစဉ် လိုက်ပါမယ်ဆိုလို့ ကိုပေါခမျာ ဟိုဘက်ရပ်ရမလား အလယ်ရပ်ရမလား ရပ်လက်စနဲ့ ခုရပ်နေတဲ့ အမှားဘက်ကြီးပဲ ဆက်ရပ်မလား စဉ်းစားရ ဖာထေးရ ခက်နေပါဦးမယ်ဗျာ.. ဟားဟား..

အားလုံးသက်သာ
မောင်သတိ

ကိုပေါ said...

ပျောက်သွားသောကွန်မင့်များ (၄)

Anonymous said...

ကိုပေါရေ..အမှန်နဲ့ အမှားကြားက ဘေးထွက်နေပါတယ်
ဆိုတဲ့ အကျိုးစီးပွားမျှော် တတိယအုပ်စုတွေ ပေါ်လာတာ လည်း ကောင်းပါတယ်ဗျာ သိရတာပေါ့ ဘယ်သူတွေ ဟာ ဘယ်လိုလူတွေလည်းဆိုတာ.တတိယအုပ်စုပဲ ခေါ်ခေါ် စတုထ္ထ အုပ်စုပဲခေါ်ခေါ် နအဖပေးမဲ့ ရသလောက် ဒီမိုကရေစီကို ဘာမှ မရတာနဲ့စာရင် ရသလောက်ယူပြီး ပြုပြင်မဲ့သူတွေ ဆိုတဲ့သူတွေက ကော အရင်တုန်းက အနှစ်နှစ်ဆယ်လုံးလုံး သူများတွေ လမ်းမှားချင်လည်းမှားမယ် ဒါပေမဲ့ ပြည်သူတွေအတွက် မတရားတဲ့သူတွေကို မတရားဘူး မတရားတဲ့ဖိနှိပ်မှုကို မတရားဘူးဆိုပြီး ခုခံတွန်းလှန်ရတဲ့သူတွေက အငတ်ခံ အသေခံ အဖမ်းခံ နေတဲ့အချိန်မှာ အဲ့ဒီတတိယအုပ်စုတွေက ဘာတွေလုပ်နေကြပါလဲ.... (ဆက်ရန်)

ကိုပေါ said...

ပျောက်သွားသောကွန်မင့်များ (၅)

Anonymous said...

ပုဂ္ဂိုလ်ရေးစွန့်လွှတ်မှုမရှိခဲ့လို့ ကိုယ့်ကို မရှိကြောင်းဝေဖန်တာ မကောင်းမြင်သမားတွေဆိုတာ ထက် အမှန်မြင်သမားတွေလို့ပဲ ပြောထိုက်ပါတယ်.ပြည်သူတရပ်လုံးက အသေခံ အဖမ်းခံပြီး လုပ်ခဲ့ကြလို့ ၁၉၉၀ ရွေးကောက်ပွဲ ပေါ်လာပြီး တပြည်လုံးက တခက်နက်မဲပေးလို့ အနိုင်ရခဲ့တဲ့ ပါတီကို အကြောင်းအမျိုးပြ နှိပ်ကွက်နေတာ ပြည်သူတရပ်လုံးကို စော်ကားတာ မဟုတ်ဘူးလားဗျာ အဲ့ဒီလို စော်ကားခဲ့တဲ့သူတွေလုပ်ခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေ ဆန္ဒခံယူပွဲကကော ဘယ်လိုလုပ်ခဲ့ကြတယ်ဆိုတာ တတိယအုပ်စုသမားတွေ မသိဘူးမရှိပါဘူး အဲ့ဒီကြားက ကျားကပေးမဲ့ ကြင်နာမှုကို မျှော်လင့်နေတဲ့ တတိယအုပ်စုသမားများလည်း ပညာတတ်တွေမို့.သိမှာပါ .ပြည်သူတွေပေးခဲ့တဲ့ နာမည် ၀ိဒူရသခင်ချစ်မောင်ကနေ ခွေးကတက်ချစ်မောင်ဖြစ်ခဲ့ရတဲ့ သမိုင်းကိုလည်း ပြန်ရှာဖတ်ကြည့်ကြပါဦး..လို့..အကျိုးအမြတ် အကျိုးအမြတ်နဲ့ အမြီးလေးတနှံ့နှံ့ လုပ်နေမဲ့အစားပေါ့ဗျာ..ရွေးကောက်ပွဲဥပဒေက ဘယ်နေမှန်းမသိ. ဒေါ်စုက ရွေးကောက်ပွဲဝင်မယ်ဆိုခဲ့ရင်တောင် ကိုမင်းကိုနိုင်တို့ ရွေးကောက်ပွဲဝင်ခဲ့မယ်ဆိုရင် သူတို့ စွန့်လွှတ်အနစ်နာခံမှု ကိုယုံကြည်လို့ ထောက်ခံပါတယ်.ခု တတိယအုပ်စုသမားတွေ က ဘယ်လိုလူတွေလည်းဆိုတာ ပြည်သူရှေ့မှာ ပွင့်ပွင့်လင်းလင်း မညစ်ပတ်ကြေး ပြောခွင့်ရကြရင် ပြောချင်ပါတယ်...ပြိုင်ဆိုင်ပြီးကော တကယ်အရွေးခံရဲကြသလားလို့ပါ..တကယ်အစစ်အမှန်ရွေးကောက်ပွဲမှာပေါ့ မဆလ န၀တ နအဖ လုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွေ ဆန္ဒခံယူပွဲတွေ သမိုင်းကိုကြည့်ရင် ယုံလောက်စရာကို မရှိပါဘူး မယုံပါဘူး ဒါကကျနော်အမြင်..ကြည့်ကြသေးတာပေါ့..ဗျာ...ကိုပေါရေ. တတိယအုပ်စုသမားတွေကို ပြောပြပေးပါဗျာ

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs