“ထူးပေဆန်းပေသည်…”

Share |
(စင်္ကာပူနိုင်ငံမှာ ၉ နှစ်ကြာ နေထိုင်သွားခဲ့တဲ့ ဂျာမန်နိုင်ငံသားတယောက်ရဲ့ လေ့လာတွေ့ရှိချက်တွေလို့ အဆိုရှိပါတယ်။ ဟုတ်မဟုတ် မသေချာပါ။ ဒါပေမယ့် စင်္ကာပူကအခြေအနေတွေကို တော်တော်လေး မှန်ကန်စွာ ထင်ဟပ်ပြနိုင်ပြီး ပြုံးချင့်စဖွယ်လည်းဖြစ်လို့ ဘာသာပြန်လိုက်ပါတယ်။)

၄၄ နှစ်ကြာ စီးပွားရေးနဲ့ ရုပ်ဝတ္ထုပိုင်းဆိုင်ရာအရ အောင်မြင်မှုရခဲ့တဲ့နောက်ပိုင်း စင်္ကာပူနိုင်ငံသားတွေမှာ ထူးဆန်းတဲ့ အပြုအမူ အလေ့အထတွေ ဖြစ်ပေါ်လာပါသတဲ့။

သူတို့ဟာ အိမ် (သို့မဟုတ်) တိုက်ခန်း တခန်းကို ငွေအမြောက်အမြား ပေးဝယ်ပြီး ပရိဘောဂတွေနဲ့ နန်းတော်ကြီးတမျှ ပြင်ဆင်တတ်ကြပါသတဲ့။ ဒါပေမယ့် အဲဒီ အိမ်မှာ နေတဲ့အချိန်က နည်းပါးပြီး အပြင်မှာ၊ အထူးသဖြင့် အလုပ်ထဲမှာ အချိန်ဖြုန်းတာ များပါတယ်။ သူတို့ရဲ့ သန်းချီတန်တဲ့ ပိုင်ဆိုင်မှုတွေကို အမှန်တကယ် စံစားနေကြသူတွေကတော့ သူတို့အိမ်က အိမ်ဖော်များသာ ဖြစ်ပါသတဲ့။

သူတို့ဟာ မော်တော်ကားတွေကို ဈေးကြီးပေးဝယ်ယူကြတယ်။ ကမ္ဘာပေါ်မှာ မော်တော်ကားဈေး အမြင့်ဆုံးနိုင်ငံလို့တောင် ဆိုနိုင်ပါတယ်။ ဝယ်ပြီးတာနဲ့ အဲဒီကားကို အိမ်မှာပဲ ရပ်ထားတော့တယ်။ အပြင်မှာ ထုတ်မောင်းဖို့ အင်မတန်ဈေးကြီးပါတယ်။ ERP လို့ခေါ်တဲ့ လမ်းဂိတ်ကြေးကောက်တဲ့ ဂိတ်တွေဟာ အများအပြား ရှိနေပြီး မော်တော်ယာဉ် ရပ်နားခကိုလည်း နေရာတိုင်းလိုလိုမှာ ပေးရပါတယ်။ ဒါကြောင့်မို့ သူတို့ကားကို အိမ်မှာ ရပ်ထားပြီး အဖိုးအခသက်သာစွာနဲ့ အဆင်ပြေတဲ့ အများသုံး သွားလာရေးစနစ် (ဘတ်စ်ကား၊ MRT စသည်) ကိုပဲ သုံးကြဖို့ တွန်းအား အပေးခံရပါတယ်။

စင်္ကာပူနိုင်ငံသားတွေ ခရီးထွက်ကြတဲ့အခါ ပတ်ဝန်းကျင်ကို လှည့်လည်ကြည့်ရှုမယ့်အစား ရှော့ပင်း (ဈေးဝယ်) ထွက်ကြပါတယ်။ အံ့သြဖို့ကောင်းတာကတော့ စင်္ကာပူက တရုတ်တန်းနဲ့ ညဈေးတွေမှာ ဈေးသက်သက်သာသာနဲ့ ပေါပေါလောလော ဝယ်လို့ရတဲ့ပစ္စည်းတွေကို နိုင်ငံခြားမှာ အသည်းအသန် ဈေးဆစ်ပြီး ဝယ်ယူတတ်ကြပါတယ်။ ပြီးတော့… အဲဒီလို ဈေးဆစ်ပြီး ဝယ်နိုင်ခဲ့တာကိုပဲ ပျော်နေတတ်ကြပါသေးတယ်။

စင်္ကာပူနိုင်ငံသားအများစုဟာ ရှင်သန်နိုင်ဖို့ အသည်းအသန် မနည်းရုန်းကန်နေကြရပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး မကျေနပ်လို့ ထုတ်ဖော်ပြောကြားမိရင် “မကျေနပ်ရင် ထွက်သွားလိုက်” လို့လည်း အပြောခံရတတ်ပါသေးတယ်။ ချမ်းသာကြွယ်ဝပြီး စင်္ကာပူက ဘဝကို အင်မတန် သဘောကျနှစ်သက်နေပါတယ်ဆိုတဲ့ နိုင်ငံသားများကတော့ အရေးအကြောင်းဆိုရင် ဒီသုခဘုံကလေးကနေ အလျှင်အမြန်ထွက်သွားနိုင်ဖို့ နိုင်ငံရပ်ခြားမှာ အိမ်တွေယာတွေ ဝယ်ယူထားကြပါတယ်။

စင်္ကာပူနိုင်ငံသားအများစုဟာ ဒီနိုင်ငံကနေ ရွှေ့ပြောင်းပြေးနိုင်ဖို့ စဉ်းစားနေကြတယ်။ ပြင်ဆင်နေကြတယ်။ အဲဒီအချိန်မှာ အခြားနိုင်ငံများမှ ရွှေ့ပြောင်းအခြေချလာသူ လူသစ်များကတော့ သူတို့နေရာကို အစားထိုးဝင်ရောက်နေကြလေရဲ့။

အထူးဆန်းဆုံးကတော့ စင်္ကာပူနိုင်ငံသားတွေဟာ သူတို့ အစိုးရရဲ့ ပေါ်လစီတွေနဲ့ပတ်သက်ပြီး အမြဲတစေ ငြီးတွားပြောဆိုနေတတ်ကြပေမယ့် ရွေးကောက်ပွဲလည်း ရောက်ရော ဒီအစိုးရကိုပဲ မဲထည့်ပြီး အာဏာပြန်လည် အပ်နှင်းတတ်ကြပါတယ်။

မူရင်းကို ဖတ်ရှုရန်။.............။ The Bizarre Behaviour of Singaporeans

24 comments:

Anonymous said...

i'm first.

Anonymous said...

:)))))))))))))))))

စလုံးဖြစ်စ said...

ှုIt's true. :) . But Some myanmar has no choice. Some conditions force us to apply to be SG. Anyway, this post makes me smile. even makes me laugh loudly.
Thank you. I don't hate you. Ko paw. No arguments here. But be careful of who really don't like you.

သတိ said...

အားလုံးသတိ

ရွေးချယ်စရာမရှိပဲ SG ဖြစ်မှကို ဖြစ်လို့ရမဲ့ အခြေအနေတွေဆိုတာ ဘာတွေများပါလိမ့်ဗျာ.. ဒါဆို SG ဖြစ်ခွင့်သာ မရှိတော့ရင် အဲဒီလူဘ၀တော့ ရေထဲပဲခုန်ချမလား အိပ်ဆေးပဲသောက်မလား တစ်ခုခုတော့ လုပ်လိုက်ရတော့မဲ့ပုံပဲ..

တခြားနိုင်ငံတွေလို ဒုက္ခသည်မို့လို့ ဘာညာကွိကွနဲ့ အကြောင်းပြလို့လဲမရ.. ပုံမှန် မြန်မာနိုင်ငံသားတွေ ထောင်သောင်းချီနေတဲ့ စင်ကာပူမှာကို ရွေးချယ်စရာမရှိတဲ့ အခြေအနေမို့ နိုင်ငံသားစွန့်လိုက်ရပါတယ်ဆိုတဲ့ some myanmar တွေကတော့ ဟားဟား.. တန်းလက်မကာကြပါနဲ့လားဗျာ..

အားလုံးသက်သာ
မောင်သတိ

chocothazin said...

:) ဟဲဟဲဟဲ။

ဖတ်ပြီး ပြုံးသွားပါတယ်။

KHIN ZIN MINN said...

HA HA HA;;;;;;;;;;;;

Shinlay said...

good to know. Thanks

Unknown said...

why dont u like SG having favorable policy to foreign immigrants? only when they change their policy against foreign immigrants, u will change ur citizenship to SG, don't u? its ur ulterior motive.

ကိုပေါ said...

Zaw Zaw....

စင်္ကာပူအစိုးရရဲ့ နိုင်ငံခြားသားအလုပ်သမားနဲ့ ပတ်သက်တဲ့ ပေါ်လစီကို မြန်မာနိုင်ငံသားတယောက်အနေနဲ့ ကျနော်သဘောကျပါ့ဗျား။ စင်္ကာပူဟာ အာရှက နိုင်ငံတွေထဲမှာ နေထိုင်ခွင့်ရဖို့ အလွယ်ဆုံးနိုင်ငံပဲ။ ဒီအချက်ကို မြန်မာတယောက်အနေနဲ့ ကျနော်သဘောကျပါတယ်။

ဒါပေမယ့် ကျနော် စင်္ကာပူအစိုးရကို ဝေဖန်ခဲ့တဲ့ ပို့စ်တိုင်းဟာ အစိုးရပ်တရပ်ရဲ့ သူ့ပြည်သူ၊ သူ့နိုင်ငံအပေါ်မှာ ထားရှိတဲ့ ပေါ်လစီတွေ၊ လူ့အခွင့်အရေးချိုးဖျက်မှုတွေ၊ ဒီမိုကရေစီနည်းလမ်းမကျမှုတွေကို ယေဘုယျ ဝေဖန်တာပါ။ ကျနော့် အကျိုးစီးပွားနဲ့ ယှဉ်ပြီး ဝေဖန်တာမဟုတ်ပါ။

နောက်ဆုံးတချက်က ကျနော့်အနေနဲ့ စင်္ကာပူနိုင်ငံသား ဘယ်တော့မှ မခံပါ။ ကုန်ကုန်ပြောလိုက်မယ်။ စင်္ကာပူနိုင်ငံသားမလုပ်လို့ သတ်ပစ်မယ်ဆိုရင်တောင် အသက်သာ အသေခံလိုက်မယ်။ စင်္ကာပူနိုင်ငံသားတော့ ဘယ်တော့မှ မခံပါ။

Anonymous said...

ှ်သြော်..စလုံးအကြောင်း စတာနဲ့ "အူကြောင်ကြောင် မောင်တော် ဇော်ဇော် " တို့ ချက်ချင်းကို ပြေးလာ အခစားဝင်တော့တာဘဲနော်..ကပေါ..:)

ခရေဖြူ said...

ဒါတွေအားလုံးဟာအမှန်တွေပါ တခြားစလုံးအကြောင်းတွေမှာ ကိုပေါကို အစွန်းရောက်တယ်ထင်ပေမယ့် ဒီပို့ကိုတော့ ရယ်မိပါတယ် (ဒါက ကိုပေါရေးတာမှ မဟုတ်တာနော၊ ဘာသာပြန်တာ) ထပ်ထည့်မယ်နော် စင်ကာပူမှာ ခလေးတွေကို အရမ်းအရေးပေးပြီး လူကြီးမိဘတွေကိုတော့ ဂရုမစိုက်ပါ

crystal said...

Hi all

SG is like MNC. PM is CEO and all citizens are staffs. They cannot think outside the box. They all are living in a box like "true man show" movie. Government makes a lot of propaganda for good things.
We need to research and look for true meaning of citizenship.
I agree with we have dilemma between our home land and SG but I believe that SG is not final goal for settle down. SG is better than our home land but not good enough for our country men (cos we are not local Chinese). I suggest that don’t give up and please try to get better place. There is no need to change our citizenship to get any PR or visa from other developed countries.
Thank you

Anonymous said...

every country has "လူ့အခွင့်အရေးချိုးဖျက်မှုတွေ၊ ဒီမိုကရေစီနည်းလမ်းမကျမှုတွေကို ယေဘုယျ ဝေဖန်တာပါ။ ". i don't why u don't write abt other countries? or u don't know? or u think that other ppl don't know abt SG, only u know?

Anonymous said...

crystal, can i ask u, do u see any local chinese in the link below?

http://www.siac.org.sg/aboutus-secretariat.htm

ဖြူတုတ်လေး said...

"အံ့သြဖို့ကောင်းတာကတော့ စင်္ကာပူက တရုတ်တန်းနဲ့ ညဈေးတွေမှာ ဈေးသက်သက်သာသာနဲ့ ပေါပေါလောလော ဝယ်လို့ရတဲ့ပစ္စည်းတွေကို နိုင်ငံခြားမှာ အသည်းအသန် ဈေးဆစ်ပြီး ဝယ်ယူတတ်ကြပါတယ်။"
ဖြူတုတ်ကတော့ အရေမရ အဖတ်မရကို ဝေဖန်တယ်လို့ဆိုချင်ဆို... အတုနဲ့အစစ်တော့မကွာဘူးလား? ဖြူတုတ်ထင်တဲ့ဟာနဲ့ ကိုပေါဆိုလိုတာနဲ့ကလည်း တူချင်မှတူမှာကိုး။

Anonymous said...

To the one who wrote on October 3, 2009 1:56 AM

There's nothing strange or irregular to talk about the place where we stay because one can't ignore the things happening around him/her. It's that simple.

Nobody can know all things happend at every corner of the world but one will surely know what is happened at the place where he/she currently stay. It's that simple.

You got it, dump?

Anonymous said...

did i say u must know all things happend at every corner of the world, u crazy i***t?

wat is happening around the world is wat is happening around u... news r transmitted in real time.. u should understand that..

crystal said...

To Anonymous Oct 3,2009 1:59 am

I agree with you but i want to highlight is for average ppl not including the outstanding persons who are very capable for any fileds, like , U Thant. Myanmar citizens are clever inside or outside of Myanmar. In my opinion, choosing the country for settlement is very important for us so that we need all factors and we need to balance of our life style including income, social and our old golden age. For me i want to pass my retirement in the way of very relaxing and no more worries for anything. Thank you.

Anonymous said...

yah.. crystal.. i understand.. u should choose a country which provide u with welfare for ur old age. u can live off the money and lead a easy life... on welfare.. no more struggle.. good luck.

Anonymous said...

ကိုပေါရေ..
ကျွန်တော်ကတော့စလုံးခံသင့်တယ်/မခံသင့်ဘူးဆိုတာကိုတော့မဆွေးနွေးလိုပါဘူး။ ဒါပေမယ့် S'pore ဆိုတာအရမ်းအထင်ကြီးစရာကောင်းလောက်အောင်တဲ့နေရာတော့မဟုတ်ဘူးဆိုတာ ဒီကိုရောက်နေတဲ့လူအားလုံး(မြင်တတ်/ကြည့်တတ် ရင်)သိမှာပါ။ ဒီပို့စ်လေးကရေးထားတာအားလုံးလဲ အမှန်တွေပါပဲဆို ကျွန်တော်ကတော့ထောက်ခံတယ်။

K Y M said...

မော်တော်ကားဈေး အမြင့်ဆုံးနိုင်ငံ is not SG..

Anonymous said...

hi ano@October 9, 2009 3:44 PM,

nobody is saying sg is အရမ်းအထင်ကြီးစရာကောင်းလောက်အောင်တဲ့နေရာ. no place, no country, no politically system, no economic system is good enough to be especially impressed.. every system has its pros and cons.

if u have a brain, u should know it.. u should understand it.. u should accept it.. u should not even talk abt it here.. u should keep u useless shut.

unless ofcoz if its utopia, which nga paw strongly believe in.

Anonymous said...

To ano@October 11,2009, 2:52pm,

Please be polite Mr/Ms.Wise Guy/Lady. ခင်ဗျားအနေနဲ့ တခြားပို့စ်တွေဖတ်ဘူးရင်တချို့သောလူတွေက စလုံးဆိုရင်အရမ်းအထင်ကြီးကြတာခင်ဗျားသတိထားမိမှာပါ။

Anonymous said...

လူငယ်တယောက်အနေနဲ့ ဖိနပ်နဲ့ ပေါက်တာ တွေ့ ရတော့အတော်တော့ကြောက်သွားပါတယ်
ဆဲတာတွေလည်း ကြားရတော့  ပိုပြီး မြန်မာ တယောက်အနေနဲ့  တုန်လှုပ်မိပါတယ်
ခံစားချက်တွေကို နားလည်တယ်
ကိုယ့်လူမျိုးတွေ အရာရာမျက်နှာငယ်ရတိုင်း
အဲ့ဒီလူကြီးတွေ ကို သတ်ပြစ်ခြင်စိတ်က ဖြစ်မိတယ်
ူဒါပေမယ့်  အထင်ကြီးမိတဲ့ သူတွေ က အဲ့ လို လုပ်ပြတော့ တော်တော်လန့် သွားပါတယ်

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs