“ခွပ်ဒေါင်းပါ ဆိုနေမှ…”

Share |
လွန်ခဲ့တဲ့ တနှစ်လောက်က စကားဝိုင်းတခုမှာ မိတ်ဆွေတယောက်က “သိပ်အရေးကြီးလှတဲ့ ကိစ္စတော့ မဟုတ်ပါဘူး” လို့ စကားခံလိုက်ပြီးမှ မေးခွန်းတခု မေးတယ်ခင်ဗျ။

“ခွပ်ဒေါင်း သင်္ကေတကို သုံးတာနဲ့ ပတ်သက်ပြီး ကျနော် တခုလောက် သိချင်တယ်ဗျာ။ ခင်ဗျားတို့ ဒေါင်းခွပ်တာကို ဘယ်သူမြင်ဖူးသလဲ။ သိတဲ့အတိုင်း ဒေါင်းဆိုတဲ့ သတ္တဝါဟာ နောက်မှာ အမြီးအရှည်ကြီး ပါတယ်။ အဲဒီ အမြီးရှည်ကြီးတန်းလန်းနဲ့ ခွပ်ဖို့ဆိုတာ တော်တော်မလွယ်တဲ့ကိစ္စ။ ဒီတော့ ဒေါင်းတွေ ခွပ်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။ ကျနော်သေချာအောင် မေးကြည့်တာပါ”…………တဲ့။

သူ့မေးခွန်းကို အဲဒီအချိန်က ဘယ်သူမှ ရေရေရာရာ မဖြေနိုင်ခဲ့ကြဘူး။ စကားဝိုင်းထဲမှာ ထိုင်နေကြသူအားလုံး ဘယ်သူမှ ဒေါင်းခွပ်တာကို မမြင်ဖူးကြဘူး။ နောက်ကနေ ဒေါင်း လိုက်ဆိတ်တာတော့ မြင်ဖူးတယ် ဆိုတဲ့လူက ဆိုကြတယ်။ နောက်က အမြီးရှည်ကြီးကို ထည့်စဉ်းစားလိုက်ရင် ဒေါင်းတွေ ခွပ်တယ်ဆိုတာ မဖြစ်နိုင်ဘူးလိုပဲ။

ဒေါ်အောင်ဆန်းစုကြည် ၆၄ ပြည့်မွေးနေ့တုန်းက မြန်မာပြည်ကလာတဲ့ ကျောင်းသားဟောင်းအန်ကယ်လ်ကြီးတယောက်ပြောတဲ့ အမှတ်တရ စကားထဲမှာ ခွပ်ဒေါင်းအကြောင်းပါတယ်။ ဒေါင်းတွေဟာ အင်မတန် စိတ်ကြီးတယ်တဲ့။ သူတို့ကို တိုက်ကြက်တွေထားသလို ခြေထောက်မှာ ကြိုးကွင်းနဲ့ ချည်ထားလို့မရဘူးတဲ့။ ခြေထောက်အပြတ်ခံပြီး ရုန်းထွက်တတ်ကြတယ်။ ဒါကြောင့် မူလလက်ဟောင်း ခွပ်ဒေါင်းအလံတွေမှာဆိုရင် ခွပ်ဒေါင်းရဲ့ ခြေထောက်မှာ ခြေချောင်းလေးတွေမထည့်ဘဲ ငုံးတိလေးတွေနဲ့ ဆွဲလေ့ရှိသတဲ့။ ခွပ်မိပြီဆိုရင်လည်း ရေကုန်ရေခန်းပဲတဲ့။

ဒါပေမယ့် အဲဒီစကားဝိုင်းနေ့ကတော့ ဒေါင်းတွေ ခွပ်မခွပ် ဆိုတာ ဘယ်သူမှ ရေရေရာရာ မသိကြလေတော့ ကျနော်တို့အားလုံး စိတ်ထဲမှာ မအီမလည်နဲ့ပေါ့။ ဟာ… ငါတို့ တော်လှန်ရေးမှာ အကောင် ရွေးတာများ မှားသွားချေပြီလား…ပေါ့လေ။ မခွပ်တတ်တဲ့အကောင်ကြီးကို သင်္ကေတ လုပ်မိလို့ ဒီလောက် နှစ်တွေ ကြာနေတာများလားဆိုပြီး… ပြောပြီး ရယ်မိကြသေးတယ်။

အဲဒီနေ့က လူစုခွဲပြီးသာ အိမ်ပြန်ခဲ့ရတယ်။ ကျနော့်စိတ်ထဲမှာ အဲသည်ကိစ္စက ခိုးလိုးခုလုနဲ့ မကျေလည်ဘဲ ကပ်ပါလာတယ်။ အိမ်ပြန်ရောက်တာနဲ့ ကွန်ပြူတာဖွင့်၊ အင်တာနက်မှာ၊ ယူကျုမှာ ရှာကြည့်တော့ ဒေါင်းခွပ်တာကို တွေ့ရပါသဗျား။ ဗီဒီယိုထဲမှာ ဒေါင်းအော်သံလည်း ပါတယ်ခင်ဗျ။ ကျနော့်နားထဲမှာတော့ “အိုးဝေ၊ အိုးဝေ” လို့ မကြားမိဘူး။ “ညှောင်း…ညှောင်း…” လို့ ကြားမိတယ်ခင်ဗျာ။

တောမျောက်က ကြိုးခွေ၊
စိမ့်ကြီးမြိုင်ချောင်က
ရွှေဖိုးခေါင် သံချိုညောင်း
ဒေါင်းကအိုးဝေ…. ဆိုတဲ့ ကဗျာမှာ “ဒေါင်းက ညှောင်းညှောင်း” လို့ ပြောင်းဆိုရင် အရသာ ပျက်သွားမယ်ထင်ရဲ့။ ဗီဒီယိုကတော့ ဟောဒီမှာပါ။



ဒါပေမယ့် အဲဒီဗီဒီယိုကို ကြည့်ပြီးတဲ့အခါ ကျနော့် မဒမ်ပေါက မှတ်ချက်ချတယ်ခင်ဗျ။

“ဒေါင်းက ခွပ်တော့ ခွပ်တယ်။ ဒါပေမယ့် တချီတချီ ခွပ်ဖို့ အကြာကြီး အားယူရတယ်”….ဆိုပဲ။

အေးလေ…. ဒေါင်းတွေ သဲကြီးမဲကြီး ခွပ်တာ သူမမြင်ဘူးသေးလို့ နေမှာပေါ့နော့။ ဒေါင်းတွေ သဲကြီးမဲကြီး ခွပ်တဲ့ ဗီဒီယိုလေးများတွေ့ရင် မျှဝေကြပါလို့ တောင်းဆိုလိုက်ရပါကြောင်း။

12 comments:

စိမ်း... said...

ခုမှပဲ မြင်ဖူးတော့တယ် ဒေါင်းခွပ်တာ... :)

Anonymous said...

Ko Paw,


Thanks for your sharing.

ဗီဒီယိုထဲမှာ ဒေါင်းအော်သံလည်း ပါတယ်ခင်ဗျ။ ကျနော့်နားထဲမှာတော့ “အိုးဝေ၊ အိုးဝေ” လို့ မကြားမိဘူး။ “ညှောင်း…ညှောင်း…” လို့ ကြားမိတယ်ခင်ဗျာ။


But one question too.

What animal is't? အောင်း...အောင်း အော်တာ

For exanmple:
သတိပေးထားပါလျက်နှင့် ဖတ်ပြီး ကျိတ်မနိုင် ခဲမရ ဖြစ်ကြပါက မိမိတို့ တပ်မတော်အစိုးရအနေဖြင့်....အဲလေ... ဤဘလော့ဂါအနေဖြင့် တာဝန်မယူနိုင်ပါကြောင်း....အောင်း...အောင်း.....း-)


jUsT kiDDinG :P

Anonymous said...

Ko Paw,


Thanks for your sharing.

ဗီဒီယိုထဲမှာ ဒေါင်းအော်သံလည်း ပါတယ်ခင်ဗျ။ ကျနော့်နားထဲမှာတော့ “အိုးဝေ၊ အိုးဝေ” လို့ မကြားမိဘူး။ “ညှောင်း…ညှောင်း…” လို့ ကြားမိတယ်ခင်ဗျာ။


But one question too.

What animal is't? အောင်း...အောင်း အော်တာ

For example:
သတိပေးထားပါလျက်နှင့် ဖတ်ပြီး ကျိတ်မနိုင် ခဲမရ ဖြစ်ကြပါက မိမိတို့ တပ်မတော်အစိုးရအနေဖြင့်....အဲလေ... ဤဘလော့ဂါအနေဖြင့် တာဝန်မယူနိုင်ပါကြောင်း....အောင်း...အောင်း.....း-)


jUsT kiDDinG :P

Nge Naing said...

ကိုပေါရေ
ကျွန်မကတော့ ဒါကို ခွပ်နေတယ်လို့ မမြင်ဘူး ကစားနေတာ ဖြစ်ချင်ဖြစ်မယ်။

အသံနဲ့ပတ်သက်ပြီး ပြောချင်တာက ဥသြငှက်ရဲ့ အသံကို မြန်မာပြည်အပေါ်ပိုင်းက လူတွေက ဥသြ လို့ကြားပေမယ့် ကျွန်မတို့ မြန်မာပြည်အောက်ပိုင်းက လူတွေနဲ့ ကရင်၊ မွန် တိုင်းရင်းသားတွေက တူ..၀ူး လို့ကြားတယ်။ သေနတ်သံကို မြန်မာနိုင်ငံသားတွေက ဒိုင်း ဒိုင်း လို့ကြားပေမယ့် အင်္ဂလိပ်တွေက ဘန်း ဘန်း လို့ ကြားတယ်။ နွားအော်တာကို အတော်များများက ဘွတ်အဲ လို့ ကြားတယ်လို့ စာအုပ်တွေထဲမှာ ဖတ်ရတယ်။ ဒါပေမယ့် ကျွန်မတို့ နယ်ကလူတွေက အောင်ပန်း လို့ပဲကြားတယ်။ ကြက်တွန်သံကို မြန်မာတွေက အောက်အီအီးအွတ် လို့ ကြားတယ် ဒါပေမယ့် နိုင်ငံခြားသားတွေက အဲဒီအသံနဲ့ ဘာမှမဆိုင်တဲ့ အသံကို ကြားတယ်။ ဒါကြာင့် အသံနဲ့ ပတ်သက်ပြီး အိုးဝေပဲ ကြားကြား ညောင်ပဲ ကြားကြား ဘယ်သူမှန်တယ် ဘယ်သူမှားတယ်ဆိုတာ ပြောလို့မရဘူး။ ကြားတဲ့သူ နဲ့ပဲဆိုင်ပါတယ်။

ခွပ်ဒေါင်းရဲ့ သဘောသဘာဝနဲ့ ပတ်သက်ပြီး ပြောချင်တာက ကျွန်မ ဖတ်တော့မဖတ်ဖူးဘူး ကြားဖူးနားဝရှိတာနဲ့ တော်လှန်ရေးမှာ စစ်သင်တန်း တက်တုန်းက သင်တန်းမှာတော့ သင်ဖူးတာပဲ သိပါတယ်။

ခွပ်ဒေါင်းနဲ့ ကဒေါင်းနှစ်မျိုး မတူဘူး။ ခွပ်ဒေါင်းဆိုတာ အချုပ်အချယ်ကို လုံးဝမကြိုက်လို့ လွတ်လပ်မှုအတွက် အမြဲတမ်း ရုန်းထွက်တယ်ဆိုတဲ့ သဘောသဘာဝ ရှိတယ်။ ဒီပို့စ်ထဲမှာပါတဲ့ အကြောင်းတွေ အပါအ၀င် ခွပ်ရင် ဘယ်တော့မှမနားဘူး အောင်ပွဲရတဲ့အထိ ခွပ်တယ်။ အမွေးအမျှင် တပင်မှ မကျန်တဲ့အထိ မရပ်ပဲခွပ်ပြီး နိုင်မှ ဒါမှမဟုတ် သေမှပဲ ရပ်တယ်တယ်။ အဲဒီသင်္ကေတတွေကို အကြောင်းပြုပြီး အဲဒီလို စိတ်ဓါတ်ရှိတဲ့ ကျောင်းသားတွေကို ခွပ်ဒေါင်းလို့ ခေါ်တာ ဖြစ်တယ်။

ဒါပေယ့် ဒီမတိုင်ခင်ကတောင် ခွပ်ဒေါင်းဆိုတာ သတ္တိရှိရှိတယ် ဆိုတာ Common Sense အနေနဲ့ ကျွန်မ သိထားပါတယ်။ အခုမှ မဆလ နအဖကို တော်လှန်မှ စပြီးတင်စားခဲ့တာ မဟုတ်ဘူး ဗြိတိသျှလက်အောက်က လွတ်မြောက်ဖို့အတွက် တိုက်ပွဲဝင်ရာမှာ ဗိုလ်ချုပ်အောင်ဆန်းတို့ လက်ထက်ကတောင် တင်စားခဲ့တာ ဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ ဗမာ့လွတ်လပ်ရေး တပ်မတော်က ဂျပန်အကူအညီနဲ့ မြန်မာပြည်ကို သိမ်းတဲ့အချိန်မှာ ဒေါင်းအလံကိုလွှင့်ပြီး ၀င်လာခဲ့ပါတယ်။ ကျွန်မက ဒါကို Common Sense အနေနဲ့ လူတိုင်းသိတယ်လို့ ထင်ခဲ့တယ်။ ကျွန်မ အလုပ်များလို့ အခုတလော စာလိုက်မဖတ်ဖြစ်ဘူး စာလုပ်ရင်း နည်းနည်း ပင်ပမ်းလာလို့ ဒီပို့စ်ကို ၀င်ဖတ်ဖြစ်သွားတယ်။ ကိုပေါပို့စ်တွေ အတော်များများကို တွေးခေါ်မြော်မြင် သုံးသပ်ပြီး ရေးထားတာလေးတွေများလို့ ကျွန်မ သိပ်ပြီး ကြိုက်ပါတယ်။ ဒါပေယ့် ကိုပေါက ဒီပို့စ်ကိုတော့ ဘာရည်ရွယ်ချက်နဲ့ ရေးမှန်းတော့ မသိဘူး စိတ်ထဲမှာ တမျိုးခံစားရတယ်။ သေချာတာက ခွပ်ဒေါင်းဆိုတာ ကျောင်းသားတွေအတွက်မှ မဟုတ်ဘူး မြန်မာ တမျိုးသားလုံးအတွက် အထွတ်အမြတ်ထားစရာ ငှက်ဖြစ်တဲ့အတွက် သရော်စရာ ရီစရာနောက်စရာ ပြောင်စရာလို့ ကျွန်မ မထင်ဘူး။ ကျွန်မတို့ လူမျိုးတွေမှာ ကိုယ့်တိုင်းပြည်ရဲ့ Icon တွေကိုသိအောင်လေ့လာပြီး တန်ဖိုးထားတတ်ဖို့ သိပ်ကို လိုအပ်နေတယ် ထင်တယ်။

Tavoy Gyi said...

အင်း..ဒေါင်းငြင်းခုံခန်းစကြပြန်ပြီ...
ရဲဘော်သုံးကျိပ်ဝင်ဗိုလ်မင်းဂေါင် ရဲ့ စာအုပ်ရယ်..
ကိုမောင်မောင်မော်ကွန်းတိုက်ရဲ့ ဗမာ့အလံများဆောင်းပါး
တွေ(၁၉၈၅ ခန်.ကမြဝတီမဂ္ဂဇင်း)ရယ်မှာ BIA ဖွဲ့ တော့အလံတွေရွေးတော့ ပထမတော့ ခွပ်ဒေါင်းရွေး
ကြောင်း ဗိုလ်ချုပ်ကလက်မခံဘဲ..ကဒေါင်းကို
ဘဲရွေးခဲ့ပါတယ်..တပ်မဟာ ၂ လို.ထင်တယ်အလံ
အားလုံးပြန်ပြင်ရတယ်...ဘုရင်ခေတ်အလံတွေလည်း
ကဒေါင်းပါ.ငွေဒင်္ဂါး တွေလဲ ကဒေါင်းပါ.သင်္ကေတ
အဓိပ္ပါယ်ယူတာ.မတုလို့  ဗိုလ်ချုပ်ကဆုံးဖြတ်
်ခဲ့ပါတယ်..ဒါပေမဲ့ အိုးဝေမဂ္ဂဇင်း တံဆိပ်ကတော့
ခွပ်ဒေါင်းလို့ ထင်တယ်..ကျောင်းသားသမဂ္ဂ တံဆိပ်
တော့မသေချာပါ...ခုပြန်စစ်ကြည့်တော့
ဂျပန်ခေတ်တံဆိပ်ခေါင်းတွေက ကဒေါင်းနဲ့ ဂျော့ဘုရင်
ခေါင်းကိုအုပ်ထားတာပါ...
ခွပ်ဒေါင်း သင်္ကေတ လည်းယူဆချက်ကောင်း
ပါတယ် ဝေဘန်ရန်မရှိပါ...သမိုင်းမှာသုံးခဲ့ပုံလေးတွေ
ဆွေနွေးကြည့်တာပါ...

သာအေး said...

ဆရာ တို.

အဲဒီထဲ ကဒေါင်းတွေက မိတ်လိုက်နေကြတာလား?

Anonymous said...

တိရိစ္ဆာန်ဒေါင်းကတော့ ခွပ်ဒေါင်းဟုတ်ချင်ဟုတ်လိမ့်မယ် ။အွန်လိုင်းမှာနဲ့ အပြင်မှာတော့ ခွက်ဒေါင်းတွေ ပိုများတယ်ဗျ ။ ခွက်လက်စွဲကာ ဒေါင်းယောင်ဆောင်ပြီးတောင်းရမ်းစားသောက်သူတွေ ပေါ့ဗျာ ။ ဟဲဟဲ

Anonymous said...

ခွပ်ဒေါင်းတွေ ခွပ်လား မခွပ်လား မသိပါဘူး ဆရာတို့ရယ်၊ ဥရောပကိုရောက်နေတဲ့ ခွပ်ဒေါင်းလို့ ပြောပြောနေတဲ့ ဒေသစွဲကြီးတဲ့ ခွပ်ဒေါင်းတွေ နိုင်ငံရေးလုံးဝ မလုပ်ပဲ ပိုက်ဆံတွေပဲ ရှာနေကြပါတယ်။
ဥရောပမှာ အင်္ဂလန်ကလွှဲရင် ဗမာအများစု ရှိတဲ့ နိုင်ငံတွေ ဖင်လန်၊ ဆွီဒင်၊ နော်ဝေးလ်၊ ဒိန်းမတ်၊ ဂျာမဏီ၊ နယ်သာလန်မှာ နေတဲ့ ခွပ်ဒေါင်း အဟောင်းတွေ ဒေါ်စုမွေးနေ့၊ ရှစ်လေးလုံးနေ့ စတဲ့ အရေးကြီးတဲ့ အခမ်းအနားတွေတောင် လုပ်ဖြစ်တယ်လို့
မကြားရတာ ၃-နှစ် နီးပါး ရှိပါပြီဗျာ၊ ပြောကြပါအုံး။

Anonymous said...

ခွပ်ဒေါင်းတွေ နိုင်အောင် မခွပ်နိုင်လို့ မြန်မာပြည် စစ်ကျွန်ဖြစ်နေတာပေါ့၊ ဒီတိရစ္ဆာန် သင်္ကေတတွေ ဖျက်သိမ်းသင့်ပါပြီ။

Anonymous said...

သတိမထားမိတာလေးတွေကို.......ပြောပြပေးတာ...လက်တွေ့ကြည့်၇တာတွေကို...ကျေးဇူးတင်ပါတယ်.တိတိကျကျသိသူတွေကလဲ.....သိသလောက်ပြန်ပြောပြကြတော့.....ခေါင်းစဉ်အကြောင်းအ၇ာနဲ့...ဆွေးနွေးချက်တွေက...ပိုပြီးဖတ်လို့ကောင်းသွား၇ပါတယ်.....

Anonymous said...

ရှေ့ဆက်ခွပ်နိုင်ဖို့ဆို Money လည်းလိုတယ်။ ဝါသနာပါသူများအတွက်ပါ၊ ကျွန်တော်သွားနေကျ Blog လေး။
http://aunginvestment.blogspot.com တဲ့. Investment နဲ့ပတ်သက်လို့ ရေးထားတဲ့ posts တွေပါ။

Anonymous said...

တော်သေးတာပေါ့ ကိုပေါ ယူကျူ့မှာ ခွပ်တာတွေ့ရသေးလို့..ဒါပေမဲ့ခွပ်တော့ ခွပ်တယ်ဗျ
နို့မို့ ဆိပ်ဒေါင်းတို့ ခွက်ဒေါင်းတို့ ပြေးဒေါင်းတို့ပြောင်းခေါ်
ရမလိုဖြစ်နေတာ..ခွပ်တာတော့ မြန်မာပီသပါတယ်ဗျာ..
နှစ်ကောင်ထဲရှိတာတောင် ခွပ် သေးတယ် ပြီးတော့ခွဲလည်း မနေနိုင်ဘူး..ကျနော်တို့ရဲ့ဂီဆောင်ကျောင်း ခွပ်ဒေါင်းတွေလည်း အဝေးကြီးနေလှမ်းခွပ်ပါရဲ့ တချို့လည်း ၂၀၁၀ လေလည်ပြရုံရှိ
သေးအမြီးလေးတနှံနှံနဲ့ ၁၉၉၀ မဲဆန္ဒရှင်တွေကိုမှ အားမနာ ကျဆုံးသွားတဲ့သူတွေကိုမှမျက်နှာမထောက် ခွေးဒေါင်းလည်း လုပ်ချင်နေကြသေးသဗျ...ခက်ပါရဲ့ဗျာ..အဲ့ကျနော်လည်းအမှန်တွေပြောမိလို့ အခွပ်ခံရမှာကြောက်လို့ နာမည်ဖျောက်ထားရတယ်ဗျာ..

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs