“လူပိမသေဘူးတဲ့လား”

Share |
“လူ့အောက်ကျို့လို့ လူပိမသေပါဘူး”….. တဲ့။

သည်စကားကို ကျနော်တို့ မြန်မာတွေ ကြားမှာ မကြာခဏ ကြားဖူးသည်။

နိဝါတောစ… မိမိကိုယ်ကို နှိမ့်ချခြင်းသည် မင်္ဂလာတပါးဟု သုံးဆယ့်ရှစ်ဖြာမင်္ဂလာတွင် မှတ်သားရဖူးသည်။ သို့သော် နှိမ့်ချခြင်း (Humility) နှင့် အောက်ကျို့ခြင်း (bowing down)တို့သည် မတူကွဲပြားသည်ဟု ထင်မြင်မိပါသည်။

နှိမ့်ချခြင်းသည် “မာန်မာန ထောင်လွှားခြင်း၊ ၀ံ့ကြွားခြင်း၊ ခက်ထန်ခြင်းနှင့် အနိုင်ယူလိုခြင်း” စည့် ဘဘောသဘာဝအားလုံးတို့မှ လုံးဝကင်းစင်သည့် အဓိပ္ပါယ်ဟု ယူဆပါသည်။ ပညာနှင့်ယှဉ်သော၊ မြင့်မြတ်သော သဘော၊ ရိုးသားသော သဘောတို့ကို ဆောင်ပါသည်။

အောက်ကျို့ခြင်းသည်ကား အကြောက်တရားလွှမ်းမိုး၍ဖြစ်စေ၊ တစုံတရာအကျိုးကို မျှော်ကိုး၍ဖြစ်စေ တောင်းပန်တိုးလျှိုးခြင်း၊ ခယခြင်း ဖြစ်သည်။ နိမ့်ကျသော သဘော၊ မရိုးသားသော သဘော၊ ပညာနှင့်မယှဉ်သော သဘောကို ဆောင်ပါသည်။

အောက်ကျို့လိုက်သည့်အတွက် လက်ငင်းအကျိုးအမြတ်တခုခုကို ခံစားလိုက်ရဖွယ်ရှိသော်လည်း ရေရှည်တွင် အောက်ကျို့ခြင်း၏ ဆိုးကျိုးကို ကျောကော့အောင် ခံစားရတတ်ပေသည်။ အောက်ကျို့သူများအဖို့ လူပိ၍မသေသော်လည်း လူဖိခံရတော့မည်မှာကား ဧကန်မုချပင် ဖြစ်တော့သည်။ အောက်ကျို့လိုက်သည့်အချိန်မှစ၍ သိက္ခာရှိသောလူတယောက်အဖြစ်သည် နိဂုံးချုပ်သွားခဲ့လေပြီ။

အောက်မကျို့သူများကို အလွယ်ဖိနှိပ်၍ မရပါ။ အောက်ကျို့သူများကိုသာ ဖိနှိပ်လိုသူများက အလွယ်တကူ စိတ်တိုင်းကျ ဖိနှိပ်၍ ရသည်။
အောက်ကျို့လိုသူများသော လူ့အဖွဲ့အစည်းတွင် ဖိနှိပ်လိုသော လူတန်းစားတရပ်သည်လည်း အလိုအလျောက် ပေါ်ထွန်းလာတတ်သည်။

မြန်မာပြည်ကိုလိုနီဘ၀တွင် ရောက်နေစဉ်က အမြော်အမြင်ရှိသော လူငယ်အချို့ဦးဆောင်ကာ မြန်မာတို့၏ စိတ်ဓါတ်ကို ပြန်လည်မြှင့်တင်ပေးရန် ဒို့ဗမာ အစည်းအရုံးကို ဖွဲ့စည်း၍ မြန်မာတို့၏ သဏ္ဍာန်တွင် သခင်စိတ် ပြန်လည် ၀င်ရောက်လာစေရန် လှုံ့ဆော်ပေးခဲ့ရသည်။ နယ်ချဲ့၏ ဖိနှိပ်မှုအောက်တွင် ဦးမကျိုးရန် စိတ်ဓါတ်ကို မြှင့်တင်ပေးခဲ့သည်။

ယနေ့ ကျွန်ုပ်တို့ တိုင်းပြည်သည် ဖိနှိပ်သော စစ်အာဏာရှင် အစိုးရတရပ်၏ လက်အောက်တွင် ကျရောက်နေသည်။ ဤအခြေအနေမှ ရုန်းထွက်လွတ်မြောက်နိုင်ရန် ကျွန်ုပ်တို့၏ နှလုံးအိမ်ဝယ် အမြစ်တွယ်နေသည့် အကြောက်တရားနှင့် ဦးကျိုးစိတ်ကို အရင်ဖယ်ထုတ်ကြမည်။ လွတ်လပ်သောစိတ်ကို မွေးမြူကြရမည်။ ကျွန်ုပ်တို့ လူ့အဖွဲ့အစည်းတွင် လက်ခံသုံးစွဲနေသော “လူ့အောက်ကျို့၍ လူပိမသေဘူး” တည်းဟူသော အယူအဆမှားကို အစွမ်းကုန် တိုက်ဖျက်သွားကြရပေမည်။

ပူးတွဲဖတ်ရှုရန်။..............။ ကျွန်စိတ်၊ ပညာရေး နှင့် လွတ်လပ်မှု

39 comments:

Anonymous said...

ခင်ဗျား..ဘယ်ဖက် လက်မောင်းရင်းမှာ
ဘာဆေးထိုးထားလဲ အရင်လှန်ကြည့်လိုက်

Anonymous said...

ဘာထိုးထားတာလဲဗျ... မလျှိုနဲ့လေ... သိရင်လက်တို့ပါဦး.. မိတ်ဆွေရ..

Anonymous said...

I like Ko Paw's blog.
I hope Ko Paw to write this blog for very long time.

Anonymous said...

ဘာရယ် !
ကျုပ်ကို မိန်းမ ကြောက်ရတဲ့ ကောင်များ မှတ်နေလား မသေမချင်းမှတ်ထား

“မိန်းမ များ ဘာမှကြောက်နေစရာ မလိုဘူး ခိုင်းတာသာ အကုန်လုပ်ပေးလိုက်”

ပုံ
သခင်ပေါ

Anonymous said...

Only stupid supporters agree this post ...

and...

Idiot fun - loving people write comments in this blog...

and ..

Normal people just watch...
all these stupid and idiot people doing ..

Thandar Lwin said...

I also like Ko Paw's blog.

Can got political knowledge.

khin oo may said...

လူချစ်လူခင်များလွန်းသောကြောင့်
ခပ်လျှိုလှူိုကလေး အမြဲလာဖတ်ပါသည်။
ဘလော့ဂ်ကွန်မင့်ကဏ္ဍကို အမြဲလည်းလာပြီး အပ်ပဒိတ်ဖတ်ပါသည်။
၁၄၁ ကွန်မက်များကိုလည်းအားလုံးဖတ်ပါသည်။ အမြဲလာချောင်းပါသည်။ မလွတ်သလောက်ပင်ဖြစ်သည်။

Anonymous said...

Yes I agree with you Thander. By reading ko paw's blog, it reminds me that I must help my country from beeing sinking.

ပေတလူ said...

“လူ့အောက်ကျို့၍ လူပိမသေဘူး” တည်းဟူသော အယူအဆမှားကို အစွမ်းကုန် တိုက်ဖျက်သွားကြရပေမည်။

သင်ယူစရာ ရှိသည်များကို
ဆရာ/ ဆရာမ များအား ပါးရိုက် နားရိုက် ကန်ကျောက်၍ မေးမြန်းကြပါကုန်

Rita said...

မမKOM နဲ့တူတူပဲ။ post အသစ်မရှိရင်တောင် comment တွေ လာဖတ်ပါတယ်။ အပိုင်း (၂) လာမယ် ဆိုတာ စောင့်နေပါတယ်။

Unknown said...

ပေတလူရေဘာလို့များ တလွဲတွေးခြင်ရတာလဲ ကိုပေါမုန်းတီးစိတ်များနေလို့လား

မိုးကောင်းကင် said...

ကိုပေါကြီး....
ကျနော် bolg တွေလည်တတ်တာ singapore ရောက်မှပါ မကြာသေးဘူးဆိုပါတော့
ကိုပေါရဲ့ ဖြစ်စေချင်လွန်းတဲ့ဆန္ဒကိုလည်းခန့်မှန်းမိပါတယ် ဗိုလ်ချုပ်တောင်မှ ဖာတိုင်းပြည်ဖြစ်သွားမယ်လို့ပြောခဲ့သေးတာပဲ
ကိုပေါကို အလကားနေရင်းကို (ဒီလို post လေးမှာတောင်) လူချစ်လူခင်များနေကြတာအံ့ပါရဲ့ဗျာ
ဆက်သာချကိုပေါရေ

Anonymous said...

I can't believe he still got brain..?

Even No Integrity and Shameless...

Interesting...

မောင်လမ်းသစ် said...

အတွေးနဲ့ ပြောချင်တာတော့ ကြိုက်တယ်ဗျ၊ ဥပမာ ကောတ့ မကြိုက်ဘူး၊ ဥပမာပေး လွဲသွားတယ်၊ ဥပမာပေးရမှာက အနောက်နိုင်ငံတွေသွာါ်ညီ့း မျက်နှာအောကိကျို့ခံပြီး ထောက်ပံကြေးတောင်းစားနေတဲ့ သူတွေ ကို ပြောရမှာဗျ၊ ဥပမာ ထင်ထင်ရှားရျား ဥပမာပေးရရင် ဒေါ်မေငြိမ်းတို့လို လူတွေ ပေါ့ဗျာ

Ngaman said...

Ko Paw goahead, most of abusive guys who r doing 4 SPDC bt few of them may be some bloggers and readers they felt bitter on ur recent hot post. Of course ur post criticized too hard and that leaded some blogger misunderstanding to u.Pls be advised that constructive and organizable post will be more workable.

ကိုပေါ said...

မောင်လမ်းသစ်.... တခြားလူကို အဲသလို ပြောချင်ပြောဗျာ။ ဒေါ်မေငြိမ်းက ပြည်တွင်းမှာတုန်းကလည်း သူ့အစွမ်းအစနဲ့ ဘယ်သူ့ကိုမှ ဖော်လံမဖားဘဲ ကြံ့ကြံ့ခံခဲ့သူ။ ပြည်တွင်းမှာ အတွင်းကနေလှိုက်ပြီး ခြစားနေတာကို မမြင်ချင်ခဲ့လို့ ပြည်ပကို ထွက်ခဲ့သူ။

ပြည်ပမှာလည်း သူတတ်စွမ်းနဲ့ပညာနဲ့ ရပ်တည်ပြီး နိုင်ငံကို အကျိုးပြုနေသူ။ အမေရိကားကို သူသွားတာ သူ့ခင်ပွန်းဗီဇာထီပေါက်လို့ သွားရတာ လူတိုင်းအသိ။ မိတ်ဆွေ စွတ်စွဲချင်ရင် နည်းနည်း အကျိုးအကြောင်းခိုင်လုံအောင်စွတ်စွဲပါ။ မဟုတ်ရင် အလကား သွားပုပ်လေလွင့် ပြောဆိုရာ ကျပါတယ်။

Ko Aung said...

(Ko Paw, pls delete my comment if you think my comment is a personal one.)

To Ko Lan Thit,

I am wondering who you are. Are you a:
(1) Soldier
(2) Family member/ relative of a general
(3) Businessman who is collaborating with generals (or his/her family member/relative)
(4) Member of Pyi-Khine-Phyo or Swan-Arr-Shin
(5) Person serving at any level of government’s administration (like Ya-Wa-Ta, Ma-Wa-Ta)
(6) Any other person who is benefiting from the rule of Na-Ah-Pha
(7) Just an ordinary person who genuinely dislikes the democracy activists for some reason

If you belong to categories (1)-(6), I won’t be much surprised. It is your job to attack the democracy activists. Carry on.
But, if you belong to category (7), I will be much surprised and then feel sorry (for you and for ourselves). If this is the case, we have to confess that Na-Ah-Pha’s propaganda campaigns are effective to some degree. :-(

မေလေး said...

အကိုပေါရေ
အကို ဘလော့ကို လာဖတ်နေတာ ကြာပါပြီ
ခြေရာတော့ မချန်ဖြစ်ဘူး
လေးစားစွာစောင့်ဖတ်နေပါတယ်
ခင်တဲ့
မေလေး

Shark said...

ခင်ဗျားတို့တွေကတော့ ဟုတ်နေရော

အကြောင်းအရာ အမြင်မတူတာနဲ့ နအဖ ဖြစ်ရင်ဖြစ် ရုရှက ကောင်တွေ ပြောလိုပြော ရန်သူစာရင်းတန်း သွင်းတော့တာဘဲ

ရေးတဲ့လူကလဲ Philosopher ကြီးတစ်ယောက်လိုကြောင်တောင်တောင်ရေး
Follower တွေကလည်း မြှောက်ပေး ဟုတ်နေရောဘဲ လိုက်လဲတယ်ဗျာ

အင်း ဂျပန်ဘူတာတွေမှာ အဆိပ်ငွေ့ဗုံးခွဲတဲ့ ဘာသာရေးခေါင်းဆောင်ကြီး မျက်စိထဲပြေးမြင်မိတော့တယ်

မြန်မာပြည် ဒီမိုကရေစီ ရရင်တောင် ခင်ဗျားတို့ တတွေကွက်ကျန်ခဲ့အုံးမှာ

Stop urs stupid post said...

ကျော် said...
ဆိတ်ဝှေး စိ များ သို့ .....


Above Kyaw,

I dont know who kyaw is. If u really want Myanmar to get freedoom, first u must know what kind of person Nga Paw is. All of the Myanmar people have same kind of feeling that all want to get democracy and see mother country to improve. All know military GV is not fair. But we must try to get unity of all Myanmar people.
But now Nga Paw and his followers are destroying unity. Actually, they are first enemy of us (Myanmar People). They are worst than present gov.
Think carefully!

Pls understand all! May be my english is too bad. I just try to explain all of Myanmars in singapore that "who are the rubbish of society?"

Also, Nga paw and followers,

I want to request you that "Pls dont destroy the imagae of Myanmar People, culture and religion"

Stop urs stupid post said...

Right! Ko Aung

U also want to know what kind of person Lan Thit is. I also become doubt on Nga Paw. Pls let me use ur questions. I want to ask Nga Paw and his followers that what kind of person they are.
For present, we all Myanmar people needs to be harmony to fight military gov. It is very important time for all of us. In that time, I suspect the post those Nga paw posted. Now u see ! How can we get unity by reading his post.
Hi Dear All ! Pls think about it!

Hi Nga Paw! Pls answer me!

I am wondering who you are. Are you a:
(1) Soldier
(2) Family member/ relative of a general
(3) Businessman who is collaborating with generals (or his/her family member/relative)
(4) Member of Pyi-Khine-Phyo or Swan-Arr-Shin
(5) Person serving at any level of government’s administration (like Ya-Wa-Ta, Ma-Wa-Ta)
(6) Any other person who is benefiting from the rule of Na-Ah-Pha
(7) Just an ordinary person who genuinely dislikes the democracy activists for some reason

သေချာစွာ လေ့လာနေသူ said...

BRAVO!!!!!!!!!!!!!!!!!!!!!! to above 2 comments.... most of people who support this blogger are damn stupid... unbelievable and never read what the hell is he writing all the while and they just read the comments .They even don't understand what the commenters are fighting for... LOL... SHAME ON YOU ALL...

Anonymous said...

He is so annoying .... I mean... the blogger.

သောက်သုံးမကျ ကွန်မင့်ပွတ်နေသူများကို ကြည့်မရသူ said...

မိရိုးဖလာ အယူအဆ ဆိုတာ နေရာတကာတိုင်း ကောင်းတာ မဟုတ်ဘူး။ ပြောင်းလဲသင့်တာကို ပြောင်းလဲပစ် ရမှာပဲ။

လူတစ်ယောက်က အတွေးသစ် အမြင်သစ် ချပြတိုင်း၊ ကိုယ့်အယူအဆနဲ့ မကိုက်တိုင်း၊ တသက်လုံး သုံးလာတဲ့ ပေတံနဲ့ မကိုက်တိုင်း စောက်ရူးလို့ ပြောနေရင်တော့ တိုးတက်တဲ့ လူ့အဖွဲ့အစည်းဆိုတာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။

Anonymous said...

အင်း...ကိုပေါရေ...ငါ့သူငယ်ချင်းတစ်ယောက်လည်း..တယ်..လူချစ်လူခင်များပေသကိုး...ငါလေ့လာမိသလောက်တော့ မင်းဘလော့မှာ ပရိတ်သတ်များတယ်..ပြီးတော့.မင်းရဲ့ အတွေးအခေါ်၊ အရေးအသားနဲ့  ခံယူချက်တွေက စစ်အစိုးရအပေါ် တော်တော်လေး စူးမျက်အောင့်သက် ချင်စရာ ဖြစ်နေတော့...မင်းဘလော့မှာ ဆိုင်ဆိုင်မဆိုင်ဆိုင် ပွဲဆူရင်ပြီးရော၊ မင်းဘာရေးရေး ပုတ်ခတ်ရရင်ပြီးရော၊ ဖတ်တဲ့သူတွေကို နဲနဲဖြစ်ဖြစ် လမ်းကြောင်း လွှဲပေးနိုင်ရင် ပြီးရောဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့  နအဖ က တစ်ယောက်ယောက်ကို တာဝန်သတ်သတ်မှတ်မှတ် ပေးထားခံရတဲ့ အထိ ဖြစ်နေတယ်နဲ့  တူပါတယ်။ အဲဒီ အမည်မဲ့တွေ ပေါက်ကရနာမည်နဲ့ သူတွေ အားလုံးက တစ်ယောက်ထဲ မဟုတ်ဘူးလို့  မပြောနိုင်ဘူးလေ။ ဘာပဲဖြစ်ဖြစ် သူတို့ ရည်ရွယ်ချက်တွေလည်း အောင်မြင်သင့်သလောက် အောင်မြင်နေတယ်လို့  ငါတော့ လေ့လာမိတယ်။ အနည်းဆုံး မင်းစိတ်အနှောင့်အယှက် ဖြစ်မယ်၊ သူတို့ ကို ပြန်လည်ချေပဖို့ အတွက် တွေးရ ရေးရနဲ့  အချိန်တွေကုန်မယ်၊ ဒီတော့ သူတို့ ကို ထပ်ဆော်ဖို့  မင်းရထိုက်တဲ့ အချိန်တွေ ပွန်းပဲ့သွာမယ်၊ ဒီလို ဟုတ်တယ်မဟုတ်လား။ သတိပေးတာပါ။ သူတို့  ထောင်ချောက်ထဲ ရောက်ရောက်နေမှာ စိုးလို့ ။ ဆက်လုပ်ပါ သူငယ်ချင်း။ လူအများစုမှာ ချင့်ချိန်စဉ်းစားတတ်တဲ့ ဦးနှောက်နဲ့  ခံစားတတ်တဲ့ နှလုံးသားတွေ ရှိပြီးသားပါ။ မင်းတို့  ငါတို့  အလုပ်က အကြောင်းအမျိုးမျိုးကြောင့် လက်လှမ်းမမီရှာတဲ့ အဲဒီ ဦးနှောက်နဲ့  နှလုံးသားတွေဆီ ငါတို့ မှန်တယ်ထင်တဲ့ အရာတွေ တတ်စွမ်းသလောက် ပို့ ပေးဖို့ ပါပဲ။ ကြေးစည်တီးရင် သာဓုခေါ်သံတွေ ကြားရသလို ခွေးတွေကလည်း တစ်စီစီဖြစ်လာမှာပါပဲ။ သဘာဝပါ။

မင်းရဲ့ YIT တုန်းက သူငယ်ချင်းတစ်ယောက်

ကျော် said...

Stop urs stupid post said... သို့ 

အနော် ပြောတာက ဆိတ်ဝှေးစေ့အကြောင်းပါ..

ဘယ်က ဂိန်ဂိန် က၀င်ပါလာတာလဲ ?????

ခင်ညား နောက်တစ်ခါ အော်၇င် ဂိန်...ဂိန်...ဂိန်လို့ 

မအော်နဲ့ ....အောက်က အတိုင်းဘဲ အော်ပါ

ပဲ ဟဲ ဟဲ ...ပဲဟဲဟဲ ...ပဲဟဲဟဲ ....ပဲ ပဲ ပဲ

ကျော်ကြီး said...

ဖတ်သွားပါသည်

တန်ခူး said...

ကိုပေါရေ… အဲဒီစကားကို ကျွန်မလဲ မကြိုက်ဘူး… ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းစေသလိုပဲ… နှိမ့်ချခြင်းနဲ့ အောက်ကျို့ ခြင်းကို နှိုင်းယှဉ်ပြသွားတာ အတော်ကောင်းမွန်ပါတယ်… ကျေးဇူးပါ…

Anonymous said...

သေချာစွာ လေ့လာနေသူ said...

BRAVO!!!!!!!!!!!!!!!!!!!!!!
most of people who support this blogger are damn stupid... unbelievable and never read what the hell is he writing all the while and they just read the comments .

They even don't understand what the commenters are fighting for... LOL... SHAME ON YOU ALL...

June 14, 2009 12:55 AM

BRAVO!!!!!!!!!!!!!!!!!!!!!!BRAVO...........

ashame on you said...

ဝါးးးဟားးးးးဟားးးးးဟားးးးးးးး

လို့သာရယ်လိုက်တယ်ဗျာ

ကိုနဲ့အယူအဆ မတူတာနဲ့ နအဖ ဖြစ်ပီသာမှတ်ကြ

ကွန်မန့်ပွတ်သူကြည့်မရ က သူပါဝင်ပွတ်သွားပုံက

လူတစ်ယောက်က အတွေးသစ် အမြင်သစ် ချပြတိုင်း၊ ကိုယ့်အယူအဆနဲ့ မကိုက်တိုင်း၊ တသက်လုံး သုံးလာတဲ့ ပေတံနဲ့ မကိုက်တိုင်း စောက်ရူးလို့ ပြောနေရင်တော့ တိုးတက်တဲ့ လူ့အဖွဲ့အစည်းဆိုတာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။
ဒီကောင် ခုံဖိနပ်ခေါင်းအုံး အိပ်ပုံရတယ်

အမည်မဲ့ကလည်း ဂလိုလေး ဖောပုံက

နအဖ က တစ်ယောက်ယောက်ကို တာဝန်သတ်သတ်မှတ်မှတ် ပေးထားခံရတဲ့ အထိ ဖြစ်နေတယ်နဲ့  တူပါတယ်။ အဲဒီ အမည်မဲ့တွေ ပေါက်ကရနာမည်နဲ့ သူတွေ အားလုံးက တစ်ယောက်ထဲ မဟုတ်ဘူးလို့  မပြောနိုင်ဘူးလေ။
ကိုပေါ လည်းဒီလို anonymous မသုံးဘူးပေါ့၊(Think abt that) ဒါတွေဟာလည်း သူကစ လို့ဖြစ်လာတဲ့နောက်ဆက်တွဲ
“ဖုန်းမော်” သာ ထလာမယ်ဆိုရင် မင်းတို့တွေကို ခြေထောက်လေးရှေ့ထိုးပေးပီး“ကျောင်းတော်ကြီး သိက္ခာချတဲ့ ခွေးကောင်တွေ မင်းတို့ပါးတွေနဲ့ ငါ့ခြေထောက်ကို လာရိုက်စမ်း” လို့ပြောလိမ့်ဦးမယ်

Ex.RIT ( You guys piss-off RIT morality)

I never want to be educated person said...

ကိုပေါရေ မြန်မာတွေကိုဖာတန်း မပို့ပါနဲ့.....

ပထမလုပ်ရမှာ နအဖကိုပဲ အမြစ်ကလှန်ပါဦး...

ပြီးရင် နိုင်ငံတွင်းလူတွေကို... လူနေမှု နဲ့ဗဟုသုတ မြင့်မားလာအောင် အရင်လုပ်ပါဦး....

ခင်ဗျားပြောနေတဲ့အရာတွေက လူနေမှုနဲ့ ဝင်ငွေ မြင့်လာရင် အကြားအမြင် ဗဟုသုတ ကျယ်ပြန့်လာရင် အလိုလို တိုးတတ်ပြောင်းလဲလာမည့် အရာတွေပါ....

တားမရပါဘူး..ဒါမျိုးတွေက..

လောလောဆယ် နှစ်လုံးထီနဲ့ လုံးလည်လိုက်နေတဲ့ မြန်မာ လူနေမှုစနစ်မှာ.....

ဒေါ်စုကိုတောင် လူတွေက စိတ်မဝင်စားကြတာ... ခင်ဗျားလုပ်နေတဲ့ အပေါက်တွေနဲ့.....

လူပျိုကို အပြာကားပြမိသလို... တွေ့သမျှ မိန်းကလေးနဲ့ လင်မယားလုပ်တန်း ကစားချင်စိတ်တွေ ထကြွ သောင့်းကျန်းကုန်မှဖြင့်ဗျာ....

အဆင့်တွေ ကျော်နေတယ်ခည.. စတတ်ဘိုင် စတတ် ဘေ့စစ်ကနေ ဖောင်ဒေးချင်း.. စစ်စတမ်မက်တစ်ကယ်လီး... ပေါ့ဗျာ.....

ဥာဏ်မနည်းဘူးဆိုရင် ကျနော် ဘာကိုဆိုလိုတယ် ဆိုတာ နိုင်ငံကျော်ဘလော့ဂါ ကြိး ကိုပေါနဲ့ အပေါင်းအပါတွေ သဘောပေါက်မှာပါနော်....

ဒါမျိုးတွေ လက်ခံရမယ် လက်ခံရမယ် ဆိုတာကြီးပဲ လှိမ့်အော်မနေပါနဲ့ဗျ.... မပူပါနဲ့ ကျနော်ကိုယ်တိုင် စားဝတ်နေရေး ငတ်မွတ်ဘေးက လှည့်ကြည်စရာမလိုတဲ့တနေ့ .... ရှေ့ဆုံးက ကဲပြမှာပါ....

တုန်တုန် said...

ခင်ဗျား အထင်ကြီးနေတဲ့ ဒေါက်တာချီးတို့က ဂိုချောက်ထောင် မြန်မာပြည်သွားပြီး... big tie တွေလုပ်လာတာ အာဂလောင်ပါဂလောင် အာချောင် နေတာတွေကို ဘာလိုဆန္ဒ မပြတာလဲဗျ....

မြန်မာပြည် ကိုအခွံသာကျန်တဲ့ အထိ ဂုတ်သွေးစုတ်မယ့် အရေးလေဗျာ.... ပေါက်ေ၇ာက်သူတွေ လှုပ်ရှားမှုစကြပါလား....

ကြားဘူးတာတခုပြောရရင် စလုံးက ဘီးစီးနက်မန်းတွေက Myanmar Government is too stupid to make best business လို့ပြောတယ်ဗျ....

ခင်ဗျားကတော့ ဘလော့ပေါ်မှာ ရန်ဖြစ်နေရတာနဲ့ ဒါမျိုးတွေ လုပ်ဘို့မေ့သွားတယ် နဲ့တူတယ်... ပွဲတိုင်းကျော်ကြီးမို့မေးတာပါဗျာ.... ကျုပ်တို့တော့ ကြောက်လို့ ....ကြောက်တယ်ဗျိုးးးးးးးး

Rocker said...

ပထမဆုံးပြောချင်တာကတော့ ဖတ်လို့ကောင်းတဲ့ ကျွန်စိတ်၊ ပညာရေး နှင့် လွတ်လပ်မှု ဆိုတဲ့ ပို့စ်တခု ညွှန်ပေးတဲ့အတွက်ကျေးဇူးပါ။

ကိုပေါပြောထားတဲ့ နှိမ့်ချခြင်း ၊ အောက်ကျို့ခြင်း ဟာ "ကိုယ့်ဘာသာကိုယ် နှိမ့်ချပြီးနေရင်သာနေမယ် ၊ သူများအောက်တော့ ဘယ်တော့မှ မကျို့ဘူး" ဆိုတဲ့ ကျွန်တော့ အယူအဆနဲ့ ကိုက်ညီပါတယ်။

ဒါပေမယ့် နောက်ဆုံး နှစ်ပိုဒ်က နှိမ့်ချခြင်း ၊ အောက်ကျို့ခြင်း နဲ့ ဆိုင်တယ်လို့ ကျွန်တော်မထင်ပါ။ လက်ငင်းအကျိုးအမြတ်တခုခုကို မျှော်ကိုးပြီး အောက်ကျို့တဲ့ လူတန်းစားကတော့ ခေတ်တိုင်း နေရာတိုင်းမှာ ရှိမှာပါပဲ။

နယ်ချဲ့ကို တွန်းလှန်ဖို့ တမျိုးသားလုံး အမျိုးသားရေးစိတ်ဓါတ် နိုးကြားမှဖြစ်မယ်ဆိုတဲ့ အသိနဲ့ တို့ဗမာအစည်းအရုံးကို တည်ထောင်ခဲ့တာမှန်၏။ ဘာလုပ်ဖို့လဲ။ အဓိက က ကျွန်စိတ်မဝင်စေဖို့ ၊ သခင်စိတ်ဖြစ်ပေါ်လာစေဖို့။ ဘယ်လို လုပ်ခဲ့သလဲ။ ပထမဦးဆုံး သခင်စိတ်ရှိပြီးသားလူတွေ အချင်းချင်း စုစည်းမှုရှိအောင်လုပ်တယ်။ ဒါက သိပ်အရေးကြီးပါတယ်။ ပြီးမှ သခင်စိတ်ရှိတဲ့သူတွေ အားကောင်းလာအောင် ၊ အင်အားများလာအောင် လုပ်ပါတယ်။ နောက်တဆင့်တက်ပြီး ကျွန်စိတ်ဝင်နေတဲ့သူတွေ ကျွန်စိတ်ပျောက်ပြီး သခင်စိတ် ရောက်စေဖို့ပါ။ အဆင့်ဆင့် လှုပ်ရှားခဲ့ကြတာပါ။ အတုယူချင်စရာတွေ၊ သင်ခန်းစာယူစရာတွေလည်း အပြည့်။

အခုဖြစ်နေတာက အကြောက်တရား။
ဘာကို ဘာကြောင့်ကြောက်တာလဲ။
လုပ်ပိုင်ခွင့် အာဏာကို အလွဲသုံးစားလုပ်ပြီး လူမဆန်တဲ့ လုပ်ရပ်တွေကြောင့် ရွံပြီး ကြောက်ရတဲ့ ရွံကြောက်ကြီး။
သူတို့ကို ဆန့်ကျင်တွန်းလှန်တဲ့ သူကိုသာမက မိသားစုကိုပါ ပြဿနာရှာတာကိုလည်း ကြောက်နေရ။
ကျွန်တော့အမြင် ဦးကတော့ လုံးဝ ကျိုးမသွားသေးပါ။ အောက်ကျို့နေတာ မဟုတ်ဘူး ။ ကြောက်နေရတာ။
ကိုယ်လုပ်လို့ ကိုယ်ခံရမှာထက် မိသားစုကို ထိမှာကို ကြောက်နေရတာ။
ဒီတော့ အကြောက်တရားကို ဖယ်ရှားဖို့ ဒါမှမဟုတ် နည်းပါးဖို့ တိုက်တွန်းလှုံ့ဆော် စည်းရုံး အားပေးရမယ်လို့ မြင်ပါတယ်။ ကြောက်နေတာကို ကြောက်ရသလားကွလို့ အော်နေလို့ မပြီးဘူးလို့ထင်ပါတယ်။ တရားမျှတတယ်လို့လည်း မထင်ပါ။ ဘယ်လိုလုပ်ရင် အကြောက်တရားကနေ ကင်းဝေးနိုင်မလဲ။ သူတို့ရဲ့ လူမဆန်တဲ့ ကြောက်စရာ လုပ်ရပ်တွေကို ဘယ်လို နည်းလမ်းတွေနဲ့ ကာကွယ်မလဲ။ ဒါတွေ လုပ်နိုင်ခဲ့ပြီးရင် ကြောက်အောင်လုပ်နေတဲ့သူတွေ ပပျောက်သွားအောင် ဘယ်လိုတွန်းလှန်ကြမလဲ ဆိုတာ စဉ်းစားရမှာပါ။
ကိုပေါရဲ့ နောက်ဆုံး နှစ်ပိုဒ်အတွက် ကျွန်တော့ အမြင်ပါ။

ပထမပိုင်းမှာ ရေးထားတဲ့ "အောက်ကျို့လိုက်သည့်အချိန်မှစ၍ သိက္ခာရှိသောလူတယောက်အဖြစ်သည် နိဂုံးချုပ်သွားခဲ့လေပြီ။" ဆိုတာလေးကို သဘောကျတယ်ဗျာ။



ကျန်းမာပါစေ။

ကိုပေါရဲ့ဘလော့ဂ် ပရိတ်သတ်တစ်ဦး

ashame on you said...

ဒီပေါ်ကနှစ်ယောက်

ခင်ဗျားတို့ နအဖ စာရင်းဝင်တော့မယ် :-)

Friends from YIT said...

Nga Paw,

Dont destroy image of Myanmar, its culture and religion.
Also, pls understand that unity is most important for present moment.
It will be better for u to be quiet if u can not lead people in Singapore.
Also, u should be honest for writting post and comments.

Dont play fool!

အောင်ကိုကိုထိုက် said...

အောက်ကျို့လို့ကောင်းနေတဲ့ကျွန်စိတ်မကုန်တဲ့ ငွေနောက်လိုက်သူတွေ စင်္ကာပူမှာပြည့်နေပါတယ် ဟုတ်ကဲ့ဟုတ်ကဲ့လုပ်ပါ့မယ် ဘာဖြစ်လဲကွာ ဘမာပြည်မှာဒီလောက်ပိုက်ဆံမှမရတာ ဆိုပြီးကြုံးလုပ် နောက်လာတဲ့ဘမာတွေလဲ အဲဒီ လိုရှေ့ကလူလုပ်သွားတော့ စလုံးတွေက ဘမာဆိုခိုင်းလို့ရတယ် ဒီသုံးလုံး(Dirty, Dangerous,Difficulties) အလုပ်တွေကို လုပ်ခိုင်းနေတာ ခင်ဗျားတို့သိသားပဲ ပညာလေးမတောက်တခေါက်နဲ့ စကားပြောမရရင် dirty n dangerous job ပညာတတ်ရင် difficulties job
နိုင်ငံခြားရောက်တယ်ဆိုပြီး စောက်ကြီးကျယ်မနေကြနဲ့ ကိုပေါပြောတာအဟုတ် နဲနဲလောက်တော့တွန်းလှန်ကြည့်ပါ
ဖာသည်လိုရဲဖမ်းမှာလဲစိုးရ ပိုက်ဆံမရမှာလဲစိုးရ ဘဝ မျိုးတော့လူဖြစ်ရှုံးပါတယ်

khin said...
This comment has been removed by the author.
Anonymous said...

You don't try to understand life...

and still continue talk Nonsense..

it's not working...waste...

Anonymous said...

and that show...you don't have integrity..and common sense..

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs