“ပါးပါးလေး…လောက”

Share |
ပြည်တွင်းမှာတော့
စာပေကင်ပေတိုင်ကို
ကျော်နိုင်ဖို့အရေး
ပါးပါးလေး ထည့်ရသတဲ့။

ပြည်ပမှာတော့
ဘလော့ဂ်ဖတ်သူ မငြီးငွေ့စေဖို့
လေနဲ့ဝမ်း မကွဲ
ပါးပါးလေးပဲ ထည့်ကြပြန်သတဲ့။

ပါးပါးလေးတွေး
ပါးပါးလေးရေး…
ပါးပါးလေးဖတ်
ပါးပါးလေးမှတ်…
ပါးပါးလေးထိ
ပါးပါးလေးသိ…

ပါးပါးလေးတွေချည်း
ဖတ်ပြီးအနေကြာတော့
လူပါးလေးတွေဖြစ်လာကြ။

လူပါးလေးတွေက
သူတို့ကိုယ်သူတို့
ပါးတယ်လို့ ထင်ကြတယ်။

သည်လိုနဲ့…
ပါးတဲ့လူတွေ များလာတော့
ပါးရာက ပြားပြီး
နင်းပြားလေးတွေဖြစ်။

ပိဿလေးနဲ့ ဘေးကိုပစ်ရင်တော့
အစ်ကနဲ ထိမယ်။

ထိမှနာ။
နာမှသိ။
သိမှလုပ်။
လုပ်မှဖြစ်…တဲ့။

အို…ဖြစ်ဖြစ် မဖြစ်ဖြစ်
ပိဿလေးနဲ့
ဘေးကို ချိန်ပြီး ပစ်တော့မယ်။

28 comments:

King of the paw said...

ပါးနေမှတော့ ဘေးကိုပစ်လို့ ထိပါ့မလားကွယ် ကိုပေါဆိုရင်တော့ မပြောတတ်ဘူး ပစ်မလွဲဆိုတော့

King of the paw said...

ကဗျာကတော့ လန်ထွက်နေတာပဲ တယ်လည်း မိုက်နေပါရော့လား

CCTV 1001 said...

ဟိုဖက်ပိုစ့်ကနေ...

အရူးကွက် ပါးပါးလေးနင်းပြီး
ထွက်ပြေးလာတဲ့ ခင်ဗျား ကို တစ်ခွန်းပြောခဲ့မယ်.

“အစားသာကုန်အောင် စားပါ
စကားကို ကုန်အောင် မပြောပါနဲ့”
လို့

ကိုယ်ရေးတာ ကိုယ်တာဝန် မယူရဲတဲ့သူ ကို
“အယုံအကြည် လုံးဝ (လုံးဝ) မရှိပါကြောင်း”
ပြောလိုက်ပါရစေ။....။....။


CCTV 1001

ဝလုံး said...

CCTV 1001 သို့
အယုံအကြည် မရှိဘုးဆို ဘာလို့အချိန်ကုန်ခံလာဖတ် Comment လာရေးနေသေးလဲ၊ ပင်ပန်းလိုက်တာ

King of the paw said...

အရူးကွက် ပါးပါးကို နင်းသော ကိုပေါသည် သောက်ပေါသာဖြစ်၏ ၀လုံးဆိုပြီး ဟိုပါ ဒီပါနဲ့ နင်းပလိုက်မယ် ငှဲငှဲ

Anonymous said...

hey guys (including CCTV 1001),

How old are you?
You might not be very young as you are a burmese who knows how to use internet and how to read the post here. Be mature man.

Anonymous said...

CCTV 1001 ရေ
ခင်ဗျားကိုလဲ ဘယ်သူမှ မယုံပါဘူး။ မပူပါနဲ့ ။

Ko Aung said...

Regarding your approach of: "ပိဿလေးနဲ့ ဘေးကို ချိန်ပြီး ပစ်တော့မယ်။" ...
I have a few comments. Just my 2 cents. In my opinion, hash criticisms rarely bring you the results that you want. They just tend to breed more hatred. If you want people and bloggers to involve more actively in politics, you should use softer approaches and be more persuasive. This is what people call "see-yone-yae".

Ko Aung said...

There is another point I would like to make. This is regarding the bloggers who are abroad but dare not openly criticise the govt in their blogs and dare not openly participate in politics. If they still have ties to Maynmar (e.g. still holding Myanmar passport or have parents in Myanmar), I think their situation is not much different from the people inside Myanmar. Even if they write blogs anonymously, there are many ways to infer their identities from the contents of their blogs. You know the Myanmar govt spends a lot of resources (people+money) in these kinds of intelligence collection. (What a waste!) So, we should understand their situation.

Ngaman said...

Exactly what ur poem said that, our people (especially oversea myanmars including me) should be minded how to improve ourselves to participate in democracy movement.

Anonymous said...

It's just bullshit...

Anonymous said...

Ko Aung . This stubborn Ko Paw will never know.

ကိုပေါ said...

Hi All,

I will reply your comments tomorrow. Somehow, I couldn't use Zawgyi Keyboard on my notebook this evening.

I hope everything will be fine tomorrow. Good night.

Anonymous said...

ကိုပေါ... ဒီသတင်းကို.. အပြင်းစားလေး ဝေဘန်ပါဦး..
http://www.channelnewsasia.com/stories/singaporelocalnews/view/435418/1/.html

ဂိုခုနှစ်တောင်ကြီးေ_ာက်ရမ်းတွေ လျှောက်ပြောနေတယ်

ကျော်ထင် said...

Anonymous above me,

I tried to open the link you gave. But it was a wrong link. What is it about?
Regarding Ko Paw's poem, I have nothing to say. Some will find it hurt but some with pure conscience will take it easy.

KT

Nanda said...

To Ko Paw

I didn't know about your blog and hadn't visited here until very recently. When I started coming here, I found some heated debates. Yet, I found them OK so long as there were many constructive comments ( constructive here I meant was not supportive comments for the author). Later on, I saw many comments totally nonesense, groundless, far from being constructive and , worst, personally attacking. I checked back why we have so many such comments. I found that while the titles of the articles were appropriate, the contents could be somehow provocative and offensive for some audiances. Well I wouldn't say those people wh0o restlessly responded are rubbish. But I would like to suggest Ko Paw be more considerate rather than sacarstic. I do like Ko Paw's satires but this is something different. And at the same time, I'd like to advise some audiances to avoid vulgarity no matter how offended you feel. Instead, responsing factually and calmly will make your arguments convincing and acceptable. So far, I've been seeing Ko Paw is responding so and those opposing are somehow reckless and deficient. I can't help praising Ko Paw's endurance at this point.

Best wishes

ပေါအောက်ဆွဲ said...

ပေါကြီးပြောတာ မှန်တယ်။
ပြည်တွင်းရော ပြည်ပပါ ပါးပါးလေးတွေ
လုပ်မနေဘဲ အတုံးလိုက် အတစ်လိုက်
လုပ်သင့်တယ်။
ပါးပါးလေးပဲတွေး၊ ပါးပါးလေးပဲဖတ်၊
ပါးပါးလေးပဲမှတ်တဲ့သူတွေက
ပါးပါးလေးတွေပဲ ရေးတတ်တယ်လို့
မီးမောင်းထိုးပြသွားတာကလဲမှတ်သားစရာပါ။
ပေါကြီးလို အထူကြီး ဘယ်သူများတွေး
ဘယ်သူများဖတ်၊ ဘယ်သူများမှတ်
ဘယ်သူများရေးနိုင်ကြလို့လဲ။
သိပ်ထူတဲ့ပေါကြီးပါ။
စင်ကာပူရမြို့ တော်ကြီးရဲ့ လှုပ်ရှားမှုတွေကိုလဲ
ပါးပါးလေးကနေ အထူကြီးဖြစ်လာအောင်
ပေါကြီးဦးဆောင်တော့မယ့် ပုံပါပဲ။

အရင်တပတ်က ပေါကြီးပြောသွားတဲ့
“ အခုတလော…. ဘလော့ဂ်တွေမှာ
လိုက်ဖတ်ရတာ မြန်မာ့အသံကထုတ်လွှင့်နေကျ
ဝါဒဖြန့် ပေါ်လစီ အတုံးလိုက်အတစ်လိုက်
ထည့်သွင်းထားတဲ့အပေါစားဇာတ်လမ်းပမာတွေကို
နားဆင်နေရသလိုပဲ။အနုပညာမြောက်ဖို့ဝေးစွ။
အစအဆုံး ဖတ်ချင်လောက်အောင်
ဆွဲဆောင်နိုင်စွမ်းကင်းမဲ့ပြီးအချိန်ဖြုန်းရုံသက်သက်
ဖတ်မယ်ဆိုတောင်မှဖတ်ပျော်လောက်တဲ့အဆင့်
မရှိဘူးလို့ ဆိုချင်ပါတယ်။”
ဆိုတာလေးကိုလဲ လိုအပ်လာရင် လိုအပ်လာသလို
ရှုံ့ ချီ နှပ်ချီ လုပ်နိုင်တဲ့ Flexible ပေါကြီးပါပေ။
“ပိဿလေးနဲ့ ဘေးကိုပစ်ရင်တော့
အစ်ကနဲ ထိမယ်။” တဲ့
“ဝါးလုံးချီးသုတ်၊ ပိဿလေးဘေးပစ်”
ပေါကြီးနည်း ပေါကြီးဟန်နဲ့
အားလုံးပေါကြီးလောက်မသိဘူး ပေါ်လစီကို
အကောင်အထည်ဖော်နေတဲ့ပေါကြီးပါ။
ပေါကြီးပြောတာတွေ သိပ်မှန်တာပဲ။

ပေါအောက်ဆွဲ

ကျော် said...

ဆိတ်ဝှေး စိ များ သို့ .....

ကျွန်တော် ကတော့  ကို ပေါ ဘလောက် ကို အချိန်၇တာနဲ့  အခြား ဘလောက် တွေထက် အ၇င်ဆုံး ကြည့်မိပါတယ်... .. ဘာ လို့ လဲ ဆို တော့  ကို ပေါ၇ဲ့ 
မြန်မာ ပြည် တွင်းေ၇း အတွက် နိုင်ငံေ၇းတာဝန်သိမှု
ကို လေးစားမိလို့ ပါဘဲ .....
အမှန်တ၇ားကို မြတ်နိုးသူတိုင်း၊ မတ၇ားမှု ကို
မုန်းတီးသူတိုင်း ၊ မြန်မာပြည်ကို ချစ်မြတ်နိုးတတ်သူ
တိုင်း နအဖ ကျောက် ချ ပြီး ထိုင် နေတဲ့ ကုလားထိုင်ကို ဖြုတ်သိမ်း၇မယ်ဆို တာ ပြောစ၇ာမလို တော့တဲ့ အချက်
ပါ၊
ခု နောက်ပိုင်း ကွန့် မက်တွေ မှာ ပါဝင်ပြီး မန့် နေ
သူ တွေထဲ က တစ်ချို့ ဟာ နအဖ ၇ဲ့ ကျွေးစာမွေးစာနဲ့ 
ပါးပြောင်..နားပြောင် ဖြစ်နေကြသူတွေ ဆို တာ သိသာ
လွန်းပါတယ်...(မဟုတ်မှ လွဲေ၇ာ) ခု ချိန်ထိ ပဲစားနေ
ကြတဲ့ သူများလားမသိပါဘူး...သူတို့ လက်ရှိအသုံးပြု
နေတဲ့ နည်းကတော့ အသုံးမ၀င်တော့တဲ့  ဆိုက်ဝါး
(သို့ ) စိတ်ဓါတ်စစ်ဆင်ေ၇း နဲ့ လည်းဆင်တူနေတယ်.
ဒီလို လူမျိုးတွေ ကတော့ ဘယ်သူ တွေ ဘာဘဲ
ဖြစ်နေနေ..ကိုယ့်အတွက်ကိုယ်ဘဲ ကြည့်တတ်တဲ့ တစ်ဗို့ (နွား) သမား တွေပါ...အဲလိုလူ မျိုးတွေ ဟာ အင်မတန်
ဘဲ ရွံ စ၇ာ ကောင်းသလို အံ့ သြ ဖို့ လဲကောင်းပါတယ်..
သဘော ပြော၇၇င် ခုချိန်မှာ နအဖ ပြုတ်ကျပြီး အခြား
မည်သည့် ပါတီမဆို နိုင်ငံေ၇း အုပ်ချုပ်တော့မယ်ဆို
၇င်လည်း ဆိတ်ဝှေးစိလို ဘဲ မိမိကောင်းစားေ၇း
အတွက် ဟို ဘက်ကပ်လိုက် ဒီဘက်ကပ်လိုက် လုပ်ပြီး
လိမ်စားဦးမှာ ဆို တာ မြေကြီးလက်ခတ် မလွဲပါဘူး...
နောက်ဆုံး ဆန္ဒပြု လိုတာကတော့ နအဖနဲ့ အ
တူ တစ်ပါတည်း ဆိတ်ဝှေးစေ့ လို လူစားမျိုးပါ ကျဆုံး
ပါစေဟူလို .......

Anonymous said...

ဘာလဲကွာ...

“ပေါငိုခရေဇီ” နဲ့ “ပေါမန်းရိုက်စ်” လား
ဒီ ဘလော့ဂ် မှာ အပြည့်အဝ ရှိတယ်လေ ။
အခုတောင် KB Installation လုပ်တာ ၁ ရက်တောင် ကြာမယ်ဆိုဘဲ (ပါးပါးလေးပါ)
အကြောင်းပြ ချက်တစ်ခုဆိုတာ အရှင်းကြီး
ဦးဏှောက်မရှိ တဲ့ နောက်လိုက်တွေ ယုံပေါ့

ဒီလိုလူနဲ့ အောက်ဆွဲ များသွားမယ့် ဂဏန်းသွား
လမ်းကြောင်းကြီးပန်းတိုင်သို့ ရောက်ချိန်နီးကပ်လာပါ P (ဘယ်တော့မှန်း မသိ)

Nora

KKK said...

Very Rude.
Shame on you.

Anonymous said...

To Anonymous:June 12, 2009 7:17 PM

Wow. Are you Online Immigration?
Let me know you read such even comment first, then you can participate. I totally agree with CCTV 1001.

That's why you do need 'Mature First"

Anonymous said...

ေ-ာက်၇ူး တွေ

Anonymous said...

အို…ဖြစ်ဖြစ် မဖြစ်ဖြစ်
ပိဿလေးနဲ့
ဘေးကို ချိန်ပြီး ပစ်တော့မယ်။

posted by Ko Paw at 4:31 PM on Jun 12, 2009
---------------------> <-----------------------------

ဒါကြောင့် ဘေးထွက် ဆိုးကျိုးတွေများပြီး လိုရင်းမရောက် တော့တာကိုး

ငထုံ said...

To Ko Aung:

ခင်ဗျားနဲ့ ကျွန်တော် ရပ်တည်ဖက်ချင်း မတူခြားနား ခဲ့ပေမယ့် အကြောင်းအရာ တစ်ခုအပေါ်မှာ ဆွေးနွေးရင်း ၊ စနောက်ရင်း အတိုင်းအတာ တစ်ခုအထိ ရင်းနှီး ခဲ့ပါတယ်
“ငါ” ဆိုတဲ့ ဟာကြီး ဘေးချထားနိုင်လို့ဘဲလေ
အမှတ်မမှားဘူးဆိုရင် CCTV 1001 တောင်ခင်ဗျား ကို ပြန်နောက်သွားသေးတယ်ထင်တယ်၊
သူလည်း ဘာနဲ့မှ မနွယ်တဲ့အကြောင်းအရာ တစ်ခုချ ပြသွားတယ်လေ
ဆိုလိုတာကဗျာ ဘက်မတူပေမယ့် ဆွေးနွေး ပြောဆိုလို့ ရခဲ့ကြတယ်

အဲ ဒါပေမယ့်
“စည်းရုံးရေး” ဆိုတဲ့ ဝေါဟာရ က ကိုပေါ အဘိဓါန် မှာ မရှိဘူးဗျ
မတွေ့ဘူးလား “ပိဿလေးနဲ့ ဘေးထု ဖို့ပြင်နေတာသာကြည့်"
ဒီ ဘုန်းကြီးတစ္ဆေ ကျွတ်ဖို့ နောက်ပွင့်မယ့် ဘုရားသာမျှော်ပါတော့
ပြောတော့ Democracy အတွေးခေါ်တွေက Communism
(Web ကုန် Blog လေး) ကိုပေါ ရဲ့ “လောက်ရိပ်” အောက်ကနေ လစ်ပါပြီ။ နှုတ်ဆက်ခဲ့တယ် ကိုအောင် ရေ

Ps.မေးလာမယ့် မေးခွန်းတွေ အတွက်ကြိုပီး တခါတည်း ဖြေခဲ့ပါ့မယ်

ကြုံကြိုက်လို့ ဝင်ဆွေးနွေးသည်

Stop urs stupid post said...

ကျော် said...
ဆိတ်ဝှေး စိ များ သို့ .....


Above Kyaw,

I dont know who kyaw is. If u really want Myanmar to get freedoom, first u must know what kind of person Nga Paw is. All of the Myanmar people have same kind of feeling that all want to get democracy and see mother country to improve. All know military GV is not fair. But we must try to get unity of all Myanmar people.
But now Nga Paw and his followers are destroying unity. Actually, they are first enemy of us (Myanmar People). They are worst than present gov.
Think carefully!

Pls understand all! May be my english is too bad. I just try to explain all of Myanmars in singapore that "who are the rubbish of society?"

Also, Nga paw and followers,

I want to request you that "Pls dont destroy the imagae of Myanmar People, culture and religion"

D.mo said...

---2---
Stop urs stupid post

I totally agree with u. Yeah it was. If u r in opposite view and opinion u gotta anti-demo as well as SPDC such a nonsense titling, sooner or later.

So called bloody hell patriot. Also known as (Demo black sheep).

ုကျော် said...

Stop urs stupid post said... သို့ 

အနော် ပြောတာက ဆိတ်ဝှေးစေ့အကြောင်းပါ..

ဘယ်က ဂိန်ဂိန် က၀င်ပါလာတာလဲ ?????

ခင်ညား နောက်တစ်ခါ အော်၇င် ဂိန်...ဂိန်...ဂိန်လို့ 

မအော်နဲ့ ....အောက်က အတိုင်းဘဲ အော်ပါ

ပဲ ဟဲ ဟဲ ...ပဲဟဲဟဲ ...ပဲဟဲဟဲ ....ပဲ ပဲ ပဲ

Rocker said...

ကိုပေါရေ ...
ကွန်မန့်ရေးရင် ကိုယ်ပိုင် အိုင်ဒီလေးနဲ့ဆို ပိုပြီး အဆင်ပြေမယ်ထင်လို့ အခု အချိန်ကစပြီး ဒီအကောင့်လေးနဲ့ပဲ ကွန်မန့်ရေးတော့မယ်ဗျာ။
ကဗျာကြိုက်သူ တယောက်အနေနဲ့ ကိုပေါရဲ့ ကဗျာအတွေး ကဗျာအရေးလေးတွေကို ကြိုက်ပါတယ်။

ပထမဆုံး "ပါးပါးလေး .. လောက" အတွေးမှာ ကျွန်တော့အမြင်လေး နည်းနည်းပြောချင်ပါတယ်။
ကျွန်တော်ရေးသမျှ ကွန်မန့်တွေဟာ ကိုပေါကို အတိုက်အခံလုပ်တာ လုံးဝမဟုတ်ဘူးဆိုတာ နားလည်စေချင်ပါတယ်။ အခြားတဘက်က ဆင်ခြင်တွေးတောကြည့်ခြင်းမျိုးပါ။ ကိုပေါအတွေးကိုပဲ တွေးထောင့် ပြောင်းကြည့်ဖို့ ကြိုးစားခြင်း၊ သို့မဟုတ် အတွေးကို ဆန့်ထုတ်ကြည့်ခြင်းပါ။

တကယ်တော့ ပါးပါးလေး ဆိုတာ ခေတ်ကာလ စကား အသုံးအနှုန်း တခု။ အတုံးလိုက် အတစ်လိုက် ဖော်ပြ၊ပြောဆို၊ပြုမှုခြင်းကို ရှောင်ရှားတဲ့ သဘော။
တနည်းတွေးရင် ပညာညဏ်ကို လွှာပြီးသုံးတဲ့ သဘော။ မသိနားမလည်လို့ ပါးပါးလေးလုပ်လိုက်ရတာမျိုးထက် အခြေအနေ အချိန်အခါတွေကြောင့် ပါးပေးလိုက်ရတာမျိုး။ ပါးပါးလေးဆိုတိုင်း လျော့တွက်လို့ မဖြစ်ပါ။ လျော့တွက်လို့ မရ စကောင်းပါ။ ပါးပါးလေးတွေက လုပ်ချင်တိုင်း လုပ်လို့မရ။ ပါးတတ်မှ၊ ပါးနိုင်လောက်အောင် ရင့်သန်မှ ဖြစ်တာပါ။ ပါးပေးလိုက်တဲ့သူရဲ့ ပညာညဏ် နဲ့ စိုက်ထုတ်မှုအား ကောင်းရင် ကောင်းသလောက် ချိုမြိန် အားရ သဘောကျ နှစ်ခြိုက်စရာတွေ ထွက်ပေါ်စမြဲပါ။ ဘာမှမရှိ၊ ဘာမှမသိပဲ ပါးပါးလေးပဲ လုပ်လိုက်မယ်လို့ ပြောလာခဲ့ရင်တော့ အဲဒါ ပါး တာဟုတ်ဘူး။ တိမ်တာ။ တိမ်တိမ်လေးသိ၊ တိမ်တိမ်လေးတွေး ၊ တိမ်တိမ်လေးရေးတာပါ။ ဒါက ပါးပါးလေးများရဲ့ မူလပိုင်ရှင် အပိုင်း။

နောက်တခုက စာဖတ်သူတို့အပိုင်း။
မိုးရွာတာကို ရေခံသလိုမျိုးပေါ့။ ရွာတဲ့မိုးကအတူတူပဲဆိုရင် မိုးရေခံတဲ့ ခွက်က အရေးကြီးပါလိမ့်မယ်။ ခွက်သေးသေးလေးနဲ့ခံရင် နည်းနည်းပဲရမယ့်သဘောပါ။

ပါးပါးလေးတွေက ရသခံစားလို့ရတယ်။ အတွေးကိုလှုံ့ဆော်တယ်။ ပေးတဲ့သူရော ယူတဲ့သူပါ ဦးနှောက်သုံးရတယ်။ ဥပမာအလင်္ကာ နဲ့ ဝင်္ကဝုတ္တိတွေကို သုံးသပ်ရတယ်။ မူရင်း ဥပမာရဲ့သဘောနဲ့ နောက်ကွယ်က အဓိပ္ပါယ်အမှန်ကို လေ့လာတွေးယူရတယ်။ နှစ်ဘက် စလုံးက လှုပ်နေရတယ်။ ရပ်မနေဘူး။ ရပ်နေလို့မရဘူး။ ရပ်လိုက်ရင်၊ရပ်နေရင် ကိုပေါပြောတဲ့ လူပါး(တိမ်)လေးတွေ ဖြစ်သွားမယ်။

ပါးပါးလေးနဲ့ဆန့်ကျင်တဲ့ အတုံးလိုက် အတစ်လိုက် ဖော်ပြ၊ပြောဆို၊ပြုမှုခြင်းမှာလည်း ကောင်းကွက် အားသာချက်တွေ ရှိတယ်ဆိုတာ အမှန်ပါပဲ။ ကိုပေါပြောသလို ပိဿလေးနဲ့ ပစ်တာမျိုးပေါ့။

ကျွန်တော့သဘောကတော့ မထူမပါးလေးဆို သင့်တော်မယ်ထင်တာပဲ။


ကျန်းမာပါစေ။

ကိုပေါရဲ့ဘလော့ဂ် ပရိတ်သတ်တစ်ဦး

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs