“သူ့အမြင် ကိုယ့်အမြင်”

Share |
“ပြောပြန်ရင်လည်း မောင်ပေါလွန်ရာကျမယ်...အပိုင်း(၂)” ကို မရေးသားမီ အပိုင်း(၁)မှာ ရေးသားကြတဲ့ ကွန်မင့်တွေထဲက တခုကို တုန့်ပြန်ရေးသားလိုပါတယ်။

ဘလော့ဂါအမည်ရင်းနဲ့ ရေးတဲ့ ညလေးရဲ့ ကွန်မင့်ကို ဦးစားပေးပြန်လိုပါတယ်။ ပထမဦးဆုံး ဒီလို ကွဲလွဲတဲ့အမြင်ကို မိမိဘလော့ဂ်နာမည်ရင်းနဲ့ ပွင့်ပွင့်လင်းလင်း ချရေးတဲ့အတွက် ပွင့်လင်းမှုကို အသိအမှတ်ပြုပါတယ်။ ရေးသားတဲ့အခါ မူလကွန်မင့်ကနေ ထုတ်နှုတ်ချင်း တပိုဒ်ချင်း ပြန်လည်ဖြေကြားသွားမှာ ဖြစ်တဲ့အတွက် ညလေး ရေးတဲ့အပိုင်းကို ကွင်းစကွင်းပိတ်နဲ့ (ညလေး) လို့ ရှေ့မှာရေးပြီး ကျနော်ပြန်ဖြေတဲ့အပိုင်းကို ရှေ့မှာ (ကိုပေါ) လို့ ရေးကာ တုန့်ပြန်ဖြေကြားသွားမှာ ဖြစ်ပါတယ်။

(ညလေး)..... ကျန်နေတဲ့ စစ်ဖိနပ်အောက်က စစ်သေနတ်အောက်က မိမိ မိသားစုရဲ့ ဘေးကင်းရေးအတွက် ကိုယ့်ဝမ်းစာ ကိုယ်အရင်ဖြည့်တတ်ကြတဲ့ လူ့လောကမှာ ကိုပေါက ၀ါးလုံးရှည်နဲ့ သိမ်းယမ်းနေတာကိုးးးး

(ကိုပေါ)..... “စစ်ဖိနပ်အောက်က စစ်သေနတ်အောက်က မိမိ မိသားစုရဲ့ ဘေးကင်းရေးအတွက် ကိုယ့်ဝမ်းစား ကိုယ်အရင်ဖြည့်တတ်ကြတဲ့ လူ့လောက မှာ” လို့ ညလေးကိုယ်တိုင် ရေးသားတဲ့အတွက် လူအများစုဟာ မိမိ မိသားစုအတွက်ပဲအရင် ဖြည့်ဆီးကြတယ်ဆိုတဲ့အချက်ကို ညလေးအနေနဲ့ လက်ခံတယ်လို့ ယူဆပါတယ်။ မိသားစုအတွက် အရင်ဖြည့်ဆီးပြီး ကျန်တဲ့ အနည်းအကျဉ်းကို နိုင်ငံလွတ်မြောက်ရေးအတွက် ထည့်ဝင်သင့်တယ်ဆိုရင်ကော ညလေးလက်ခံနိုင်မလား။ လက်ခံတယ်ဆိုရင် ကျနော်ရေးသားတာကို ၀ါးလုံးရှည်နဲ့ သိမ်းရမ်းတယ် ပြောလို့ ရနိုင်ပါဦးမလား။ ညလေးစကားမှာ ရှေ့နောက်မညီ ဖြစ်နေပါတယ်။ တကယ်ဆိုရင် ကျနော်ပြောချင်တာကလည်း ကိုယ့်မိသားစုအကျိုးကိုပဲ ကွက်ကွက်ကလေးကြည့်ပြီး နိုင်ငံသားတာဝန်ကို မေ့လျော့နေချင်သူများကို ပြောချင်တာပါ။

(ညလေး).... ဒီလိုဆိုရင်ဖြင့် ခု ကိုပေါနေနေတဲ့ တိုင်းပြည်မှာ ကိုပေါကရော အခွန်မပေးဘူးတဲ့လား? မပေးဘဲ နေရဲရဲ့လား?
မပေးဘဲ မရတဲ့အခြေအနေ၊ ပေးလိုက်ရတဲ့ အခွန်က ကိုယ့်လစာနဲ့ ထပ်တူမျှနေကြတဲ့ အခြေအနေ၊ မိသားစုက မပြည့်စုံသေးတဲ့ အခြေအနေ။

(ကိုပေါ) ကျနော်အခွန်မပေးဆောင်ဘူးလို့ မပြောခဲ့သလို လူတွေကို အခွန်မပေးဆောင်ကြပါနဲ့လို့လည်း မတိုက်တွန်းခဲ့ပါဘူး။ ကျနော်ပြောခဲ့တာက မိမိပေးဆောင်နေရတဲ့အခွန်ရဲ့ ထက်ဝက်သို့မဟုတ် သုံးပုံတပုံနဲ့ တူမျှတဲ့ ငွေပမာဏ (ပိုရှင်းအောင်ပြောရရင် အခွန်ငွေ ၁၂၀ ဒေါ်လာပေးရရင် အနည်းဆုံး ၄၀ ဒေါ်လာလောက်) ကို ပြည်တွင်းက ဒီမိုကရေစီအရေးလှုပ်ရှားမှုများ၊နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးအကျဉ်းသားမိသားစုများကို ထောက်ပို့လို့ ရနိုင်ကြောင်းကို ရေးခဲ့တာပါ။ နအဖကိုတောင် မကြည်မဖြူပေးနေနိုင်ကြသေးရင် အများအကျိုးအတွက် တိုင်းပြည်လွတ်မြောက်ရေးအတွက် လုပ်နေကြသူတွေကို နအဖကို ပေးရတာရဲ့ သုံးပုံတပုံလောက်တောင် မပေးသင့်ကြဘူးလားဆိုတဲ့ အဓိပ္ပါယ်ပါ။ ကျနော်ရေးသားတဲ့အကြောင်းအရာနဲ့ ညလေးမေးတဲ့ မေးခွန်းနဲ့ စပ်ဆိုင်မှုမရှိပါဘူး။

နောက်တချက်က “မိသားစု မပြည့်မစုံတဲ့အခြေအနေ”ဆိုတဲ့စကား။ မြန်မာ့ဒီမိုကရေစီအရေးအတွက် ပြည်တွင်းမှာ လှုပ်ရှားနေကြတဲ့သူတွေအဖို့ မိမိဘ၀တခုလုံးရော၊ မိသားစုရဲ့ အခြေအနေတွေကိုပါ ပေးဆပ်ပြီး လုပ်နေကြရတယ်ဆိုတာ သတိချပ်စေချင်ပါတယ်။ သူတို့မှာလည်း အခြားသူတွေလို အကြောင်းပြချက်တွေပေးပြီး အေးအေးဆေးဆေး ကိုယ့်စီးပွားရေး ကိုယ် လုပ်နေရင် ရတာပဲဆိုတာကို သတိပြုပါ။

(ညလေး) ဒါ့အပြင် ကိုယ်ဘာလုပ်နေပါတယ် ဆိုပြီး ကိုယ်လုပ်နေတာတွေကို လူတွေသိအောင် ချပြနေရဦးမှာတဲ့လား (နံမည်ကြီးချင်နေလို့ မှတ်ပါမယ်) လှူတယ်ဆိုတာကရော ဘယ်လိုလှူမှ ဘယ်ဌာနကိုလှူမှ ဘယ်နေရာကိုလှူမှလို့ သတ်မှတ်ထားလို့ ရပါသလား။

(ကိုပေါ) လူသိအောင်ချပြစရာမလိုပါဘူး။ အခုလှူနေကြသူအများစုကလဲ ကိုယ်ဘယ်ရွေ့ဘယ်မျှလှူတယ်ဆိုတာ လိုက်လံမကြေညာနေကြပါဘူး။ အဲသည်လူတွေအနေနဲ့ ကိုယ်လုပ်နေတယ်ဆိုရင် ကျနော်ပို့စ်ကို ဖတ်ရတဲ့အချိန်မှာ ကိုယ့်ဘာသာ လိပ်ပြာသန့်နေပါလိမ့်မယ်။ ဘယ်နေရာ ဘယ်ဌာနကို လှူသလဲဆိုတာကတော့ ကိုယ်က ဘာအတွက်ကို ရည်ရွယ်သလဲဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။ တိုင်းပြည်လွတ်လပ်ရေးကို လိုချင်ရင် တိုင်းပြည်လွတ်လပ်ရေးကို လုပ်နေသူတွေကို လှူမှ ရမှာပေါ့။ တီဗီပေါ်မှာ ပါချင်ရင်တော့ ဦးသန်းရွှေတို့ဆီမှာ လှူလည်းရပါတယ်။ နိုင်ငံလွတ်မြောက်ရေးအတွက် တတတ်တအား ထည့်ဝင်လှူဒါန်းနေခဲ့တဲ့လူဆိုရင် ကျနော့်ပို့စ်ကြောင့် ဘာမှ နာလိုခံခက်ဖြစ်စရာအကြောင်းမရှိပါဘူး။ “ကိုယ့်မိသားစုအကျိုးကွက်ကွက်ကလေး”ကို ကြည့်ပြီး တာဝန်ကို မေ့ချင်ယောင်ဆောင်နေသူတွေကို လှုပ်နှိုးဖို့ ကြိုးစားထားတာပါ။

(ညလေး) ကိုယ်ကိုယ်တိုင် ဘာလုပ်နေလဲ သိအောင် လုပ်တာက သူများတွေ ဘာလုပ်နေကြလဲ လိုက် မေးငေါ့နေတာထက်စာရင် ပိုအကျိုးရှိပါလိမ့်မယ်။

(ကိုပေါ) ကျနော်ဘာလုပ်နေသလဲဆိုတာ ကျနော့်ဘာသာ အသိဆုံးပါ။ ကျန်တဲ့လူတွေလည်း သူတို့ဘာလုပ်သလဲဆိုတာ သူတို့ဘာသာသူတို့သိရင် ကျနော့်ပို့စ်ကြောင့် ဘာမှ နာလိုခံခက်မဖြစ်စေပါဘူး။ ဘာမှ မလုပ်တဲ့လူတွေကိုတော့ သိအောင် နာအောင် တကူးတက ရေးလိုက်တာပါ။

(ညလေး) ကိုပေါကရော သန်းရွှေကို “သေနာကြီး၊ စောက်ပေါ/ရူးကြီး၊ အာဏာရူးကြီး” ဆိုတဲ့ နည်းမျိုးစုံနဲ့ ဆဲဖူးရဲ့လား။

(ကိုပေါ) နအဖ၊ ဦးသန်းရွှေတို့နဲ့ ပတ်သက်ပြီး ဝေဖန်စာ၊ သရော်စာတွေကို ကျနော့်ဘလော့ဂ်မှာရော ဘားမားတူဒေး စာမျက်နှာမှာပါ ကျနော် ပို့စ်အများအပြားရေးဖူးပါတယ်။

(ညလေး) သူများတွေ လူစုပြီး အော်တာကို ချီးကျူးနေတာကရော နိုင်ငံရေးလုပ်တာလား၊ ဘလော့ဂ်မှာ အဲ့လိုပို့စ်တွေ တင်မှ နိုင်ငံရေးလုပ်တယ်လို့ သတ်မှတ်တာလား။ (ရှင်းပြပါ)

(ကိုပေါ) မြန်မာ့ဒီမိုကရေစီအရေးအတွက် လှုပ်ရှားနေသူတိုင်းကို ထောက်ခံတာဟာ၊ ပံ့ပိုးတာဟာ သူတို့လုပ်ရပ်ကို အသိအမှတ်ပြုကြောင်းပြဆိုသလို၊ ကိုယ့်ရဲ့ ရပ်တည်ချက်ကိုလည်း ရှင်းရှင်းလင်းလင်း ဖော်ပြတာပါ။ မလွတ်လပ်တဲ့ နိုင်ငံတခုမှာ နိုင်ငံသားတယောက်အနေနဲ့ နိုင်ငံလွတ်မြောက်ရေးအတွက် လူတွေရဲ့ နိုင်ငံရေးအသိစိတ်မြင့်တက်လာအောင် လှုံ့ဆော်တယ်၊ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ကိုယ်တိုင်ကိုယ်ကျပါဝင်တယ်၊ နိုင်ငံရေးလှုပ်ရှားသူများကို ထောက်ကူတယ်ဆိုရင် နိုင်ငံသားတာဝန်ကို ကျေပွန်အောင်လုပ်တယ်လို့ အကြမ်းဖျင်းသတ်မှတ်လို့ရပါတယ်။ သို့သော် အချိန်ပြည့်နိုင်ငံရေးလုပ်တာမဟုတ်တဲ့အတွက် နိုင်ငံရေးသမားလို့ သတ်မှတ်ရန်မသင့်ပါ။

နောက်တချက် စွဲမှတ်သင့်တာက အာဏာရှင်စနစ်မှာ ဖိနှိပ်သူနဲ့ အဖိနှိပ်ခံ နှစ်မျိုးနှစ်စားသာ ရှိပါတယ်။ ကြားနေလူတန်းစားမရှိပါ။ သာမန်ပြည်သူလို့ကိုယ့်ဘာသာ ကင်ပွန်းတပ်လိုက်ရုံနဲ့ နိုင်ငံသားတယောက်ရဲ့ တာဝန်ဝတ္တရားတွေကနေ လုံးလုံးကင်းလွတ်မသွားပါဘူး။ အာဏာရှင်စနစ်လက်အောက်က လွတ်မြောက်အောင် ကြိုးပမ်းရန်မှာ လူတိုင်းလူတိုင်းမှာ တန်းတူရည်တူ တာဝန်ရှိကြပါတယ်။

(ညလေး) အစကတော့ ကိုပေါကို နိုင်ငံရေးသမားလို့ သတ်မှတ်ထားပါတယ်။
ခုတော့ ကြွက်မနိုင်တိုင်း ကျည်မီးနဲ့ရှို့တဲ့လူလို့ သတ်မှတ်ပါတယ်။

(ကိုပေါ) ဒါကတော့ ညလေးရဲ့ ကိုယ်ပိုင်အမြင်မို့ ကြိုက်သလို ယူဆခွင့်ရှိပါတယ်။ ကျနော်ကတော့ ကျနော့်ကိုယ်ကျနော် နိုင်ငံရေးသမားလို့ ဘယ်တုန်းကမှ မယူဆခဲ့ပါဘူး။ အင်ဂျင်နီယာအလုပ်နဲ့ အသက်မွေးဝမ်းကြောင်းရင် တဖက်တလမ်းက နိုင်ငံသားတယောက်ရဲ့ တာဝန်ကို ကျေပွန်ဖို့ ကြိုးစားနေသူတယောက်လို့ ယူဆပါတယ်။ စကားစပ်မိလို့ပြောရရင် လွတ်လပ်တဲ့တိုင်းပြည်တွေက နိုင်ငံရေးသမားတွေလို နိုင်ငံရေးလုပ်ပြီး အသက်မွေးဝမ်းကြောင်းနိုင်တဲ့ နိုင်ငံရေးသမားဆိုတာ (နအဖနဲ့ သူ့လူတွေက လွဲလို့) မြန်မာပြည်မှာ မရှိပါ။ တိုင်းပြည်လွတ်မြောက်ရေးအတွက် ကြိုးပမ်းနေကြသူတွေကို နိုင်ငံရေးသမားလို့ ခေါ်ဆိုတာထက် တော်လှန်ရေးသမားတွေလို့ ခေါ်ဆိုတာက ပိုမှန်ကန်မယ်လို့ ထင်ပါတယ်။ သူတို့မှာ နိုင်ငံရေးလုပ်တဲ့အတွက် တပြားတချပ်မှ မရတဲ့အပြင် ရှိပြီးသား မိဘလက်ငုတ်လက်ရင်း စီးပွားရေးကိုတောင် ကန့်သတ်ပိတ်ပင်ခံနေကြရရှာပါတယ်။

ကြွက်မနိုင် ကျည်မီးနဲ့ ရှို့တာနဲ့ ပတ်သက်လို့ကတော့ စစ်အာဏာရှင်စနစ်ကို တော်လှန်တဲ့နေရာမှာ တဦးကောင်းတယောက်ကောင်းနဲ့ မရဘူး။ အများအားနဲ့မှရမယ်။ အဲသည်အချိန်မှာ အများဟာ တာဝန်ကို မေ့လျော့နေတယ်ဆိုရင် သိသာအောင် အမှန်အတိုင်း ထောက်ပြရမှာ လူတိုင်းရဲ့ တာဝန်ပဲ။ အမှန်အတိုင်းလို့ ဘာကြောင့်ပြောရသလဲဆိုရင် ညလေးကိုယ်တိုင်လည်း “ကိုယ့်မိသားစုအဆင်ပြေရေးအတွက် ကိုယ့်ဝမ်းစာကိုယ်အရင်ဖြည့်တတ်တဲ့လောကကြီးမှာ” ရေးခဲ့တော့ ညလေးကိုယ်တိုင်လည်း အမှန်တရားဘာလဲဆိုတာကို သိတယ်။ လူတိုင်းလည်းသိကြတယ်။ ဒါပေမယ့် အမှန်အတိုင်း ထောက်ပြတာကို မနှစ်သက်ကြဘူး။ ဘာကြောင့်လဲ။ ကျနော့်ရဲ့ ရှေ့က ပို့စ်တခုဖြစ်တဲ့ “ရထားပေါ်မှာ၊ ကျူတန်းထဲမှ၊ လောကကြီးမှာ...” ပို့စ်ကို သွားဖတ်ကြည့်ပါ။ ဘာကြောင့်လဲဆိုတာ သိလာပါလိမ့်မယ်။

(ညလေး) လူတိုင်းက စစ်ဖိနပ်အောက်က လွတ်ချင်ကြတဲ့ သူ ချည်းပါပဲ၊ မနိုင်တဲ့ အခါမှာ လက်လျော့ပြီး ကြည့်နေရတာလဲ နှစ်ပေါင်းမနည်းတော့ဘူး မဟုတ်လား။ ဟိုးအရင်တည်းက ရအောင် လုပ်နိုင်မယ်ဆိုရင်ဖြင့် စစ်သေနတ်တွေအောက်မှာ လူပေါင်းမြောက်မြားစွာ စတေးခဲ့ရမှာ မဟုတ်ပါဘူး။

(ကိုပေါ) လူတိုင်းဟာ စစ်ဖိနပ်အောက် လွတ်ချင်ကြတဲ့သူချည်းပါပဲ...ဆိုတာက (အားလုံးသဘောတူတဲ့) တကဏ္ဍ။ ဒါပေမယ့် လွတ်မြောက်အောင် လူတိုင်းက ကျိုးပမ်းနေကြသလားဆိုတာက နောက်ထပ် တကဏ္ဍ။ ညလေးကိုယ်တိုင်လည်း ၀န်ခံထားသလို လွတ်မြောက်ဘို့အတိုင်း လူတိုင်းလုပ်မနေကြဘူး။ တော်တော်များများက လက်လျှော့ပြီး ထိုင်ကြည့်နေကြတယ်။

တချို့ကတော့ လုပ်သင့်လုပ်ထိုက်တာကို မသိလို့ မလုပ်ကြတာ။ တချို့သိလျက်နဲ့ မလုပ်ကြဘူး။ ပညာတတ်လူတန်းစားဟာ သိလျက်နဲ့ မလုပ်ကြသူ လူအမျိုးအစားမှာပါတယ်။ ဒါကြောင့် ဒီလူတွေကို အဓိကကျနော်ရည်ရွယ်ရေးတယ်။ မသိသေးတဲ့လူတွေရှိရင်လည်း သိစေတော့ပေါ့။ အရင်ကလူတွေ မလုပ်ခဲ့ကြလို့ဆိုပြီး ကိုယ်က ဘာမှမလုပ်ဘဲ ထိုင်အော်နေရင် အဓိပ္ပါယ်မရှိဘူးလေ။ အခုပစ္စုပ္ပာန်မှာ လုပ်ရမှာက ကျနော်တို့ တာဝန်ပဲ။

(ညလေး) လူတိုင်းကို ဘာမှ လုပ်မနေဘူးလို့ သိမ်းမပြောပါနဲ့..

(ကိုပေါ) လူတိုင်းကို ကျနော် မပြောပါဘူး။ (ညလေးကပဲ ပြောခဲ့တာပါ)။ ဘာကြောင့်လဲဆိုတော့ လုပ်နေတဲ့လူတွေလည်း ရှိတယ်ဆိုတာ ကျနော်ကောင်းကောင်းကြီးသိလို့ပါ။ ကျနော်ပြောတာက လုပ်သင့်ကြောင်းသိလျက်နဲ့ မလုပ်တဲ့လူတွေကို ပြောတာပါ။ လုပ်တဲ့လူတွေအနေနဲ့ လိပ်ပြာသန့်နိုင်ပါတယ်။

(ညလေး) NLD ဆိုတာ ဘာလဲလို့ ဒီတိုင်းပြည်ရောက်မှ သိပါတယ်၊ ဘယ်အရေးအခင်း နှစ်ပတ်လည် ဆိုပြီး အငြိမ့်ပွဲတွေလုပ်ပြီးရင် အဲ့ဒီကရတဲ့ ငွေတွေနဲ့ သူတို့ချည်းပဲ ထိုင်စားနေကြတာပါ၊ ဘယ်ကိုဖြင့် ဘယ်လောက်လှူလိုက်တယ်လို့ တစ်ခါမှ မကြားရပါဘူး၊ အဲ့ဒီ NLD အိမ်ကိုရောက်ဖူးပါတယ်၊ နေနေတဲ့ လူတွေက အလုပ်လက်မဲ့တွေ များပါတယ်။ တကယ် တက်ကြွစွာနဲ့ လှူလိုက်တဲ့ ငွေတွေကို လှူတဲ့ နေရာထိ တိကျစွာ ရောက်ပါတယ်လို့ အာမခံပြီး ဓါတ်ပုံတွေ အလှူစာရင်းတွေနဲ့ တင်မယ်ဆိုရင် အဲ့ဒီ ဌာနတွေကို လှူမယ့် သူချည်းပါပဲ။ ဒီလို မဟုတ်ပဲ ကြားထဲကလူတွေ ကောင်းစားနေတာကရော?

(ကိုပေါ) ပြည်တွင်းမှာ နိုင်ငံရေးလုပ်နေကြတဲ့လူတွေဟာ ထောင်နှုတ်ခမ်းမှာ နင်းပြီး လမ်းလျှောက်နေကြရတဲ့သူတွေပါ။ ညလေးလှူမယ့် ငါးဆယ်တရာအတွက် ဘယ်သူဘယ်ဝါကို လှူတယ်ဆိုတာ ဓါတ်ပုံတွေ အလှူစာရင်းတွေနဲ့ တင်ပေးရမယ်ဆိုရင် အဲသည်လူတွေကို ထောင်ထဲပို့တာနဲ့အတူတူပါဘဲ။ ကိုယ်ဘယ်သူဘယ်ဝါဆီကို ငွေပို့တယ်ဆိုတာ အာချောင်မိရင် အထဲမှာ တသီတတန်းကြီး ဆွဲအစေ့ခံရတတ်ပါတယ်။ ဒါကြောင့် ကျနော်တို့ ရေးကြတဲ့အခါ ပြည်တွင်းအင်အားစုတွေလို့ပဲ အကြမ်းဖျင်းရေးနိုင်ပါတယ်။ နိုင်ငံခြားမှာ လုပ်နေသူတွေကို မယုံကြည်ရင် ကိုယ့်ပြည်တွင်းက ယုံကြည်စိတ်ချရသူ အသိမိတ်ဆွေအဆက်အသွယ်နဲ့ ချဉ်းကပ်သင့်ပါတယ်။ ဒါတောင်မှ အဲသည်လူဟာ မျက်နှာစိမ်းဆိုရင် ပြည်တွင်းအင်အားစုတွေက အလှူငွေကို ဘုမသိဘမသိ လက်ခံမှာ မဟုတ်ပါဘူး။ နအဖလူလည်း ဖြစ်နေနိုင်တာကိုး။

စင်္ကာပူမှာ သီးလေးသီးကလို့ ရတဲ့ ရံပုံငွေတွေရဲ့ ၆၀ ရာခိုင်နှုန်းနဲ့ ဆုကြေးငွေအားလုံးကို သီးလေးသီးအဖွဲ့သားတွေကို ပေးအပ်ပြီး ၄၀ ရာခိုင်နှုန်းကို ပြည်တွင်းကိုပဲ ပို့ပါတယ်။ ဒီက ဗောလံတီယာတွေကတော့ ကိုယ်စားရိတ်ကိုယ်စား၊ ကိုယ့်လုပ်အားကိုယ်လှူပါပဲ။ သေချာတာကတော့ အပြင်က ငွေလှူတဲ့လူတွေကို ဘယ်နေရာ ဘယ်ဌာနလှူသလဲဆိုတာ အင်တာနက်ပေါ်က အတိအကျ ထုတ်ဖော်လို့မရပါဘူး။ ဒါပေမယ့် ငွေကြေးကိစ္စဆိုတာမျိုးဟာ အရှုပ်အရှင်းပေါ်တတ်တာမို့ ပြဿနာမဖြစ်ရအောင် စင်္ကာပူကလူတွေကတော့ ငွေပို့တဲ့ ချလံတွေ၊ လက်ခံဖြတ်ပိုင်းတွေကို သိမ်းဆီးထားတတ်ပါတယ်။

ဒါကတော့ ညလေးရဲ့ ကော်မန့်ကို ကျနော် တတ်နိုင်သမျှ ပြန်ဖြေကြားလိုက်တာပါ။ ကျန်တဲ့သူတွေအတွက်တော့ ကိုမျိုးမြင့်မောင် ဖြေကြားသွားတာဟာ တော်တော်ပြည့်စုံကောင်းမွန်တဲ့အတွက် သူ့ကွန်မင့်ကိုပဲ အောက်မှာ ပြန်တင်ပေးလိုက်ပါတယ်။

မျိုးမြင့်မောင် said...
အားပါးပါး... ဒီတခေါက် comments တွေကတော့ အားရသဗျာ။ ပျောက်နေတာ ကြာပြီဖြစ်တဲ့ သူတွေတောင် ပြန်ပေါ်လာတယ်။ ဘယ်ကတည်းက ချောင်းနေကြသလဲတော့ မသိဘူး။
စောစောမဖတ်မိလို့ အခုမှရေးရင် comments အားလုံးကိုဆွေးနွေးဖို့လိုမယ် ဆိုပေမယ့် အဓိကနေနဲ့ မခင်ခင် နဲ့ မညလေး တို့ရဲ့ comments တွေကိုပဲဆွေးနွေးပါတော့မယ်။ သူ့တို့နောက်မှ ရေးတာတွေကတော့ ကျနော်တွေ့မိတဲ့ အများစုက ဆဲထားတာတွေမို့လို့ ပြန်ပြောလည်း ထူးမှာမဟုတ်ဘူးလေ။ တကယ်လို့ နောက်ပိုင်းရေးထားတာတွေထဲမှာ သေချာဆွေးနွေးသင့်တာတွေရှိရင် တဆိတ်လောက် လမ်းညွန်ပေးဖို့ မေတ္တာရပ်ခံပါတယ်။
မခင်ခင် နဲ့ မညလေးတို့ ပြောထားတာတွေကို မဆွေးနွေးခင်မှာ ကိုပေါရေးထားတာတွေကို အရင်သုံးသပ်ချင်ပါတယ်။ ကိုပေါရဲ့ post မှာ အဓိကအချက်သုံးချက်ကို ပြောထားတာ တွေ့ပါတယ်။ ဒါတွေကို တစ်ချက်ချင်း သုံးသပ်သွားချင်ပါတယ်။
ပထမအချက်ကို အပေါ်ဆုံးနှစ်ပိုဒ်နဲ့ အောက်ဆုံးနှစ်ပိုဒ်မှာ ရေးထားပါတယ်။ အတိုချုပ်ပြောရရင်တော့ အခုတလော blogs တွေမှာ တချို့သော ပြည်ပထွက်ပြီး အလုပ်လုပ်နေသူတွေက နောင်တစ်ချိန် မြန်မာပြည်ကြီး လွတ်လပ်သွားရင် ချက်ချင်းပြန်ပြီး တိုင်းကျိုးပြည်ကျိုးပြုမယ်လို့ ရေးထားတာတွေဟာ ဖတ်ရတာ မြန်မာ့အသံက ပေါ်လစီဇာတ်လမ်းတွေလို စိတ်ဘ၀င်မကျစေဘူးလို့ ရေးထားတယ်။ အပေါ်ဆုံးနှစ်ပိုဒ်တည်းကိုပဲ သီးသန့်ဖတ်မယ်ဆိုရင်တော့ blog မှန်သမျှရဲ့ အရေးအသားနဲ့ ပြည်ပမှာအလုပ်လုပ်နေတဲ့ မြန်မာပညာတတ်တွေကို ဝေဖန်ထားသယောင်ရှိပေမယ့် ဆိုလိုရင်း အပြည့်အစုံက blog တိုင်းနဲ့ ပြည်ပက မြန်မာပညာတတ်မှန်သမျှကို ပြောထားတာ မဟုတ်ပါဘူးဆိုတာ အောက်ဆုံးနှစ်ပိုဒ်နဲ့ ဆက်စပ်ဖတ်တဲ့အခါ သဘောပေါက်နိုင်ပါတယ်။ နောက်ပြောမယ့် နှစ်ချက်ကိုပါ ဖတ်ပြီးတဲ့အခါ ပိုရှင်းသွားမှာပါ။
ဒုတိယအချက်ကို အပိုဒ်သုံးကနေ အပိုဒ်ရှစ်အထိ ပြောထားပါတယ်။ အတိုချုပ်ကတော့ သူအပါအ၀င် ပြည်ပမှာအလုပ်လုပ်နေကြတဲ့ မြန်မာပညာတတ်တွေအပေါ်မှာ မြန်မာပြည်ရဲ့ ကျေးဇူးရှိတယ်။ ဒါကြောင့် မြန်မာပြည်လွတ်မြောက်ရေးအတွက် တတပ်တအားမပါဝင်ပဲ လစ်လျူရှုထားတဲ့ မြန်မာပညာတတ်များဟာ တိုင်းပြည်ကျေးဇူးမသိတတ်ရာကျတယ်။ နောင်အနှစ်နှစ်ဆယ်မှာ မြန်မာပြည်ပြန်ပြီး ဘယ်လိုဘယ်ပုံ တိုင်းပြည်အကျိုးသယ်ပိုးမယ်လို့ ပြောတာဟာ မဖြစ်သင့်ဘူး။ နောင်မှမဟုတ်၊ အခုလက်ငင်းမှာတင် တိုင်းပြည်က ပညာတတ်တွေရဲ့အားကို လိုနေတယ်။ အခုချက်ချင်း ပြည်တွင်းပြန်ပြီး နိုင်ငံရေးလုပ်ရမယ်လို့ မဆိုလိုပါဘူး။ ပြည်ပမှာနေပြီး တိုင်းပြည်လွတ်မြောက်ရေးအတွက် အကျိုးပြုလို့ရတယ်။ ဥပမာ တစ်နည်းကတော့ ပြည်တွင်းက နိုင်ငံရေးအင်အားစုတွေကို ငွေကြေးထောက်ပံ့တာဖြစ်တယ် စသည်ဖြင့် ရေးထားပါတယ်။
ဒုတိယအချက်ကို တင်ပြထားရာမှာ အပိုဒ်ရေများပြီး ရှည်လျားတဲ့အတွက် ဖတ်ရင်း ကောက်နုတ်ချက်လွဲသွားနိုင်တယ်။ ဒါကြောင့် အောက်ပါအချက်တွေကို ရှင်းစေချင်တယ်။
၁။ ပြည်ပက မြန်မာပညာတတ်တိုင်းကို မဝေဖန်ထားပါဘူး။ ဘ၀ခြေနေ အဆင်ပြေပေမဲ့လည်း မြန်မာပြည်လွတ်မြောက်ရေးကို တတပ်တအားမပါဝင်ပဲ လစ်လျူရှုထားတဲ့ မြန်မာပညာတတ်တွေကို ဝေဖန်ထားတာဖြစ်ပါတယ်။
၂။ အဲဒီလို လစ်လျူရှုထားသူတွေက နောင်အနှစ်နှစ်ဆယ်ကျရင် တိုင်းပြည်ပြန်ပြီး ဘယ်လိုအကျိုးသယ်ပိုးမယ်လို့ ရေးတာဟာ ယုတ္တိမရှိပါဘူး။ အခုမလုပ်ချင်လို့ အနှစ်နှစ်ဆယ် ဈေးဆစ်နေသလိုပဲ။ တကယ်တော့ တိုင်းပြည်အရေးက အခုကိုပါဝင်ဖို့ လိုနေတယ်လို့ပြောထားတယ်။
၃။ ပြည်တွင်းကို ချက်ချင်း မဖြစ်မနေပြန်လုပ်ဖို့ လုံးဝပြောမထားပါဘူး။ ပြည်ပမှာလည်း မြန်မာ့အရေးအတွက် ပါဝင်သယ်ပိုးလို့ရကြောင်းကိုသာ ပြောထားပါတယ်။

June 8, 2009 5:36 AM
မျိုးမြင့်မောင် said...
တတိယအချက်ကတော့ bloggers တော်တော်များများ မျက်မာန်တော်ရှမယ့် အချက်ပါပဲ။ အပိုဒ်ကိုးမှာ ဒီအချက်ကို တင်ပြထားပါတယ်။ ကလောင်စွမ်းထက်တဲ့ bloggers တွေက နိုင်ငံရေးအတွက် ကလောင်စွမ်းနဲ့ ကူလို့ရပါလျက် ဒေါ်မေငြိမ်းကလွဲလို့ ကျန်တဲ့နိုင်ငံရေး အသိုင်းအ၀ိုင်းကမဟုတ်တဲ့ bloggers တွေက မကူပဲ ရူးချင်ယောင်ဆောင်ကြတယ်။ တချို့ဆို ကဖျက်ယဖျက်လုပ်ချင်ကြတယ်လို့ ဆိုပါတယ်။
ကိုပေါပြောသလို ဟုတ်မဟုတ်ဆိုတာကို ကျနော်လည်း blogs တွေအများကြီးကို ပုံမှန်မဖတ်ဘူးလို့ မသိပါဘူး။ ဒီနေရာမှာ ပြောချင်တာကတော့ ဒီတစ်ပိုဒ်တည်းကိုကြည့်ရင် blogger မှန်သမျှ နိုင်ငံရေးအကြောင်းရေးရမယ်လို့ အသားလွတ် ဆိုထားသယောင်ပါပဲ။ ဒါပေမယ့် ရှေ့ကရေးထားတဲ့ အပိုဒ်တွေကို ဖတ်လာတဲ့အခါမှာ မြန်မာပြည်သူပြည်သားအားလုံး တိုင်းပြည်လွတ်မြောက်ဖို့ တနည်းတဖုံ တတ်နိုင်တဲ့အပိုင်းက လုပ်သင့်တယ်လို့ ပြောလိုတဲ့ သဘောထားရှိတာကို တွေ့ရမှာပါ။ အဲဒီ သဘောထားအပေါ်အခြေခံပြီးတော့ bloggers တွေဟာ သူတို့တတ်တဲ့ ကလောင်စွမ်းနဲ့ ကူလုပ်သင့်တယ်လို့ ဆိုထားတာပါ။
တတိယအချက်မှာ လက်ရှိအခြေအနေကို အားမရလို့ ပြောထားပုံက ကြမ်းပါတယ်။ မလုပ်သူတွေအားလုံးကို ရူးချင်ယောင်ဆောင်တယ်လို့ ပြောတာတော့ လွန်သွားတယ်လို့ ထင်ပါတယ်။ လုပ်ရကောင်းမှန်း တကယ်အဟုတ် သဘောမပေါက်သူတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် blogger တစ်ယောက်ဖြစ်တဲ့အထိ (ဒီနေရာမှာ ကျနော့်လို ဘာမှမရေးပဲ blog ဖွင့်ထားတဲ့သူ၊ ကိုယ်တိုင် ဘာမှသေချာမရေးတဲ့သူ နဲ့ blog ရေးလေးရှိတဲ့ ကလေးတွေကို မဆိုလိုပါဘူး။) ရင့်ကျက်မှုရှိတဲ့ မြန်မာပြည်သားတစ်ဦးဟာ ကိုယ့်တိုင်းပြည်ကိုချစ်မယ်ဆိုရင် လက်ရှိအခြေအနေမှာ ကိုယ်တတ်တဲ့ ကလောင်စွမ်းနဲ့ တိုင်းပြည်လွတ်မြောက်ဖို့ ကူလုပ်သင့်ကြောင်းကို အခုထိ သဘောမပေါက်နိုင်ဘူးဆိုရင် သဘောပေါက်ပါတော့လို့ ကျနော်တိုက်တွန်းလိုပါတယ်။ ရိုးရိုးတိုက်တွန်းတာပါ။ ခါတိုင်းလို ရွဲ့တယ်လို့ မထင်ပါနဲ့ဗျာ။

June 8, 2009 5:36 AM
မျိုးမြင့်မောင် said...
အခု မခင်ခင်ကနေ ကိုပေါရဲ့ post နဲ့ ပတ်သတ်ပြီး ဆွေးနွေးထားတာတွေကို စာဖတ်သူတစ်ယောက်အနေနဲ့ ကျနော် ဆွေးနွေးချင်ပါတယ်။

ကိုပေါကိုယ်စားဆွေးနွေးတယ်လို့ မယူဆစေလိုပါဘူး။
ပထမဆုံး ဆွေးနွေးလိုတာကတော့ မခင်ခင် ပထမဆုံး ပြောသွားတဲ့ အောက်ပါအချက်ပါ။

“ပထမဆုံးပြောချင်တာကတော့ ဘလော့တွေဟာ ဖတ်ပျော်အဆင့်တောင် မရှိဘူးဆိုတဲ့ အချက်ပါ။”

ကျနော်မြင်မိတာကတော့ ကိုပေါက blogs တွေအားလုံးကို ဖတ်ပျော်အဆင့်တောင်မရှိဘူးလို့ မရှုံ့ချထားပါဘူး။ အခုတော့ ဘာမှမလုပ်ပဲ နောင်အခါ မြန်မာပြည်လွတ်လပ်သွားတော့ ဘာတော့ပြန်လုပ်မယ်ဆိုတဲ့ တစ်ချို့သော မြန်မာပညာတတ်တွေရဲ့ blogs တွေပေါ်က ရေးသားချက်တွေကိုသာ ရှုံ့ချထားတာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အပေါ်မှာ ကျနော် ကိုပေါ်ရဲ့ post အကြောင်းရေးထားတဲ့ထဲက ပထမသုံးသပ်ချက်ကို တွဲဖတ်ကြည့်ပါ။

မခင်ခင်ပြောထားတဲ့ ဒုတိယအချက်ကတော့ အောက်ပါအချက်ပါ။

“…ကိုယ့်မိသားစုကို ထောက်ပံ့တာဟာလဲ တနည်းအားဖြင့် ကိုယ့်တိုင်းပြည်ကို ထောက်ပံ့နေတာနဲ့ တူတူပါပဲ။”

အမရဲ့အဆိုဟာ တနည်းအားဖြင့်မှန်ပေမယ့် ဒီနည်းနဲ့တိုင်းပြည်ကို ထောက်ပံ့တာဟာ တိုင်းပြည်ရေးနဲ့စာရင် အရမ်းကျဉ်းမြောင်းနေပါတယ်။ ကိုယ့်မိသားစုကို ထောက်ပံ့တာဟာ ကောင်းတဲ့အလုပ်ဖြစ်ကြောင်း ကိုပေါလည်း လက်ခံမယ်လို့ ယုံသလို ကျနော်ကိုယ်တိုင်လည်း လက်ခံပါတယ်။ ဒါပေမယ့် ကိုယ့်တိုင်းပြည်ကိုထောက်ပံ့ခြင်းဆိုတဲ့ အခြေနေတရပ်မှာတော့ မလုံလောက်သေးပါဘူး။ တိုင်းပြည်ကိုထောက်ပံ့တာမှာ ကိုပေါအဓိကတိုက်တွန်းချင်တာက မိသားစုရေး၊ လူမှုရေး၊ ဘာသာရေး ထောက်ပံ့မှုတွေထက် တိုင်းပြည်လွတ်မြောက်ဖို့ နိုင်ငံရေးအရ ထောက်ပံ့တာဖြစ်ပါတယ်။ ဒီလိုထောက်ပံ့ဖို့လည်း တကယ်ကိုလိုအပ်လို့ပါ။ ဒီနေရာမှာ မတတ်နိုင်သူတွေကို ဇွတ်မထောက်ပံ့ခိုင်းပါဘူး။ တတ်နိုင်လောက်အောင် ချောင်လည်ကြတဲ့ ပြည်ပက မြန်မာပညာတတ်တွေကို ထောက်ပံ့စေချင်တာ ဖြစ်ပါတယ်။

အမပြောတဲ့ တတိယအချက်ကတော့ အောက်ပါအချက်ပါ။

“အများစုက နိုင်ငံခြားမှာ ပျော်လို့နေနေကြတာ မဟုတ်ပါဘူး။ မဖြစ်လို့သာ နေကြသူချည်းပါပဲ။ ဒါကြောင့် ကိုယ်အဆင်ပြေရင်ပဲ ဖြစ်ဖြစ် ကိုယ့်တိုင်းပြည် အခြေအနေကောင်းရင်ပဲ ဖြစ်ဖြစ် ပြန်မယ်လို့ ရည်ရွယ်တာဟာ ကိုယ့်တိုင်းပြည်ကို မမေ့ရာရောက်တဲ့အတွက် ဒါဟာ ကောင်းသောာ အချက်ပါပဲ။”

လွတ်လပ်ရင် ကိုယ့်တိုင်းပြည်ပြန်တာကို မရှုံ့ချပါဘူး။ ကိုပေါဆိုလိုတာက မလွတ်လပ်ခင် တိုင်းပြည်လွတ်လပ်ဖို့လည်း တနည်းတဖုံကူသင့်တယ်လို့ ပြောတာပါ။ အဲဒါမျိုးလုပ်ဖို့တော့ လစ်လျူရှုထားပြီး နောင်ဆယ်နှစ် အနှစ်နှစ်ဆယ်မှာ တိုင်းပြည်လွတ်လပ်မှ ဘာပြန်လုပ်မယ်လို့ အသံကောင်းဟစ်နေတာဟာ လူလည်ကျလွန်းရာ ရောက်ပါတယ်။ ကျနော်တော့ မြန်မာတွေကို အဲသလောက်တော့ မလည်စေချင်ဘူးဗျာ။ ကိုပေါလည်း ဒီလိုမြင်ပြီး ရေးတာလို့ ထင်ပါတယ်။

June 8, 2009 5:41 AM
မျိုးမြင့်မောင် said...
နောက်ထပ်အမပြောထားတာတွေက ဦးနှောက်ယိုစီးမှုနဲ့ ပတ်သက်ပြီး ပြည်တွင်းမှာလည်း ပညာတတ်တွေအတွက် အခြေအနေမပေးရင် ဒီလိုပြဿနာရှိကြောင်းနဲ့ အမဦးလေးလို ပြည်ပထွက်ပြီး အလုပ်လုပ်တာဟာ ကိုယ်တတ်တဲ့ ပညာကို အကျိုးရှိစွာသုံးတာဖြစ်တယ်ဆိုတဲ့ အချက်တွေ ဖြစ်ပါတယ်။ ဒီနှစ်ချက်လုံးကို ကိုပေါငြင်းမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုပေါရဲ့ post မှာ ရေးထားတဲ့ တိုင်းပြည်က ပညာတတ်တွေကို နောင်အနှစ်နှစ်ဆယ်မှ မဟုတ်ဘူး၊ အခုလည်း လိုအပ်တယ်လို့ ပြောတာဟာ ပြည်ပက ပညာတတ်တွေကို ပြည်တွင်းပြန်ပြီး အလုပ်လုပ်ဖို့ တိုင်းပြည်က အခုကိုလိုအပ်တယ်လို့ ပြောတာမဟုတ်ပါဘူး။ ဒါနဲ့ ပတ်သက်ပြီး သူက ပြန်ရမယ်လို့ ပြောတာမဟုတ်ဘူးလို့ ရေးထားပါတယ်။ ပြင်ပက မြန်မာပညာတတ်တွေရဲ့ တိုင်းပြည်အကျိုးသယ်ပိုးမှုကို အခုလက်ငင်းမှာ လိုအပ်နေတယ်လို့ ဆိုလိုတာပါ။ ဒါကြောင့် ပြည်ပကနေပြီး တိုင်းပြည်လွတ်လပ်ဖို့ ငွေအားနဲ့ ထောက်ပံ့သယ်ပိုးနိုင်တယ်လို့ ပြောပြထားပါတယ်။

အမပြောသွားတဲ့ နောက်ဆုံးအချက်တွေကတော့ အောက်ကစာပိုဒ်ပါ အချက်တွေပါ။

“ကျောင်းသားတယောက်ဟာ သူ့ကျောင်းစာကို သေချာ ကျက်နေတယ်ဆိုရင်၊ အလုပ်သမားတယောက်ဟာ သူ့အလုပ်တာဝန် မလစ်ဟင်းအောင် လုပ်နေတယ်ဆိုရင် လောလောဆယ် သူတို့တာဝန် ကျေပါတယ်။ သူတို့ စာကျက်ရခြင်း အလုပ်လုပ်ရခြင်းဟာ တချိန်မှာ တိုင်းပြည်အတွက်ဆိုတဲ့ ရည်ရွယ်ချက်ကလေး ရင်ထဲမှာ ခိုအောင်းနေတာကိုပဲ မုဒိတာပွားသင့်တယ် မဟုတ်လား။”

တိုင်းပြည်အပေါ်ထားတဲ့ စေတနာကို မုဒိတာပွားပါတယ် အမရယ်။ ဒါပေမယ့် အမပြောတဲ့ တာဝန်ကျေမှုဟာ ကျောင်းသားအနေနဲ့၊ အလုပ်သမားအနေနဲ့ တာဝန်ကျေမှုတွေပါ။ နိုင်ငံသားအနေနဲ့ တာဝန်ကျေမှုကိုလည်း ထည့်စဉ်းစားစေချင်ပါတယ်။ ကျနော်တို့ နိုင်ငံက ယေဘူယျအားဖြင့် ရင့်ကျက်တဲ့အရွယ် ရောက်ပြီလို့ သတ်မှတ်ထားတဲ့ အသက် ၁၈ နှစ်ကျော်ပြီဖြစ်တဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ ကိုယ့်တိုင်းပြည်အပေါ်ထားသင့်တဲ့ နိုင်ငံသားတာဝန်တွေကို စဉ်းစားပေးပါလို့ တိုက်တွန်းချင်ပါတယ်။
ကျနော်ဆွေးနွေးထားတာတွေမှာ လိုအပ်ချက်တွေ၊ မှားယွင်းမှုတွေရှိရင် ထောက်ပြပေးပါလို့ မေတ္တာရပ်ခံပါတယ်။ ဒီတခါ စိတ်ပါလို့ မရွဲ့ပဲ အတည်ရေးထားတာပါဗျာ။ :D

June 8, 2009 5:42 AM
မျိုးမြင့်မောင် said...
အခုတစ်ခါမှာတော့ မညလေးရေးထားတဲ့ comment နဲ့ ပတ်သက်ပြီး ဆွေးနွေးချင်ပါတယ်။ မညလေးက ကိုပေါကို မေးခွန်းတွေလည်း မေးထားပါတယ်။ ဒါတွေကို ကျနော်ဖြေရာမှာ ကိုပေါကိုယ်စားလို့ မမှတ်ယူပဲ ကိုပေါရဲ့စာကို ဖတ်ထားသူတစ်ယောက်က သူမြင်သလို ဖြေကြည့်တာလို့ မှတ်ယူပေးဖို့ မေတ္တာရပ်ခံပါတယ်။

ကျနော် မညလေးရေးသွားတာတွေကို တစ်ချက်ချင်း ကောက်နုတ်ဆွေးနွေးသွားပါ့မယ်။

“ခု ကိုပေါနေနေတဲ့ တိုင်းပြည်မှာ ကိုပေါကရော အခွန်မပေးဘူးတဲ့လား? မပေးဘဲ နေရဲရဲ့လား?”

အခွန်ပေးတာကို ကိုပေါက အပြစ်မဆိုပါဘူး။ အခုလို နှစ်နဲ့ချီပြီး မတရားကောက်တဲ့ အခွန်ကို တိုင်းပြည်အကျိုးအတွက် သုံးမှာမဟုတ်မှန်းသိသိနဲ့ မကျေမနပ်ပေးနေရတာကို သူလည်းသဘောမကျပါဘူး။ ဒီလိုမတရားမှုတွေ ပပျောက်ဖို့ တိုင်းပြည်လွတ်လပ်ဖို့လိုတယ်။ ဒါကြောင့် တိုင်းပြည်လွတ်လပ်ဖို့ အတွက် အခွန်ငွေရဲ့ သုံးပုံတစ်ပုံ ပမာဏငွေကို ပြည်တွင်းက ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကို လှူဖို့ပြောထားတာပါ။ ဒါကလည်း လှူနိုင်လောက်အောင် ချောင်လည်တဲ့ အခြေအနေရှိတဲ့ ပြည်ပက မြန်မာပညာတတ်တွေကို ပြောတာပါ။ လှူနိုင်လောက်အောင် အဆင်မပြေတဲ့ သူတွေကတော့ ခြွင်းချက်ပေါ့။

“လှူတယ်ဆိုတာကရော ဘယ်လိုလှူမှ ဘယ်ဌာနကိုလှူမှ ဘယ်နေရာကိုလှူမှလို့ သတ်မှတ်ထားလို့ ရပါသလား။”

ဒါမျိုးတော့ မသတ်မှတ်ထားပါဘူး။ ဒါပေမယ့် တိုင်းပြည်လွတ်လပ်ဖို့အတွက် ပြည်တွင်းကို လှူမယ်ဆိုရင်တော့ ပြည်တွင်းက ဒီမိုကရစီအရေးလှုပ်ရှားသူတွေကို လှူသင့်တာပေါ့ဗျာ။ ဗိုလ်သန်းရွှေကို သွားလှူလို့တော့ ဘယ်ရမလဲ။ မိသားစု သာရေးနာရေးအလှူတွေနဲ့လည်း မရောသင့်ဘူးပေါ့ဗျာ။

“ကိုယ်ကိုယ်တိုင် ဘာလုပ်နေလဲ သိအောင် လုပ်တာက သူများတွေ ဘာလုပ်နေကြလဲ လိုက် မေးငေါ့နေတာထက်စာရင် ပိုအကျိုးရှိပါလိမ့်မယ်။”

အလားတူပြောရမယ်ဆိုရင်တော့ အမကိုယ်တိုင် ဘာရေးနေလဲဆိုတာ သိအောင်လုပ်တာက ကိုပေါ ဘာရေးနေလဲ လိုက်မေးငေါ့နေတာထက်စာရင် ပိုအကျိုးရှိလိမ့်မယ်လို့ ကျနော်ပြောရင်လက်ခံမှာလား။ (ရေးတာကြာလာလို့ ရွဲ့ချင်လာပြီ။)

“သူများတွေ လူစုပြီး အော်တာကို ချီးကျူးနေတာကရော နိုင်ငံရေးလုပ်တာလား၊ ဘလော့ဂ်မှာ အဲ့လိုပို့စ်တွေ တင်မှ နိုင်ငံရေးလုပ်တယ်လို့ သတ်မှတ်တာလား။”

အခြေခံအကျဆုံးအနေနဲ့ သူများနိုင်ငံရေးလုပ်တာကို အားပေးနိုင်ပါတယ်။ ဒါပေမယ့် ဒီအဆင့်ထက်တက်ပြီး ကိုယ်တိုင်လုပ်ဖို့ ကြိုးစားသင့်ပါတယ်။ အဲ့လို posts တွေတင်မှ နိုင်ငံရေးလုပ်တယ်လို့ မသတ်မှတ်ပါဘူး။ ကိုယ်တိုင် စည်းရုံးတိုက်တွန်းတဲ့ posts တွေတင်ရင်တင်၊ ဒါမှမဟုတ် အပြင်မှာ ကိုယ်တိုင်လုပ်နိုင်ပါတယ်။ ဘာတစ်ခုမှ မလုပ်ရင်တော့ ဘာတစ်ခုမှ မလုပ်ဘူးလို့ သတ်မှတ်ပါတယ်။ ရှင်းပြီလား ခင်ဗျ။

June 8, 2009 5:44 AM
မျိုးမြင့်မောင် said...
“အစကတော့ ကိုပေါကို နိုင်ငံရေးသမားလို့ သတ်မှတ်ထားပါတယ်။ ခုတော့ ကြွက်မနိုင်တိုင်း ကျည်မီးနဲ့ရှို့တဲ့လူလို့ သတ်မှတ်ပါတယ်။”

အမက ကိုပေါကို ရင်းရင်းနှီးနှီးမသိလို့ နိုင်ငံရေးသမားလို့ သတ်မှတ်နေတာပါ။ ရင်းနှီးတဲ့ ကျနော်ကတော့ နိုင်ငံရေးအသိစိတ်ရှိပြီး တစ်ဖက်တစ်လမ်းက ပံ့ပိုးဖို့ စိတ်ထက်သန်တဲ့ ပြည်သူတစ်ယောက်လို့ပဲ မြင်ပါတယ်။ ကြွက်မနိုင်တိုင်း ကျည်မီးနဲ့ရှို့တဲ့လူလို့ ဘာကြောင့်သတ်မှတ်တယ်ဆိုတာ မသိလို့ အဲဒါနဲ့ ပတ်သက်ပြီး ဘာမှမပြောတတ်ပါဘူး။ ကျနော်က သူမီးရှို့တာဆိုလို့ ဆေးလိပ်မီးညှိတာပဲ မြင်ဘူးတာ။

“လူတိုင်းက စစ်ဖိနပ်အောက်က လွတ်ချင်ကြတဲ့ သူ ချည်းပါပဲ၊ မနိုင်တဲ့ အခါမှာ လက်လျော့ပြီး ကြည့်နေရတာလဲ နှစ်ပေါင်းမနည်းတော့ဘူး မဟုတ်လား။ ဟိုးအရင်တည်းက ရအောင် လုပ်နိုင်မယ်ဆိုရင်ဖြင့် စစ်သေနတ်တွေအောက်မှာ လူပေါင်းမြောက်မြားစွာ စတေးခဲ့ရမှာ မဟုတ်ပါဘူး။”

အမပြောမှလားဗျာ။ အမက လုပ်မလုပ်တော့မသိဘူး။ အမသိတာတွေကတော့ မှန်ပ။

“လူတိုင်းကို ဘာမှ လုပ်မနေဘူးလို့ သိမ်းမပြောပါနဲ့..”

ကိုပေါရဲ့ အခု post မှာ အဲဒီလို မရေးထားပါဘူးဗျာ။ ကျနော် လွဲနေရင် ထောက်ပြပေးပါ။ ကျနော် မြင်တာတွေကို အပေါ်မှာ ရေးထားပါတယ်။

အမပြောသွားတဲ့ နောက်ဆုံးအပိုဒ်က အကြောင်းအရာတွေကိုတော့ ကျနော်ကိုယ်တိုင် မသိနိုင်တဲ့ အမရဲ့ ကိုယ်တွေ့ဆိုတော့ ကျနော် မသိဘူးလို့ပဲ ပြောချင်ပါတယ်။ ကိုပေါကိုလည်း မေးမနေပါနဲ့။ သူလည်းသိမှာ မဟုတ်ဘူး။ ရှင်းပါတယ်နော်။

Anonymous said...
ကိုမျိုးမြင့်မောင်
ခင်ဗျားကို နိုင်ငံရေးထက်သန်တဲ့ လူငယ်တယောက် အနေနဲ့ ကျွန်တော်လေးစားပါတယ်။
ဒါပေမယ့် ခင်ဗျား လုပ်ဖို့မလိုတဲ့ကိစ္စတွေမှာ ခင်ဗျားလုပ်နိုင်ပါတယ်လို့ထင်တိုင်း ဝင်ဝင်မပါ ပါနဲ့လားဗျာ။
ညီအစ်ကို သူငယ်ချင်း စိတ်နဲ့ ပြောတာပါ။ စိတ်မဆိုးပါနဲ့။
ခင်ဗျားရဲ့ ဆွေးနွေးရှင်းလင်းချက်တွေက ခင်ဗျားလုပ်နိုင်ပေမယ့် ၊ လုပ်တတ်ပေမယ့် ခင်ဗျား ဝင် ပြောဖို့ မသင့်တဲ့ ၊ မလိုတဲ့ ကိစ္စဖြစ်နေတယ်။
ဒါတွေကို ကိုပေါ လုပ်ပါလိမ့်မယ်။ သူကိုယ်တိုင်ကလည်း ဒုတိယပိုင်း ဆက်ရေးပါဦးမယ်လို့ ပြောထားပြီးသားပါ။
အခုတော့ "ကိုပေါရေ ခင်ဗျားကို ကျွန်တော်ကူမယ်" ဆိုတဲ့ သဘောဖြစ်နေရော။
တကယ်တော့ ဘယ်သူမှ ကူစရာမလို့တဲ့ အကြောင်းအရာပါ။ အယူအဆတွေ အတွေးအမြင်တွေ တွန်းတိုက်မိတာလို့ မြင်ပါတယ်။
နောက်ပြီး ခင်ဗျား ဝင်ပြောလိုက်တော့ ဘလော့ဂ်ဖတ်တဲ့ သူတွေကပဲ မြန်မာစာ မတတ်သလို ၊ ဖတ်ပြီး သေချာနားမလည်သလို ဖြစ်မနေဘူးလားဗျာ။
တကယ်လို့ နားလည်ဖို့ခက်လောက်အောင် အရေးအသား ရှုပ်ထွေးသွားလို့ပဲဖြစ်ဖြစ် ၊ တင်ပြပုံ အားနည်းလို့ပဲဖြစ်ဖြစ် ၊ အယူအဆတွေ မတူလို့ပဲဖြစ်ဖြစ် ၊ ဖတ်သူနဲ့ ရေးသူ တိုက်ရိုက် ပြောရမယ်လို့ ကျွန်တော်ယူဆပါတယ်။
ကျွန်တော်တို့လိုမျိုး ခင်ဗျားအမြင်ကို ပြောရင် လုံလောက်ပြီလို့ထင်ပါတယ်။ ဒါပေမယ့် စာရေးသူနဲ့ အမြင်တူနေရင် ခင်ဗျားထပ်ပြောစရာ သိပ်မလိုပါဘူး။ လိုအပ်ရင်တော့ နည်းနည်းပါးပါးပြောပေါ့ဗျာ။ စာရေးသူ ပြောပြီးသားပဲလေ။ ဟုတ်ဘူးလားဗျာ။
ဖတ်သူက ဖတ်သူကို ပြန်ပြောနေတာက အဓိပ္ပါယ် တမျိုးကြီးဗျာ။ ကျွန်တော်တော့ သဘောမကျဘူး။



ကျန်းမာပါစေ။

ကိုပေါရဲ့ဘလော့ဂ် ပရိတ်သတ်တစ်ဦး

June 8, 2009 10:50 AM
မျိုးမြင့်မောင် said...
ကျနော် မလိုအပ်ပဲ ၀င်ရေးမိရင်တော့ ကိုပေါကို ကျနော်တောင်းပန်ပါတယ်။ ကျန်တဲ့ စာဖတ်သူတွေကိုတော့ ကျနော်ဝင်ရေးထားတာကို မလိုဘူးလို့ထင်ရင် မဖတ်နဲ့လို့ပဲပြောချင်တယ်။ စာရေးသူနဲ့ စာဖတ်သူတစ်ယောက်ယောက်ရဲ့ ပုဂ္ဂိုလ်ရေးအရ အခြေအတင်ဖြစ်တဲ့ ကိစ္စမျိုးဆိုရင်တော့ ကျနော် ဘာမှဝင်မရေးပဲနေမှာပါ။ အခုဟာက ကိုယ်လည်းဖတ် တခြားသူတွေလည်းဖတ်တဲ့ စာတစ်ပုဒ်ပေါ်မှာ တခြားသူတွေနည်းတူ ကိုယ့်ထင်မြင်ချက်တွေကို ပါဝင်ဆွေးနွေးရုံသက်သက်ပါ။

တခြားသူတွေ မြန်မာစာမဖတ်တတ်ဘူး၊ ဖတ်ပြီးနားမလည်ဘူးဆိုတာမျိုး ကျနော်ခေါင်းရှုပ်ခံပြီး မစဉ်းစားပါဘူး။ ကိုယ်မြင်တာနဲ့ တခြားသူတွေမြင်တာ မတူဘူးထင်လို့ ကိုယ်မြင်တာကို တင်ပြပြီး တခြားသူတွေရဲ့အမြင်တွေနဲ့ နှိုင်းယှဉ်ဆွေးနွေးကြည့်တာပါ။ ကျနော်မြင်နိုင်တာလည်း မှားနိုင်ပါတယ်။ မှားနေတဲ့အရာတွေ၊ လိုနေတဲ့အရာတွေကိုလည်း ထောက်ပြပါလို့ မေတ္တာရပ်ခံထားပါတယ်။ ကိုယ့်အမြင် မှန်မမှန်ကို တိုက်စစ်ကြည့်ချင်တာပါ။ ဒီမှာ အခု ကျနော်ထပ်ရေးသမျှဟာလည်း ကိုယ်ရေးထားတာ တခြာလူတွေ စာမဖတ်တတ်လို့ နားမလည်ဘူးလို့ထင်ပြီး ထပ်ရေးထားတာမပါပါဘူး။

ကျနော်ကိုယ်တိုင်လည်း "ပြောပြန်ရင်လည်း မောင်ပေါ လွန်ရာကျမယ်" အပိုင်း (၂) ကို စောင့်ဖတ်မယ့် blog ဖတ်သူတစ်ယောက်ပါ။

အားလုံး လွတ်လပ်ပါစေ။

33 comments:

Anonymous said...

Fair enough, bro. You know, what amazed me reading most of the Burmese blogs is that it seems as if nothing injustice has happened these days in Burma. If some foreigner care to write about what's happening right now, why can't we mention just even a sentence. But what I see is they behave like it has nothing to do with them and instead they are having a good time on their blogs, damn!

Anonymous said...

so so pity man

Rita said...

I m waiting for Part-2!

Bino said...

I'll be waiting for part-II.
I'll be Ygn next week.

Ngaman said...

ohhhhhh.........., our house has being put on fire by SPDC bt we r still busy wz stupid debate on such kind of blog.Please shall we stop it here and we try to build understanding and respect each others so that we can move forward to participate in upcoming mass activities to get free from SPDC's slaves.

Anonymous said...

HEY..

TALK LOUD IS BETTER THAN DO SOMETHING LAH..


WE DON'T WANT TO GO BACK TO MYANMAR.

WE GOT NEW HOUSE..IN SINGAPORE...!!!

SO..

WE'LL CONTINUE STILL TALK LOUD IN VERY SAFE SINGAPORE..

PLEASE UNDERSTAND ME & MY FAMILY LAH...!

Anonymous said...

AND..

I HAD NEVER EVER DO IN POLITICS IN MYANMAR BEFORE...IN MY WHOLE LIFE..


BECAUSE OF BLOG HERE, IS THE ONLY PLACE I CAN TALK LOUD..LAH..!

PLEASE TRY TO UNDERSTAND ME LAH..

Anonymous said...

စလုံးစီတီဇင် ပြောင်းမယ်ဗျာ.... ဗမာတွေကို စိတ်ပျက်တယ်......

Anonymous said...

WELCOME to Padauk Yeit Paw Institue, we'll educate you about fine politics''.

Professor FinKhung
KoPaw....

Anonymous said...

Just admit yr mistake man, u dont realized who you are, what a shame. You r doing politics think wise man.. THINK WISE...

Khyl said...

yeah...... that's right.... anonymous....

မသူတော် said...

စိတ်မကောင်းစရာတစ်ခုက..ကျုပ်တို့တိုင်းပြည်သားတွေထဲမှာ..ထမိန်ချုံထဲကနေအော်တဲ့သောက်ကျင့်ဆိုးတွေရှိတဲ့
Anonymous တွေအများကြီးတွေ့ရတာပဲ..

Anonymous said...

ကိုပေါရေးတာကို ထောက်ခံပါတယ်. . .
ကျွန်တော်အပါအဝင် လုပ်ပေးနိုင်ရဲ့သားနဲ့ ဘာမှ မလုပ်တဲ့လူတွေအတွက်လဲ ရှက်မိပါတယ်..
လမ်းပြကြယ်ကို ဆက်သွယ်ပြီးစုံစမ်းပြီး ကူညီပါမယ်..
စစ်အာဏာရှင်စနစ် ကျဆုံးပါစေ....

Anonymous said...

welcome to anonymous..!

we don't need to mention our name and symbol..

bcos we don't need it anything from mentioned-name..

we just want to give you some opinions..

name doesn't matter...

so you don't take it personally for NAMES..

it's not business...

it's just Non-sense club..

so never ever don't beg for NAME..!

Anonymous said...

If you are sincere ...

Anonymous doesn't matter for you...

U'll just read the Comments..and take it or keep it..or learn it..!

Be mature, Grow-up and Wide your small eyes..!

Su said...

Ko Paw,

sorry you been beaten up left, right and centre.
and i know that you just want to demonstrate free speech and all but..... would you mind delete some of those Anon comments.
you don't want to delete them because they will say you delete bad things about you.
but i don't find a reason to tolerate vulgarity. ( unfortunately, which can be found quite abundantly among our fellow country men ) :(

thanks

ttkm said...

"so never ever don't beg for NAME..!"

What kind of english is that?

never+don't beg = pls beg ??? :)

ငထုံ said...

"Never" ကို မကြည့်ရပါဘူး..သူက Ever ရဲ့ အထူးပြုပါ. Ever ကိုသာ ကြည့်ရပါသည်။ ဟူး..ဝေးတာ..
Anonymous ဘာဆိုလိုတယ် ဆိုတာ ဖတ်သူတိုင်း သိပါတယ် ttkm.
အရမ်းကို e ကောင်းနေရင် ပိဋကတ် (၃) ပုံ ဘာသာသွားပြန်ပါ့လား..

Anonymous said...

'ငထုံ ' ဆိုတဲ့အတိုင်းထုံပါပေတယ်။

Anonymous said...

ဘလောက်ကို လာဖတ်တဲ့သူတွေများတယ်ဆိုပြီးတော့များ အားပေးတဲ့သူ၊ ထောက်ခံတဲ့လူများတယ်လို.တော့ မထင်စေလို ။ တစ်ချို.ကတော့ကြိုက်လို. ၊ ထောက်ခံလို. ၊ အားပေးချင်လို. ။ တစ်ချို.ကတော့ အပျင်းပြေ ၊ တစ်ချို.ကတော့ ဘာရယ်မဟုတ် အင်တာနက်ပေါ်ရောက်ရင် ထုံးစံအတိုင်း ဟိုကြည့်ဒီကြည့် ။
အေး.........ငါတို.ကတော့ ဒီစောက်ထုံ "ငပေါ".........ဘာတွေများ လေကျယ်ထားသလဲဆိုပြီးဝင်ကြည့်တာ ။ တစ်ယောက်ဝေဖန်ထားသလိုဘဲ......."နည်းနည်းလေး ကိုယ့်ကိုယ်ကို အထင်ကြီးတာရယ် ၊ သူများကို အထင်နည်းနည်းလေးသေးတတ်တာရယ်" ဆိုသလိုပေါ့ တကယ်တမ်းမညှာမတာ ပြောရစတမ်းဆိုရင် မင်းရဲ.စည်းရုံးရေးစွမ်းရည်ပြည့်ဝမှုကြောင့် နောက်နောင် မင်းဦးဆောင်တဲ့ပွဲဆိုရင် သူများတွေတော့ မသိ ၊ ငါတို.ကတော့ Sorry ပဲ ။ စောင့်ကြည့်နေပါ။ နိုင်ငံရေးကို စိတ်ဝင်စားကြသော်ငြား မင်းလိုငါတစ်ကော,ကော ။ ငါ့စကားနွားရ ကောင်မျိုးတွေကြောင့် စိတ်ပျက်သွားသူ ဘယ်လောက်များ ရှိနေမယ် မသိနိုင် ။

Anonymous said...

To above anon,June 9, 2009 12:57 PM, I would like to quote this two comments for you.

ကျော်ထင် said...
အရင်ပို့စ်ကတည်းက သတိထားမိနေတယ်။ ကွန်မန့်ထဲမှာမရောင်ရာ ဆီလူးကြတာ အတော်များတာပဲ။ ပေးချင်တဲ့မက်ဆေ့ကဘာလဲ အဲဒါကိုယူမယ်။ စာရေးသူလဲ သူမှားတာ မှားမှန်း ရိုးရိုးသားသားဝန်ခံရေးတာပဲ။ ဒါဘာဆန်းလဲ? အချို့သူတွေအနေနဲ့လဲ ငါ့များပြောတာလားလို့ တွေးပြီး မလုံမလဲဖြစ်စရာမလိုပါ။ ကျုပ်ကိုယ်တိုင်လဲ ပွဲတိုင်းလိုက်မနွှဲပါ၊ မနွှဲနိုင်ပါ။ ယခုပွဲလဲ ပွင့်ပွင့်လင်းလင်းပြောရင် မပါခဲ့ပါ။ ဒါပေမယ့် ငါ့များစောင်းပြောနေလားလို့ မခံစားရပါဘူး။ လူတိုင်းမှာ ကိုယ့်ပြသနာနဲ့ကိုယ်၊ ကိုယ့်ခံယူချက်ကိုယ်ရှိပါတယ်။ If your conscience is clear; so long as you have justification for your action, stay silent! Accept the reality and no more rebuke please. ကိုယ့်စိတ်ထဲမှာ မတရားတာကို ဆန့်ကျင်တဲ့အသိရှိမယ်။ အခြေအနေပေးရင်ပေးသလို ပါဝင်လှုပ်ရှားမယ်ဆိုတဲ့ အသိရှိရင် လိပ်ပြာသန့်သန့်နဲ့ ပဲနေလိုက်ကြပါ။ စာရေးသူဆိုလိုတာက တာဝန်မဲ့နေသူများကိုပဲ တာဝန်သိစိတ်လေး နဲနဲရှိစေချင်တဲ့ ဆန္ဒကိုဖေါ်ပြတယ်လို့ပဲ ခံယူလိုက်ပါ။ ဒါဆိုအငြင်းပွားဖွယ်ရာ အကြောင်းမရှိတော့ပါ။

June 3, 2009 3:38 AM
Mei Mei said...
ကိုကျော်ထင်ရေ..

အပြည့်အဝထောက်ခံပါတယ်။ ကျွန်တော်ပြောချင်နေတာနဲ့ တထပ်ထဲပါဘဲ။
ခက်တာက တချို့လူတွေက ကိုယ့်လိပ်ပြာ ကိုယ်မလုံကြလေတော့ ပြဿနာပေါ့ဗျာ။
ဒီလို နိုင်ငံရေးအသွင်ဆောင်တဲ့ ပွဲတွေမှာ မချီးမွမ်းချင်နေ ( နိုင်ငံသား တယောက် သူလုပ်ရမယ့် အလုပ် သူလုပ်နေတာမို့ ချီးမွမ်းစရာမလိုပါ။) မကဲ့ရဲ့မိဖို့ အရေးကြီးပါတယ်။
ဥပမာ.. "အန်တီစုရော လွတ်မြောက်ပြီလား ခင်ဗျာ..." ဆိုတာမျိုး။ ဘယ်သူ ကို မကြိုက်လို့၊ ဘယ်သူ ဦးဆောင်လို့၊ ဘယ်သူ ရဲ့စည်းရုံးရေးက မကောင်းလို့၊ ဘယ်သူ နဲ့ ဖြင့်တွဲမသွား ချင်လို့…စသဖြင့် လျှာအရိုးမရှိရေးနေသူများ ကိုယ်စီးတဲ့မြင်း ကိုယ် အထီးမှန်း အမမှန်းသိပါစေ။ ( နအဖ လူ ဆိုရင်တော့ ဘာမှပြောစရာမရှိပါ။)

စည်းရုံးရေး နဲ့ ပတ်သက်လို့ ပြောရရင်..မြန်မာ့နိုင်ငံရေးဟာ ( အထူးသဖြင့် ဒေါ်စုလွတ်မြောက်ရေးဟာ) အထူးတလည် ထပ်မံစည်းရုံးစရာမလိုအပ်တဲ့၊ ပါဝင်တဲ့နေရာမှာ ချေးများနေဖို့မဖြစ်သင့်တဲ့ ၊ နိုင်ငံသားအားလုံးပါဝင်သင့်တဲ့အရေးမှန်း လူတိုင်း နီးပါးသိပြီးသားပါ။
‘ဘာကြောင့် ကိုယ်မပါဝင်နိုင်သေးတာလဲ ’. .ဆိုတဲ့မေးခွန်းကို ကိုယ့်ဘာသာအရိုးသားဆုံးပြန်ဖြေကြည့်ပြီး..ကိုယ့် ကို ကာရံထားတဲ့ တံတိုင်းတွေ၊ ကိုယ် ပိတ်မိနေတဲ့ တံတိုင်းတွေ ကို ကိုယ့်ဘာသာဘဲခြေဖျက်နိုင်ကြပါစေ။ အရိုးသားဆုံးဖြေ မှ ကိုယ့် ကို ကာရံထားတဲ့ တံတိုင်းအမှန်ကိုသိနိုင်မယ်..ဒါမှလည်း ခြေဖျက်ဖို့ဆိုတာ ဖြစ်နိုင်မယ်။ ဒါပါဘဲ။

အဲဗြာ said...

ကိုပေါရဲ့ ဆောငိပုဒ်က ကြိမ်စာဝလေ မောင်လှလေ ထင်ပါတယ်.... အရေထူပုံပဲ...

Anonymous said...

ပြောချင်ရာသာပြောပါ ။ ငပေါ တော့တော်ပါပြီ ။ တစ်ခုသတိထားရမှာက ဦးဆောင်ဦးရွက်ပြုမည့်သူဆိုတာကတော့ ဒီလိုအရေးအသားမျိုး ၊ ဒီလိုသူများတစ်ကာကို လိုက်ပြီးလက်ညှိုးထိုး၊သူများတစ်ကာကို အပြစ်မြင်တတ်သူမျိုးနဲ.တော့ မဖြစ်နိုင်ပါ ။ စည်းရုံးရေးဆိုတာဒီလိုလုပ်လို.မရပါဟုသာ ဆိုလိုပါကြောင်း။

ကိုပေါ said...

Su... ကွန်မင့်အတွက် ကျေးဇူးတင်ပါတယ်။ ကျနော့်ကို ဝေဖန်တာ ခံနိုင်ပါတယ်။ ကျနော့်တဦးတည်းအတွက်ကတော့ ဆဲတာကိုလည်း မမှုလှပါဘူး။ တချို့ကတော့ ပို့စ်ကို မကြိုက်တဲ့အတွက် ရိုးရိုးသားသား တခါတရံ ဆိုသလိုမျိုး ၀င်ဆဲတာလည်း ရှိကောင်းရှိနိုင်ပါတယ်။

သူတို့ကွန်မင့်တွေကို ကျနော်မဖျက်တာ သူတို့ ဝေဖန်မှာကို စိုးရိမ်လို့မဟုတ်ပါဘူး။ ကျနော်လူတိုင်းကို လွတ်လွတ်လပ်လပ် ရေးသားစေချင်တယ်။ ကိုယ်ပြောတဲ့စကားကို ကိုယ်တာဝန်ယူပြီး ပြောစေချင်တဲ့အတွက် အလေ့အကျင့်ရအောင် တမင်လွှတ်ပေးထားတာဖြစ်ပါတယ်။

မဆိုင်သူတွေရဲ့ ပုဂ္ဂိုလ်ရေးတွေပါ ဖော်ပြီး ကြမ်းကြမ်းတမ်းတမ်းရေးတဲ့ ကွန်မင့်တွေကို ကျနော်ချက်ချင်းဖျက်မှာပါ။

တချို့သော အမည်မသိ ကွန်မင့်တွေဟာ ပို့စ်မှာ ပါတဲ့ အကြောင်းအရာနဲ့ မစပ်ဆိုင်လှပဲ ရည်ရွယ်ချက်ရှိရှိနဲ့ တမင် အနှောင့်အယှက်ဖြစ်ရုံသက်သက် လာရေးနေကြတာကို သတိထားမိပါတယ်။ အင်္ဂလိပ်လို ရေးတဲ့မှတ်ချက်တွေဆိုရင် အမည်မသိ နာမည်ခံထားပေမယ့် တဦးတယောက်တည်းက ရေးနေတယ်ဆိုတာ သူ့အရေးအသားနဲ့ ဝေါဟာရ အကန့်အသတ်ကို ကြည့်ပြီး ခန့်မှန်းနိုင်ပါတယ်။

သို့သော်လည်း စာဖတ်သူအများစုရဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းကို ကျနော်ယုံကြည်တယ်။ အဲသည်အတွက် သည်အနှောက်အယှက်တွေကို ကြာရင် စာဖတ်သူက အလိုအလျောက် ကျော်လွှားဖတ်သွားကြမယ်။ ကျနော်တို့ကလည်း အရေးထားပြီး တုန့်ပြန်နေမှာ မဟုတ်တော့ရင် အလိုအလျောက် သူတို့ရဲ့ လုပ်ရပ်ဟာ ကျဆုံးသွားပါလိမ့်မယ်။

ပေါဘောမ said...

ကိုပေါက ငါတို့ကို အလေ့အကျင့်ရအောင် လေ့ကျင့်ပေးနေတယ် ဆိုပါလား..... ကိုယ့် အဆင့်နဲ့ တန်ရာတန်ရာ မပြောဘူး.... လေ့ကျင့်ခန်းဆက်ဆင်းကျ idiots တွေ.. ငါ့တော့ သူလက်ဆင်တွေရွံ လို့ ပြေးပြီး......

Anonymous said...

မပြေးပါနဲ. ပေါဘောမ ရယ် ။ အဲလောက်လည်း အလေးအနက်မထားပါနဲ. ။ အပျင်းပြေပေါ့ကွာ။ ဒီငပေါ ကအဲလိုအပျင်းပြေလို. သဘောထားမှဘဲဖြစ်တော့မှာကွ။ ဘယ့်နှယ်ကြုံဘူးပေါင်ကွာ ။ ဒီလောက်ဘဝင်လေဟပ်နေတဲ့ ဘလောက်ဂါမျိုးကို ။ အံ့ဩပါရဲ.ကွာ ။ စောက်ကျိုးနဲ...........။ ဒီငပေါဘလောက်ကို ဖတ်ပြီး"ဗမာပြည်ဒီမိုကရေစီ"ရေးအတွက်လှုပ်ရှားနေပါတယ်ဆိုတဲ့ဒီငပေါလိုကောင်တွေကို စိတ်ပျက်သွားတဲ့သူ ဘယ်လောက်များရှိနေမယ်မသိတော့ပါဘူးကွာ။

Anonymous said...

" အေး.........ငါတို.ကတော့ ဒီစောက်ထုံ "ငပေါ".........ဘာတွေများ လေကျယ်ထားသလဲဆိုပြီးဝင်ကြည့်တာ ။ တစ်ယောက်ဝေဖန်ထားသလိုဘဲ......."


အဲဒီစာကြောင်းကို ထောက်ခံပါကြောင်း ..

kkkt

Anonymous said...

Ko Paw said...

သူတို့ကွန်မင့်တွေကို ကျနော်မဖျက်တာ သူတို့ ဝေဖန်မှာကို စိုးရိမ်လို့မဟုတ်ပါဘူး။ .............အလေ့အကျင့်ရအောင် တမင်လွှတ်ပေးထားတာဖြစ်ပါတယ်။

.........အင်္ဂလိပ်လို ရေးတဲ့မှတ်ချက်တွေဆိုရင် အမည်မသိ နာမည်ခံထားပေမယ့် တဦးတယောက်တည်းက ရေးနေတယ်ဆိုတာ သူ့အရေးအသားနဲ့ ဝေါဟာရ အကန့်အသတ်ကို ကြည့်ပြီး ခန့်မှန်းနိုင်ပါတယ်။.......

............

June 9, 2009 1:39 PM

Anonymous said...

....... we don't need to mention our name and symbol..

bcos we don't need it anything from mentioned-name..

we just want to give you some opinions..

name doesn't matter...

so you don't take it personally for NAMES..

it's not business...

it's just Non-sense club..

Nga Htin said...

ကိုပေါရဲ့ စည်းရုံးရေးစွမ်းရည်ပြည့်ဝမှုကို လေးစားပါကြောင်း :P

Anonymous said...

I am very very upset to you since JJ's impolite songs case.
so bad. Over acting
may be you are not REAL RIT . get B.E degree by moderation? also get NTU master by part-time. moderation part-time.
OVER ACTINGGGGGGGGGGGGGGGGG.......................
SO FUNNY.........
"CHEE BRAIN" har har

Anonymous said...

မျိုးမြင့်မောင် ကမှပေါဘောမအစစ်ကွ
ထောက်ပံ့ကြေးတွေနဲ့တော်တော်ကြီးပွားနေပြီထင်တယ်

Anonymous said...

Su... ကွန်မင့်အတွက် ကျေးဇူးတင်ပါတယ်။ ကျနော့်ကို ဝေဖန်တာ ခံနိုင်ပါတယ်။ ကျနော့်တဦးတည်းအတွက်ကတော့ ဆဲတာကိုလည်း မမှုလှပါဘူး။ တချို့ကတော့ ပို့စ်ကို မကြိုက်တဲ့အတွက် ရိုးရိုးသားသား တခါတရံ ဆိုသလိုမျိုး ၀င်ဆဲတာလည်း ရှိကောင်းရှိနိုင်ပါတယ်။

ဝေဖန်တာကိုခံနိုင်တာမဟုတ်ပါဘူး
အရေထူနေတာပါ
ငါ့စကားနွားရမရတော့မသိပါ။ထောက်ပံ့ကြေးတော့ရပါတယ်

Anonymous said...

၇ီ၇တယ်နော်.ဘယ်သူ့ကိုစော်ကားချင်တဲ့စိတ်နဲ့မဟုတ်ပါဘူး.ဒါပေမယ့်တကယ့်ကို၇ီမိသွားတယ်.

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs