“ရထားပေါ်မှာ… ကျူတန်းထဲမှာ…. လောကကြီးမှာ”

Share |
ဘူတာတခုတွင် MRT ပေါ်သို့ အဘိုးကြီးအိုတယောက် တုန်ချိချိ တက်လာကာ လူကြားထဲတွင် တိုးဝှေ့ပြီး သက်ကြီးရွယ်အိုများအတွက် ရည်ရွယ်ထားသော သတ်မှတ်ထိုင်ခုံရှေ့တွင် သွားရပ်သည်။ ထိုထိုင်ခုံတွင်ကား နားကြပ်ကို နားထဲထည့်လျက် အမ်ပီသရီးနားထောင်နေသည့် အသက်၂၀ ခန့်ရှိလူသည် သူ့ရှေ့တွင် အဘိုးကြီးလာရပ်သည်ကို မသိဟန်ဆောင်ကာ အိတ်ထဲမှ လက်ကိုင်ဖုန်းကို ထုတ်ပြီး ဟိုနှိပ်သည်နှိပ်လုပ်နေလေသည်။ အမှန်တွင်ကား လူရွယ်အနေဖြင့် ထိုင်ခုံနေရာကို မိမိထက် ပို၍လိုအပ်နေသော သက်ကြီးရွယ်အိုအတွက် ဖယ်ပေးရမည့် ၀တ္တရားရှိလေသည်။

ဤမြင်ကွင်းကို အနားရှိလူအတော်များများက သတိပြုမိသည့်တိုင် မည်သူကမျှ လူရွယ်အား အမုန်းခံ၍ နေရာဖယ်ပေးရန် မပြောချေ။ အတန်ကြာသောအခါ အနားမှ လူတဦးသည် မနေသာတော့ပဲ လူရွယ်အား ဖယ်ပေးရန် ပြောဆိုလေသည်။ ထိုအခါ လူငယ်သည် ထိုသို့ ဖယ်ပေးရန်ပြောသူအား မကြည်လင်သော အကြည့်ဖြင့် တချက်ကြည့်ကာ ထိုင်ခုံမှ မထချင် ထချင်နှင့် ဖယ်ပေးလေတော့သည်။

ဤအဖြစ်အပျက်ကို ကြည့်လျှင် လူရွယ်သည် မိမိသက်တောင့်သက်သာ ရှိရေးအတွက် မိမိတွင် ပြုဖွယ်ရှိသော ၀တ္တရားတခုကို မသိကျိုးကျင်ပြုကာ နေခဲ့သည်မှာ ထင်ရှားသည်။ တဖန် ပတ်ဝန်းကျင်ရှိ လူများတွင် လူငယ်၏ အပြုအမူကို မကြိုက်သော်ငြား မှားယွင်းသော ထိုအပြုအမူကို ထောက်ပြရန် ၀န်လေးကြသည်ကို တွေ့ရသည်။ ထောက်ပြသောသူသည် ဖြစ်သင့်ဖြစ်ထိုက်သော ကိစ္စရပ်တခု ဖြစ်လာစေရန် အမုန်းခံ၍ ပြောသင့်ပြောထိုက်သည်ကို ပြောသည့်အတွက် ချီးကျူးထိုက်ပေသည်။ လူငယ်အနေဖြင့်ကား သူမသိကျိုးကျင်ပြုနေသော ၀တ္တရားကို တစုံတယောက်မှ သိသာထင်ရှားအောင် ထောက်ပြသည့်အတွက် အရှက်ရသည်။ ထို့အပြင် သူ၏ နေရာကို ဖယ်ပေးရသဖြင့် သက်တောင့်သက်သာ စီးနင်းလိုက်ပါခွင့် ဆုံးရှုံးသွားသည်။ ဤအကြောင်းရင်းခံများကြောင့် ဖယ်ပေးရန်ပြောသူအား အမုန်းထားသည်။

သို့သော် ဤဖြစ်ရပ်မျိုးတွင် များသောအားဖြင့် မိမိအသိစိတ်ဖြင့် အလိုအလျောက် ဖယ်ပေးသူများလည်း ရှိ၏။ သူတပါးမှ ဖယ်ပေးရန်ပြောသောအခါတွင်မှ အသာတကြည်ဖယ်ပေးတတ်သည်လည်းရှိ၏။ ဖယ်ပေးသော်လည်း စောစောက လူငယ်ကဲ့သို့ပင် မကြည်မသာဖြင့် ဖယ်ပေးတတ်သည်လည်း ရှိ၏။ အဆိုးဆုံးမှာကား မည်သို့ပင် ဖယ်ခိုင်းပါစေ၊ မျက်နှာပုပ်နှင့် ဆက်လက်ထိုင်နေတတ်သူများလည်း ရှိသည်။ အကယ်၍ ဖယ်မပေးရုံမျှမက ပြောလာသူအား “ငါက အစကတော့ လူကြီးကို ဖယ်ပေးမလို့ပါ။ ဒါပေမယ့် အခုလို မင်း ၀င်ပြောတာကို သောက်မြင်ကပ်တဲ့အတွက် ဖယ်မပေးချင်တော့တာ”ဟု မခိုင်လုံသော အကြောင်းပြချက်ကို ပေးလျက် နေရာတွင် ဆက်လက်၍ ပေကပ်ထိုင်နေတတ်ကြသူများမှာ “ဒေါ်အောင်ဆန်းစုကြည်ကို အစကတော့ လွှတ်ပေးမလို့ စဉ်းစားနေပါတယ်၊ အခုတော့ ယက်တောကိစ္စဖြစ်လာတဲ့အတွက် လွှတ်မပေးတော့ပါဘူး” ဟု ပြောထွက်သော နအဖ၏ မိန်းမရွှင်ပါးစပ်နှင့် တူလေသည်။

သို့သော်ဤကိစ္စမျိုးမှာ ဥပဒေဖြင့် ပြဋ္ဌာန်းထားခြင်းမဟုတ်၍ တရားဥပဒေအရ အရေးမယူနိုင်ချေ။ ကိုယ့်အသိစိတ်နှင့်ကိုယ် ၀တ္တရားကို သိကြရန်သာရှိသည်။

ဤသို့ သက်ကြီးရွယ်အိုများကို နေရာဖယ်ပေးရသည့်ကိစ္စမှာ လူ့အဖွဲ့အစည်းတွင် အများစုမှ ကောင်းသောစံအဖြစ် လက်ခံထားကြသည့် ဖြစ်ရပ်မျိုးဖြစ်၍ ဖယ်ပေးရန် ၀ံ့ဝံ့စားစား ၀င်ပြောသူအား အများစုမှ အပြစ်မမြင်တတ်ကြပေ။ ဖယ်ပေးရသူအနေဖြင့်လည်း ၀င်ပြောသူကို ပြန်လည်၍ နှုတ်တုန့်မပြန်ရဲပေ။ အလွန်ဆုံး မျက်နှာပုပ်ထားရုံမျှသာ တတ်နိုင်ပေသည်။

သို့သော် လူအများ ကျူတန်းစီနေသည့် နေရာတွင် လူတယောက် ကြားက ဖြတ်၍ တန်းစီသည့် ကိစ္စကို ကြည့်ကြပါစို့။ ဤဖြစ်ရပ်တွင် ကြားဖြတ်တန်းစီခြင်းကို နောက်တွင် တန်းစီနေသူ မည်သူမျှ နှစ်သက်နိုင်ကြသည် မဟုတ်ချေ။ သို့သော် ထုံးစံအတိုင်း ထိုသူ၏ မတရားလုပ်ခြင်းကို ကန့်ကွက်ပြောကြားရန် အများစုသည် ၀န်လေးကြသည်ကို တွေ့ကြရသည်။ အကယ်၍ စောစောကလိုပင် တရားသဖြင့် ဖြစ်စေချင်သူ တစုံတယောက်က ကြားဖြတ်တန်းမစီရန် ၀င်ပြောမည်ဆိုပါက အခန့်မသင့်လျှင် ကြားဖြတ်သူက ရှက်ရမ်းရမ်းကာ နှုတ်ကြမ်းလျှာကြမ်းဖြင့် ပြန်လည်ရန်တွေ့တတ်သည်ကိုလည်း ကြုံတွေ့ကြဖူးပေမည်။

ထိုအခါမျိုးတွင်…. ကျူတန်းထဲမှ လူ ၂၀ ရာခိုင်နှုန်းခန့်သည် ကြားဖြတ်တန်းမစီရန် ၀င်ပြောသူဖက်က (အသံတိတ်) ထောက်ခံတတ်ကြသည်။ လူ ၇၀ ရာခိုင်နှုန်းခန့်သည်ကား မိမိပတ်ဝန်းကျင်တွင် ဤကိစ္စဖြစ်ပျက်သွားသည်ကို (oblivious) မသိလိုက်ကြသည်မှာ များသည်။

စိတ်ဝင်စားစရာကောင်းသည်မှာ ကျန်သော ၁၀ ရာခိုင်နှုန်း၏ စိတ်နေသဘောထားဖြစ်သည်။ ထိုသူတို့သည် ကျူကြားဖြတ်တန်းစီခံလိုက်ရခြင်းကို လုံးဝမနှစ်သက်။ သို့သော်လည်း ထုတ်ဖော်ကန့်ကွက်ရန်လည်း မ၀ံ့ရဲကြ။ တဖန် တစုံတယောက်မှ ထုတ်ဖော်ကန့်ကွက်ခဲ့လျှင် ထိုသူကို ထောက်ခံရမည့်အစား ၄င်းတို့ မပြုမူဝံ့သည့် အမှုတရပ်ကို ထိုသူက ပြုမူခဲ့ခြင်းဖြစ်၍ ထိုသူအပေါ်တွင် မနာလို ၀န်တိုလိုလျက် အကြောင်းမဲ့ အမုန်းပွားကာ ထိုသူ၏ လုပ်ရပ်ကို မထောက်ခံတော့ချေ။ ကျူတန်းဖြတ်သူက ရန်တွေ့ခဲ့လျှင် ထို ၁၀ ရာခိုင်နှုန်းစိတ်ထဲတွင် ကျိတ်ပြီးပင် ၀မ်းသာတတ်သေးသည်။ “ကောင်းတယ်၊ လူတွင်ကျယ် လုပ်ချင်တဲ့ကောင် မှတ်ပေရော့” ဟုလည်း သူတို့၏ မျက်မုန်းကျိုးစိတ်ကို တိုးတိုးတဖုံ၊ သိသာအောင်တမျိုး ဖော်ပြတတ်ကြသည်။ ထိုသူမျိုးမှာ အသိခေါက်ခက် အ၀င်နက်ကြသူများဖြစ်ကြလေသည်။ ဘာမှ မသိလိုက်သူ ၇၀ ရာခိုင်နှုန်းကို အမြင်မှန်ရအောင် ပြုလုပ်ရန်လွယ်ကူသော်လည်း ထိုဆယ်ရာခိုင်နှုန်းမှာကား ပြုပြင်ရန် ခဲယဉ်းလှသည်။ ထိုသူများသည် ဓမ္မဖက်မှ ရပ်တည်သူများကို အမနာပ ဝေဖန်အပြစ်ပြောကာ မျက်မုန်းကျိုးကြသူများလည်း ဖြစ်သည်။ ထိုသူတို့၏ စိတ်နေသဘောထားသည် ယုတ်ညံ့လှချေသည်။

အထက်တွင် ဖော်ပြခဲ့သော ဖြစ်ရပ်နှစ်ခုသည် သိပ်ပြီး ကြီးကျယ်အရေးပါလှသည့် ကိစ္စများ မဟုတ်လှသော်လည်း အရေးပါလှသော ကိစ္စရပ်များတွင်လည်း လူတို့၏ တုန့်ပြန်ပုံများမှာ ထိုနည်းနှင်နှင်ပင်ဖြစ်လေသည်။

အဓမ္မကို ကိုယ်တိုင်ကိုယ်ကျကျူးလွန်သူများ၊ မိမိပတ်ဝန်းကျင်တွင် အဓမ္မကြီးထွားနေသည်ကို မသိလိုက်မသိဘာသာ ရေငုံနှုတ်ပိတ်နေသူများ၊ အဓမ္မဖက်ကို တိုက်ဖျက်ရန် ကြိုးစားကြသူများ၊ ထိုသို့ အဓမ္မကို တိုက်ဖျက်ရန်ကြိုးစားသူများကို အလိုလို မျက်မုန်းကျိုးနေသူများ စသဖြင့် လူအမျိုးမျိုး အထွေထွေကို ဤလောက ဇာတ်ခုံကြီးပေါ်တွင် အထင်းသားတွေ့နိုင်ပေသည်။

45 comments:

Anonymous said...

By reading your post,

I would like to highlight to you that you'll never end to write to say in your whole life all kinds of bad things come out from others people ..

So try to appreciate others people do great and good things and be productive in your life..if possible.

It'll be valuable..

just a thought.

Anonymous said...

Hi Anon
June 3, 2009 11:42 AM

I would like to repeat your comment to some of the commenters in this blog who have very myopic views as well as the ma-yaung-yar-si-luu commenters.

Mind you Guys! ( You know whom I am talking to..)

"I would like to highlight to you that you'll never end to write to say in your whole life all kinds of bad things come out from others people ..

So try to appreciate others people do great and good things and be productive in your life..if possible.

It'll be valuable.."

JD said...

We can try to appreciate others' great things. But it doen't mean that we need to ignore the bad things/the wrong doings/the injustics in our life.
You can choose to be silent but there are people out there who want to speak out/point out what they think (regardless of right or wrong). That is nothing wrong too.

OM said...

Do they really follow Daw Su's idea which is she ignored other's bad things. Do they really love her ? I mean the blogger and friends.They are too much to abuse other.

Anonymous said...

Daw Aung San Suu Kyi's way is to tell the truth and to be frank all the time, not to keep silent in the face of injustice. She also criticises the wrong doing of others. Please study more about her.

ရဲဟန် said...

ကိုပေါဆောင်းပါးကိုဖတ်ပြီ: ကို့ကိုယ်ကို ဘာလိုလုပ်လဲလို့ ပြန်မေးကြည့်မိတယ် သတ်မှတ်ထိုင်ခုံမှာ ထိုင်မိရင် ဗိုက်ကြီးသယ် ခလေးမအေ သက်ကြီးရွယ်အို ဘယ်သူလာလာ ထပေးပါတယ်၊ ကိုယ်ကတခြားထိုင်ခုံမှာ ၊သတ်မှတ်ထိုင်ခုံမှာထိုင်နေတဲ့သူက ထမပေးလဲ ကိုယ်ပဲထပေးလိုက်တယ်၊ ကိုယ်တိုင်က ခုံမရှိလို့ရပ်နေရရင်တော့ သတ်မှတ်ထိုင်ခုံမာထိုင်နေတဲ့သူကို ထမပေးဘူးလားလို့ သွားမပြောပါဘူး၊ မသိဟန်ဆောင်နေလိုက်ပါတယ်၊ Q ဖြတ်တာကတော့ ကိုယ့်ရှေ့ကဖြတ်တာလား နောက်ကဖြတ်တာလားပေါ် မူတည်ပါတယ်၊ ကိုယ့်ရှေ့ကဖြတ်ရင် ထအော်ပါမယ် နောက်ကဖြတ်ရင် မသိဟန်ဆောင်နေလိုက်ပါမယ်၊ စပီကာကော်နာ မသွားတဲ့ အတွက် ကို့ကိုယ်ကို အပြစ်ရှိတယ်လို့ ခံစားရပါတယ၊် သွားတဲ့လူတွေကိုလဲ လေးစားအားကျပါတယ်၊ ဒါပေမယ့် လူများတုန်း မသိဟန်ဆောင်နေပြီ:
လူနဲသွားမှ လက်ကုပ်ပြီ: IC တောင်းလေ့ရှိတဲ အစိုးရမို့၊ ရှေ့မှာလဲ ကိုယ်ထက်မြင့်တဲ့ uni, poly graduated တွေတောင် ထိတာမို့၊ ချို့ချို့ငဲ့ငဲ့ ကိုယ့်သားသမီးလေးတွေနဲ ကြေွးရှင်တွေရဲ့ မျက်နာတွေကို မြင်ယောင်မိတာမို့ မလာဖြစ်လိုက်ပါဘူး၊ အဲဒီအတွက် ဆောတီးပါဗျာ

REAL said...

ကိုမျိုးချစ်စီဘောက်က သဘောကျလို့ ကူးလာပြတာပါ..

3rd Jun 2009, 11:40 AM
မီးငယ်: ရှေ့တွင်ဟုတ်ကဲ့ နောက်တွင် မကျေနပ်။သို့သော် ဘာများတက်နိုင်ဦးမည်နည်း။
3rd Jun 2009, 11:40 AM
မီးငယ်: နည်းငါးပမာ
3rd Jun 2009, 11:40 AM
မီးငယ်: ကြံ့ဖွံ့တွင်သာ အင်အားရှိသည်မထင်နှင့် အရပ်ဘက် အစိုးရ ၀န်ကြီးဌာန များသို့လဲ တပ်မတော်က လူမဟုတ်သူများ လူအသွင်ပြောင်းကာ အတော်များများရောက်ရှိနေကြပေပြီ။ မနေ့က ညီငယ်ဝန်ထမ်း တစ်ယောက်ကပြောသည်။ တပ်မတော်မှ လူများဌာနတွင် သောင်းကျန်းသည်။ မိန်းမသားများအား မျတ်နှာသာပေးသည်။ ယောက်ျားသားများအား အော်ဟစ်ဆဲဆိုသည် တပ်ထဲကအတိုင်းဆို တန်းစီပါးရိုက်ပစ်သည်ဟု ဆိုသည်။ ယင်းကို မခံနိုင်သော ၀န်ထမ်းများလည်း ရေ
3rd Jun 2009, 11:37 AM
မီးငယ်: ကဲ မည်သို့ ရှေ့ဆက်မည်နည်း။
3rd Jun 2009, 11:36 AM
မီးငယ်: ပြည်သူများကလဲ လူတစ်ဦးတစ်ယောက်၏ ခါးသီးသောဒုက္ခဟု၎င်း ပေးဆပ်ရဲသော သတ္တိရှင် ဖိအားပေးမှုကို တောင့်ခံနိုင်သောအာဂ အမျိုးသမီးတစ်ဦး အဖြစ်လေးစား ယုံကလွဲပြီး ထိုထက်မပိုတော့ချေ။
3rd Jun 2009, 11:36 AM
mgshinn: :zonked:
3rd Jun 2009, 11:35 AM
မီးငယ်: အကျဉ်းကျ ခေါင်းဆောင် လွတ်မြောက်ရေး ကြိုးပမ်းခြင်းဖြင့် NLD သည်လည်း တစ်ယောက်သော သူအတွက် သာဦးတည်နေသည်ဟု ပြည်သူလူပြိန်း ကျွန်ုပ် တစ်စစသိလာ၏။ ယင်းကား မြန်မာ့အရေး မဟုတ်ဟု ထင်သည်။
3rd Jun 2009, 11:33 AM
မီးငယ်: ဗိုလ်မှုးအောင်လင်းထွဋ်သည်လည်း ဒီပဲယင်းအကြောင်းကို ရေနူးခြင်းဖြင့် အဝေးမှ လေယာဉ်ပျံအား ဂဲနဲ့ထုခြင်းဖြင့် တပ်မတော်ကြီးလဲ ပြိုကွဲနေပါပြီ။ အစ်ကိုကြီး ကိုရွှေမန်းသို့ အိတ်ဖွင့်ပေးစာမျိုး ရေးကာ မဲဆွယ်ခြင်းသည်လည်းအတော် ထိရောက်၏ (ဘာမှကို ကိုကိုရွှေမန်းက မတုန့်ပြန်ပေ)
3rd Jun 2009, 11:31 AM
မီးငယ်: နအဖ ပြိုင်ဘက်များ၏ စည်းရုံးရေး စွမ်းရည်နှင့် ပြင်ဆင်ထားရှိမှုများ ကို ကျွန်ုပ် လူပြိန်းတစ်ယောက် အတော်အားရမိ၏။
3rd Jun 2009, 11:29 AM
မီးငယ်: CRPP NCGUB ဒေါက်တာစိန်ဝင်းတို့ သည်လည်း ဘယ်အတွက် ကြောင့် တိုင်းတစ်ပါးမှ နေ၍ မြန်မာလူထုအား စည်းရုံးမှု အတော်များများလုပ်ခဲ့ကြလို့ သူတို့ အဖွဲ့အစည်း နာမည်တွေကိုလဲ ပြည်သူတွေက တော်တော်ရင်းနှီးနေကြ၏(သိကိုမသိတာ)
3rd Jun 2009, 11:27 AM
မီးငယ်: ဒေါ်အောင်ဆန်းစုကြည်မပါလျှင်ဖြင့် ရွေးကောက်ပွဲ အထမမြောက်ဟု ဆိုသည်ကို ၀မ်းမြှောက်ဝမ်းသာ ထောက်ခံချင်ပါသော်လည်းပဲ လက်ရှိ စာရွက်ပေါ်တွင် ရှိသော ဘက်တော်သားစာရင်း ထောက်ခံမှု စာရင်းအားနှိုင်းယှဉ်ပါက NLD သည် အတော်မှေးမှိန်နေ၏။ ဟုတ်ပါသလော။
3rd Jun 2009, 11:25 AM
မီးငယ်:ှုထိုအချက်ကို ဦးဝင်းတင် မစဉ်းစားမိလေသလော
3rd Jun 2009, 11:23 AM
မီးငယ်: ယင်းအင်အားသည် မြန်မာနိုင်ငံတွင် အင်အားအများဆုံး စာရွက်ပေါ်မှ စာရင်းများပေတည်း။
3rd Jun 2009, 11:22 AM
peacock: ကောင်လေး.. ချစ်သူလေး ဘယ်မတုန်းဟဲ့။
3rd Jun 2009, 11:22 AM
မီးငယ်: အဘယ်ကြောင့် ဆိုသော် အတန်းတိုင်း၏ register (ကျောင်းခေါ်ကြိမ် စာအုပ်)နှင့် တိုက်ဆိုင်ပြီး ဒဲ့ကူးယူခြင်း ဖြစ်သောကြောင့်ပေတည်း။
3rd Jun 2009, 11:21 AM
မီးငယ်:ူုူအသင်းဝင် အမှတ်ရှိသည်။
3rd Jun 2009, 11:21 AM
မီးငယ်: မဟုတ်ဘူးလို့ မငြင်းပါနှင့် မြို့နယ်တိုင်းရှိ ကြံ့ဖွံ့ရုံးတွင် သင့်အမည်စာရင်းရှိသည်....
3rd Jun 2009, 11:20 AM
မီးငယ်: အဲ့ဒီခေတ်ကာလက မြန်မာပြည်တွင်းကျောင်းတက်သော သူများသည် ခန့်မှန်းခြေ ၁၉၉၆ ခုနှစ် ၀န်းကျင် ကျောင်းသားအားလုံး သည် အသင်းဝင်ဖြစ်သွားပေသည်။ အားလုံးသည် အသင်းသားစာရင်းဝင်၏

မျိုးမြင့်မောင် said...

မီးငယ်လို ဘာများတတ်နိုင်မှာလည်းလို့မေးမယ့် လူတွေကို အကြံပေးကြည့်မယ်နော်။ ရှေ့တွင်ဟုတ်ကဲ့ နောက်တွင်မကျေနပ် မလုပ်ချင်ရင် ရှေ့တွင်မကျေနပ် နောက်တွင်ဟုတ်ကဲ့ လုပ်ကြည့်ပါလား။ ဒါမှ မဟုတ် ရှေ့ရောနောက်ပါ ဟုတ်ကဲ့။ အဲဒါမှမဟုတ်သေးရင် ရှေ့ရောနောက်ပါ မကျေနပ်တာပေါ့။ အဲဒါတွေအားလုံး မတတ်နိုင်ဘူးဆိုရင်တော့ ရှေ့ရောနောက်ပါ ဘာမှမလုပ်တဲ့ အလုပ်ကိုလုပ်လို့ရပါသေးတယ်။ Contributing by not contributing ပေါ့ဗျာ။ Good contribution လား၊ bad contribution ဆိုတာတော့ ကိုယ့်ဟာကိုယ်စဉ်းစားပေါ့။ မစဉ်းစားတတ်လည်း ရပါတယ်။ မစဉ်းစားချင်လည်း အပြစ်မမြင်ပါဘူး။ မြန်မာဆိုရင် ကျေးဇူးတင်ပါတယ်။

Anonymous said...

နအဖ ကတော့ ဘယ်လိုပဲ စည်းလုံးစည်းလုံး.... စည်းလုံးတယ်... အကွက်ကျတယ်.. ထောင့်စိတယ်.... ချီးကျူးတယ်..

Anonymous said...

>>>>နအဖ ကတော့ ဘယ်လိုပဲ စည်းလုံးစည်းလုံး.... စည်းလုံးတယ်...<<<<<

ဒါပေါ့လေ…. ဆောင်ပုဒ်ကိုက “ဘယ်သူခွဲခွဲ တို့မကွဲ၊ အမြဲစည်းလုံးမည်” ပါ ဆိုနေမှ။ အင်္ဂလိပ်လိုတော့ “Whoever break break we are not broken, always united” တဲ့… ဟီဟီ။

ခက်ဆစ်။………။

အကွက်ကျတယ်.. = မြေကွက်တွေ ရိုက်ပြီး အမျိုးတွေနှင့် နောက်တော်ပါတွေကို ချပေးသည်။
ထောင့်စိတယ်.... = ထောင့်ထဲမှာ ဆွဲအစိခံရသည်။
ချီးကျူးတယ်.. … = ချီးစားကျူးသည်။

Mei Mei said...

ကိုရဲဟန်သို့

ကိုရဲဟန် လိုလူမျိုးကိုလည်းလေးစားပါတယ်။ ကျွန်တော် အရှေ့မှာ ရေးခဲ့တဲ့ကွန်မန့်ကို ပြန်ကောက်ရရင် ကိုရဲဟန်ဟာ ပွင့်လင်း ရိုးသားမှု ရှိပြီး ကိုယ့်ကိုပိတ်ထား ကာရံထားတဲ့ တံတိုင်းအမှန်ကို သိသူမျိုးပါ။ ဒီလို လူမျိုးဟာ တချိန်ချိန်မှာ ပါဝင်လာနိုင်တဲ့ လူမျိုးမို့ ဘေးထိုင်ဘုပြောနေသူတွေ၊ ကိုယ့်ကိုကိုယ် ဆင်ခြေပေးလှည့်စားနေသူတွေ ထက် အဆတရာလောက် ပိုပြီး တန်ဖိုးရှိပါတယ်။

ခင်မင်လျက်

Anonymous said...

မျိုးမြင့်မောင် said...

ဖုယောင်းတိုင်ထွန်းပြီး ဆုတောင်းရုံနဲ့ ဘာဖြစ်မှာလည်းလို့သာ ပြောပြီး ဘာလုပ်သင့်တယ်လို့ အကြံမပြုတတ်သော ဘာမှလုပ်ချင်ပုံမရတဲ့ ဘာမှန်းမသိရသော အမည်မသိကြီးကို အရမ်းကျေးဇူးတင်ပါတယ်ဗျာ။

June 3, 2009 11:38 AM

Anonymous said...

So you want advice..

Ever heard of ABSDF..

Vigorous Burmese Student Warriors (VBSW) ..

etc..

please stop alot of talks & for shows and


Start do some action ...

1st time in your life..

if you wanna talk about Fear..

June 3, 2009 4:25 PM

Anonymous said...

so still continue planning praying with beautiful candles...romantically.?

June 3, 2009 4:30 PM

Anonymous said...

sometimes..im sick of those comments wars!! for what?? in some post, the author is giving some msg but comments r not relevant! i accept different opinions but it seems that some guys r replying aggressively to those who have different opinions! Phew,,,

Anonymous said...

ဟုတ်ပါဗျား။ အပေါ်က Anonymous နဲ့ ထပ်တူပါပဲ။ ရေးထားတဲ့ ပိုစ့်နဲ့ မဆိုင်လည်း ဘလိုင်းကြီးကို ဆွဲယူပြီး ဆဲတော့တာပဲ။

ကိုပေါရေ၊ အဲလို Comment ရေးသူတွေ အတွက် blank ပိုစ့် တစ်ခုလောက် လုပ်ပေးလိုက်ပါလား။ သူတို့စိတ်ကြိုက်တိုက်ခိုက်လို့ရအောင် ကျန်တဲ့စာဖတ်သူတွေလည်း အနှောင့်အယှက် မဖြစ်အောင်ပေါ့။
...
...
ကိုပေါရေ၊ တော်ပါပြီဗျာ။ လုပ်မနေပါနဲ့တော့။ ဒီလူတွေ ဒီလောက်သိတတ်ရင် အစထဲက ဒီလိုဖြစ်မှာ မဟုတ်ဘူး။ :(

Anonymous said...

When I got S'pore, I noticed that these seats were labelled like "Please give up this seat to those who need it more than you do". Then, it changed about 2 years ago like "Be considerate. Give up this seat to those who need it (by removing Please word)". Then, the lastest, "Reserved seats with only signs and arrow down to the seat". That is what I learnt about Eolution of A Seat in S'pore's MRT. :-) Waiting for changing lable for those "Reserved Seats" with Fine (like S'pore style).

ကိုပေါ said...

Anonymous (June 3, 2009 8:47 PM) .... Thanks for sharing with us about the evolution of a train seat in Singapore.

It reaches the stage of "Reserved seat" written on the back of the seat. The next step will certainly be "Fine". That is why Singapore is called a Fine city. :-)

မျိုးမြင့်မောင် said...

အမည်မသိရယ်

အဲဒီနာမည်တွေကို မကြားဘူးပဲနေမလားဗျာ။ ကြားဘူးတာပေါ့။ ကဲပါ ကျနော်ဘာလုပ်သင့်တယ်ဆိုတာကို တိတိကျကျပြောစမ်းပါ။ ဖုယောင်းတိုင်မထွန်းပဲ ဘာကိုဘယ်လိုလုပ်ပါ ဆိုတာမျိုးပေါ့။ အဲဒီလို လုပ်ရင် ဘယ်လိုမျိုး ထိရောက်တဲ့အကျိုးဆက်တွေရနိုင်တယ် ဆိုတာပါထည့်ပြောနော်။ ကျနော် စောင့်ဖတ်ပါ့မယ်။

(အရင် post က comment ကို ဒီမှာ လာရေးရတာ တောင်းပန်ပါတယ်ဗျာ။ ကျနော်လည်း သူက ဒီမှာလာရေးထားတော့ ဒီမှာပြန်ဖြေရတာပေါ့။)

Anonymous said...

ဗေဒင်မေးပြီ ယတြာချေဖို့ပဲ ကျန်တော့တယ်ဗျာ... ကြည့်လဲလုပ်ကြ.. မိုးပျံဘူဘောင်း ပေါက်ပြီးပြုတ်ကျလာမယ့် အန်တီစုပုံ ဘယ်ရောက်မယ် မသိ....

Anonymous said...

သိပ်ပြီးသတ္တိရှိတယ် ဆိုတဲ့သူတွေ ပြည်တွင်းမှာ လိုအပ်လာရင် ဘယ်သူရှေ့ထွက်မလဲ စောင့်ကြည့်ရသေးတာပေါ့.... နအဖကို ရင်ဆိုင်ဘို့မပြောနဲ့ အသေခံတိုက်နေတဲ့ တပ်တွေကိုတောင် တစ်ကျပ်တပြားထောက်ပံ့ဘူးလို့လား.. အာကျယ်နေတဲ့ အဖွဲ့.. မသိတဲ့သူကသာယုံမယ်... လာပြောတဲ့သူတွေက သောက်ချဉ် မဟုတ်ဘူး... ဟောင်တဲ့ကောင် မကိုက်ဘူး ကိုက်တဲ့ကောင် မဟောင်ဘူးဟေ့... မင်းတို့ဆီကို မလာတာနဲ့ပဲ ထင်ခြင်ရာထင်နေကြတယ်.. အပေါ်ကတယောက်ပြောသလို ဖယောင်းတိုင်ထွန်းပြီးရင် ဘိန်းဒေါခေါ်ပြီး ဓါတ်သာရိုက်ကျတော့... ဖွိန်...

ကိုပေါ said...

Anonymous.... လက်နက်ကိုင်တော်လှန်ရေးကို မယုံကြည်တဲ့အတွက် တကျပ်တပြားမှ မထောက်ပံ့ပေမယ့် ပြည်တွင်းအင်အားစုတွေကို လစဉ်မပျက် ထောက်ပံ့လျက်ပါ။ ခင်ဗျားမသိတာဘဲ ရှိတာပါ။

Anonymous said...

To Anon : June 4, 2009 4:14 AM

ဒါဖြင့်..ခင်ဗျားကတော့ ကိုက်လည်းကိုက်၊ဟောင်လည်းဟောင်ပေါ့နော်..ကောင်းပါလေ့ဗျား :D

Anonymous said...

To Anon : June 4, 2009 4:14 AM
သြော..မေ့လို့၊ဟောင်ရင်လည်း သတ်ပုံလေးတော့ နဲနဲဂရုစိုက်ပြီး ဟောင်ဗျာ..ကြည့်ရတာအဆင်မပြေလို့ဗျိုး..:D

Anonymous said...

Ko Paw said...


လက်နက်ကိုင်တော်လှန်ရေးကို မယုံကြည်တဲ့အတွက် ....

Ofcourse... Ofcourse...

Stay in Spore, Enjoying S$$$, happily staying family, Supporting Spore GDP ...Ofcourse...

ပြည်တွင်းအင်အားစုတွေကို လစဉ်မပျက် ထောက်ပံ့လျက်ပါ။...

Ofcourse ofcourse...

Cents and penny...

မျိုးမြင့်မောင် said...

ဆိုလိုတာကတော့ အသေခံတိုက်မယ့် လက်နက်ကိုင်အဖွဲ့တွေကို ဖယောင်းတိုင်ဖိုးငွေတွေ ထောက်ပံ့ရမယ်ပေါ့ ဟုတ်လား။ ဆင့်ပါးစပ် နှမ်းပတ်ရာကျမှာပေါ့ဗျာ။ ဖယောင်းတိုင်ဖိုးငွေက ဘယ်လိုထိရောက်တဲ့ အလုပ်တွေအတွက် ဘယ်လောက်ထိ ထောက်ပံ့ပေးနိုင်တယ်ဆိုတာလေး ရှင်းပြပါလားဗျာ။ အလှူခံတဲ့နေရာ မှားနေပြီထင်တယ်ဗျို့။

ABSDF ရဲ့ ပြက္ခဒိန်တွေတော့ စင်ကာပူမှာ တစ်ခါရောင်းပေဖူးတယ်။ သူတို့က ပြက္ခဒိန်သာ ကူရောင်းခိုင်းတာ။ ကျနော်တို့ရဲ့ အိပ်စိုက် ဖယောင်တိုင်ဖိုးကိုတော့ ယောင်လို့တောင် မျက်စောင်းထိုးခဲ့တာ မဟုတ်ဘူး။ နေစမ်းပါအုံး။ ခင်ဗျားက ဘယ်အဖွဲ့ကလဲ။

Anonymous said...

Of course...

So what to Do...?

Buy candles, balloons, flowers and Pray...

It's these Guy Do...

So cute..

Anonymous said...

Of course...

So what to Do...?

Buy candles, balloons, flowers and Pray...

It's these Guy Do...

So cute..

မျိုးမြင့်မောင် said...

အော် ခက်နေပါပြီ။ ကဲပါဗျာ အလှူငွေမရလို့ စိတ်မကောက်ပါနဲ့။ စင်ကာပူမှာ ဖယောင်းတိုင်လာရောင်း။ ထွန်းဖို့လိုတိုင်း ခင်ဗျားဆီက ၀ယ်ပေးမယ်။ ပန်းနဲ့ပူဖောင်းပါ တွဲရောင်း။ ဈေးကောင်းပေးမယ်။

မျိုးမြင့်မောင် said...

နောက်တစ်ခု ကျန်သေးတယ်ဗျ။ ခင်ဗျားတို့ အကြံပေးထားတာက ဗေဒင်မေးပြီး ယတြာချေဖို့ မဟုတ်လား။ ဒီတော့ အမည်မသိဘိုးတော် ဆိုပြီး ဗေဒင်ဟောချင်လည်းပြော။ မယုံပေမယ့် အားပေးပါ့မယ်။ မှန်တာ မမှန်တာ အပထား။ အခုလို ရယ်စရာတွေ များများပြောရင် အပျင်းပြေဟောသူတွေနဲ့ ခင်းဗျား အလုပ်ဖြစ်မှာပါဗျာ။ ကဲ ဒီလောက် စဉ်းစားထားပေးတာ အလှူငွေမရလို့ ဘူမနေနဲ့တော့။

Anonymous said...

To Anon : June 4, 2009 10:46 AM

Ha..Ha..Do you think they will tell you the real amount of money they sent when you provoke them with the words " Ofcourse ofcourse...Cents and penny..."?
They are not stupid but you are the MORON.
By the way, are you also working for SPDC?

Anonymous said...

No...

I'm just a normal...

i luv my country and I luv ASSK..

But i hate big talks and no action..

Anonymous said...

Anonymous (June 4, 2009 12:01 PM)

So, what action did you do other than writing lousy comments here?

CLEAR????? said...

To Anonymous (@June 4, 2009 10:46 AM)

"Stay in Spore, Enjoying S$$$"

Of course, whoever stay out of Burma have to enjoy/use $$$$ because nobody can use " Kyats ". Clear ????

"happily staying family"

It's a good thing. Isn't it? What's wrong with that? "Try to appreciate others' good thing and be productive in your life..if possible."

"Supporting Spore GDP"

I think for the time being, it is better to support S'pore's GDP rather than Burma's because those military evils and their suckers are sitting on it. CLEAR????

Stop talking nonsense.

Anonymous said...

So..

Start talking big words..?

1964 to 2009, alot of generations of great people are sacrifice their life, lost their life, stay in prisons, etc...

Silently...

so enjoying SS$$$ and talk bigger for small praying session..?

so start talk big talks..?

Anonymous said...

disgusting day after day....
don't forget the rest are bigger group.

another anonymous.

ကျော်ထင် said...

Getting pissed of seeing those nonesense comments by Anonymous!
Whatever you say Big or Small, what does matter is " Truth".
Btw, correction: intead of 64, is it not 62 to 2009? So many courageous people sacrificed, have sacrificed, are still scarifying and will keep on sacrifying. We salute them. We support them in any form. We WILL take any form peaceful way to show our integrity with them. What's wrong with that? Isn't at least better than doing nothing?

Anonymous said...

ကျုပ်က သွာ့စ်မှာ အက်စပတ်နဲ့ လုပ်နေတဲ့ ကောင်ပါဗျာ.. ဘယ် အဖွဲ့အစည်းကလဲမေးရင်တော့.... လူပျိုကြီးများ အဖွဲ့ကပါ.. ဟတ်ဟတ်.. တခြားအနောနီးမတ်တွေက ကျုပ်မဟုတ်ဘူးဗျို့.. အိုင်ပီစစ်လိုက်ပါလားဗျာ... မဲမဲမြင်တိုင်း ဘသူထင်နေမယ့် အစား....

Anonymous said...

To Another Anonymous (June 4, 2009 2:21 PM),

Ha Ha, another anonymous with the same bad English???

You are very stupid, Moron.

Anonymous said...

Ko Paw said...

Anonymous (June 3, 2009 8:47 PM) ....
Anonymous said...

To Anon : June 4, 2009 4:14 AM
Anonymous said...

To Anon : June 4, 2009 10:46 AM
Anonymous said...

To Another Anonymous (June 4, 2009 2:21 PM),

ဘလော့ဖတ်အတွေ့ အကြုံအရ အထက်ပါ အနောနီးမတ်ဆိုပြီး ပြန်ပြန်ဆဲတတ်တဲ့သူကြီးက တခြားသူမဟုတ် ဘလော့ဂါကြီးကိုပေါ ကိုယ်တိုင်ပါပဲ ခင်ဗျာ....

အနောနီးမတ်စ် သွာ့စ်

Anonymous said...

"so start talk big talks..?"

ဟေ့လူ..ခင်ဗျားကော်မန့်ဖတ်ရတာ..ဟို.. Tomorrow..Tomorrow..Two tomorrow, I will go back ဆိုတဲ့ သိန်းစိန် ကိုတောင်ပြေးသတိရမိတယ်..တကယ်..:D :D :D

မျိုးမြင့်မောင် said...

အနောနီးမတ်စ် သွာ့စ် ကိုင်တဲ့ အက်စပတ်ဆိုတာ စလုံးရဲတွေ ခိုင်းစားဖို့ထုတ်ပေးတဲ့ Special Pass ပဲဖြစ်ရမယ်။ ဒါကြောင့် စင်ကာပူမှာ ဘာပဲလုပ်လုပ် သူအပြစ်မြင်နေတာ။ ကြည့်ရတာ စင်ကာပူမှာ မြန်မာ့အရေးလှုပ်ရှားမှုဖြစ်တိုင်း သူ့စလုံးအန်းကုန်းတွေ သူ့ကိုထောင်းပုံရတယ်။ ၀မ်းနည်းပါတယ် Spy သွာ့စ်ရယ်။

Anonymous said...

ကျော်ထင် said...

" intead of 64, is it not 62 to 2009?

............................. Isn't at least better than doing nothing? ""

The Point is...

since so many years passed by..

What your best idea is Only cute candles in your free time and just better than nothing doing idea and talk louder...?

please lah..

Better prepare for another century...with these ideas..sadly..

မျိုးမြင့်မောင် said...

ခင်ဗျားစိတ်မရှည်ရင် ကိုယ်တိုင်ထွက်လုပ်ပေါ့ဗျာ။ ဘာလဲ ခင်းဗျားရုပ်လူမြင်မှာစိုးလို့ ကြောက်နေတာလား။

ကျော်ထင် said...

Firstly, it would be a good manner to use at least a handle name to represent yourself here so that people can see who is who.

To the Anon who reponded me:
I am here not to argue with you but just showed down my frustration with your annoying comments. So I won't argue with you again. But let the people here know what activities do you think are good other than peaceful demonstration, prayer vigils and likewise, which every person can participate. Ofocz just share your opinion only if you are an anti-junta and a staunch supporter of Burmese democracy struggle.

Anonymous said...

postတော်တော်များများကိုဖတ်လိုက်တာ မျိုးမြင့်မောင်ဆိုတဲ့အကောင်ကမဲမဲမြင်တိုင်းလျှောက်ကိုက် နေပါလား ငပေါကဆေးမတိုက်ထားဘူးထင်တယ်

Anonymous said...

Making money on the internet is easy in the undercover world of [URL=http://www.www.blackhatmoneymaker.com]blackhat marketing[/URL], You are far from alone if you don't know what blackhat is. Blackhat marketing uses alternative or little-understood avenues to generate an income online.

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs