“Speakers’ corner မှာ ဆုံကြမယ်”

Share |
နအဖစစ်အစိုးရအနေနဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို မတရားအမှုဆင် ဖမ်းဆီးချုပ်နှောင်ထားခြင်းမှ လွှတ်ပေးရန် တောင်းဆိုမှုများအား အမေရိကန်သမ္မတ အိုဘားမားနဲ့ ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒွင်ဘရောင်း ကအစ အာဆီယံနိုင်ငံများ အလယ် ကမ္ဘာအရပ်ရပ်က ပြည်သူများအဆုံး အားလုံး တက်ညီလက်ညီ တောင်းဆိုနေကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ရင်ကြားစေ့ရေးအတွက် အစွမ်းဆောင်နိုင်ဆုံး တဦးတည်းသော ပုဂ္ဂိုလ်ဖြစ်ကြောင်းကို ကျနော့်ဘလော့ဂ် ဘယ်ဖက် ကော်လံမှာ တင်ထားတဲ့ ဦးဝင်းတင်ရဲ့ အင်တာဗျူးတွေမှာလည်း ဦးဝင်းတင်က ပြောထားပါတယ်။ တကမ္ဘာလုံးက လေးစားရတဲ့၊ စွမ်းဆောင်ရည်လည်းရှိတဲ့ ထက်မြက်တဲ့ ခေါင်းဆောင်တယောက်ကို ကျနော်တို့ မြန်မာပြည်သူတွေ လက်ဝယ်ရရှိထားတာပါ။

အခု တကမ္ဘာလုံးက သူမ လွတ်မြောက်ရေးအတွက် တညီတညွတ်တည်း တောင်းဆိုနေချိန်မှာ ကျနော်တို့ စင်္ကာပူရောက် မြန်မာများအနေနဲ့လည်း လာမယ့် တနင်္ဂနွေ( မေလ ၃၁ ရက်နေ့) စပီကာကော်နာမှာ ပြုလုပ်မယ့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တောင်းဆိုဆန္ဒပြပွဲမှာ အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။ ကျနော်တို့လည်း အဲသည်မှာ ရှိနေပါမယ်။

ဒီဆန္ဒပြပွဲအစီအစဉ်ဟာ စင်္ကာပူနိုင်ငံသားများက ကမကထ ပြုဆောင်ရွက်တာဖြစ်ပြီး စင်္ကာပူဥပဒေအရ တရားဝင် ဆောင်ရွက်တာလည်းဖြစ်ပါတယ်။ အစီအစဉ်အသေးစိတ်နဲ့ ဖိတ်ကြားလွှာကို အောက်မှာ ဖော်ပြထားပါတယ်။


“ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် Speakers’ Corner တွင် စုဝေးကြမည့် အစီအစဉ် ”

မိတ်ဆွေတို့…

စင်္ကာပူနိုင်ငံ လူ့အခွင့်အရေးလှုပ်ရှားသူများအဖွဲ့ Maruah မှ ဦးစီး၍ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် လှုပ်ရှားမှုတစ်ခုကို Speakers’ Corner တွင် ပြုလုပ်မည် ဖြစ်ပါသည်။ မိတ်ဆွေတို့အနေဖြင့် လာရောက် ပူးပေါင်းပါဝင်ကြဖို့ ဖိတ်ခေါ်ပါသည်။

နေ့ရက်........မေလ ၃၁ ရက်၊ ၂၀၀၉ ခု။

အချိန်.........ညနေ ၅ နာရီ မှ ၇ နာရီအထိ။

နေရာ.........Speakers’ Corner (Clarke Quay ဘူတာအနီး)။


အစီအစဉ်.......အ၀ါရောင်အင်္ကျီဝတ်ဆင်ခြင်း၊ ဖယောင်းတိုင်ထွန်းညှိ ဆုတောင်းခြင်း၊ မိန့်ခွန်းပြောကြားခြင်း၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တောင်းဆိုခြင်း သင်္ကေတအဖြစ် သူမဓါတ်ပုံချိတ်ဆွဲထားသော အ၀ါရောင် မိုးပျံပူပေါင်းများ လွှတ်တင်ခြင်း။

ဤလှုပ်ရှားမှုသည် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံကြောင်းကို လူဦးရေ များနိုင်သမျှ များများ အချိန် နှစ်နာရီခန့် ငြိမ်းချမ်းစွာ လာရောက်စုဝေးဆန္ဒပြသရန် နှိုးဆော်သော လှုပ်ရှားမှု ဖြစ်ပါသည်။

သူမ၏ လွတ်မြောက်မှုအတွက် သင်ထောက်ခံကြောင်းကို ပြသရန် အ၀ါရောင်အင်္ကျီကို ၀တ်ဆင်ခဲ့ပါ။

အကြံပြုချက်

(၁) စင်ကာပူနိုင်ငံသား နှင့် အမြဲတမ်းနေထိုင်ခွင့်ကိုင်ဆောင်သူများသာ ဆန္ဒပြခြင်း ၊ ပိုစတာများ ကိုင်ဆောင်ခြင်း နှင့် ဓါတ်ပုံ ကိုင်ဆောင်ခြင်း များကို ပါဝင်ပြုလုပ်ခွင့်ရှိသည်။

(၂) အခြား နေထိုင်ခွင့်ကိုင်ဆောင်သူများသည် ဆန္ဒပြခြင်း၊ ပိုစတာများ ကိုင်ဆောင်ခြင်း နှင့် ဓါတ်ပုံကိုင်ဆောင်ခြင်း များကိုပါဝင်ပြုလုပ်ခွင့် မရှိပါ။ သို့သော် Speakers’ Corner သို့ ကြည့်ရှုလေ့လာသူများအဖြစ် လာရောက်၍ အားပေးနိုင်ပါသည်။

(၃) ဆန္ဒပြရာတွင် ပါဝင်မည့် စင်ကာပူနိုင်ငံသား နှင့် အမြဲတမ်းနေထိုင်ခွင့်ကိုင်ဆောင်သူများ သည် အောက်ပါအချက်များကို လိုက်နာကြရမည်။

(က) လူမျိုးခြား (သို့မဟုတ်) ဘာသာခြား တို့အကြား အမုန်းပွားရန်လိုမှုကို ဖြစ်စေမည့် အကြောင်းအရာများကို မရွတ်ဆိုရပါ။ ဤစုဝေးပွဲသည် ငြိမ်းချမ်းစွာ ဆန္ဒပြပွဲဖြစ်ကြောင်း သတိချပ်ပါ။

(ခ) ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံပါသော ပိုစတာ နှင့် ဘန်နာများကိုသာ ကိုင်ဆောင်ရန် နှင့် ပိုစတာများတွင် ကြမ်းတမ်းသော၊ ရိုင်းပြသော၊ ညစ်ညမ်းသော အရေးအသားများ မပါဝင်စေရပါ။

8 comments:

Anonymous said...

သိပ်ကောင်းတယ်ဗျို့ လာခဲ့မယ် ဒါပေမယ့် တစ်ခုပဲ စိတ်မကောင်းဘူး အခြား နေထိုင်ခွင့်ကိုင်ဆောင်သူများထဲမှာ ပါသွားတော့ ကြည့်ဖို့ပဲ တတ်နိုင်တယ် :(

yanmyo said...

နော့ကာရိုလိုင်းနားကအဖွဲ့တွေဒီညဘဲ ကား ၇စီးနဲ့
နယူးယောက်ကို ချီတက်သွားကြတယ်၊ ဝါရှင်တန်မှာတော့ခဏခဏလုပ်ဖြစ်ကြတယ်၊ပြီခဲ့တဲ့
အပတ်ကတော့နောက်အကျဆုံးသင်္ကြန်ကျင်းပရင်း
ဆုတောင်းပွဲပါလုပ်ဖြစ်တယ်၊ ဆက်လက်ချီတက်ရင်း..

me said...

How to come speaker corner?

ကိုပေါ said...

အမည်မသိရေ....

Clarke Quay MRT station ကို လာခဲ့ပါ။ ပြီးရင် Hong Lim Park ကို ထွက်တဲ့အပေါက်ကနေ ထွက်ခဲ့ပါ။ Speakers' corner ဟာ အဲသည် Hong Lim Park ထဲမှာပဲ ရှိပါတယ်။

ကိုစိုးထက် said...

လာမယ်ဗျား၊ ထိရောက်တာမထိရောက်တာ..နောက်မှာထားလိုက်ပြီ၊ ဘာပဲဖြစ်ဖြစ်လာမယ်..မွေးကတည်းကမြန်မာတံဆိပ်ကပ်ထားတာ မလာပဲနေလို.မရဘူး...ကိုအမည်မသိလိုပဲ ကြည်.ဖို.ပဲတတ်နိုင်တယ် မြန်မာ.အရေးကိုစိတ်ကုန်တာတော.ကြာပြီ မလာပဲမနေနိုင်ဘူး..

Anonymous said...

ကောင်းပါ့....ကောင်းပါ့...... အားပေးပါတယ်..


ခိုင်

Anonymous said...

ကျမတို့လဲ လာနိုင်အောင်ကြိုးစားပါ့မယ်...

ခိုင်

Anonymous said...

"မွေးကတည်းကမြန်မာတံဆိပ်ကပ်ထားတာ" ... ဆိုတဲ့စကားလေးကို သဘောကျတယ်ဗျာ ...

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs