“အဘ ကယ်ပေလို့”

Share |
မင်းတုန်းမင်းလက်ထက်မှာ ရတနာပုံသတင်းစာက အယ်ဒီတာမင်းတွေကို ခေါ်ပြီး ဟောသလို ပြောသတဲ့။

“ငါမကောင်းရင် ငါ့ကိုရေး။ ငါ့မိဖုယား မကောင်းလျှင် ငါ့မိဖုယားအကြောင်းရေး။ မောင်မင်းတို့ ဘေးမသင့်စေရ”……….တဲ့။ သတင်းစာလွတ်လပ်ခွင့် ပေးတဲ့သဘောပေါ့နော်။

တော်ပါသေးရဲ့။ ဒီဖက်ခေတ်မှာ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တော်မူသော ကြပ်ပြေးက အဘတယောက် မင်းတုန်းမင်းကို အားကျပြီး သတင်းစာ၊ ဂျာနယ်အသီးသီးက သတင်းထောက်တွေကို အထက်ပါအတိုင်း အမှာတော် မခြွေခဲ့လို့။

နို့မဟုတ်ရင် တနေ့တနေ့ သတင်းစာထဲမှာ အဘ မကောင်းကြောင်းတွေ၊ ကြိုင်ကြိုင့် မကောင်းကြောင်းတွေ၊ အဘ သားသမီး မကောင်းကြောင်းတွေချည်းပဲ ရေးရလွန်းလို့ တခြားသတင်းတောင် ထည့်ခွင့်ရတော့မှာမဟုတ်။ သတင်းစာတွေလည်း တစောင်ဆိုရင် လေရူးသုန်သုန်ဝတ္ထုလောက် အထူကြီးဖြစ်သွားနိုင်တယ်။ သတင်းစာ ပစ်တဲ့လူတွေ လက်မောင်းအောင့်ဖို့သာ ပြင်ပေရော့။ လူတွေလည်း သတင်းစာအဟောင်းကို ပဲကြီးလှော်နဲ့ လဲစားရလွန်းလို့ တဘူဘူနဲ့ လေထု ညစ်ညမ်းကိန်းရှိတယ်။

အင်း….. အဘ.. အဘ….၊ အဘ ကယ်ပေလို့သာပေါ့။

2 comments:

လွန်လွန်း said...

ကြံကြံဖန်ဖန် စဉ်းစားဖန်တီးမှုကို လာရောက်အားပေးသွားတယ် ...

အဘကလည်း အဲ့ဒါတွေကို သိလို့ အမျှော်အမြင် ကြီးမားစွာနဲ့ မိန့်ကြားတော် မမှုခဲ့တာ ဖြစ်မယ် ...

ကျေးဇူးကြီးမာလှပေစွ ...

khet myint myint said...

ကောင်းပါ့ဗျာ။ ရာဇဝင်ကို တုတ်ထိုးအိုးပေါက် လေ့လာ လိုက်စားထားမှန်း ပေါ်လွင်ပါတယ်။ ဦးပေါရဲ့ အမာခံကြီး ဦးလမ်းသစ် ဘာတွေတုန်ဆင်းလာဦးမလဲ စောင့်ကြည့်ရမယ်။

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs