“ခြံစောင့်အစိုးရ ငယ်ငယ်က ဆိုရင်…”

Share |
အစ်မတွေလက်ထက်မှာ သင်ခဲ့ရတဲ့ မြန်မာစာ ပြဋ္ဌာန်းစာအုပ်ထဲက “မင်းတုန်းမင်းနဲ့ ငါးခြောက်ပြား” ဆိုတဲ့ စာတပုဒ်ကို သတိရမိတယ်။

မင်းတုန်းမင်းငယ်ငယ် မင်းသားငယ်မောင်လွင်ဘ၀က ဘုန်းတော်ကြီးကျောင်းမှာ ကျောင်းသားဘ၀နဲ့ ပညာသင်ရတယ်။ တနေ့မှာ ဒကာတယောက်က ဘုန်းတော်ကြီးကို ငါးပုတ်ခြောက်ပြား တပြားလာလှူတယ်။ ဆရာတော်က ဘုန်းကြီးကျောင်းသားဖြစ်တဲ့ မောင်လွင်ကို ခေါ်ပြီး … “ဟဲ့…မောင်လွင်….လာစမ်း။ ဒီ ငါးခြောက်ပြားကို သေသေချာချာ သိမ်းထားလိုက်” လို့ ခိုင်းသတဲ့။

ဒါနဲ့ မောင်လွင်လည်း ငါးခြောက်ပြားကို ကျက်သရေခန်းထဲမှာ သိမ်းထားလိုက်တယ်ဆိုပဲ။

တရက်ကျတော့ ဆရာတော်က ဆွမ်းဘုန်းပေးကာနီးမှာ ငါးခြောက်ပြားကို သတိရပြီး မောင်လွင်ကို သွားယူခိုင်းတဲ့အခါ ငါးခြောက်ပြားကို သူထားခဲ့တဲ့နေရာမှာ ရှာမတွေ့တော့ဘူးတဲ့။ အဲဒါနဲ့ ဆရာတော်ကို အကျိုးအကြောင်း လျှောက်ထားတော့ ဆရာတော်လည်း ကြိမ်လုံးကို ဆွဲပြီး မောင်လွင်ရဲ့ ကျောပြင်ကို နာနာကြီး ရိုက်ပြီး အပြစ်ပေးသတဲ့။

ပါးစပ်ကလည်း “နင်ဟာ တနေ့မှာ ဘုရင်ဖြစ်မယ့်လူ။ ဒီငါးခြောက်ပြားလေးတပြားမှ လုံခြုံအောင် မထိန်းသိမ်းနိုင်လို့ရှိရင် ဘယ်နှယ့်လုပ်ပြီး တိုင်းပြည်ကို လုံခြုံအောင် ထိန်းသိမ်းမလဲ” လို့ မိန့်သတဲ့။

မောင်လွင်လည်း နန်းတွင်းကိုပြန်ရောက်တော့ သူ့မယ်တော်ကို ငိုယိုပြီး အကျိုးအကြောင်းပြောပြတဲ့အခါ မယ်တော်က မောင်လွင်ရဲ့ ကျောပြင်ကို ဆေးလူးပေးရင်း “ဆရာတော်က ငါ့သားကို လိမ္မာရေးခြားရှိအောင် ဆုံးမတာ၊ စိတ်မှတ်မထားနဲ့” လို့ ပြောသတဲ့။

မင်းတုန်းမင်းဘုရင်ဖြစ်လာတော့ တနေ့မှာ သူ့သားတော်တွေကို သူ့ကျောက အစင်းတွေကို လှန်ပြရင်း သူ့ဆရာတော်ဆုံးမခဲ့တာကို ပြန်ပြောင်းပြောပြသတဲ့။

အထက်ပါဇာတ်လမ်းကတော့ ကျနော်မှတ်မိသလို ပြန်ရေးပြရတာမို့ စကားလုံးအတိအကျ မှန်ဖို့တော့ ခဲယဉ်းပါတယ်။ ဒါပေမယ့် သဘောက အဲသည်အတိုင်းပါပဲ။

အဲသည် အကြောင်းကို ပြန်ပြောင်း သတိရမိတော့…. ခြံဝန်းလေးတခုတောင် လုံခြုံအောင် မစောင့်ရှောက်နိုင်တဲ့ ခြံစောင့်အစိုးရအကြီးအကဲ ဟိုပုဂ္ဂိုလ်ကြီး ငယ်ရွယ်စဉ် ဘုန်းကြီးကျောင်းသားဘ၀ကဆိုရင် ကျောပြင်မှာ အရှိုးတွေ ဘယ်လောက်များ နိုင်းချင်းထင်အောင် အရိုက်ခံခဲ့ရမလဲဆိုတာ မတွေးဘဲ မနေနိုင်အောင်ပါဘဲ။

8 comments:

ဂျူနို said...

ခုက ကျောပြင်မှာသာ အရှိုးရာမရသေးတာ မျက်ခွက်တော့ သူများတံတွေး ၀ိုင်းတွေးလို့ အသက်ရူကြပ်နေပြီ။
နောက်မှ လည်ပင်းမှာ ကြိုးရာကျန်လိမ့်မယ်။

ko said...

အားလုံးခင်ဗျာ..
ကျွန်တော်ထင်တာဒါနောက်ဆုံးတိုက်ပွဲပဲ..ပြည်တွင်းပြည်ပအားလုံးဆန္ဒပြနေလို့နဲ့မပြီးတော့ဘူး..2007 saffron and 2008 nargis တုန်းကလည်း ဆန္ဒပြတာနဲ့ပဲပြီးသွားတယ်..အဲဒါကိုသိလို့ဒီကောင်တွေဒေါ်စုကိုလှမ်းကိုင်တာ.လူပေါင်းတစ်သိန်းကျော်သေလို့နိုင်ငံတကာက
အော်တာတောင် ဂရုမစိုက်တာဗျာ..
နှစ်ပေါင်း၂၀အတွင်းသူတို့ထိမရတဲ့ဟာက
ိုစကိုင်တယ်ဆိုကတည်းကကျွန်တော်တို့သိသင့်ပြီ..
အခု UN, China, India, US (Obama) တုတ်တုတ်တောင်မလှုပ်ဘူး..ဒီဟာတွေလှုပ်ဖို့ကိုချည်းပဲလုပ်မဲ့အစား..ချရတော့မယ်..
ဒေါ်စုသာထောင်ကျသွားကြည့်..ထောင်ထဲကကျွန်တော်တို့ရဲဘော်တွေ
ဒီတသက်မလွှတ်တော့ဘူး..
ပြည်ပကရဲဘော်တွေလည်းဘာလိုပဲပြောပြော..အိမ်ပြန်ချင်ရင်ခွေးတိုးပေါက်ဝင်သလိုပြန်ရတော့မယ်..
နယ်စပ်ကရဲဘော်တွေရော..? တောထဲမှာပဲဘဝတွေပျက်.လူမသိသူမသိသေတာပဲဖြစ်မယ် (Refugee Program will be gone soon)
ပြည်တွင်းကလူတွေရဲ့ဘဝကရော..စစ်သားကိုဘုရားလိုကိုးကွယ်ရတော့မဲ့အခြေအနေ..
(ဘုန်းကြီးတောင်ဂရုမစိုက်တာ)
အဲဒီတော့ဗျာကုန်ကုန်ပြောရရင်..ကျွန်တော်တို့ဘဝတွေ..လူဘဝ..ခွေးဘဝကနေ..ခွေးဝဲစားဘဝဖြစ်ရမဲ့အခြေအနေ..
အဖြစ်တော့မခံနိုင်ဘူးဆိုရင်..ကျွန်တော်တို့အကြမ်းဖက်ရတော့မယ်.အကြမ်းဖက်တာလုပ်ကိုလုပ်ရတော့မယ်
ဥပမာ..ထောင်ရှေ့မှာစောင့်နေတဲ့ခွေးသားတွေ..ဒလျှိုတွေကြားထဲကိုဗုံးပြစ်ထည့်တာမျိုး..
အားလုံးကိုပိုက်ဆံစုပြီးဗုံးတွေဝယ်ဖို့ပြောပေးပါ..

Ngaman said...

Dear All, b careful sombdy trying to install wheel in the way of slope down,once again b careful.

Anonymous said...

ဂျောက်ချနေပြီဗျို့၊ သတိထားနေကြနော်

Bino said...

What a nice Ko paws with sharp claws post.

Anonymous said...

Ko ဆိုတဲ့ သူရေ
ဗုံးဝယ်ပြီးရင် ခင်ဗျားကိုအရင်လွှတ်ရမယ်။ ဆက်သွယ်ရမယ့်လိပ်စာသာ ထားခဲ့ပါ။ အဲလိုနည်းလမ်း ပေးတဲ့ ခင်ဗျား အရင်သွားပြီး အသေခံရဲရင်ပေါ့လေ။

Anonymous said...

မြန်မာ ပြည် အရေးကတော့ မေ့လိုက်တာ အကောင်းဆုံးပဲဗျာ.... ဒါပါပဲ... နောက်မကြားချင်တော့ပါဘူး..... ဆဲချင်လဲဆဲကြဗျာ... နိုင်ငံသားပါပြောင်းပစ်လိုက်တော့မယ် အေးရော....

မျိုးမြင့်မောင် said...

နိုင်ငံသား ပြောင်းလိုက်တော့မှာလား။ ပြောင်းပြီးပြီတောင် မှတ်နေတာ။

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs