“ဦးရှံစားနှင့် ထူးဆန်းပွေလီ အမှုကြီး”

Share |
တနေ့သ၌ ကျွန်ုပ်သည် ရန်ကုန်မြို့ထဲသို့ရောက်ခိုက် မြို့ထဲတိုက်ခန်းတခုတွင် နေထိုင်လျက်ရှိသော ကျွန်ုပ်၏ မိတ်ဆွေကြီး ဦးရှံစားထံသို့ အလည်ဝင်ရန် စိတ်ကူးရလေသည်။ သို့နှင့် အုတ်လှေကားအတိုင်းတက်သွားပြီး ဒုတိယထပ်ရှိ ဦးရှံစား၏ တိုက်ခန်းရှေ့တွင် ရပ်လျက် အခန်းတံခါးကို လက်ဖြင့် အသာခေါက်လိုက်သော် အထဲမှ…..

“ကိုဒိန်းဒေါင်လား၊ တံခါးဖွင့်ထားတယ်ဗျ။ ၀င်ခဲ့လေဗျာ”

ကျွန်ုပ်လည်း အခန်းတံခါးကို တွန်းဖွင့်ပြီး ၀င်သွားလျှင် အခန်းတွင်း၌ ပက်လက်ကုလားထိုင်တလုံးဖြင့် သတင်းစာတစောင်ကို ဖတ်ရှုလျက်ရှိသော မိတ်ဆွေကြီး ဦးရှံစားကို တွေ့လိုက်ရသည်။

ကျွန်ုပ်လည်း အတန်ငယ် အံ့အားသင့်စွာဖြင့်…..

“တံခါးခေါက်တာ ကျုပ်မှန်း ခင်ဗျားဘယ်လိုလုပ်သိသလဲ”

ထိုအခါ ဦးရှံစားသည် ငါးသလောက်ပြုံး တချက်ပြုံးလိုက်ပြီး…..

“မခက်ပါဘူးဗျာ။ စောစောက ကျုပ် ၀ရန်တာမှာထွက်ပြီး လမ်းမပေါ်ကို ကြည့်နေတုန်း ခင်ဗျား လမ်းလျှောက်လာတာကို မြင်ရတယ်။ ကျုပ်တိုက်ရှေ့ရောက်တဲ့အခါ လှေကားဆီကို ချိုးကွေ့သွားတာကို မြင်လိုက်ရတော့ ခင်ဗျားကျုပ်ဆီလာတာဆိုတာ သေချာသွားပြီ။ ဒါကြောင့် တံခါးကို အထဲကနေ ဂျက်ဖွင့်ပြီး စောင့်နေတာပေါ့”

ထိုအခါ ကျွန်ုပ်စိတ်ထဲတွင် ဂိန်ကနဲ မြည်သွားပြီး ကျွန်ုပ်၏ အတွေးခေါင်ပုံကို နောင်တရသွားလေသည်။ သို့နှင့်…..

“မှားပါတယ် ကိုရှံစားရယ်။ ဒါနဲ့ ဘာသတင်းတွေများ ဖတ်နေသလဲဗျ”

“ဂျွန်ဝီလျံယက်တောရဲ့ ထူးဆန်းသော ရေကူးမှုကြီး အကြောင်းပေါ့ဗျာ။ တနိုင်ငံလုံးလည်း ဒီအကြောင်းပဲ ပြောနေကြတာပဲမဟုတ်လား”

ဦးရှံစားသည် စကားပြောရင်းက ပါးစပ်မှ ဆေးတံကို အသာချွတ်လိုက်ကာ ဆေးပြာများကို အနီးရှိ ပြာခွက်ထဲသို့ တဒေါက်ဒေါက် ခေါက်ချလိုက်ပြီး ဆေးတဆုံအသစ်ဖွာရန် ပြင်ဆင်လျက်ရှိလေသည်။

ကျွန်ုပ်လည်း နီးရာ ခုံတလုံးတွင် ၀င်ထိုင်လိုက်ရင်း….

“ဟုတ်တယ်ဗျ။ တနိုင်ငံလုံးလည်း ဒီအကြောင်းပဲ ပြောနေကြတာပဲ။ ဒါပေမယ့် ထူးဆန်းသော ရေကူးမှုကြီးလို့ ပြောရအောင် ဒီအမှုက ဒီလောက်ရိုးရှင်းနေတာပဲဗျာ။ ဒီအမေရိကန်နိုင်ငံသားက ဒေါ်အောင်ဆန်းစုကြည်အိမ်ထဲကို ရေကူးဝင်တယ်။ ပြီးတော့ နှစ်ညအိပ်ပြီး နောက်တော့ ရေကူးပြန်ထွက်အလာမှာ သက်ဆိုင်ရာတွေက ဖမ်းမိတာမို့လား။ ဘာများထူးဆန်းတာပါလို့လဲ”

ဦးရှံစားသည် ဆေးတံကို မီးညှိရင်းမှ…..

“ဟုတ်ပါတယ်။ မထူးဆန်းတာကိုက ထူးဆန်းနေတာပေါ့ဗျ။”

(ကျွန်ုပ်) “ဘာ… ဘယ်လို။ မထူးဆန်းတာကိုက ထူးဆန်းနေတာဟုတ်လား။ ကျုပ်တော့ နားရှုပ်သွားပြီဗျာ”

(ဦးရှံစား) “ဒီလိုဗျ။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တ၀ိုက်က အင်းလျားကန် ဆိုတာ လုံခြုံရေးအစောင့်အရှောက် တင်းကြမ်းပြည့် ချထားတာတဲ့ဗျ။ အဲသည်နေရာ တ၀ိုက်မှာ အစိုးရအရာရှိကြီးတွေလည်း နေထိုင်ကြတယ်ဆိုပဲ။ ဒီတော့ အင်းလျားကန်ထဲက ငါးတွေတောင်မှ အဲသည်ဖက်ခြမ်းကို ရေကူးချင်ရင် မှတ်ပုံတင်ပြပြီးမှ ကူးခွင့်ရှိတယ်လို့ တချို့က ရယ်စရာအဖြစ် ပြောကြတယ်။ အဲသည်လို နေရာမျိုးမှာ ဂျွန်ဝီလျံယက်တော ရေသန့်ဘူးကြီး တကားကားနဲ့ ကူးတာကို ဘယ်သူမှ မမြင်လိုက်ဘူးဆိုတာက ထူးဆန်းနေတော့တာပေါ့ဗျ။ လုံခြုံရေးတွေက မျက်စိမှိတ်နေလိုက်မှ ကူးလို့ ဖြစ်မှာမျိုးကိုး”

(ကျွန်ုပ်) “အေးဗျ။ ဒီလိုတော့လည်း အဟုတ်သားပဲ။”

(ဦးရှံစား) “နောက်တခုက ၀ီလျံယက်တောရဲ့ ဇနီးက သတင်းစာတွေကို ပြောပုံအရ ၀ီလျံယက်တောဟာ ပန်းနာရင်ကြပ်ရောဂါရှိတယ်။ ဆီးချိုလည်းရှိတယ်တဲ့။ သည်ပုံအတိုင်းဆို သူ့အသက်အရွယ်နဲ့ အင်းလျားကန်ကို ကူးဖြတ်ရမယ်ဆိုရင် လမ်းတ၀က်မှာကတည်းက ကောင်းကင်ဘုံကို ရောက်သွားနိုင်တယ်ဗျ။ ကျုပ်တို့လူက ကြောက်လည်း ကြောက်တတ်သတဲ့။ အခုကျတော့ သူလုပ်ပုံက 007 (ဂျိမ်းစ်ဘွန်း)လို စွန့်စားခန်းကို လုပ်သွားတာမဟုတ်လား။”

(ကျွန်ုပ်) “ဒါဆိုရင် ဂျွန်ဝီလံယက်တောဟာ အင်းလျားကန်ထဲကတဆင့် ရေကူးသွားတာ မဖြစ်နိုင်ဘူးပေါ့”

ထိုအခါ ဦးရှံစားသည် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး……

“ကျုပ်တော့ မထင်ဘူး... ကိုဒိန်းဒေါင်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျုပ်တောင် ကဗျာတပုဒ် အပြောင်အပျက် စပ်ထားပါသေးတယ်ဗျ”

ဟုဆိုကာ ကဗျာတပုဒ်ကို အောက်ပါအတိုင်း သံနေသံထားဖြင့် ရွတ်ပြလေသည်။

ယက်တောက အပြန်
ကန်လယ်မှာ ရေသန့်ဘူးဆိုလို့
မောင်ကူးကာပြေး။

မနက်ခင်းဆီက
ထောင်တွင်းကို မောင်ဝင်တော့
သူ့ဆံပင် ဒိုက်ပင်ဖတ်တွေနဲ့
အနေကြပ်တယ်လေး။


ထိုကဗျာကို ကြားရသောအခါ ကျွန်ုပ်လည်း ၀ီလျံယက်တောခေါင်းတွင် အင်းလျားကန်မှ ဒိုက်များ ကပ်ငြိနေပုံကို မြင်ယောင်ကာ တက်မတတ် ချက်မတတ် ရယ်မောမိသည်။

အတန်ကြာမှ ကျွန်ုပ်က…..

“ယက်တောက အင်းလျားကန်က ဖြတ်လာတာ မဖြစ်နိုင်ဘူးဆိုရင် ဘယ်ကနေ အိမ်ထဲကို ၀င်မလဲဗျာ။ သတင်းတွေအဆိုအရတော့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ယက်တောကို တွေ့တယ်ဆိုတော့ အိမ်ထဲကို ရောက်တယ်ဆိုတာကတော့ အသေအချာပဲ”

(ဦးရှံစား) “နောက်ဖေးပေါက်က မ၀င်ရင် အိမ်ရှေ့က ၀င်ဖို့ပဲ ရှိတော့တာပေါ့ဗျာ။ အခုနောက်ပိုင်း ထွက်လာတဲ့ သတင်းတွေအရ ၀ီလျံယက်တောဟာ အစိုးရသတင်းစာထဲမှာ ဖော်ပြသလို ဟိုတယ်ကနေ အင်းလျားကန်ကိုသွား၊ အင်းလျားကန်က ရေကူးပြီး ၀င်တာမဟုတ်။ သတင်းစာထဲမှာ ယက်တောပုံကို မြင်တော့ တက္ကစီသမားတယောက်က မှတ်မိသွားပြီး ဒီလူကို သူလေဆိပ်ကနေ ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့ကိုတိုက်ရိုက် သူ့တက္ကစီနဲ့ ခေါ်သွားပေးရတယ်။ ဟိုရောက်တော့ လုံခြုံရေးအစောင့်တွေကို ယက်တောက ကဒ်အနီတခုပြလိုက်တော့ အစောင့်တွေက အိမ်ထဲကို ခေါ်သွားတာ မြင်လိုက်ရတယ်လို့ ပြောတယ်ခင်ဗျ။ ဒီသတင်းသာ မှန်မယ်ဆိုရင် ဒီအမှုဟာ အာဏာပိုင်တွေဖက်ကနေ အတင်းအကြပ် လုပ်ဇာတ်ခင်းတယ်ဆိုတာ ပေါ်လွင်နေတာပေါ့ဗျာ။”

(ကျွန်ုပ်) “ဒါပေမယ့် တက္ကစီသမားကို သက်သေခေါ်နိုင်ဖို့တော့ လွယ်မယ်မထင်ဘူးဗျို့။ အာဏာပိုင်တွေက သူတို့ ခြေနဲ့ရေးထားတာကို လက်နဲ့ဖျက်ဖို့ ကြိုးစားသူမှန်သမျှကို ချမ်းသာပေးမယ်မထင်ဘူး”

(ဦးရှံစား) “သေချာတာပေါ့ဗျာ။ ဒီအမှုမှာ ဘယ်သူဟာ တရားခံလဲဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေပါတယ်ဗျ။ ဒီအမှုမှာမှ မဟုတ်ပါဘူး။ အခြား ဖြစ်ရပ်တော်တော်များများမှာ သူခိုးက လူလူဟစ်နေတာတွေကို တွေ့နိုင်ပါသေးတယ်။

(ကျွန်ုပ်) “အလို…. တခြားဖြစ်ရပ်တွေ ရှိသေးတယ် ဟုတ်စ၊ လင်းစမ်းပါဦးဗျာ”

(ဦးရှံစား) “ကိုဒိန်းဒေါင်တယောက်မလဲ တယ်လဲ အမှတ်သညာ နည်းသကိုးဗျာ။ ဒီလိုဗျာ…. ပထမဦးဆုံးအနေနဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်တို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က မဲအပြတ်အသတ်နဲ့အနိုင်ရတော့ နအဖ အစိုးရဟာ သူ့ကတိအတိုင်း အာဏာလွှဲမပေးပဲနဲ့ လူထုက ရွေးချယ်တင်မြှောက်သူတွေကို ဟောသည်လို စွတ်စွဲသဗျ။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ အာဏာကို ဖြတ်လမ်းနည်းနဲ့ ယူဖို့ ကြိုးစားနေပါတယ်။” တဲ့။

(ကျွန်ုပ်) “အေးဗျ။ ဟုတ်သဗျ။ သူခိုးက လူလူ ဟစ်တာမျိုးပေါ့။”

(ဦးရှံစား) “နောက်တခါ မတ္တရာအမတ်ဦးသန်းလွင်ကို ကြံဖွံ့အဖွဲ့သားတယောက်က သံလက်သီးနဲ့ မျက်နှာကို ထိုးတဲ့အမှုမှာ ထိုးတဲ့လူကို အရေးမယူပဲ အထိုးခံရတဲ့ လွှတ်တော်အမတ်ကို ထောင်ထဲထည့်တယ်လေဗျာ”

(ကျွန်ုပ်) (တောက်တချက်ခေါက်လိုက်ပြီး)…“မိုက်ရိုင်းလိုက်တာဗျာ”

(ဦးရှံစား) “ဒါ… ဘာဟုတ်သေးလဲဗျ။ ဒီပဲယင်းလူသတ်ပွဲမှာလည်း လူသတ်တရားခံတွေနဲ့ နောက်ကွယ်က ကြိုးကိုင်သူတွေက လွတ်နေပြီး အရိုက်ခံရတဲ့ အပြစ်မရှိတဲ့လူတွေကိုသာ ထောင်ဒဏ်တွေ၊ နေအိမ်အကျယ်ချုပ်တွေ မတရားချမှတ်ထားတာမို့လား”

(ကျွန်ုပ်) “အေးဗျာ။ တွေးမိတိုင်း နာကျည်းမိတယ်။”

(ဦးရှံစား) “ဒါတွင် ဘယ်ကမလဲဗျာ။ ရွှေဝါရောင်တော်လှန်ရေးမှာ အေးချမ်းစွာ ဆန္ဒပြတဲ့ ဘုန်းတော်ကြီးတွေကို ဖမ်းဆီးအကျဉ်းချ၊ အတင်းလူဝတ်လဲခိုင်းပြီး ရိုက်နှက်သတ်ဖြတ်သူတွေကိုတော့ သူကောင်းပြုထားသဗျ”

(ကျွန်ုပ်) “တူသောအကျိုးပေးပါစေဗျာ”

(ဦးရှံစား) “နောက်တခါ နာဂစ်မုန်တိုင်းတိုက်တော့ ဒုက္ခရောက်သူတွေကို ကူညီစောင့်ရှောက်နေတဲ့ ကိုဇာဂနာတို့ကို ထောင်ထဲထည့်ပြီး ကူညီလှူဒါန်းတဲ့ပစ္စည်းတွေကို ကြားကဖြတ်ခုတ်တဲ့လူတွေကိုတော့ လွှတ်ပေးထားတာလည်း ရှိသေးသဗျ”

(ကျွန်ုပ်) “အံမယ်လေး၊ ကိုရှံစားရယ်။ ခင်ဗျားပြောပြမှ ဆင်ဆင်တူတဲ့ အမှုတွေက အများကြီးပါလားဗျာ”

(ဦးရှံစား) “ဟုတ်တယ်ဗျိုး။ အခုနောက်ဆုံး ဂျွန်ဝီလျံယက်တောအမှုမှာလည်း အပြစ်မရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မတရားသဖြင့် အမှုဆင်ပြီး ဒုက္ခပေးဦးမယ်လို့ ယူဆရတယ်။”

(ကျွန်ုပ်) “အေးဗျာ။ ကြားရတာ စိတ်မချမ်းသာစရာတွေချည်းပါပဲ။ ဒါထက် ခင်ဗျားတယောက်လည်း အခုတလော ငြိမ်ချက်သားကောင်းလိုက်တာဗျာ။ အမှုတွေ ဘာတွေ လိုက်လံ မဖော်ထုတ်တော့ဘူးလား”

(ဦးရှံစား) “အင်း… ကျုပ်ရဲ့ အလုပ်က ဒီခေတ်ကြီးနဲ့ မသင့်တော်လို့ ရပ်ဆိုင်းထားလိုက်ပါပြီ။ အခုခေတ်ကြီးမှာ အပြစ်မရှိသူက ထောင်ကျပြီး တကယ့်တရားခံတွေက လွတ်နေတာမျိုးဆိုတော့ ကျုပ်က အမှုမှန်ဖော်ပေးရင် အပြစ်မရှိသူတွေ နေရင်းထိုင်ရင်း ဒုက္ခရောက်ကုန်မှာ စိုးရသဗျ။ ဒါကြောင့် ကျုပ်ပညာကို ထုတ်မပြ၀ံ့တော့ပဲ အိမ်ထဲမှာ ဘာမှမသိသလို ငြိမ်နေရတာပေါ့ဗျာ။

(ကျွန်ုပ်) “အေးဗျာ။ ခေတ်ကြီးက မကောင်းတော့လည်း ဒီလိုပဲပေါ့။ ကဲ…. နေတောင် အတော်စောင်းနေမှပဲ။ ပြန်တော့မယ်ဗျို့။ မဟုတ်ရင် ကျုပ်တို့ကိုပါ ဧည့်စာရင်းမတိုင်မှုနဲ့ ဆွဲထည့်နေမှ ထောင်ထဲမှာ ၀ီလျံယက်တောနဲ့ ဆုံနေရဦးမယ်။ သွားပြီဗျိုး။”

သို့နှင့် ကျွန်ုပ်လည်း ကျွန်ုပ်၏ မိတ်ဆွေကြီး ဦးရှံစားကို နှုတ်ဆက်လျက် အင်းစိန်လော်ကယ်ကို ကြပ်ကြပ်ညပ်ညပ် တိုးစီးကာ ပြန်ခဲ့သည်။ လမ်းတွင် လမ်းဘေး၌ ထောင်ထားသော ဆိုင်းပုဒ်ကြီးတခုကို ဖတ်လိုက်ရသောအခါ ကျွန်ုပ်၏ သွေးများ ဆူဝေသွားလေတော့သည်။

ဥပဒေဘောင်တွင်း နေထိုင်ခြင်း၊ ဘေးကင်းရန်ကွာ လွန်ချမ်းသာ” ဟူသတည်း။

ပူးတွဲဖတ်ရှုရန်။.............။ နအဖရဲ့  လုပ်ကြံဇတ်လမ်းကို တာဝန်သိ ပြည်သူတစ်ဦးက စတင် ထုတ်ဖေါ် ပြောဆိုပါပြီ။

31 comments:

မောင်လမ်းသစ် said...

အစိုးရ က အကွက်ဆင်ထားဦး၊ေ(ဒါကလဲ မဖြစ်နိုင်ပါဘူး)ဒ်ါစုကြည်က အဲဒီ အချိန် လုံခြုံရေးတွေ အကြောင်းကြားရင် ဘာမှ မဖြစ်ပါဘူး၊ အခုတော့ ထမင်ကျွေးပြီး ညအိပ် တည်းခိုခွင့်တောင် ပေးလိုက်သတဲ့။ အပြစ်ရှိတာ ထင်ထင်ရှားရှားကြီးပါ ခင်ဗျာ။ တရားဥပဒေကို ချိုးဖောက်ပြီးလာတဲ့ လူတစ်ယောက်ကို တာဝန်ရှိသူထံ အကြောင်းမကြားပဲ လက်ခံအားပေမှု့ဟာ ရာဇ၀တ်မှု့မြောက်မှန်း လူတိုင်း သိပါတယ် ခင်ဗျာ။

Anonymous said...

မောင်လမ်းသစ် မလဲ ဒီအရူးတွေကို ကာကွယ်လှချည်လား။ အစကတည်းက တိုင်ထားတဲ့ လူတယောက်ကို ပြည်ဝင်ခွင့် ဗီဇာပေးကတည်းက သူတို့ အပြစ်ဖြစ်သွားပြီလေကွာ။ ခိုးဝင်ဖူးတဲ့ လူကို ဗီဇာပေးတယ်၊ အထဲကို ခေါ်သွင်းတယ် သူတို့က ပိုတောင် ရာဇ၀တ်မှုမြောက်သေး။ ကလေးတောင် တွေးတတ်တာကို မောင်လမ်းသစ်လဲ မမြင်ဘူးဆိုတော့ ဟိုအကောင် ဒီအကောင်နဲ့ နှိုင်းရမှာ အကောင်လေးတွေကို အားနာရတယ်။ မင်း ဦးနှောက်က တော့ကွာ...

မျိုးမြင့်မောင် said...

ကိုလမ်းသစ်ကလည်း လာနောက်နေပြန်ပြီဗျာ။ ကတ်နီပြပြီး အစောင့်တွေခွင့်ပြုလို့ အရှေ့ပေါက်က ၀င်လာမှတော့ တရားဥပဒေကို ချိုးဖောက်ပြီးလာတဲ့လူ ဘယ်ဟုတ်တော့မလဲဗျ။ ပြီးတော့ အကျယ်ချုပ်ကျနေချိန်မှာ ဒေါ်စုအနေနဲ့ သူခိုးဖမ်းပြီးသက်ဆိုင်ရာကို အပ်ရမယ်ဆိုတဲ့ တာဝန်ရှိတယ်ဆိုပြီး မသတ်မှတ်ထားပါဘူးဗျာ။ နောက်ပြီး ဒေါ်စုက အချုပ်ကျနေတာလေဗျာ။ တရားဥပဒေကို ချိုးဖောက်ပြီး ၀င်လာသူကို လက်ခံထားတယ်ဆိုရအောင် ထောင်ဆိုတာ အကျဉ်းသားက ပိုင်တာလား၊ ထောင်အာဏာပိုင်တွေက ပိုင်တာလား။ ပုန်းနေဖို့ကူညီတယ် ဆိုရအောင်လည်း ၀င်လာတာတောင် ဘယ်အစောင့်မှ အသုံးမကျလို့ မသိတာ ဘာပုန်းနေစရာလိုလဲ။ အားပေးတယ်ဆိုတာကတော့ ပိုတောင်မဟုတ်သေး။ တစ်ခုထပ်ပြောချင်တာက အဲဒီလူဝင်လာခဲ့ပါတယ်လို့ ဒေါ်စုက အမှန်အတိုင်းပြောတာကိုပဲ။ အောက်တန်းကျတဲ့ အဘတို့ဆို ဒီလိုအမှန်ဘယ်ပြောမလဲ။

မိုးတိမ်ညို said...

ကိုပေါရေ ကျွန်တော့်အမြင်ကတော့ တကယ်သာ အဲဒီလို ဆိုရင် ယက်တောက TAXI ကိုသုံးမယ်မထင်ဘူး။ တကယ်သာ အဲလို တက္ကစီနဲ့ လာ ရှေ့ပေါက်က ပေါ်တင်ဝင်ဆိုရင်တော့ စီစဉ်တဲ့ သူတော်တော်ညံသဗျို့။ :P

မေငြိမ်း said...

ကိုပေါရေ.. မိုးတိမ်ညိုပြောတာ ဟုတ်သဗျ.. တကယ်တော့ ယက်တောတည်းတယ်ဆိုတဲ့ Burma Land Hotel က ကြံ့ဖွံ့အပိုင်လို့ ထောက်ပြတာကမှ တော်သေး...

ဆရာဖေ said...

Taxi နဲ့ဆိုတာတော့မဖြစ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ အဲဒီဘက်ကိုTaxiပေးမ၀င်ဘူးဗျ။
ဖြစ်နိုင်တာကတော့ ဒီကောင်တွေ(အစိုးရ)အစီအစဉ်နဲ့ ဘဲပို့ပေးလိမ့်မယ်ထင်တယ်။

မျိုးမြင့်မောင် said...

ကိုမိုးတိမ်ရေ

ဘာအပြစ်မှမရှိသူကို ၆နှစ်တောင် ချုပ်ထားနိုင်တဲ့ တရားဥပဒေပိုင်ရှင် ဘဘများဆိုတော့ ခေါင်းရှုပ်ခံပြီး စေ့စပ်အောင် အမှုဆင်ဖို့ စိတ်မပါတာ နေမှာပေါ့ဗျာ။ တကယ်တော့ ဒီလိုအမှုဆင်တာတောင် တော်တော်ခေါင်းသုံးထားတာဗျ။ ထုံးစံအတိုင်းဆိုရင် နောက်တစ်နှစ်ထပ်ချုပ်မယ်လို့ တုံးတိကြီး ကြေညာလိုက်တာပဲ။

ဆရာဖေ said...

မောင်လမ်းသစ်ရေ လူကလေး စိတ်ကောင်းကောင်းထား ပြီးစဉ်းစားကွာ။ ညာဏ်မမှီရင်လဲ မေးပေါ့နော်။ ဂယောင် ဂတမ်းနဲ့ထင်ရာတွေလျှောက်ပြောမနေနဲ့။

ဆရာဖေ said...

မောင်လမ်းသစ်ရေ လူကလေး စိတ်ကောင်းကောင်းထား ပြီးစဉ်းစားကွာ။ ညာဏ်မမှီရင်လဲ မေးပေါ့နော်။ ဂယောင် ဂတမ်းနဲ့ထင်ရာတွေလျှောက်ပြောမနေနဲ့။

ပုရွက်ဆိတ် said...

ယက်တောကအပြန် ကဗျာကတော့ တကယ်ရယ်ရပါပေတယ်။ ရေးလည်း ရေးတတ်တဲ့ ကိုပေါ ... ။

သွေးစက် said...

BEAUTY LAND ပါ ဘားမားလန်းဟိုတယ်မဟုတ်ပါဘူး

Nge Naing said...

Taxi နဲ့ လာတာကတော့ သိပ်ယုတ္တိမရှိဘူးလို့ ထင်တယ်။ ဒီလိုသာ Taxi နဲ့ လာတာမှန်ရင် Taxi သမားကလည်း နအဖလူ မဟုတ်တဲ့အတွက် အမှုမဖြစ်ခင် ဒီသတင်းက တနည်းနည်းနဲ့ ထွက်မှာ သေချာတယ်။ ဒေါ်အောင်ဆန်းစုကြည် အိပ်ဘက်ကို သွားလို့မရဘူးဆိုတာ Taxi သမားတိုင်းသိပြီးသား အ၀ထိ မှောင်းပေးဖို့ နေနေသာသာ အဲဒီဘက်ကို သွားချင်တယ်လို့ မှောင်းပေးလို့ ရမလားလို့ တကယ်သွားဖို့ မဟုတ်ပဲ စိတ်စမ်းပြီးမေးကြည့်တိုင်းမှာ ဗမာ Taxi သမားတိုင်းဆီက ကြားရတဲ့ တူညီတဲ့ စကားက No တလုံးပဲ ရှိတယ်လို့ ရန်ကုန်က ပြန်လာတဲ့ နိုင်ငံခြားသား အသိတွေဆီက မကြာခဏ ပြန်သိရတယ်။ တကယ်လို့ ဒီလိုနည်းနဲ့ သွင်းမယ်ဆိုရင်တောင် Taxi သမားကို သူတို့လူထဲကပဲ အထူးသီးသန့် ရွေးထားမှ ဖြစ်မယ်။ ဒါတောင် နိုင်ငံခြားသားတယောက် Taxi နဲ့ ဘယ်နေ့က ဒေါ်အောင်ဆန်းစု ကြည်အိမ်သွားတဲ့ လုံခြုံရေးချထားတဲ့ ဂိတ်ကို ရောက်သွားတယ် ဆိုတဲ့ သတင်းကတော့ အနည်းဆုံး မျက်မြင် အရပ်သားတွေဆီက ထွက်မှာ သေချာတယ်။ ကိုယ်ကျိုးအတွက် ဆိုရင် ဥာဏ်နီဥာဏ်နက် ဒီလောက်များတဲ့ နအဖမှာ လူတယောက်ကို အနီကဒ်ထုတ်ပေးပြီး ဒီလိုပေါ်တင်Taxi နဲ့ ဒေါ်အောင်ဆန်းစုကြည်အိမ်ကို ပေးဝင်တဲ့အထိတော့ ညံ့လိမ့်မယ်လို့ ကျွန်မ မထင်ဘူး။ နအဖက ကုန်းလမ်းက ဒီနိုင်ငံခြားသားကို သွင်းလိုက်တယ် ဆိုရင်တောင်မှ သူတို့အစောင့်ကားနဲ့ ခေါ်သွားတာ ဖြစ်မယ်လို့ ထင်တာကမှ ပိုပြီး ယုတ္တိရှိပါသေးတယ်။ ဒါကြောင့် ဒီ Taxi သမားဆီက ရတယ်ဆိုတဲ့သတင်းက အခုရထားတဲ့ အချက်အလက်လောက်နဲ့တော့ မခိုင်လုံသေးဘူးလို့ ကျွန်မထင်တယ်။

စု့သမီး said...

စကားမစပ်ကိုဒိန်းဒေါင်ေ၇ခင်များကိုထူးဆန်းတဲ့လက်ဝှေ့ပွဲတခုအကြောင်းပြောပြ၇ဦးမယ်
နေ၇ာကားလက်ဝှေ့ကြိုးဝိုင်းအလယ်
ထူးခြားတာကလက်ဝှေ့ထိုးသူ၂ယောက်မှာတယောက်ကလွတ်လပ်စွာထိုးခွင့်ရပြီးတယောက်ကတော့ကြိုးဝိုင်းထောင့်မှာမလှုပ်နိုင်အောင်ကြိုးတုတ်ခံထား၇သည်။လွတ်လပ်စွာထိုး၇သူကတလုံးထိုးလိုက်ငါဟဲ့ဘသားဆိုသူ့၇ဲ့ပျင်းတွဲ၇ွတ်တွနေသည့်လက်မောင်းသားတွေကိုဘတ်လတ်ဘတ်လတ်မြည်အောင်လတ်ခမောင်းခတ်လိုက်ဖြစ်နေသည်။ပွဲကြည့်ပ၇ိသတ်ကတော့ဘာသံမှမထွက်။မထွက်ဆိုသူတို့ပါးစပ်တွေကိုအ၀တ်နဲ့ပိတ်ဆို့ပြီးသူတို့နောက်ကြောတွေကိုသေနတ်နဲ့ထောက်ထားသည်။အသားမဲမဲဥပဓိရုပ်ခပ်ဆိုးဆိုးဒိုင်သူကြီးကကြိုးတုတ်ခံထား၇သူကိုထိုင်သည့်ပုံစံမှားနေသည်ဆိုကာစည်းကမ်းမလိုက်နာဟုပြဿနာ၇ှာပြန်သည်။ထိုးချင်တိုင်းထိုးနေသည့်ညစ်စုတ်စုတ်လူကိုမျက်လုံးမှေးမှေးနှင့်ဝက်ဆီဖတ်နဲ့တူသောနည်းပြဆရာကနည်းဗျူဟာများကိုကြိတ်သင်နေသည်။အ၀တ်အစားသစ်လွင်တောက်ပသော၇င်ဘတ်တွင်အာစီယံဆိုသောတံဆိပ်နဲ့သူတို့ကအ၇က်ကလေးသောက်လိုက်အမြည်းလေးစားလိုက်နှင့်လက်ဝှေ့ပွဲကိုပျော်ပျော်ကြီးအားပေးနေကြသည်။နောက်ဆုံးလွတ်လပ်စွာထိုး၇သူကိုဒိုင်သူကြီးကလက်မောင်းမြှောက်ချန်ပီယံဘွဲ့ပေးလိုက်ပြီးကြိုးတုတ်ခံ၇သူကိုလက်ဝှေ့စည်းကမ်းမလိုက်နာဆိုကာနောက်ထပ်လက်ဝှေ့၁၀ပွဲကြိုးတုတ်ခံ၇စေဆိုသည့်အပြစ်ဒဏ်ကိုကျခံစေလေသည်။

revolution1988to2009 said...

media တိုက်ပွဲ . . media တိုက်ပွဲ.... ဆိုပြီး. . ထင်ရာမြင်ရာတွေရေး . . ပြည်တွင်းက ယုံလွယ်တတ်တဲ့ သူတွေကိုသွေးထိုး... အဲဒီလူတွေက ပြည်တွင်းမှာ ဒုက်ခတွေရောက် . . ခင်ဗျားတို့ကတော့ computer တွေdollar တွေနဲ့
ပြည်သူတွေအတွက် . . . ဒီမိုကရေစီ အရေးအတွက်လို့အော်ပြီး . . . ပြည်တွင်းကပြည်သူတွေ ဒုက်ခရောက်အောင် ပေါက်ကရ အရူးချီးပန်းလျှောက်ရေးနေတဲ့သူတွေ ချီးပန်းပီးလျှောပါစေ :D

Anonymous said...

နအဖထောင်ချောက်ဆင်တာ လယ်ပြင်မှာ ဆင်သွားသလိုထင်ရှားနေတဲ့ကိစ္စ ။ စကားစပ်ပြီးငြင်းနေကြဦးမယ်ဆိုရင် အချိန်ကုန်တာပဲရှိမယ် ။ http://khinmamamyo.blogspot.com/2009/05/blog-post_17.html ( ကောက်ရိုးမီးတောက်ကို ကျော်လွန်၍၊ မီးကုန်ယမ်းကုန် အဆုံးသတ်တိုက်ပွဲဆီသို့ )

Ngaman said...

Ko paw, the words in poem"yae thant buu so" or "kho", anyway it's great..go ahead, mg lam thit also go ahead ur barking wz stupid words as long as making money to serve ur mum n relatives by serving for SPDC.

Anonymous said...

I don't believe that yettaw took a taxi, but I'm sure so many taxi pass daily until 6:00PM on that road.

Anonymous said...

ကဲ... ကိုပေါရေ... ကိုမျိုးမြင့်မောင်တို့ရေ... ထွက်ကြစို့လေ... ဘာလုပ်နေကြတာတုန်း....

ယပ်တောင်

Anonymous said...

ကိုကြီးလမ်းသစ်
မိုက်တယ်ဗျာ။ စဉ်းစားတတ်တယ်။ ဘန်ကီမွန်းတို့ တောင် ကိုကြီး လမ်းသစ်လောက် မစဉ်းစားတတ်ဘူး။ သူတို့ က စစ်အစိုးရ အပြစ်လို့ ပဲ မြင်နေကြတယ်။ ကိုကြီး လမ်းသစ်လို့ အတွေးအခေါ် ဆန်းဆန်းလေးတွေ မရှိကြဘူး။ နောက်တစ်ခါ ကုလသမဂ အတွင်းရေးမှုးချုပ် နေရာလပ်ရင် ကိုကြီးလမ်းသစ်ကို ထောက်ခံမယ်ဗျာ။ ဘယ်နှယ့်လဲ။ သွားလုပ်မလား။ ကိုကြီးလမ်းသစ် အခုလို ဘလောဂါ လောက မှာ ID မဲ့နေတာ အရမ်းအောက်ပါတယ်ဗျာ။ စုတ်ပဲ့ပါတယ်။ Real ID လေးနဲ့ ကိုပေါတို့ လို ပေါ်ပေါ်ထင်ထင်နေပါလား။ ကျွန်တော်တို့ လဲ ပေါ်တင် ထောက်ခံရတာပေါ့။ ကိုကြီးဆို ပေါ်တင်ပြောလဲ ထောင်ချ မခံရလောက်ပါဘူးး ဘာမှ မကြောက်ပါနဲ့ ။ ကိုကြီးနောက်မှာ အနော်တို့ ရှိတယ်။

မျိုးမြင့်မောင် said...

အမလေး...ယပ်တောင်ရယ်

ထွက်လို့အားပေးတာတောင် နာမည်ဝှက်နဲ့ပါလား။ ထွက်ရမှာ အားရှိပ။ ဆန္ဒတွေစောပြီး ကိုယ်မလုပ်ရဲတာတွေ သူများကို ဇွတ်တိုက်တွန်း မနေစမ်းပါနဲ့ဗျာ။ စလုံးအစိုးရကို တပတ်ရိုက်ဖို့ စဉ်းစားပါရစေဦး။ အခုတောင် ညာတာပါတေးနဲ့ စကားလာနှိုက်နေတာ။

pkw said...

ကိုပေါ ငိုအားထက်ရယ်အားသန် ဖြစ်နေပြိ ကဗျာက ကောင်းတယ်

Anonymous said...

Mg Lan Thit...Go to hell..stupid..idiot..shit....Fucking idiot....

Anonymous said...

ယပ်တောင် ဆိုကာမှ ယပ်တောင် အလုပ်ပဲ လုပ်မှာ ပေါ့ဗျာ... ခင်ဗျားတို့ရော... ခင်ဗျားတို့ အလုပ် ဘယ်တော့လုပ်မှာ လဲဗျ...

ယပ်တောင်

Bino said...

What a nice Ko paws with sharp claws post.

Aung Khin said...

လမ်းသစ်ရေ ကိုယ်ဖာသာ ကြွင်းတူး ပြီးမြန်မြန်သတ်သေလိုက်တော့ကွာ

Aung Khin said...

မြေသြဇာလောက်တော့မင်းအသုံးဝင်မယ်ထင်ပါတယ်

Aung Khin said...

kyaw ရေ မှန်တာတွေပြောပေးမှ ပြည်တွင်းကလူတွေပိုသိလာမှာပေါ့

Aung Khin said...

ပြည်သူတွေ ဒုက္ခရောက်တာ သောက်သုံးမကျတဲ့ အစိုးရကြာင့်ပါ

Aung Khin said...

စစ်အာဏာရှင်စနစ် ကျဆုံးရေး ဒို့အရေး

မျိုးမြင့်မောင် said...

အမလေး...ယပ်တောင်ရာ

အလုပ်ဆိုပြီး ကိုင်ပြောနေတာ လခပေး၊ ထမင်းကျွေးထားတဲ့ အလုပ်ရှင်လေသံတောင် ပေါက်နေပြီ။ ဘယ်သူကများ ငါတို့ကို ခန့်ထားလို့ မင့်အလုပ်၊ ငါ့အလုပ် ဆိုပြီး တရားသေ ခွဲနေရတာတုန်း။ မင်းလိုသာ တာဝန်ယူတတ်ကြေးဆို ငါလည်း ငါ့အလုပ်က ပရိတ်သတ်အလုပ်လို့ ပြောပြီး ရဲရဲကြီး တာဝန်ယူတတ်တာပေါ့။ လူတွေထွက်ရင် လက်ခုပ်သီးပြီး အားပေးမယ်။ ရှုံးရင် ၀မ်းနည်းပြမယ်။ အာဇာနည်တွေ သေရင် ပန်းခွေချပေးမယ်။ နိုင်တဲ့တစ်နေ့ သူရဲကောင်းတွေကို ပန်းကုံးစွပ်ပြီး တော်လှန်ရေးတလျှောက် တာဝန်ကျေလာခဲ့တဲ့ ကိုယ့်ကိုယ်ကိုတောင် ဂုဏ်ယူလိုက်ဦးမယ်။ ကဲ ဘယ်လောက်နိတ်တဲ့ အလုပ်လဲ။

မင်းမှာလုပ်သင့်တယ် ဆိုတဲ့အသိရှိရင် ကိုယ်တိုင်လည်း နိုင်သလောက် ၀င်လုပ်ပါလား။ သူများကိုချည်း လက်ညှိုးထိုး ခိုင်းတတ်ရအောင် မင်းက သန်းရွှေမယားပါသား မို့လို့လား။ ဒီလိုပြောလို့ ကိုလမ်းသစ်က သူ့အဘဘက်ကတောင် ၀င်နာနေဦးမယ်။ တတ်နိုင်တဲ့ဘက်က တတ်နိုင်သလောက် ပါဝင်သင့်တယ် ဆိုတဲ့ စကားကို ပေါ့ပြက်ပြက် ယူမသုံးစမ်းပါနဲ့ကွာ။ အဓိပ္ပါယ်ရှိရှိ ပါဝင်ဖို့ အားထုတ်စမ်းပါဦး။ ထွက်ကြတော့လေလို့ ပြောတာထက် ထွက်ကြစို့ဗျာလို့ ပြောကြည့်ပါလား။

Aung Khin said...

မိတ်ဆွေတို့
မောင်လမ်းသစ် ဒီနေရာမှာ မှားသွာတာ အားလုံးသိလောက်ပါပြီ. နောက်တစ်နေရာ ကိုသွားကြစို့

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs