“အချိန်မနှောင်းခင်”

Share |
သြော်….. ရမ်းကားခဲ့လေသူ နောက်တယောက်တော့ သွားပြန်ပါပေါ့။

တွင်း(၂) ဗိုလ်ချုပ်ကြီး တင်ဦး၊ ပြီးတော့ ဗိုလ်ချုပ်ကြီးစိုးဝင်း၊ ခုတခါ ဒု-ဗိုလ်ချုပ်ကြီး မောင်ဘို တယောက်ပြီး တယောက် စောစောစီးစီးနဲ့ အမိုက်ဇာတ်သိမ်းသွားကြပြီ။ အင်း…. အနိစ္စ၊ အနိစ္စ၊ အနိစ္စ…။

အမိုက်တကာ့ ဗိုလ်မင်း….
အဖျင်းတကာ့ ဗိုလ်ချုပ်….
အပယ်လေးလီ မြစ်နဒီမှာ…
ပလုံစီအောင်ငုပ်မယ့်….
လူယုတ်ကြီးတွေ
ကျန်နေသေးတယ်….။

ရွှေအိမ်နန်းနှင့်၊ ကြငှာန်းလည်းခံ၊ မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊ သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက်သည့်၊ ရေပွက်ပမာ၊ တသက်လျာတည်း….. ဆိုတာကို သဘောပေါက်ပြီး မသေခင် မိုက်တွင်းနက်နေတာကို ရပ်တန်းက ရပ်ကြရင်ကောင်းမယ်ထင်တယ်။ အချိန်မနှောင်းသေးဘူး။ ပြင်မယ်ဆို ပြင်လို့ရသေးတယ်။

သတင်း။ ။ ဒုတိယ ဗိုလ်ချုပ်ကြီးမောင်ဘို ကွယ်လွန် (မဇ္ဈိမသတင်း)

(စာကိုး။ ။ ဦးပုညနှင့် အနန္တသူရိယအမတ် တို့၏ စာများ၊ လင်္ကာများကို ယူသုံးထားပါသည်။)

5 comments:

Anonymous said...

This is a good news just for the sake of our country as we all know that being delighted for one's death is not good. What if they change their mind to a much much much better direction than their current ones? It would be much better. But, ya, we dont see any possibility of this at all. :(

မုန်းစရာ. said...

ကိုပေါ.

ဥပမာ ပေးစရာရှားလို့.....မြတ်စွာဘုရား ပါရမီဖြည့်တဲ့အချိန်ကို လူယုတ်မာတွေ ရိုင်းစိုင်း ယုတ်မာတဲ့အချိန်နဲ့ နှိုင်းရသလား...

မြတ်စွာဘုရားက လောက ကောင်းကျိုးအတွက် ဘဝပေါင်း ၄သင်္ချေ ကမ္ဘာတသိန်း ပါရမီဖြည့်ခဲ့တာပါ...

အာဏာရူးတွေက လူသားဆိုးကျိုး လုပ်နေတာဖြစ်လို့ နှစ်၂၀ဆိုတာ သိပ်များနေပါပြီ.. နည်းနိုင်သမျှနည်းအောင် လုပ်ဖို့ အရေးကြီးနေပြီ..

ရှေ့က ပြသွားတဲ့ လူမိုက်တို့ရဲ့ ဇာတ်သိမ်းပိုင်းကို ကြည့်ပြီး နောင်တရဖို့ သင့်နေပါပြီ..

Kyaw Thein Kha said...

That's a good news. One of the blood-thirsty army dogs has been dead. Who's next?

htaywin said...

သြော်.. သေတာတောင် ကိုယ့်အိမ်ကိုယ့်ရွာ ကိုယ့်တိုင်းပြည်မှာ မသေရတဲ့ဘ၀..

မျိုးမြင့်မောင် said...

ကိုဋ္ဌေးဝင်းရယ်

မောင်ဘို့ ကျန်ရစ်သူတွေ ကြားလို့ မခံချင် ဖြစ်နေဦးမယ်။ သူတို့က စင်္ကာပူမှာ သေနိုင်တာကို ဂုဏ်ယူပြီး လိုက်ကြွားနေတာ။ ဆေးရုံတက်နေတုန်း မောင်ဘို (ခေတ္တ စင်္ကာပူ) လုပ်ချင်သေးတာဗျ။ အခုတော့ မောင်ဘို (ထာဝရ အ၀ီစိ) ပေါ့ဗျာ။

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs