“၀ုတ်ပါ့မလား မောင်ကာဠုရဲ့”

Share |
ဒေါ်အောင်ဆန်းစုကြည်ရဲ့အိမ်ကို အင်းလျားကန်ထဲက တဆင့် ရေကူးဝင်ရောက်ခဲ့ပြီး ပြန်အထွက်မှာ အဖမ်းဆီးခံခဲ့ရရှာတဲ့ အမေရိကန်နိုင်ငံသားနဲ့ ပတ်သက်လို့ ကျနော့်ဆီကို အီးမေးလ် နှစ်စောင်တိတိ ရောက်လာပါတယ်။

ပထမတစောင်မှာ မြန်မာ့အလင်းသတင်းစာဖြတ်ပိုင်းကလေးပါရှိပြီး နောက်တစောင်မှာတော့ ဂူဂယ်လ်အပ်သ်က မြေပုံလေးတခုပါရှိပါတယ်။ အဲသည်မြေပုံမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အိမ်တည်နေရာနဲ့ အမေရိကန်နိုင်ငံသား ဖမ်းမိတဲ့နေရာကို အမှတ်အသားကလေးတွေနဲ့ ပြသထားတာကို တွေ့နိုင်ပါတယ်။ (နှစ်ပုံစလုံးကို အောက်မှာ ဖော်ပြထားပါတယ်။)

အဲသည်နှစ်နေရာရဲ့ အကွာအဝေးကို တွေ့လိုက်ရတော့ ဖမ်းမိတယ်ဆိုတဲ့ အမေရိကန်နိုင်ငံသားဆိုတာ တခြားမဟုတ်နိုင်.... ပီကင်းအိုလံပစ် ရေကူးအားကစားမှာ ရွှေတံဆိပ်တွေ တလှေကြီး ဆွတ်ခူးသွားတဲ့ Michael Phelps များ ဖြစ်လေမလားလို့ တွေးမိပါတယ်။ (ပုံကို မူရင်းအရွယ်အစားအတိုင်း မြင်လိုပါက ပုံပေါ်တွင် ကလစ်ခေါက်ပါ။)





26 comments:

ခရေဖြူ said...

တော်တော်ကူးနိုင်ပါပေတယ်

Rita said...

ဝုတ်မှာပါ ကိုပေါရဲ့ (ဘာမှန်းတော့ မသိဘူး)

:P said...
This comment has been removed by the author.
:P said...

မဟာဇနက္က လေလော......။

မောင်လမ်းသစ် said...

သတင်း မတိကျဘဲနဲ့ အစိုးရ က ဖေါ်ပြပါ့မလား။ မဟုတ်မမှန် သတင်း ဖေါ်ပြတာ ဒီမိုကစေီ လိုလားပါတယ်ဆိုတဲ့ ဌာနတွေပါ၊ ဟိုတစ်လောကပဲ ဒေါ်စုကြည် အစာငတ်ခံ ဆန္ဒပြနေတယ်ဆိုပြီး ဗြောင်လိမ်ပြီး ပြောခဲ့သေးတာပဲ။

juju said...

hi road new,
if puplic take rice,dont believe.what u eat?ur sister's home will come like that.notice....

fddfdff said...

မစန္ဒာ
“ လူတစ်ယောက်ဟာ နိင်ငံကို မချစ်ရင် အမျိုးကိုလည်း အထင်မကြီးတော့ဘူး ၊ ကိုယ့်ရဲ့ အမျိုးအနွယ်ကို စောင့်ရှောက်သင့်တယ် ဆိုတာကိုလည်း
သတိမရတော့ဘူး။ မျိုးဆက် ဆိုတာဟာ ပျက်ပြီဆိုရင် တဖြည်းဖြည်းနဲ့
တိမ်ကောပြီး ပျောက်သွားတက်တယ်

Anonymous said...

အစိုးမရသတင်းစာကပြောတိုင်းကြိတ်မှိတ် ( ဟဲဟဲ..သဘောပေါက်မှာပါ ) ယုံတာကိုးဗျ။ ထမင်းတလုပ်အတွက်အဲဒီလောက်တောင်ခက်နေသလား မောင်လမ်းဟောင်းရာ...။ ဗမာပြည်မှာထမင်းမငတ်ပါဘူးဗျ..ခင်ဗျားတို့ ပုဂ္ဂိုလ်ကြီး ဘဲတနေ့ကပြောထားတာ..” ပြည်သူ သန်းတစ်ရာအတွက်တောင်ရိက္ခာဖူလုံတယ်ဆိုတာလေ”...

Anonymous said...

Anyway...

It's Jack Bauer..?

So 24.....

Frineds said...

For Nga Paw, (Only for Nga Paw)
“ လူတစ်ယောက်ဟာ နိင်ငံကို မချစ်ရင် အမျိုးကိုလည်း အထင်မကြီးတော့ဘူး ၊ ကိုယ့်ရဲ့ အမျိုးအနွယ်ကို စောင့်ရှောက်သင့်တယ် ဆိုတာကိုလည်း
သတိမရတော့ဘူး။ မျိုးဆက် ဆိုတာဟာ ပျက်ပြီဆိုရင် တဖြည်းဖြည်းနဲ့
တိမ်ကောပြီး ပျောက်သွားတက်တယ်

Anonymous said...

ပြောစရာလဲ မလိုလောက်ပါဘူး။ ကိုယ်ဘာကောင် လည်းဆိုတာ ကိုယ်ကိုယ်ကို အသိဆုံးပါ။ ”အစိုးရ သတင်းစာ” အစိုးရဆိုတာလည်း တရားမ၀င် ၊ သတင်းစာဆိုတာ ကလည်း အတင်းအဖျင်းနဲ့ ပေါချာချာတွေပဲ ဖော်ပြတာပဲရှိတယ်။ ဒါပေမယ့် ဒေါ်စုရဲ့ လုံခြုံရေး ကို စိတ်လေးစရာပါဗျာ။ မင်းမဲ့တိုင်းပြည်လို ထင်တိုင်းဖြစ်နေတာတော့ စိတ်လေးစရာပါပဲ။ သားတွေ။ သမီးတွေ မြေးတွေမြစ်တွေ ရှေ့ရေးစဉ်းစားပေးပါ။

Anonymous said...

အေးလေ နီးနီးလေးဘက်မကူးပဲ အဝေးဖက် ကူးသတဲ့..
ရေကူးကျွမ်းကြောင်း ကြွားချင်သလားပဲ ။ အော် နအဖကလဲ သိပ်တော်တယ်နော် အဲဒီနားက ငါးလောင်းပြိုင်လူသတ်မှုတော့ မသိလိုက် မမိလိုက်။ ရေကူးနေတာတော့ မိသတဲ့ ဟိဟိ

yehtutnaung said...

အစိုးရသတင်းစာကို မယုံပါဘူး။ အခု google map မှာ ပြထားတဲ့အတိုင်း ကူးမယ်ဆိုရင်လဲ မယုံပါဘူး။ ယုံပါဆိုရင် လူသိရှင်ကြား စစ်ဆေးမေးမြန်းဖို့  လိုပါတယ်။
လူသိရှင်ကြား = နားလည်ပါတယ်နော်။

Ngaman said...

Hey Road New; no wonder u dare to say like that becoz new road constructed by SPDC is not smooth n uneven, so ugely as ur name. P...PP.

ကြည် said...

ဘယ်လိုကူးလို့ဘယ်လိုရောက်သွားတာလဲမပြောတတ်ပေမဲ့ ဒီသတင်းကြားရတာ အံ့သြစရာပါပဲ။

Kaung Kin Ko said...

ထူးဆန်ပါပေ့ ဆရာတွတ်ရယ်

Bino said...

I won't say anything unless the news improves and update.

Anonymous said...

Anyway...

Daw ASSk is Happy, we'll be Happy...for this...

မင်းသုမေ said...

၇ီလိုက်၇တာဖတ်ဖတ်မော၇င်ဘတ်နောက်ကကြော

သတိ said...
This comment has been removed by the author.
သတိ said...

အားလုံးသတိ

မြေပုံထဲက တမျှော်တစ်ခေါ်ကို တွေ့မှပဲ အတွေးတစ်ခုဝင်တော့တယ်.. အင်း.. တကယ်လို့သာ စီစဉ်ချောက်ချတာမျိုးဆို ဘာလို့ အဲဒီနေရာကြီးက ကူးခိုင်းမလဲဗျာ.. ဒီလောက်ယုတ္တိ မဲ့သလိုကြီးဖြစ်နေတာကို.. ခုကြည့်.. ကိုပေါတောင် သတိထားမိတွားပီ.. ဟီးဟီး..

မောင်သတိ စောင့်ကြည့်သလောက်တော့.. အမေရိကန်ငတိကို မိတယ်.. ဒီငတိကို ဖမ်းစစ်ပီး ဘယ်လောက်မှ မကြာသေးဘူး ပြင်ပနဲ့ အဆက်အသွယ် လုပ်ပေးနိုင်ခဲ့တဲ့ ဆရာဝန်ကို ဆွဲစိတယ်.. ဒေါ်စု နေမကောင်းဖြစ်တယ်..

ဒီနေရာမှာ မောင်သတိဟာ ဒီအဖြစ်ကို သူများတွေမြင်သလို သိက္ခာကျစရာမဟုတ်မဟတ်တွေ မမြင်ပါဘူးခင်ဗျ.. ဒီအမေရိကန် ငတိဟာ နာမည်ကြီးချင်လို့ စတန့်ထွင်တာလည်း ဖြစ်နိုင်တယ်.. ဒါမှမဟုတ် ဒေါ်စုနဲ့ ချိတ်ဆက်ပီး နိုင်ငံရေး လှုပ်ရှားမှုအရ လာတွေ့တာလည်း ဖြစ်နိုင်တယ်.. အဲ.. အစိုးရက အကွက်ရိုက်တယ်ဆိုတာလည်း ခုမြေပုံကြည့်ပီး နဲနဲတွေဝေသွားပေမဲ့ ဖြစ်နိုင်တယ်ပဲထားပါဗျာ..

အမေရိကန် ငတိကို မိသွားတာက စိတ်ကို သိပ်အနှောင့်အယှက်မဖြစ်ပေမဲ့ ဆရာဝန်ကို ဆွဲစိတာနဲ့၊ ဒေါ်စု ရုတ်တရက်ကြီး နေမကောင်းဖြစ်သွားတာကတော့ ကသိကအောင့်ဗျ.. ပြီးတော့ ဒီသတင်း ထွက်လာပီးမှ ထဖြစ်တာ.. လူဆိုတာက စိတ်သိပ်ပူပန်လွန်းရင် ကိုယ်ကို ထိတာပဲလေးဗျာ.. ပီးတော့ ဖျားတာမျိုး မဟုတ်ပဲ သွေးတိုးတယ်.. အစာမစားနိုင်ဘူး ဆိုတာမျိုးဆိုတော့.. အင်း.. တကယ်လို့သာ ဒီအမေရိကန်ငတိဟာ တကယ်အရေးကြီးတဲ့ နိုင်ငံရေးဆွေးနွေးချက်တွေကို သယ်ဆောင်ထားသူဆိုရင်တော့လဲ ဒီလိုစိတ်ပူမှုမျိုးဟာ ဖြစ်နိုင်လောက်ပါတယ်..

ဘာရယ်မဟုတ်ဘူးပေါ့ဗျာ.. သူများတွေလိုပဲ မြေပုံကြည့်ပီး ကောက်ချက်ချကြည့်တာပါ.. ကဲ.. သတင်းစာထဲကအတိုင်း မေးတော့လည်း အဲဒီအတိုင်းပဲ ပြန်ဖြေမယ်ဗျာ.. ဘာတဲ့ ”ဒါ့ထက်တောင် ပိုသေး” ဆိုလားပဲ.. ဟဲဟဲ..

အားလုံးသက်သာ
ဆားပုလင်း သတိ

Anonymous said...

May b army SPDC is Too good that kind of thing...

Wait 2 days and catch this guy with all information between them discussed...

That may b meaningful to them...

Nge Naing said...

ကျွန်မ သိရသလောက်တော့ ၈၈ ကနေ အခုထိ အစိုးရဖေါ်ပြနေတဲ့ သတင်းတွေက အမှန်သိပ်နည်းပါတယ်။ ဒီမိုကရေစီ မီဒီယာတွေက သတင်းအမှား မပါဘူးလို့ မဆိုလိုပါဘူး။ ဒါပေမယ့် အတည်ပြုလို့ မရသေးရင်လည်း အတည်ပြုလို့ မရသေးဘူးဆိုတာ အမြဲထည့်ပြောတာ တွေ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီမိုကရေစီမီဒီယာတွေမှာ သမ္မတပဲ ပြောပြော ၀န်ကြီးချုပ်ပဲ ပြောပြော ယုံနိုင်စရာ မဟုတ်တဲ့ အကြောင်းရာ တခုကို မယုံရင် မယုံသလို အိမ်ဖြူတော်ရှေ့ (အမေရိကမှာ) ဒါမှမဟုတ် Parlimant House (တခြားနိုင်ငံတွေမှာ) ရှေ့သွားပြီး မှားတယ် မယုံဘူးလို့ သွားပြောပြီး ကိုယ့်ယုံကြည်မှုကို ကိုယ်ရဲရဲတင်းတင်း ဖေါ်ပြလို့ ရတယ်။ ဘယ်လက်ပါးစေကမှ မဖမ်းဘူး။ နအဖ မီဒီယာတွေက သတင်းကို မှားတယ်ထင်ရင် နေပြည်တော်မှာမဟုတ်ဘူး ကိုယ့်အိမ်ထဲမှာတောင် ကိုယ်ပြောလို့မရဘူး။ ဒါကွာပါတယ်။ ယုံကြည်မှုဆိုတာ ဘယ်သူမှ တားဆီးလို့မရဘူး။ ဒီမိုကရေစီ မီဒီယာပဲဖြစ်ဖြစ် အစိုးရမီဒီယာပဲ ဖြစ်ဖြစ် ဘယ်သူမှ အကုန်လုံး မမှန်နိုင်ဘူး။ ကိုယ်ယုံလို့ ကိုယ်မှန်တယ် ထင်တာကို ဘယ်သူမှ အတင်းကြီး
ဒါမှားနေတယ် မယုံနဲ့လို့ သွားပြောလို့လည်း မရနိုင်ဘူး။
ဒါပေမယ့် အစိုးရသတင်း မှန်တယ်လို့ ထင်နေတဲ့သူတွေဟာ ထင်နေတဲ့အထဲက ၉၉ ခုမှာ တခုလောက် မတော်တဆ မှားနေတယ်ထင်ရင် မှားတယ်လို့ ပြောရဲကြသလားဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ကြည့်ကြပါ။ သူများကိုပဲ လိမ်လို့ ရမယ်ကိုယ့်ကိုယ်ကိုယ် လိမ်လို့မရပါဘူး။ ကိုယ်သတ်မှတ်ထားတဲ့ အမှန်ဆိုတာကို မှန်တယ်ထင်လို့ မှန်တယ်လို့ ပြောနေတာကိုတော့ သူတို့ အသိဥာဏ် ဒီလောက်ပဲ ရှိလို့ ဒါကိုပဲ အမှန်ထင်နေတယ်ဆိုပြီး နားလည်လို့ ရပေမယ့် မဟုတ်ဘူးဆိုတာ သိရက်နဲ့ ခေါင်းမာပြီး အမှန်လိုက်လုပ် နေသူတွေကိုတော့ နအဖဆီကဆီက လိမ်စား၊ ကပ်စားနေတဲ့ ကိုယ်ကျိုးရှာသမားတွေ အဖြစ်ပဲ သတ်မှတ်ရမှာ ဖြစ်တယ်။ ဒီလူတွေကို အမုန်းမပွားကြပါနဲ့ အမုန်းပွားရင် သူတို့ အကုသိုလ်တွေကို ကိုယ်က မိတ်ကောင်းဆွေကောင်းတွေလို မျှဝေခံစားရာရောက်သွားလိမ့်မယ်။ သူတို့အကုသိုလ်ကို သူတို့ဖါသာသူတို့ ယူကြပါစေ။

Anonymous said...

So What..?

U all Don't Know lah...

Wonder guessing lah..

Anonymous said...

ငတိဆိုတဲ့ငတုံးရယ်..

"ဒါမှမဟုတ် ဒေါ်စုနဲ့ ချိတ်ဆက်ပီး နိုင်ငံရေး လှုပ်ရှားမှုအရ လာတွေ့တာလည်း ဖြစ်နိုင်တယ်.."

ငါအဲဒီလိုအိုကြီးအိုမကိုလွှတ်မလားကွာ..
ငါမှာတော်ပေ့ကောင်းပေ့Agents တွေအများကြီးရှိပါတယ်..
မင်းကိုတောင်လူမသိသူမသိ ဆီလာစွတ်လို့ရတယ်.

CIA

Anonymous said...

လတန်ခူးပေမို့
အလှထူးပါဘိ
မြမြဖူးရယ်တဲ့ ခိုင်ရွှေဝါ။

တကယ်တမ်းသာဖြင့်
ဘယ်ပန်းသော် စံမတူဘု
နန္ဒမူ ဖလ်ဂူထိပ်မှာလ
ပစ္စေကာ ချွေးတော်သိပ်ရတယ်
အေးရိပ်ဆာယာ။

တနှစ်တွင် သည်တလသာပ
တလတွင် တရက်ထဲ
ခက်ခဲတဲ့ ရက်ဗုဒ္ဓါ
ပွင့်ရှာကြ စုံမြိုင်တွင်း။

မြူမင်းလွင်ထန်
ကြူသင်းတာချိန်ယံ မတော့
ရွှေဝတ်ဆံ ငုံတံ ညှောက်ကယ်နှင့်
ခါသင်္ကြန် ဂိမှာန် ရောက်ပြန်တော့
သိရ်သရေ ထိန်ဝေလို့ တောက်တဲ့ပြင်
လမ်းတလျှောက် သင်းတာမို့
ဆန်းသလောက် မလင်းနိုင်ဘု
ပန်းပိတောက်မင်း … ။ … ။
(ဦးကြော့)

မခူးချင်စမ်းပါနဲ့
နှစ်ဆန်း ခါတော်မီမို့
ဇမ္ဗော်ရည် ပြည်ပြည်လိမ်းကာပ
ခပ်သိမ်းနယ် စုံစုံသို့
ပွင့်ငုံကို လင့်ကုန်ကြတော့လို့
ခေါင်းကြွကာ ဆာဝေေ၀နဲ့
သူလည်းလေ လောကီသားလိုပေါ့
ကြွားချင်လှ ပေလိမ့်မယ်။

တသိန်တင့်ပါဘိ
တိမ်မြင့်ရီပြာပြာက
ကြည်သာသာ ပင့်လေအဖြူးတွင်ဖြင့်
တီတာတာ ပွင့်ရွှေဖူးငယ်တို့
လည်ယှက်ကာ ဘယ်ညာလူးလေတော့
သူတို့လို ဘယ်သူမြူးနိုင်ပါ့
ထူးပါဘိတယ်။

တ၀ါဝါ ဆင်သင်္ကန်းရယ်က
ကမ္ဘာမှာ ဘ၀င်ချမ်းစေတဲ့
သာသနာ ရွှင်ရွှင်လန်းအောင်လို့
တမင်မှန်းကာပ သတိဆွယ်
ရည်ရွယ်တော့ သလား။

ခူးပါနဲ့ကွယ်
ပွင့်ဖူးမှာ အ၀ါခြယ်လို့
မာလာအလယ်မှာ နွှဲချင်တဲ့ နှလုံးရယ်ကြောင့်
နှစ်ဆုံးကုန် အတာဝင်သို့
မာန်အင်ကို ဉာဏ်ဆင်မွေးကာပ
အရေးအခါသာမှ
ခမျာမှာ တဂုဏ်ဆန်းရတယ် …
ပန်းပိတောက်များ … ။ … ။
(ဇော်ဂျီ)

I copied this poem form nay nay naing. http://naynaynaing.blogspot.com/2009_04_01_archive.html

If I'm not wrong, u want to get this poem, right?
I search ur post about this poem but I don't know where is it.
Mya

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs