“ကြက်တကောင်၏ အတ္ထုပ္ပတ္တိ”

Share |


ကြက်မှာအရိုး
လူမှာအမျိုးဆိုသလို
မဂိုမစဲ မယားဆဲ
သတ္တိနည်းတဲ့
သူရဲဘောကြောင်
ကြက်တကောင်ဆိုလျှင် ထားပါတော့။

ခုတော့….
တိုက်ကြက်မျိုးရိုး
ဟိုးလေးတကျော်
ခွပ်ဖော်ရှာမရ
အထင်ကရ ကြက်။

ဒီကြက်ကိုယုံလို့
ပုံအောမိတယ်။
ပွဲထွက်ပြီးမကြာခင်
လက်ဖျားပင် ခေါ်မိသေးတယ်။

ဒါပေမယ့်…
ရေထဲမိုးထဲ
အသည်းချင်း မပေါက်နိုင်
တချက်လောက် ခံရရုံနဲ့
ကယောက်ကယောက် အော်ကာပြေး
ဟာ….မအေပေးကြက်…….။

အမျိုးမှန်လည်း
အရိုးမသန်…
အဖိုးမတန်တဲ့ကြက်….

ကြက်ပြေးဆိုရင် အမျိုးကိုဖြုတ်
ဥ ပါမကျန် တုပ်ပစ်ရသတဲ့။

ထွက်ပြေးတဲ့နောက်
အသာကောက်ပြီး
ဘူးသီးရောရာ
မဆလာနဲ့
ကာလသားဟင်းတခွက်
ကောင်းကောင်းကြီးချက်လို့
အရက်နဲ့တွဲ
ရှုံးပွဲခံလိုက်ကြသေးတယ်။

(ဆရာသော်တာဆွေ၏ “ကြက်ဋီကာ” စာအုပ်ကို ဖတ်ပြီး ခံစား ရေးဖွဲ့ပါသည်။)

14 comments:

Anonymous said...

အူကြောင်ကြား

Anonymous said...

စောင်းလို့၊မြောင်းလို့ကိုမပြီးနိုင်သေးပါလားဗျာ...။
ယောင်္ကျားစစ်စစ်ဧကန်ဖြစ်လျှက်နဲ့။
ဘယ်သူ့အတွက်မှလဲအကျိုးမရှိ..။

Anonymous said...

I've read Sayar Thaw Dar Swe's book some times ago and I like it.
I remember he wrote about one of his chicken which made them loose all their bet bec it ran away from the fight. Then, that chicken goes to the pot of curry noodle for his wife's birthday Ahlu. :D

yehtutnaung said...

ကိုပေါရေ.. ဆရာသော်တာဆွေ၏ “ကြက်ဋီကာ” စာအုပ်ကို ရှာဖတ်ဦးမယ်ဗျာ။ ကျွန်တော့်ဆီမှာတော့ ကာလာသားဟင်းပဲ ချက်စားလို့ ရမှာ။ :P

Bino said...

What a funny post.
ဒါပေမယ့်…
ရေထဲမိုးထဲ
အသည်းချင်း မပေါက်နိုင်
တချက်လောက် ခံရရုံနဲ့
ကယောက်ကယောက် အော်ကာပြေး
ဟာ….မအေပေးကြက်…….။
He (rooster, dead sentenced by Ko Paw) was given no chance to re-fight.
May be he got bird flu or lack of training.
You should be made sure checked that root case of lose.
You have a large brain.

But
ထွက်ပြေးတဲ့နောက်
အသာကောက်ပြီး
ဘူးသီးရောရာ
မဆလာနဲ့
ကာလသားဟင်းတခွက်
ကောင်းကောင်းကြီးချက်လို့
အရက်နဲ့တွဲ
ရှုံးပွဲခံလိုက်ကြသေးတယ်။

ထွက်ပြေးတဲ့နောက်
အသာကောက်ပြီး
ဘူးသီးရောရာ
မဆလာနဲ့
ကာလသားဟင်းတခွက်
ကောင်းကောင်းကြီးချက်လို့
အရက်နဲ့တွဲ
ရှုံးပွဲခံလိုက်ကြသေးတယ်။
You are a grate idiot.
Bino

Anonymous said...

Hi ! All frineds,

Now, Nga Paw worte post about himself.He is also same as that Tike Kyet.
So, everybody know what kind of person he is.

WWW said...

မိုက်တယ် ကိုပေါ ...
ဘယ်သူတွေဘာပြောပြော ဒီကဗျာကို ကြိုက်တယ်။
စောင်းသည်ဖြစ်ဖြစ် မြောင်းသည်ဖြစ်ဖြစ် ဒီလို ရေးနိုင်တဲ့ အစွမ်းကိုလဲ ချီးကျူးတယ်။
အကြောင်းအရာနဲ့ လိုက်ဖက်အောင် စကားလုံး သုံးနှုန်းထားတာလဲ အံဝင်ခွင်ကျပဲ ... ။
ဖတ်ရတာ အားရပါပေ့။

Anonymous said...

Hi Ko Paw;

It wasn't to be surprise. Every reader/blogger/comment-writer has different idea and personality coz they all have hearts and souls. Some may like your post, but some may not, even some may hate your posts, at the same time they can't stop reading your posts. What a mess?

Just keep it on, don't take account what they are saying. Be shine your blog on all your way.

Anonymous said...

ကိုပေါ
ခင်ဗျာ ယောက်ကျာင်္ ဆိုရင် ယောက်ကျာင်္ဆန်ဆန်ရေးပါ

chocothazin said...

Annonymous ရေ
ကိုပေါက ယောက်ျားမို့ လို့ ကိုပေါဆိုတဲ့နာမည်နဲ့ ပြောင်ပြောင်ကြီးရေးတာဟ သူများကို အမည်မဖော်ပဲ ခိုးချောင်ခိုးဝှက် ချောင်ခိုတိုက်နေတာမဟုတ်ဘူးနော်။

Tin said...

keep going on brother Paw. :-)
Just Anonymous said on 7 May. let it be as what people say. We all are running our own life, may or may not be same perspective and it's very subjective. To me sharing the knowledge is good and its depend on how you approached the article. ( + ) or ( - ) is up to us to decide.
May All of You be Well, Happy, and Peaceful always, and be able to continue practice Buddha Dhamma and reach the Cessation of Sufferings, Nibbana.
Very Happy Vesak Day 2009

Ozzy said...

This one is also nice. Carry on your good work! Don't mind about some lousy comments of anonymous.

Anonymous said...

ဒီဘလော့ဂ်ကို သိတာ မကြာသေးပေမဲ့ ဒီနောက်တော့ လာဖြစ်တယ်။ Comment ရေးတာတော့ ဒါပထမဆုံးပါ. သိချင်တာကတော့ ကဗျာထဲမှာ ပါတဲ့ ”မဂိုမစဲ မယားဆဲ” ဆိုတဲ့ စကားပါ။ ကြားဖူးတာကတော့ ”မဂိုမခဲ(ဂဲ) မယားဆဲ မဂိုကောင်း ကျောင်းဆောက်” ဆိုတာပဲ ကြားဖူးတယ်။ ဒါကလည်း နေရာဒေသကြောင့် ဖြစ်စေ၊ ကဗျာစပ်ရာမှာ လိုအပ်လို့ ပြောင်းလိုက်ရတာလည်း ဖြစ်နိုင်တယ်။ ကြက်သမား၊ ငှက်သမား တယောက်တော့မဟုတ်ပါ ဒါပေမဲ့ စာတိုပေတိုတော့ ကြိုက်တယ်။ သိသလောက်တော့ မဂိုမခဲ ဆိုတာက ကြက်မနဲ့ တူတဲ့ကြက်ဖကို ခေါ်တာဖြစ်တယ်။ အရောင်က မဲပုပ်ပုပ် အပေါ်မှာ အဖြူပြောက်၊ အ၀ါပြောက်နဲ့၊ ခေါင်းပုံစံကလည်း ကြက်မပုံကို ပြောတာ ဖြစ်တယ်။ မဂိုမစဲ နဲ့ မဂိုမခဲ(ဂဲ) ကို သိချင်တာမှ တပါး တခြားဘာမှ မရှိပါ။

ကိုပေါ said...

အမည်မသိ……. ဆရာသော်တာဆွေရဲ့ ကြက်ဋီကာ စာအုပ်ထဲမှာတော့ “မဂိုမစဲ မယားဆဲ” လို့ ဖော်ပြထားပါတယ်။ မစဲတွေဟာ တိုက်တဲ့အခါ ထွက်ပြေးတတ်တယ်လို့ သိရပါတယ်။ စာအုပ်ရဲ့ အခြားတနေရာမှာလည်း “ဖြစ်ချင်တော့ မစဲနဲ့မှ သွားတိုက်မိတယ်ဗျာ”၊ “ဟာ…. ဆရာ့ကြက်က မစဲနဲ့ကျမှ ရှုံးသတဲ့လား” အစရှိသဖြင့် ဖော်ပြတာကို တွေ့ရပါတယ်။

ဒီတော့ နေရာဒေသကိုလိုက်ပြီး အခေါ်အဝေါ် ပြောင်းလဲသွားတာဖြစ်နိုင်ပါတယ်။ ဆရာသော်တာဆွေက ပေါင်းတည်ဇာတိ၊ ရန်ကုန်ရောက်ပြီး စာရေးဆရာဘ၀မှာလည်း ကြက် တိုက်တယ်လို့ သိရပါတယ်။

ကဗျာစပ်ရာမှာ လိုအပ်လို့ ပြောင်းလိုက်တာမဟုတ်ပါ။ ဆရာသော်တာဆွေ စာအုပ်ကို မှီငြမ်းလိုက်တာပါ။ အဲသည်စာအုပ် မဖတ်မိခင်က အဲဒီ ဆိုရိုးစကားကို မကြားဖူးပါဘူး။

ဘာပဲဖြစ်ဖြစ်…. စိတ်ဝင်စားတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကြက်ပွဲတွေအကြောင်း စိတ်ဝင်စားတယ်ဆိုရင် ဆရာသော်တာဆွေရဲ့ ကြက်ဋီကာ စာအုပ်ကို ညွှန်းပါရစေ။ ကြက်အကြောင်းရော၊ ကြက်သမားတွေအကြောင်းရော လူ့သဘော၊ လူ့သဘာဝ၊ တောသူတောင်သားတွေရဲ့ ဘ၀ကိုပါ ထင်ဟပ်ပေါ်လွင်စေတဲ့ စာအုပ်ကောင်းတအုပ်ပါ။

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs