“ကော်လာပေါ်က နှုတ်ခမ်းနီ”

Share |
ကာတွန်းငွေကြည်ရဲ့ ဟာသတခုကို သတိရမိတယ်။

တခါက လူတယောက်ဟာ စတိတ်ရှိုးပွဲ သွားကြည့်သတဲ့။ စတိတ်ရှိုးမှာ အဆိုတော်မေခလာကလည်း သူ့ရဲ့ နာမည်ကျော် သီချင်းတပုဒ်ဖြစ်တဲ့ “ကော်လာပေါ်က နှုတ်ခမ်းနီ” သီချင်းနဲ့ ဖျော်ဖြေပါသတဲ့။ မေခလာသီချင်းဆိုနေတုန်းမှာ အဲဒီလူဟာ စင်အောက်ပရိသတ်တွေအကြား မိုးတိုးမတ်တတ် ရပ်ကြည့်ရင်းက တိတ်တဆိတ် ကျိတ်ပြီး လေလည်လိုက်ရောတဲ့။ (ကျနော့်လို လူစားဖြစ်မယ်။ လူကြားထဲမှာ အင်မတန် ဒုက္ခပေးချင်တဲ့လူ။)

သူလေလည် ပြီးပြီးချင်းမှာပဲ တိုက်တိုက်ဆိုင်ဆိုင် မေခလာက သူရှိရာဖက်ဆီကို လက်ညိုးထိုးတဲ့ပြီး….

ကော်လာပေါ်မှာ နှုတ်ခမ်းနီ…… နင်လေ လည်တာ မိပြီ” လို့ သီဆိုလိုက်ချိန်နဲ့ တိုးသတဲ့။

အဲဒီလူ့စိတ်ထဲမှာ…. “အင်း…. ငါလေလည်တာ တိုးတိုးလေးပါ။ မေခလာက ဘယ်လိုလုပ်ပြီး သိသွားပါလိမ့်”….လို့ တွေးသတဲ့ဗျ။

လောကကြီးမှာ အဲသည်လိုပဲ… အိုးမလုံ အုံပွင့်တဲ့ ဇာတ်လမ်းလေးတွေက တခါတလေကျတော့ တော်တော်ရယ်ရပါတယ်။

ကျနော်လည်း ရမ်ဘို(၅) တို့၊ သူပုန်သုံးမျိုးတို့၊ အုတ်နီခဲများတို့၊ ပွဲသိမ်းငိုချင်း စတဲ့ ကဗျာလေးတွေကို သည်လိုပဲ အမှတ်မထင် ရေးချလိုက်ပါတယ်။ အမှန်တော့ ဒီကဗျာလေးတွေ ရင်ထဲမှာ ကိန်းအောင်းနေတာက ကြာပါပြီ။ ဘလော့ဂ်ပေါ်မှာ ချရေးဖြစ်အောင် စေ့ဆော်တဲ့အကြောင်းတရားတွေ ရှိပါတယ်။ တချို့သော လူတွေကို ရည်ရွယ်ပြီး ရေးမိတာလည်း အမှန်ပါ။

ဒါပေမယ့် ကျနော်ရည်ရွယ်သူတွေက သိတောင်မှ သိပါလေစမသိ။ (သိဖို့ မလွယ်ပါဘူး။ ကျနော့်ဘလော့ဂ်ကို သူတို့ တခါမှ လာဖတ်ပုံမရ။) သို့သော်လည်း မြန်မာ ဘလော့ဂါတယောက်ကတော့ သူ့ကို ရည်ရွယ်ရေးတယ်လို့ ထင်ရှာဟန်တူပါရဲ့။ ဆတ်ဆတ်ခါ ဆုန်ဆုန်ခွေ့ ဆွေ့ဆွေ့ခုန် နာကျည်းနေတာကို တွေ့ရတော့ ကျနော့်မှာ ငွေကြည်ဟာသကို ဖတ်ရတုန်းကလိုပဲ ငိုအားထက် ရယ်အားသန် ဖြစ်ရပါတော့တယ်။ ယုန်ထောင်ကြောင်မိ ဆိုတဲ့အတိုင်းပါပဲ။

သူ့ခမြာ…. အတော်ထိသွားပုံရတယ်။ အခုတလော သူများဘလော့ဂ်တွေက ကွန်မင့်ကဏ္ဍမှာ သူ့ခမြာ ဘာရေးရေး အဲသည်အကြောင်းက မထွက်နိုင်ဘူးဖြစ်နေရှာတယ်။

ဆောရီးပါဗျိုး။ ခင်ဗျားကို ရည်ရွယ်တာမဟုတ်ပါဘူး။ (သက်ဆိုင်သူရေ…. မေ့အသံအား မှတ်မိပါရဲ့လားလေ။ ဟဲ…ဟဲ။)

အမှန်က ယုန်ထောင်တာပါဗျာ။ ယုန်သားက တယ်ချိုဆိုပဲ။ ကြောင်သားကတော့ ပူသတဲ့။ စားဖူးသေးဘူး။

အကျွန်..ကျွန်ုပ်၊ ယုန်တထုပ်ကို၊ ခွာဆုတ်ရေလှန်၊ ကြတ်ခိုးခံ၍၊ ပရံန၀ါ၊ ရွက်နုညှာကို၊ ၀ါးပြာထည့်ကျို၊ အိုးနားတိုနှင့်..” ဆိုတဲ့ ရှေးကဗျာလေးကိုလည်း သတိရမိပါရဲ့။ ရှလွတ်....။

18 comments:

juli said...

"ဆောင့်ကြောင့်ထိုင်မွှေလိုက်မယ် ချိုပေစွဟင်းချိုကို စလောင်းတိုအခြေပဲ့နှင့် အာခေါင်မှာ ပူအောင်ထည့်လို့မြိုလှည့်ကွဲ့လေး.."
ကဗျာလေးဆက်ဆိုပေးလိုက်တယ်..

ပို့စ်တစ်ခုလုံးမှာ ဒီကဗျာလေးကိုပဲ မန့်လိုက်တာတော့ မကောင်းဘူးပေါ့နော်..
ကဗျာလေးက အခုထိစိတ်ထဲစွဲနေတုန်းမို့ပါ..

Anonymous said...

ဘာလို့အခုထိ..ခလေးဆန်တဲ့အတွေး၊ခလေးဆန်တဲ့အလုပ်
တွေလုပ်နေတာလဲဗျာ..ခင်ဗျားပေးပေမဲ့.... သူကမယူတော့အားလုံးခင်ဗျားဆီဘဲပြန်လာတာမဟုတ်လား..
တကယ်တော့................... ကိုယ်စိုက်သမျှကိုယ်ဘဲရိပ်သိမ်းကြရတာပါဘဲ၊ဒါဟာလဲ
လောကဓမ္မတာပါ၊ဟိုတယောက်ကစားဝင်အိပ်ပျော်လို့...
ခင်ဗျားသာမီးလောင်နေတာ...

ကိုပေါ said...

>> myo…. ဆက်ပေးလိုက်တာ ကျေးဇူးပဲဗျိုး။ ကျနော်အဆုံးအထိ ရွတ်ကြည့်တော့… ဆောင့်ကြောင့်ထိုင်မွှေလိုက်မယ် ဆိုတဲ့အကြောင်းကို စဉ်းစားလို့မရဘူး။ ဒါကြောင့် ကြားထဲမှာ ရွတ်ရတာ ဟာတာတာ ဖြစ်နေလို့ ဆုံးအောင်ဆက်မထည့်ဘဲ ချန်ထားရစ်ခဲ့တာ။း-)

>> anonymous မီးမလောင်ပါဘူး။ ရယ်ချင်တာပါ။ သူပူလောင်နေတာကိုမြင်လို့ သူ့ကို ရေးတာမဟုတ်ပါဘူးလို့ အကြောင်းကြားတာပါ။း-)

ကျနော်ရည်ညွှန်းတဲ့သူတွေက တကယ့်ဆရာကြီးတဆူ လုပ်နေသူတွေပါ။ တချို့ကို နှစ်ကြိမ်လောက် လူကိုယ်တိုင်တွေ့ဖူးပါတယ်။ အရင်နှစ်တုန်းကလည်း 8-8-2008 မတိုင်ခင် ပွဲသိမ်းတိုက်ပွဲဆိုပြီး လုပ်ခဲ့သေးတယ်။ အခုလည်း သက်ဆိုင်ရာ ဘလော့ဂ်တခုမှာ ပွဲသိမ်းတိုက်ပွဲအကြောင်း မိုးမွှန်အောင် ပြောလွန်းလာလို့ နားကလောပြီး အထက်မှာ ပြောခဲ့တဲ့ ကဗျာတွေ ရေးခဲ့တာဗျိုး။ ဒါပေမယ့် ခင်ဗျားလူက မဆီမဆိုင် ကြားထဲက ၀င်ပြီ်း ယုန်ထောင်ကြောင်မိဖြစ်နေလို့… ထုတ်ပြောရတာ… ရှင်းပြီလား။ ဂါးဖီးလေသံနဲ့ ပြောရရင်….စိတ်ညစ်တယ်။း-)

Anonymous said...

So Stupid....

&

What a waste...

Shame....!!!!!

Zephyr said...

ကိုပေါရေ ...

ကိုပေါရဲ့ blog ကို သရော်စာတွေကို သဘောကျလို့ အမြဲဖတ်ဖြစ်ပါတယ် ...။ သရော်စာက တစ်ဖက်သားကို အထိနာသွားအောင်တိုက်ခိုက်တာမျိုးဖြစ်သွားရင်တော့ မကောင်းဘူးထင်ပါတယ် ...။ အဲဒီကဗျာကိုလည်း သရော်စာ ကဗျာအနေနဲ့ကြိုက်ပါတယ် ...။

သရော်စာ အကြောင်း အက်ဆေးတစ်ပုဒ်ဖတ်ဖူးတာလေးမှတ်မိနေတယ် ...။ ကမ္ဘာပေါ်မှာ လူဦးရေတိုးပွားမှုနဲ့ အစားအသောက် ပြတ်လပ်မှုတွေကို ဘယ်လိုဖြေရှင်းမလဲ ဆိုတဲ့မေးခွန်းကို Cannibalism. ဆိုပြီး သရော်ပြီးဖြေထားတာပါ ...။ အဲဒီလို သရော်စာမျိုးကပြုံးရတာ ပိုလွတ်လပ်တယ်လို့ ခံစားရတယ် ...။ ပုဂ္ဂိုလ်ရေးတွေပါလာတော့ ရယ်စရာမကောင်းတော့ဘူး ...။ သရော်စာရေးတဲ့သူတွေ အားလုံးမှာ လေးနက်တဲ့ ဒဿန နဲ့ ဟာသအမြင်ရှိကြပါတယ် ...။ ကိုပေါရဲ့ posts တွေမှာ satire ကောင်းတွေ အများကြီးဖတ်ရလို့ကျေးဇူးတင်ပါတယ် ...။

ခင်မင်စွာဖြင့်
Z

တန်ခူး said...

ကိုပေါရေ… ဘန်နာလေးနဲ့ အမေစုပုံလေးက သင်္ကြန်ရနံ့ တွေ ရနေတယ်…

ကိုပေါ said...

>> Zephyr …. သဘောတူပါတယ်။ အားပေးတဲ့အတွက် ကျေးဇူးလည်း တင်ပါတယ်။း-)

>> တန်ခူး …. တူးပို့…. တူးပို့….. (ထပြီး က ချင်လာအောင် သင်္ကြန်တီးလုံးသံလေး ပေးလိုက်မယ်။)

Anonymous said...

ပိတောက်ရိပ်ကွန်မင့်ကဏ္ဍရှိ

အချို့မှတ်ချက်များတွင်

ဆဲလုံးများ၊

ကြမ်းတမ်းသော အသုံးအနှုန်းများ

ကို တွေ့ကြုံနိုင်ပါသည်။”

As You Said above & Expected,

You can do , write, say & expected whatever in your very own blog...

But..

we don't want to see your Very Own ( ဆဲလုံးများ၊

ကြမ်းတမ်းသော အသုံးအနှုန်းများ )

and

OUR-VERY-OWN Daw Aung Sun Su Kyi's Photo together in same page...side by side...!

( btw, we had enough with SPDC' Newspaper ' Stupid-writings about her )

So as a responsible person, Kindly DROP Her photo from your Very Own Blog...

Please please...

From Blog Reader

( If U want to go out & do Dirty things, U don't Bring your Dad' photo, Right..? )

Anonymous said...

ဝါးပြာထည့်ကျို၊ အိုးနားတိုနှင့်..”
ခပ်ချိုညစ်ထေ၊ ဆောင့်ကြောင့်ထိုင် မွှေလိုက်မယ်၊
ချိုပေစွ ဟင်းချိုကို၊ စလောင်းတို အခြေပဲ့နှင့်၊
အာခေါင်မှာ ပူအောင်ထည့်လို့၊
မြိုလှည့်ကွယ့်လေး .... ။

အပေါ်က ကွန်မန့်မှာ "ခပ်ချိုညစ်ထေ" တလုံး ကျကျန်ခဲ့တာမြင်လို့ပါ။

ကိုပေါ said...

>>>Anonymous (3:27 PM) … ကဗျာကို ဖြည့်စွက်ပေးတဲ့အတွက် ကျေးဇူးပဲဗျို့။ တဆိတ် အပန်းမကြီးဘူးဆိုရင်…. အဲသည် အပေါ်က ကဗျာလေးရယ်……. နောက်တပုဒ်က…….“ယင်းသည့်နေ့ဆိုင်၊ ရသေ့သူတော်တိုင်မှ၊ ဉာဏ်မခိုင်ဈာန်ယိုင်လျှောရတယ်၊ ရာသီတွင် စာညီပြောပေပ၊ ကြော၍သာမြဲ” ဆိုတဲ့ ကဗျာလေးရယ် လိုချင်ပါတယ်။

ဆရာမမေဓာဝီဆိုရင်တော့ သေချာပေါက် ရမှာသေချာတယ်။ သွားပြီး နားပူရမှာ အားနာလို့။

ကိုပေါ said...

အောက်တပုဒ်ကို ရွတ်ကြည့်ရင်း မှတ်မိသလောက် ချရေးလိုက်ပါတယ်။ ဖြည့်စွက်ပေးရင် ကျေးဇူးတင်မှာပါ။

…………………………….
…………………………..
အင်ကြင်းသန္တာညွန့်ငယ်တို့
ဖူးကွန့်ကိုက်စီ။

ဘမရာရွှေပိတုန်းငယ်တို့
ချွေသုံးကြ၀တ်ရည်၊
ညွတ်ကြည်ကွဲ့ဖော်ကွဲ။

ယင်းသည့်နေ့ဆိုင်…
ရသေ့သူတော်တိုင်မှ
ဉာဏ်မခိုင် ဈာန်ယိုင်လျှောရတယ်
ရာသီတွင် စာညီပြောပေပ
ကြော၍သာမြဲ။

ငပွေး said...

ပျော်တယ်ပေါ့ ဟုတ်လား.. (အော်.. ကိုပေါ.. ကိုပေါ... )

မုန်းစရာ said...

ကိုပေါရေ.ယုန်ထောင်ကြောင်မိနော်.ရီရတယ်.

အဲဒီလူကြီးကလေ..တစ်နဲ့ တ ဘယ်ဟာမှန်လဲဆိုပြီး စာတပုဒ်ရေးတယ်..ပြီးတော့ သူ့ဘလော့မှာ သူငယ်ချင်းကို သယ်ရင်းဆိုပြီး မြန်မာစာကို ဖျက်လိုဖျက်ဆီးရေးထားတယ်.မကြီးမငယ်နဲ့..သိပ်ဆိုးတာပဲ.. ပြန်ပြင်ဖို့ ထောက်ပြထားတာကို မသိချင်ယောင်ဆောင်တယ်..

အဲဒီလို လူမျိုးတွေပေါ့.. မှားလို့ထောက်ပြလဲ ငါလုပ်ချင်တာလုပ်မယ် လာမပြောနဲ့ဆိုတဲ့ အချိုးမျိုးနဲ့ လူတွေကို ဂရုမစိုက်ဘူး..

ဒီလိုလူမျိုးတွေ နိုင်ငံခေါင်းဆောင်ဖြစ်ရင်. ငါ့မြင်းငါစိုင်း ငါ့လှေငါထိုး ဘယ်ရောက်ရောက်ဆိုပြီး လုပ်ချင်တာ လုပ်တတ်တယ်.. လူထုကို မလေးစားတတ်ဘူး..

သူလိုလူမျိုးတွေ.. နိုင်ငံရေးဆက်မလုပ်တာ ပိုကောင်းတယ်.. အနားယူပါစေ.သွားမပြောနဲ့.ထားလိုက်.. သူ့အတွက် သူပုန်အမျိုးအစား အသစ်ထွင်ပေးရမယ်..

ပြီးတော့ ရှိသေး.စာဖတ်သူကို စော်ကားတဲ့ စာရေးဆရာမကိုလဲ အားပေးအားမြှောက်ပြုသေးတယ်.. လူကြီးဖြစ်ပြီးတော့.

Anonymous said...

မုန်းစရာ said...

ဒီလိုလူမျိုးတွေ နိုင်ငံခေါင်းဆောင်ဖြစ်ရင်. ငါ့မြင်းငါစိုင်း ငါ့လှေငါထိုး ဘယ်ရောက်ရောက်ဆိုပြီး လုပ်ချင်တာ လုပ်တတ်တယ်.. လူထုကို မလေးစားတတ်ဘူး..

How can all these Stupids-People can become Leaders in anyway...

whatsoever reasons..!

What a Idiot' thought.!

Unknown said...

Ko Paw, definitely ur blog will become dirty abusive ground soon as longest as u hv being allowed such kind of stupid comments. Point him out the C box add "http://www.pofpeacocks-eng.co.cc/2008/02/dear-brothers-and-sisters.html"
. Come on guy if u dare, we r there.

ကြည် said...

ဘန်နာလေးလှတယ်။ ရှင်းရှင်းလေးနဲ့ ..အရောင်လေးလည်းလှတယ်။ ကိုပေါပျော်နေတယ်ဟုတ်။

ကိုပေါ said...

>> ငပွေး …. ပျော်ဒယ်လဲ မဟုတ်ရပါဘူး။ အူမြူးတာပါ။း-)

>> မုန်းစရာ …. စစ်အာဏာရှင်စနစ်တည်မြဲနေတာ ဗိုလ်ချုပ်တွေကြောင့်ချည်းပဲမဟုတ်။ ကျနော်တို့ကိုယ်၌က အာဏာရှင်အသေးစားကလေးတွေကို ပြုမူကျင့်ကြံနေလို့ဆိုတာ ဖြစ်နိုင်ပါတယ်။

>> ko …. လင့်ခ် ညွှန်ပြတဲ့အတွက် ကျေးဇူးပါ။

>> ကြည် …. ပျော်သလားလို့မေးတော့ ပျော်စရာကြီးပါ။ ဘန်နာအရောင်ရွေးတာကတော့ မဒမ်ပေါရဲ့ စီမံခန့်ခွဲမှုကို နာခံပြီး လုပ်ရတာပါ ခင်ညာ။

Bino said...

Ko Paw

You are so smart.
My heart will go on because of you.

Bino.

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs