“ကိုယ့်အထုတ်ကိုယ်ထမ်း”

Share |
”ည္မမ့္လိပေးာစးုိကၾ္နုကး္မြမအ ိုကးရေ္ကတးုိတ ၊းရောကေ္မိတမာညပး္ငာစေ ္က်လးာစးဳိကႀ င္ာအေး္မက္ကဖတ င်ွတ်တတအင်ာယစ်ေညသူသ်ညလင်ျက င်ွတ်တတအ်းငာစေ“
-Wap Ok-

တိုင်းရင်းသားဘာသာစကားနဲ့ ရေးထားတာမဟုတ်ပါ။ မော်ဒန်ဖြစ်သွားအောင် အစီအစဉ် ဖျက်ရေးထားတာ။

နားမလည်တဲ့လူတွေ၊ မခံစားတတ်တဲ့သူတွေကို တာရာမင်းဝေရဲ့ “ပြိုင်မြင်းတို့ရဲ့ ခွာသံ” ကို ရှာဖတ်ပါလို့ တိုက်တွန်းလိုက်တယ်။ အဲဒါနဲ့မှ နားမလည်သေးရင် (သို့မဟုတ်) မခံစားတတ်သေးရင် ကျေးဇူးပြု၍ ကျနော့်ဘလော့ဂ်ကို နောင်ဘယ်တော့မှ မလာပါနဲ့။ ကျနော့်ဘလော့ဂ်က သာလာယံဇရပ်မဟုတ်ဘူးဗျ….ဟွန့်။

အဲ…..နှုတ်ခမ်းကောင်းလျှာပါး စာဖတ်သူကို ဘလိုင်းကြီး ရန်တွေ့နေလို့ မဖြစ်သေးပါဘူးလေ။ အမှန်အတိုင်း ရှင်းပြဦးမှ။ နို့မဟုတ်ရင် ကိုယ်ရေးချင်တာကို ရှေ့ဆက်ရေးလို့ ရမှာ မဟုတ်တော့ဘူး။

အပေါ်ကစာကို အမှန်အတိုင်း အစီအစဉ်တကျ ရေးလိုက်မယ်ဆိုရင် သည်လို တွေ့ရပါမယ်။

“စောင်းအတတ်ကို မြတ်နိုး၊ကျင်လည်သူသည် သူကျင်လည်ရာ စောင်းအတတ်တွင် တဖက်ကမ်းခတ်အောင် ကြိုးစားလျက် စောင်းပညာမတိမ်ကောရေး၊ တိုးတက်ရေးကို အစွမ်းကုန်ကြိုးစားပေလိမ့်မည်”
-Ko Paw-


အထက်ပါ ပညာရှိကြီးပြောခဲ့သည်မှာ မှန်၏။ အင်း…ကိုယ်ပြောတာပဲ….ကိုယ်မထောက်ခံလို့ ဖြစ်မလား။ ခင်ဗျားတို့ကလဲ။ ဒါနဲ့... သိပ်ပေါလို့ မဖြစ်ချေဘူး…. တော်ကြာ ကိုအင်ဒီတို့လို နောင်လာနောက်သားလေးတွေ အတုယူမှားကုန်မှာ စိုးရတယ်။

ဒါပေမယ့် စောစောက စောင်းပညာရှင်က… “မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းချင်လို့ စောင်းအတတ်မတိမ်ကောရေးကို အစွမ်းကုန်ကြိုးစားနေပါတယ်”လို့ အသံကောင်းဟစ်လာရင် ကျနော်က အမြင်သိပ်ကတ်တယ်ခင်ဗျ။

ဘယ့်နှယ့်လဲ။ နားရှုပ်သွားလားမသိဘူး။

ကျနော်တို့ဟာ ပုဂံက ဘုရားပုထိုးတွေ၊ မြို့ရိုးတွေကို ယဉ်ကျေးမှုအမွေအနှစ်အနေနဲ့ ထိန်းသိမ်းစောင့်လျှောက်နေကြတာမှန်ပေမယ့် တကယ့်အပြင်မှာတော့ ပုဂံခေတ်ယဉ်ကျေးမှုအတိုင်း ၀တ်စားဆင်ယင်၊ ပြောဆို၊ ပြုမူနေထိုင်ကြတာမဟုတ်ဘူးလေဗျာ။ ခေတ်အလျောက်ပဲ ၀တ်စားဆင်ယင်ကြတယ်၊ ပြုမူပြောဆိုကြတယ် မဟုတ်လား။

ဆိုလိုချင်တာက ယဉ်ကျေးမှုဆိုတာမျိုးဟာ တရားသေ ဆုပ်ကိုင်ဖက်တွယ်ထားသင့်တဲ့ အရာကြီးမဟုတ်ဘူး။ ယဉ်ကျေးမှုဆိုတာ အမြဲတစေ စီးဆင်းနေရမယ်။ တခြားယဉ်ကျေးမှုတွေနဲ့ ကူးလူးစပ်ယှက်နေရမယ်။ ရှင်သန်နေရမယ်။

မြန်မာ့ယဉ်ကျေးမှုဆိုတာ ဒီလိုကြီးပဲလို့ တရားသေ ဆုပ်ကိုင်ပြီး ယဉ်ကျေးမှုအပြောင်းအလဲကို လက်မခံရင် အဲသည် မြန်မာ့ယဉ်ကျေးမှုဟာ နောက်ကျ ကျန်ရစ်ခဲ့မယ်။ ယဉ်ကျေးမှုအသေကြီး ဖြစ်သွားမယ်။ ဆက်လက် မရှင်သန်နိုင်တော့ဘူး။

နောက်တခုက နေရာတကာကို မြန်မာ့ယဉ်ကျေးမှုဆိုပြီး နာမည်လျှောက်တပ်နေတာကိုလည်း ကြည့်မရဘူး။ ကြည့်မရရင် မျက်စိပိတ်ထားပေါ့ ဆိုရအောင်ကလည်း ကိုယ်နဲ့ပါ လာလာငြိနေတော့ မျက်စိပိတ်ထားလည်း သိနေတော့တာပေါ့။

ကျနော်တို့ ငယ်ငယ်က ဘောင်းဘီတို၊ ရှည် ၀တ်သူမရှိသလောက် ရှားတယ်။ မိန်းကလေးဆိုလည်း စကပ်ဝတ်သူရှားတယ်။ ပုဆိုး၊ ထမီပဲ ၀တ်ကြတယ်။ အဲဒီတုန်းက ဘောင်းဘီရှည်ဝတ်သူဆိုရင် လမ်းသရဲလိုလို၊ စာရိတ္တမကောင်းသူလိုလို ရောထွေးပြောကြတယ်။ ကာတွန်းတွေ၊ ကလေးဖတ်စာပေတွေမှာ ဆိုးသွမ်းလူငယ်ကို သရုပ်ဖော်ရင် ဘောင်းဘီဖင်ကြပ်နဲ့ ဂစ်တာနဲ့ တွဲပြီး သရုပ်ဖော်တတ်ကြတယ်။ တကယ်တော့ ဘောင်းဘီဝတ်ခြင်း၊ ပုဆိုးဝတ်ခြင်းဟာ လူတယောက် အကျင့်စာရိတ္တနဲ့ ဘာမှမဆိုင်။ ပုဆိုးတိုက်ပုံဝတ်ပြီး ဘိုကေလေးအကျအနဖီးပြီး ယုတ်မာနေတဲ့လူတွေ တပုံကြီး။ လူကြီးသူမရှေ့မှာ ခါးကလေးကိုင်းပြီး သွားတတ်ပေမယ့် စိတ်ဓါတ်က ယုတ်မာနေသူတွေ တလှေကြီး။ နောက်ပြီး အဲသည်လူယုတ်မာတွေကပဲ တခုခုဆိုရင် မြန်မာ့ယဉ်ကျေးမှုခေါင်းစဉ်တပ်ပြီး အသံကျယ်ကျယ်လောင်လောင် အော်ချင်ကြသေးတယ်။

ထပ်ပြောရရင်… ယဉ်ကျေးမှုဆိုတာ စီးဆင်းနေဖို့ပါ။ တိုးတက်နေဖို့ပါ။ တရားသေ ဖက်တွယ်နေဖို့မဟုတ်။ ပိတ်ပင်ဖို့မဟုတ်။ အဟောင်းတိုင်းကိုလည်း ပစ်ပယ်ဖို့မဟုတ်။

စောင်းအတတ်ကို မြတ်နိုးသူဟာ သူ့ဝါသနာအလျောက် စောင်းအတတ်ကို စိတ်တိုင်းကျ လေ့လာဆည်းပူးနိုင်တယ်။ ရွှေဘိုက ကောက်စိုက်သမ ဗုံကြီးသံတွေကို အားသန်သူက ဗုံကြီးသံတွေကို လေ့လာဖော်ထုတ်နိုင်တယ်။ ကျေးလက်တေးတွေကို ထိန်းသိမ်းချင်သူတွေကလည်း ရှာဖွေ ထိန်းသိမ်းနိုင်တယ်။

တဖက်မှာလည်း နိုင်ငံတကာက ဂီတ၊ အနုပညာ၊ ယဉ်ကျေးမှုတွေကို စိတ်ဝင်စားသူတွေက သူတို့စိတ်ဝင်စားရာကို လွတ်လွတ်လပ်လပ် လေ့လာ အသုံချခွင့်ရှိရမယ်။ အဲ…. ဟစ်ဟော့ တေးဆိုနေတဲ့သူတွေကို သီချင်းကြီးသီချင်းခန့်သမားက သရုပ်ပျက် လို့ ခေါ်တာမျိုး၊ ဟစ်ဟော့သမားက သီချင်းကြီးသမားကို ဒိတ်အောက်နေတဲ့ ဘဲကြီးတွေ လို့ ကင်ပွန်းတပ်တာမျိုးတွေကတော့ မဖြစ်သင့်ပါဘူး။

ဝတ်စားဆင်ယဉ်မှုမှာလည်း ဒီသဘောပဲ။ စကပ်ဝတ်တာကို ကြိုက်တဲ့သူ၊ ဘောင်းဘီဝတ်တာကို ကြိုက်တဲ့လူ၊ ပုဆိုးထမီဝတ်တာကို ကြိုက်တဲ့သူ အမျိုးမျိုး ကွဲပြားနိုင်တာပဲ။ ကိုယ်ကြိုက်တာ ကိုယ်ဝတ်ကြတာကို မြန်မာ့ယဉ်ကျေးမှုပေတံနဲ့ လိုက်တိုင်းတာတော့ မသင့်လျော်ဘူးလို့ ထင်တယ်။

ဒီကနေ့လို သွားလာဆက်သွယ်ရေးလွယ်ကူချောမွေ့နေတဲ့ ခေတ်ကြီးထဲမှာ ကမ္ဘာတလွှားက ယဉ်ကျေးမှုတွေဟာ အရင်ကထက်ပိုပြီး အလျှင်အမြန် ကူးလူးရောယှက်လာကြတယ်။ သေချာတာတခုကတော့ အားနည်းတဲ့ ယဉ်ကျေးမှုဟာ အားကောင်းတဲ့ ယဉ်ကျေးမှုတရပ်ရဲ့ အနှေးနဲ့အမြန် ၀ါးမျိုခြင်းကိုတော့ ခံရမှာပါပဲ။

ငယ်ငယ်တုန်းကတော့ ကပွဲတခုမှာ အစီအစဉ်ကြေညာသူက ကြေညာသံကို အခုလို ကြားလိုက်ရဖူးတယ်။

“ခေတ်ရေစီးကြောင်းကို သောင်ပြင်ထက်ကနေ စောင်ဖျဉ်တဘက်နဲ့ တားလို့ မရနိုင်ပါဘူး” တဲ့။

ဒီတော့ ကိုယ်ဝါသနာပါရာ ကိုယ်လုပ်ကြပါ။ ဒါပေမယ့် မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ဆိုတဲ့ စကားကြီး စကားကျယ်ကြီးကို တတ်နိုင်သရွေ့ မသုံးကြတော့ရင်ကောင်းမယ်ဗျာ။ နားကလောလို့ပါ။

16 comments:

ZT said...

အေးဗျာ။ အဲဒီစကားကြီး ထည့်ထည့် မပြောရင် ကောင်းမယ်။ ကိုယ်မကြိုက်တာနဲ့ ယဉ်ကျေးမှုဆိုပြီး ခေါင်းစဉ်လိုက်တပ်နေတာ သိပ်ပြီး အထာမကျဘူး။

yehtutnaung said...

ကိုပေါရေ... ကျွန်တော်က မြန်မာ့ ဆိုင်းဝိုင်းကြီးထဲက ပတ်ဝိုင်းကို အရမ်း သဘောကျတာဗျ။ ဒါပေမယ့် Metallica သီချင်းပဲ တီးချင်နေတယ်။

တန်ခူး said...

စိတ်က အဓိကပဲလို့  ထင်ပါတယ်…
စိတ်က မရိုးသားရင် အပြင်မှာ ရိုးရိုးသားသား ၀တ်ထားလဲ အလကားပါပဲ…
စိတ်က ရိုးသားရင် လူကလဲ ရိုးသားနေမှာပဲလို့  ခံယူမိတယ်…
နောက်တခုက ရည်ရွယ်ချက်…
သူများအမြင်မှာ ယဉ်ကျေးစေချင်လို့  ပြုမူပြောဆိုနေထိုင်တာထက် ကိုယ်ကိုယ်တိုင်က ယဉ်ကျေးရတာကို နှစ်သက်လို့  ပြုမူပြောဆိုနေထိုင်တာ အတော်ကွာလိမ့်မယ်နော်…
ကျွန်မကတော့ အဲဒီပေတံတွေနဲ့  တိုင်းမိတယ် ကိုပေါရေ…

win latt said...

တစ်ခါတုန်းကဒို့ရွာမှာ
သဘောကောင်းပြီးဆင်းရဲတယ်
“ကိုပေါ”...လို့အများခေါ်တယ်
(ဆင်းရဲမှာပေါ့...အဲဒီလိုတွေပြောနေတာကို).....။
ပြေတဲ့လူကပြော
လုပ်တဲ့လူကလုပ်
မလုပ်တဲ့လူက မလုပ်
အဲဒါလောကဇာတ်...အရှုတ်။
(တရားလာနာသွားတယ်နော်...အကိုပေါ)

Anonymous said...

I m d fan of the death metal bands like "Marilyn Manson", "Korn", etc ...

But "Myoe' Ma Nyane", is oso my Favorite.

I enjoy to see not only the "Hot Girls with Skirts" but oso the "Cool Grils with Lon Gyi"...

LOLZ .. anyway, i will be still loving to read any kinds of meaningful articles through internet..

i can't stop reading ur blog man!!

Anonymous said...

Ko Paw,
I have nothing more to say ,as you said it all. I absolutely agree with you and admire you for having the courage of touching the very sensative issue.....CULTURE.
Keep on going .....Ko Paw.

Anonymous said...

ကိုပေါရေ.. ကွက်တိပဲ ကွက်တိပဲ.. I can't agree with you anymore!

khin oo may said...

ပြောချင်ရာပြောပါ။အမြဲလာဖတ်ပါတယ်။

Anonymous said...

အာသွက်လျာသွက်နိုင်လှချေလားဗျ
ဟိဟိ မိုက်တယ်ဗျာ မြှားတစ်စင်းနဲ့ ပစ်မှတ်တော်တော်များများထိအောင်ပစ်နိုင်တယ်

Thargyi(Gyobingauk) said...

ကိုပေါရေ........
ကိုမကြိုက်တာ ကိုယ်လက်မခံနိုင်ကို ယဉ်ကျေးမှုဆိုတဲ့ ခေါင်းစဉ်အောက်ကို ထိုးထည့်လိုက်တာတော့ ကျွန်တော် ကိုယ်တိုင်လဲလုံးဝမကြိုက်ဘူး... အဲဒီအကြောင်းပြောမိတိုင်း အတိုက်အခံပြောရတာက များတယ်.. အင်း...ဒါပေမယ့် လူတွေကဘိလိယက်ခုံ ကိုကြိုက်နေကျတာကိုး................ဘောင်ကျော်ထိုးရင် မထိုးတတ်ဘဲလာတယ်လို့အပြောခံ ရမှာပေါ့............. ဩော်လောကလောက ဒီလိုပါပဲ

Anonymous said...

ဒီတော့ ကိုယ်ဝါသနာပါရာ ကိုယ်လုပ်ကြပါ။ ...@ So What's Yr Problem...?

ဒါပေမယ့် မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ဆိုတဲ့ စကားကြီး စကားကျယ်ကြီးကို တတ်နိုင်သရွေ့ မသုံးကြတော့ရင်ကောင်းမယ်ဗျာ။ ...@ Are U Myanmar National..??

နားကလောလို့ပါ။...@ So What..?

Saing Khan Tun said...

တကယ်ပေါတဲ့ ကိုပေါပဲ ... တော်သေးတာပေါ့ ပိတောက်ရိပ်မှာပဲပေါဘလို့ ....

ကိုပေါ said...

ZT… ကိုယ်မကြိုက်တိုင်း တခြားလူရဲ့ အကြိုက်တရားကို ပိတ်ပင်တာဟာ မကောင်းပါဘူး။

နေညိုရင့်…. ကျနော်လည်း ပတ်ဝိုင်းကို သဘောကျပါတယ်။ တချို့ဝင်းဦးသီချင်းတွေ၊ မာမာအေးသီချင်းတွေမှာ နောက်ကနေ ပတ်ဝိုင်းကြီးနဲ့ တီးထားတာမျိုးတွေကိုလည်း ကြိုက်တယ်။

တန်ခူး… ယဉ်ကျေးတာနဲ့ ရိုးသားမှုက အ၀တ်အစားနဲ့တော့ မဆိုင်လှဘူးလို့ ထင်မိပါတယ်။

ဝင်းလတ်… ပြောတဲ့အတိုင်း လုပ်တဲ့လူတွေများလာရင်တော့ အလုပ်ဖြစ်မှာပေါ့နော်။

အမည်မသိ…. ထိုအတွေးမသေချာ… ရေးရေးတော့ ရှိပါသည်… မလှိုင်အပြည့်နို့ဆီ….မြို့မနဲ့တူပေသည်….လက်ညိုးလေးနဲ့ ထိုးတဲ့လို့…ပါးစပ်ထဲ နို့ဆီ…ချိုအီ ချိုအီ…. မြို့မလည်း ဂေါ်ဂေါ်ဂွီဂွီ…နားထဲချို…အီ…ချိုအီ…………တဲ့။ ကျနော်ကြိုက်တဲ့ မြို့မသီချင်းလေးတပုဒ်ပါ။

ဒုတိယအမည်မသိ…. အင်း….ကြာရင်တော့…ပြေးပေါက်မှားကိန်းရှိတယ်။း-)

စီအမ်အေ….. ပြောချင်နေတာ ကြာပြီ။

ခင်ဦးမေ……. ဘာလဲ…ပြောချင်ရာပြောပါ... ဘာပြောပြော နားထဲမ၀င်ဘူး ဆိုတာမျိုးလား….း-)

အောင်ကိုကိုထိုက်….. စက္ကူပစ်မှတ်တွေကို ထပ်ထားမိလို့ နေပါလိမ့်မယ်ဗျာ။

ကိုရွှေအောင်….. ဒီလိုပါပဲ ကိုရွှေအောင်…. ယဉ်ကျေးမှုကို ခုတုံးလုပ်၊ ဘာသာရေးကို ခုတုံးလုပ်၊ နိုင်ငံရေးကို ခုတုံးလုပ်၊ လူမှုရေးကို ခုတုံးလုပ်……. ခုတုံးတွေ ခုခံပြီး စိတ်နေမြင့်သယောင် ဆောင်ကြရရှာတာပေါ့။

အမည်မသိ…. @@ Are you Myanmar Nation..??….. So What!
စိုင်းခမ်းထွန်း …. ကိုပေါပါ ဆိုနေမှ…။

Doughnut IO said...

Cheers !
သာဓု
လျော်ကန်သင့်မြတ်ပါတယ်။
ရေးသင့်ပါတယ်။
ထောက်ခံပါတယ်။ ၁၂၀% ထောက်ခံပါတယ်။

ယဉ်ကျေးမှု မျက်နှာဖုံးတပ် ဖိနှိပ်မှုများ ကင်းလွတ်သော လူ့အသိုက်အ၀န်းဆီသို့ ............

Anonymous said...

Oh my god,
Thanks god, all of you, Ko paw and fellows are not staying in my country right now.
You can say everything, its cool but don't come back to MM.

Anonymous said...

ငါ မသား

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs