“အုတ်နီခဲများ”

Share |


အတိတ်အကြောင်းပြောတဲ့အခါ
ရွှေထီးဆောင်းခဲ့တာ မပါကြေး။

အနာဂတ်အကြောင်းပြောတဲ့အခါ
ငါးကြင်းခေါင်းဆိုတာ အသာထားကြေး။

ပစ္စုပ္ပာန်အကြောင်းပြောတဲ့အခါ
ကော်ဇောခင်းဖို့ကိစ္စ ခဏမေ့ထားကြေး။

စိန်ဖူးတော်က စ
တည်ခဲ့ရတဲ့ ဘုရားမရှိ။

ဘုရားဖြစ်မယ့် အုတ်နီခဲတွေလို့ပဲပြောပြော
အုတ်တချပ် သဲတပွင့်ရဲ့တန်ဘိုးဆိုတာ
ပန်းရံဆရာတွေကတော့ ကောင်းကောင်းနားလည်တယ်။

ရေးသူ- ကိုပေါ

10 comments:

chocothazin said...

ကိုပေါရေ...
ကဗျာလေး ခံစားသွားပါတယ်

မျိုးမြင့်မောင် said...

မေ့ခိုင်းရက်လိုက်တာ ကိုပေါရယ်။ များတို့မှာက ပြောစရာဆိုလို့ ဒါလေးတွေပဲရှိတာပါဆို။ အနာဂတ်နဲ့ ပတ်သက်ပြီး ငါးကြင်းခေါင်းကို မေ့ထားရမယ်ဆိုရင် အနာဂတ်မှာ မြန်မာပြည်ပြန်ပြီး ဘီယာဆိုင်က ငါးကြင်းမြီးကြွပ် စားချင်တာလေးတော့ ပြောခွင့်ပေး။

Anonymous said...

အတိတ်အကြောင်းပြောတဲ့အခါ ရွှေထီးဆောင်းခဲ့တာ မပါကြေးလို့ မပြောပါနဲ့ ..အဲဒါမပါရင်ကိုမပြောတတ်တော့တာ။ ဒါလေးကြွားစရာရှိတာ။

ကြည်

Anonymous said...

ဘယ့်နှယ်...အုတ်ခဲဟောင်းကြီးမည်းလို့..
အုတ်သစ်အုတ်ကောင်းလေးများ စိတ်ကူးထဲတောင်မရှိကြဘူးလား...

yehtutnaung said...

အုပ်တချပ်..သဲတပွင့်....။ ကျေးဇူးပါ ကိုပေါ။

Kaung Kin Ko said...

ကဗျာလေး ကြိုက်တယ်ဗျ။

Anonymous said...

အုတ်နီခဲတွေ အုတ်မှုန့်မဖြစ်ရင်တော်ပါဘီ

Anonymous said...

ဒါတွေမပါကြေးဆို ငါတို့ရဲ့ ကောင်းချက်၊ တော်ချက်တွေ ဘာနဲ့ သက်သေထူရမှာလဲလို့...။

မိုးခါး said...

အင်း .. ပြန်ပြောင်းပြောရမှာ အားတောင်မရှိဘူး .. ကဗျာလေးကို ခံစားသွားပါတယ် .. အားပေးလျှက်

Rita said...

ကောင်းလိုက်တဲ့ ကဗျာ
နောက်ဆုံး အပိုဒ်က အထိဆုံးပဲ

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs