“သူပုန်သုံးမျိုး”

Share |
ပြည်တွင်းမှာနေ…
ပြည်သူတွေနဲ့ တသားတည်း
ဒုက္ခကို ခါးစည်းခံရင်း
ထောင်နှုတ်ခမ်းကိုလည်း ရဲရဲနင်းမတဲ့
ဥစ္စာချို့တဲ့ပေမယ့်
သတ္တိမချို့ငဲ့
လက်နက်မဲ့ သူပုန်။

နယ်စပ်မှာနေ…
တိုင်းရင်းသားတွေနဲ့ တသားတည်း
ငှက်ဖျားနဲ့ ငတ်ပြတ်မှုဒဏ်
တတိယနိုင်ငံရဲ့ ဖြားယောင်းမှုဒဏ်အပေါင်းကို
ကောင်းကောင်းကြီး ကြံ့ကြံခံလျက်
ယုံကြည်ချက်ကို မြဲမြံကိုင်စွဲ
တော်လှန်ဆဲဖြစ်တဲ့
တောထဲက သူပုန်။

တတိယနိုင်ငံမှာနေ…
ပြည်သူတွေနဲ့ ကင်းကွာ
ယုံကြည်ချက်ဆိုတာကို
အမှိုက်ပစ်သလို တော်ရာချထားခဲ့ပြီး
ဒေါ်လာရကြောင်းကိုသာ နှလုံးသွင်း
ပြည်တွင်းကလူကို ရေကင်းပြ
ပြည်ပကလူကို ဆရာလုပ်ရင်း
အပျင်းပြေ အာလူးလည်းဖုတ်ရင်း

ဘလော့ဂ်လုပ်တတ်တဲ့
လေသေနတ် သူပုန်။


မှတ်ချက်။...............။ တတိယနိုင်ငံဟူသည်မှာ Third country ခေါ် နိုင်ငံရေးခိုလှုံခွင့်ဖြင့်ဖြစ်စေ၊ ဒုက္ခသည်အဖြစ်ဖြင့်ဖြစ်စေ သွားရောက်ရသော နိုင်ငံများကို ဆိုလိုပါကြောင်း။

22 comments:

Myo Win Zaw said...

ပြင်းထန်လှချည်းလား

yehtutnaung said...

အိုး.. လက်နက်ကြီးထုသဟ!

Andy Myint said...

ကိုပေါ .. ကျွန်တော်ရောထွေးနေတာ ကိုပေါများ ပြောစရာ ရှိမလားလို့။ “တတိယနိုင်င”ံ ဆိုပြီး အများ သုံးကြတာနဲ့ “ဒုတိယနိုင်ငံ” ဆိုပြီး 2.2G post ကျွန်တော်သုံးထားတာ။ ကျွန်တော့်အတွက်တော့ နိုင်ငံခြားမှာ နေတယ်ဆိုတာ ဒုတိယနိုင်ငံပါ။ တတိယနိုင်ငံဆိုတဲ့ စကားလုံးက မြန်မာပြည်ကနေ ဆိုပါတော့ တောခိုသွားပြီးဖြစ်ဖြစ် ယိုးဒယားလိုမျိုးဖြစ်ဖြစ်မှာ ယာယီနေပြီးမှ အမေရိကားလိုမျိုးကို ပြောင်းသွားတာမျိုးကို ဆိုတာလို့ ယူဆထားတယ်။ အဲဒါ ကိုပေါ အမြင်နဲ့ ရော ကိုက်သလား မေးချင်တာပါ။
ကျွန်တော်က စင်္ကာပူမှာနေပြီး သြော်ဇီပြောင်းလာပေမည့် သြော်ဇီက တတိယနိုင်ငံလို့ ပြောလို့ ရမှာမဟုတ်ဘဲ ဒုတိယနိုင်ငံ လို့ပဲ ပြောလို့ရမည်လို့ ကိုယ်ဘာကိုယ် မှတ်ထားတယ်။ အဲဒါရော ကိုပေါလို မလေးရှားမှာ ခဏနေပြီး စင်္ကာပူ ပြောင်းနေတော့ အတူတူပဲလား။
တလောက ကိုသက်ဦး (စကင်ဒီနေးဗီးယား)က “တတိယနိုင်ငံရောက် တတိယ ကမ္ဘာကလူ” ရေးကတည်းက အဲဒီ စကားလုံးနဲ့ ပက်သတ်ပြီး သို့လော သို့လော ဖြစ်နေတာဗျာ။
ကျွန်တော် မှားနိုင်ပါတယ်။ ကျွန်တော်တို့လို လူတွေအတွက် ဒုတိယနိုင်ငံ ဆိုပြီး သုံးနိုင်ရင်လည်း ဒုတိယနိုင်ငံက သူပုန်တွေ အကြောင်းပါ ရေးဦးလေ။

ကိုပေါ said...

>> MyowinZaw …. အသာလုပ်တာပါ။

>> naynyoyint …. ပရိသတ်ကြီး…မလန့်ပါနဲ့။ ပွဲခင်းနောက်နားက လှည်းပြိုတာပါ။း-)

>> ကိုအင်ဒီ ….. ကိုအင်ဒီရဲ့ အမြင်မှန်ကြောင်းပါ။ တတိယနိုင်ငံဆိုတာ Third country ကို ဆိုလိုချင်တာပါ။ ကိုအင်ဒီပြောသလို တောခိုသွားပြီး ယိုးဒယားမှာ ခဏနေ၊ ပြီးတော့မှ တတိယနိုင်ငံတွေဖြစ်တဲ့ ဥရောပ၊ ကနေဒါ နဲ့ အမေရိကားလို နိုင်ငံမျိုးတွေကို ပြောင်းရွှေ့သွားတာမျိုးကို ပြောတာပါ။ ကျနော် အောက်ခြေမှတ်စု ထည့်လိုက်ပါပြီ။

ကျနော်တို့လို ဒုတိယနိုင်ငံက ပြည်သူမက သူပုန်မကျတွေ အကြောင်းလည်း ရေးပါဦးမယ်။ (နှစ်ခါ မပြောရဘူး…. သွေးတက်အောင် ကတတ်တယ်။း-)

yehtutnaung said...

ထပ် comment ပေးချင်လို့ ဗျာ။ ဒီကဗျာကို ကြိုက်တယ်..။ ထိတယ်။ ဒါဖြင့် ဘယ်လိုပုံစံနဲ့  ချဉ်းကပ်ကြမတုန်း !!
သိုင်းလောကရဲ့ စိန်ခေါ်သံ ထဲကလို နှစ်၆၀ ဂူအောင်း သိုင်းတွေ ကျင့်နေစဲပဲ ဆိုရင်တော့........။
တနေ့ တလံ ပုဂံဘယ်လောက်ဝေးဝေး ဆိုရင်လည်း...။
အဆုံးသတ်မှာလည်း...........။
ငါနော်..ငါကိုယ်တိုင်က....ဖွီး............။

Anonymous said...

thumb up!

Moe Cho Thinn said...

ဒီကဗျာကို ကြိုက်တယ်..
ပထမ သူပုန်မျိုးကိုတော့ အသနားဆုံးပဲ။

တန်ခူး said...

ဘယ်အမျိုးအစားထဲပါမလဲလို့  လိုက်ရှာကြည့်တာ… ဒီထဲတော့ မပါသေးဘူး… ကြည့်ရတာ နောက်ပို့ စ်တပုဒ်ထဲထင်တယ်…

မျိုးမြင့်မောင် said...

ကိုပေါရေ သူပုန်များအကြောင်း ရေးပြီးရင် များတို့လို သူပုန်ယောင်ဆောင်သူများ အကြောင်းလည်း ရေးပါဦး။

Anonymous said...

တန်ခူးပြောသလိုပဲ ကြည့်ရတာ နောက်ပို့ စ်တပုဒ်ထဲထင်တယ်။ ဒီတော့ ကိုပေါရေ သွေးတက်အောင် ကပါတော့ဗျို့။

ကြည်

Anonymous said...

မမိုးချိုသင်းသနားစရာမလိုပါဘူး
ကိုပေါ တို့ကိုမျိုးမြင့်မောင်တို့ က သူပုန်မဟုတ်လူးဗျ
သူကန်တွေ

Anonymous said...

ဂွတ်ထ။ ဂွတ်ထ ။ ဂွတ်ထ ။ ကိုပေါကိုကြိုက်တယ်။ လူမိုက်ငှားရင်ကိုပေါကိုအမြဲထည်.စဉ်းစားမယ်။ဆက်သာရေးပါ။

Anonymous said...

ကိုပေါနဲ့ ကိုမျိုးမြင့်အောင်ရေ ဘလော့ပေါ်မှာပဲ အစိုးရကို ရွဲ့ပြောလိုက် စောင်းပြောလိုက် ဆဲလိုက်နဲ့ လေတိုက်ပွဲ ဆင်နွှဲမနေပါနဲ့၊ သတ္တိရှိရင် လက်တွေ့ကျကျ ၀န်ကြီးချုပ် စင်င်္ကာပူရောက်တုန်း လမ်းပေါ်ထွက်ပြီး ဆန္ဒပြပါ့လား၊ဒီ အခွင့်အရေး လက်လွှတ်မခံသင့်ဘူးနော်၊ ဟီးဟီး

(အောက်ကပို့စ်မှာ လဲ ရေးခဲ့ပြီးသား၊ မတွေ့မှာစိုးလို့ double လာပေးတာ)

Anonymous said...

ကိုပေါရေ..

မကူညီပေမဲ့ မနှောင့်ယှက်သူ
ကူညီပြီး မနှောင့်ယှက်သူ
ကူညီသလိုလိုနဲ့ နှောင့်ယှက်သူ
မကူညီပဲနဲ့ နှောင့်ယှက်သူ

ဒီလေးမျိုးမှာ နံပါတ်သုံးက ကြောက်စရာအကောင်းဆုံးပါပဲ. ပူးသတ်မယ့်လူမျိုး. ကိုယ့်လူ သူ့ဖက်သားလုပ်မယ့်လူမျိုး.. အဲဒီလူစားမျိုးနဲ့ ကိုပေါရဲ့ တတိယအမျိုးအစား အတူတူပဲလို့ ထင်ပါတယ်.. ဒီလိုလူစားမျိုးတွေက လာပ်လာဘ.ရာထူးတစ်ခုခုနဲ့ မျှားလိုက်ရင် သွားရည်တမျှားမျှားနဲ့ ခိုင်းသမျှ လုပ်တတ်ကြပါတယ်..

ဒါနဲ့ စကားမစပ်.. ၂၀၁၀ ရွေးကောက်ပွဲဝင်ဖို့ ထောက်ခံမယ်ဆိုရင်.. အဝေးရောက် အစိုးရအဖွဲ့ရဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်လဲ အလိုလို ပျက်ပြယ်ပြီးသားဖြစ်သွားပြီ.. အဲဒါဆို အဲဒီ အစိုးရလဲ အလိုလို ပျက်ပြယ်ပြီးသား ဖြစ်သွားပြီနော်.. ဘယ်လိုထင်လဲ... သူတို့ရဲ့ ထောက်ပံ့သူတွေကို အတို့အထောင်လုပ်လိုက်ရအောင်လား... :P

ကိုပေါ said...

>> naynyoyint…. ဘယ်လိုပုံစံနဲ့ ချဉ်းကပ်ကြမလဲဆိုတော့ အကောင်းဆုံးကတော့ တကယ်အလုပ်လုပ်ကြဖို့ပါပဲ။ တကယ်အလုပ်လုပ်ရင် အလုပ်ဖြစ်နိုင်မယ့် နည်းလမ်းတွေကို ရှာလုပ်လာကြမှာပေါ့။ အလုပ်လုပ်တယ်ဆိုတာမှာလည်း ငါ့ဖို့ချည်း လုပ်တာမျိုးမဟုတ်ပဲ တိုင်းပြည်အတွက် တကယ်စေတနာသန့်သန့်နဲ့ လုပ်ကြဖို့ကို ဆိုလိုတာပါ။

>> အမည်မသိ …. Thanks.

>> မိုးချိုသင်း …. ပထမသူပုန်မျိုးက လေးလည်း လေးစားထိုက်တယ်။ ကျနော့် အသိတွေထဲမှာ တချို့က ပြည်ပမှာ နေထိုင်ခွင့်ရှိပါလျက် ပြည်တွင်းကို တမင်သက်သက် ပြန်ပြီး နိုင်ငံရေးလုပ်နေသူများရှိပါတယ်။

>> တန်ခူး၊ မျိုးမြင့်မောင်၊ ကြည် …. လာမယ်….ဒါပေမယ့် ကြာမယ်။း-)

>> အောင်ကိုကိုထိုက် …. သူကန် ဆိုတဲ့ အသုံးအနှုန်းကို ကြိုက်သဗျိုး။

>> သွေးစက် …. တသက်လုံး သူများဆန္ဒနဲ့ အလိုက်အထိုက်နေပြီး လူလိမ္မာလေး လုပ်လာခဲ့တာ အခုတော့ လူမိုက်လုပ်ရတာ ပိုအရသာတွေ့နေသဗျ။

>> မောင်လမ်းသစ် …. ၂၀၀၇ အာဆီယံအစည်းအဝေးတုန်းက လမ်းပေါ်ထွက် ပြခဲ့ဘူးပါတယ်လေ။ အခုအချိန်ထွက်ပြရင် နအဖကတော့ ထုံးစံအတိုင်း ဂရုစိုက်မှာမဟုတ်။ နိုင်ငံတကာက ခေါင်းဆောင်တွေ တစုတစည်းတည်း စုဝေးကြတဲ့အခါမျိုးမှာ ဆန္ဒပြမှသာလျှင် ပေးဆပ်ရတဲ့ တန်ရာတန်ကြေးနဲ့ ရလာမယ့် အကျိုးဆက်နဲ့ ကာမိပါတယ်။

>> မုန်းစရာ …. နယ်စပ်နဲ့ တတိယနိုင်ငံရောက် နိုင်ငံရေးသမားတွေမှာ အချိန်ပြည့်နိုင်ငံရေးလုပ်နေတာဆိုရင် သူတို့ စားဝတ်နေရေးအတွက်နဲ့ သူတို့ လုပ်ငန်းများအတွက် ပရော့ဂျက်တွေအပေါ်မှာ အားထားရတာကို နားလည်ပေးနိုင်ပါတယ်။ သို့သော် ပြည်တွင်းကို ပြန်ကြည့်ခြင်းမရှိဘဲ ကိုယ့်အတွက်သက်သက်ပဲ လုပ်စားနေတဲ့သူတွေကိုတော့ မုန်းစရာပြောတဲ့ တတိယအမျိုးအစားမှာ ထည့်ရမယ်ထင်ပါတယ်။

မျိုးမြင့်မောင် said...

ကိုလမ်းသစ်ရေ အခုလို သွေးတိုးစမ်း (အဲလေ) အားပေးတဲ့အတွက် ၀မ်းသာပါတယ်။ ကျနော်တို့လည်း ကိုလမ်းသစ်လို အမြဲတမ်း လေသေနတ်ပဲပြစ်နေဖို့ မသင့်တာ လက်ခံပါတယ်...ဟဲဟဲ။ ၂၀၀၇ အာဆီယံညီလာခံ နဲ့ ၂၀၀၈ လူထုဆန္ဒခံယူပွဲ တွေတုန်းကလို အခါမျိုးမှာ ကျနော်တို့တွေ ငြိမ်မနေခဲ့ပါဘူးဗျာ။ အလားတူ တန်ဖိုးရှိတဲ့ရလဒ်တွေ ရနိုင်မယ့် အခွင့်အခါတွေကိုလည်း စောင့်လျက်ပါဗျ။ ဒီတခါတော့ အလုပ်ဖျက်ကျောင်းဖျက်ပြီး ဆန္ဒပြရလောက်အောင် သေချင်းဆိုးသိန်းစိန်ကို သောက်ကြီးသောက်ကျယ် ဂုဏ်ပြုနေတဲ့ပွဲ မဟုတ်တာရယ်၊ စင်ကာပူမှာ ၂၀၁၀ အထိအမြင်ကပ်ခံပြီး ပေကပ်နေချင်သေးတာ တွေရယ်ကြောင့် ဒီပွဲတော့ နေပစေတော့။ မြန်မာ့ဒီမိုကရေစီအရေးကို အမြဲအားပေးနေတဲ့ စင်ကာပူလူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူ မိတ်ဆွေတချို့ကတော့ ဒီနေ့မှာ သိန်းစိန်သစ်ခွပန်း နာမည်ပေးမှုနဲ့ ပတ်သက်ပြီး လှုပ်ရှားမှုတစ်ခု လုပ်ပါလိမ့်မယ်။ Reuters ကနေ အဲဒီသတင်း တက်ဖို့များတယ်။ စိတ်ဝင်စားရင် စောင့်ဖတ်ပေါ့ဗျာ။

မျိုးမြင့်မောင် said...

မနေ့က စင်ကာပူမှာ သိန်းစိန်သစ်ခွ ပန်းအမည်ပေးမှုကို ကန့်ကွက်တဲ့ စင်ကာပူလူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ လှုပ်ရှားသူတချို့ရဲ့ ဆန္ဒပြလှုပ်ရှားမှုအကြောင်းကို ကိုယ်တိုင်ဆန္ဒပြခဲ့သူ တစ်ယောက်ရဲ့ ဟောဒီ blog (http://seelanpalay.blogspot.com/2009/03/singaporean-activists-protest-against.html) မှာ ဖတ်နိုင်ပါတယ်။

Anonymous said...

ကိုမျိုးမြင့်မောင်ရေ ဆန္ဒပြတဲ့လူ အင်အားကလဲ ကြောက်ခမန်းလိလိပါလား၊ စင်္ကာပူနိုင်ငံသား (၃) ယောက်ကြီးတောင် ဟီးဟီး၊ ၂၀၀ရ နောက်ပိုင်း ခင်ဗျားတို့ စင်္ကာပူမှာ မလှုပ်ရှားရဲတော့ပါဘူး၊ စင်္ကာပူမှာတင် မဟုတ်ပါဘူး၊ အာရှတိုက်မှာ ခင်ဗျားတို့ကို အရေးတယူ ထောက်ခံတဲ့ နိုင်ငံ တစ်နိုင်ငံမှ မရှိဘူး။မြန်မာပြည်နဲ့ အဝေးကြီး ဥရောပမှာဘဲ ထောင်ထောင် ထောင်ထောင် လုပ်လို့ရတာပါ်။အပြင်မှာ ဘာမှ မလုပ်ရဲတော့ ဘလော့ထဲမှာ နာနာဆဲနေကြတာ အစိုးရ က သိပြီးသားဗျို့။

မျိုးမြင့်မောင် said...

ကိုလမ်းသစ်ရေ ၂၀၀၈ မေလ လူထုဆန္ဒခံယူပွဲမှာ စင်ကာပူမြန်မာသံရုံးမှာ လူထောင်နဲ့ချီပြီး အနီရောင် ဦးထုပ်တွေ တီရှပ်တွေ ၀တ်ပြီး နအဖရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ကန့်ကွက်ဆန္ဒပြခဲ့တာ ၂၀၀၇ နောက်ပိုင်းလှုပ်ရှားမှုလို့ သတ်မှတ်လို့ရမယ် ထင်တယ်။ နောင်လည်း အပြင်မှာ အဲဒီလိုလှုပ်ဖို့ အခွင့်အခါကို စောင့်နေပါတယ်။ စိတ်မပူပါနဲ့ဗျာ။ ခင်ဗျားတို့က အဲဒါခက်တာပဲ။ လှုပ်ရင်လည်း လှုပ်လို့၊ မလှုပ်တော့လည်း မလှုပ်လို့နဲ့ ကဲ့ရဲ့လွန်းတယ်။ ဒါပေမယ့် လူလုံးပြပြီး ဆန္ဒပြသူကို လူလုံးမပြရဲပဲ ဒီမှာလာ ကဲ့ရဲ့တာလောက်တော့ သနားတယ်ဗျာ...ဟားဟား။

Anonymous said...

good lay swa good lay swa Myo Myint Maung..

Should use that kind of clever words =_=

Anonymous said...

went to the jungle as a revolutionalist to fight the goverment,when he faced the weather,food,malaria ,drop the gun and apply as refuge from revolutionist.then left to the third countries.After eating fry chicken and drinking wiskey at third countries,keep on talking to catch the tiger and elephant.these guys will never go back to gungle .during thangar monk affair,one guy said this revolution,people will die,no surprise. when he drop the gun and apply as refugee at boder,i want to ask him like what he said.one ex student 8888 leader said he can not live in thailand because of the thai police.thats why he left to america.if he can not live in thai he can live in the jungle with comrades.tha khin than tun,thakin zin ,thakin chit went into jungle 1948,die 1967,zin,chit die 1975.live in jungle long time .i admire them.

Anonymous said...

if these guys go back to to make politice when myanmar get democracy ,myanmar people will not accept them because these guys lived longtime at third countries.people will accept just u win tin,min ko naing,ko ko gyi,su su nwe....etc......as they struggle together with myanmar people.

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs