“ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်..”

Share |
(photo- The Mirror)

သြော်....သာဓုဗျာ… သာဓု…. သာဓု။ သူတော်ကောင်းကြီး ဘုန်းကြီးပါစေ... သက်ရှည်ပါစေ။ အမျိုး၊ဘာသာ၊သာသနာအတွက် ယခုထက်ပိုပြီး ဆထက်တံပိုး ထမ်းရွက်နိုင်ပါစေ။

(တကယ်မထင်နဲ့.... သောက်မြင်ကပ်လို့ အရွဲ့တိုက်ပြီး ပြောတာ)

ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင် မြန်မာပြည်သူတွေအတွက် အောက်ပါအတိုင်း ဆုတောင်းပေးလိုက်ပါတယ်။(အောက်ဆုံးတကြောင်းကတော့ ကိုယ်လိုရာအတိုင်း ကာရန်ညီအောင် ဖြည့်စွက်ဆုတောင်းကြပေါ့း-)

“စမ်းရေပမာ အေးမြကြပါစေ…..။
ပန်းတွေပမာ မွှေးပျကြပါစေ…...။
သန်းရွှေ .............................။”

22 comments:

Nay Nay Naing said...

သန်းရွှေ အမျိုး.. မိန်းမကြီးတွေတော့ ဘုရားပေါ်ကို ဘောင်းဘီကြီးတွေနဲ့  တက်တယ်..

Anonymous said...

Let me add it!
"Than Shwe Ma Thar" ခွေးကျ ကျပါစေ…….။”
hehe

Anonymous said...

သြော်....သာဓုပါရှင်… သာဓု…. သာဓု။ သူတော်ကောင်းကြီး ဘုန်းကြီးပါစေ... သက်ရှည်ပါစေ။ အမျိုး၊ဘာသာ၊သာသနာအတွက် ယခုထက်ပိုပြီး ဆထက်တံပိုး ထမ်းရွက်နိုင်ပါစေ။


(တကယ်မထင်နဲ့.... သောက်မြင်ကပ်လို့ အရွဲ့တိုက်ပြီး ပြောတာ)
ဟမ်...ကိုပေါ စာထဲက အတိုင်းခိုးချလိုက်တာကြီး။

ကြည်

ကေကေ said...

ကိုပေါဆုတောင်းတဲ့အတိုင်းပဲ..

Anonymous said...

အင်း
သာဓု သာဓု
မောင်ဝဏ္ဏ
သုမောင်
ဖိုးသောကြာ
ထွန်းထွန်း

သီဟသစ် said...

ကာရံညီအောင်ဆိုရင် Jeff ပြောသလိုပဲ စဉ်းစားမိပါသည်။

Anonymous said...

သန်းရွှေ ငနာ အမြန်ကျပါစေ..(အဝီစိ)
ဓါတ်ပုံမြင်ရတာတောင် အော်ဂလီဆန်တယ်..

စကားမစပ် ကိုပေါခုတင်ထားတဲ့ဘန်နာ အနက်ခံမှာ ပိတောက်ပွင့်လေးတွေ ကြဲချထားသလိုလေး လှတယ်

Myo Win Zaw said...

သာဓုပါ သန်းရွှေနဲ့ဆွေတော်မျိုးတော်တွေရေ့ ဘုရားပြီး သန်းရွှေနဲ့ကြိုင်ကြိုင် လဲသံဝေဂရနိုင်ပါစေ

Anonymous said...

ကိုပေါ လူမိုက်ငှားခြင်း...
ဒီကလည်းကောက်ကောက်ပါအောင်ပါသွားတာပဲ.. :D

ကိုပေါ said...

>> Nay Nay Naing …. ခက်ပါဘိတော့ကွယ်….သူတို့က နေမျိုးနွယ်တွေကွယ့်။

>> Jeff …. ကွက်တိပါပဲ ဦးဂွမ်တီရယ်….း-)

>> ကြည် …. အပေါ်ပိုဒ်တွင် ကူးရင်ရပြီလေ။ ဘယ့်နှယ့် အကုန်ကူးရသလဲ။

>> ကေကေ …. ဘယ်ဆုတောင်းကိုပြောတာလဲ…သဲကွဲအောင် ပြောပါ။

>> အန်တီချမ်း …. အာယု တို့၊ ရူပ တို့ ကျန်ခဲ့တယ်။

>> သီဟသစ် …. ကာရန်ညီဖို့သက်သက်ဆိုရင် သန်းရွှေခမြာ ဘေးမခရပါစေ လို့လည်း ဆုတောင်းနိုင်ပါသဗျ…ဟွန့်။း-)

>> myo …. ကျေးဇူးဗျိုး။ အဲဒါ မဒမ်ပေါ လက်ရာ။ (လူမိုက်ငှားတာ သိသွားပေမယ့် နောက်ကျသွားပြီဗျိုးး-)

>> MyoxinZaw …. သံသာကမ်းတိုင် တူပြိုင်ကူးမယ့် သန်းရွှေနဲ့ ကြိုင်ကြိုင်လေ….

သက်ဝေ said...

အခုတလော သုံးကြောင်းစပ် ကဗျာတွေ တော်တော် ခေတ်စားနေတာ ပါကလား...။
ကာရန်ညီအောင် စပ်ရမယ်ဆိုပြီးတော့...
က ကြီးကနေ အ အထိကို မ သပ်၊ န သပ်တွေ နဲ့ သပ်ကြည့်လိုက်တာ မြန်မာ အက္ခရာ ၃၃ လုံးမှာ ကာရန်ညီညီနဲ့ ပေါ်လာတာက
ဒီတလုံးထဲ ရှိနေသလိုပဲ။
(ကိုယ်ထင်တာ မှားကောင်း မှားနိုင်ပါတယ်လေ...)

Anonymous said...

ဟိုက ဘုရားတည်တာနော်၊ ကုသိုလ်ကောင်းမှု့လုပ်နေတာ ၊ အဲဒါကို စိတ်ထဲမှာ မနာလိုဝန်တိုတဲ့ စိတ်နဲ့ ရေးနေ ပြောနေရင်တော့ ပြောတဲ့ ရေးတဲ့ လူပဲ အကုသိုလ်ရလိမ့်မယ်ဗျ။ ဘုရားတည်တဲ့ လူကတော့ သူ့ ကုသိုလ် ကောင်းမှု့ လျော့မသွားဘူး၊သူလဲ ဘာမှ ဖြစ်မသွားဘူး။ ခင်ဗျားတို့ ပြောနေ ရေးနေတာကို သိလဲ သိမှာ မဟုတ်ဘူး။ နေ့စဉ်သတင်းစာ ဖတ်ပြီး တစ်ယောက်ထဲ ဒေါသတွေထွက် မနာလို ၀န်တိုတဲ့ စိတ်တွေနဲ့ နေရတာ ပင်ပန်းပါတယ်ဗျာ။

မျိုးမြင့်မောင် said...

ကိုလမ်းသစ်ပြောတာ မှန်တယ်။ အဲဒီ ဘုရားတည်တဲ့ လူကတော့ သူ့ကုသိုလ် ကောင်းမှု လျော့မသွားဘူး။ မသိရင် မှတ်ထား။ သူ့မှာ ဘာကုသိုလ် ကောင်းမှုမှကို မရှိတာ။ ဟဲဟဲ...အဲဒီလူက အကုသိုလ်ကောင် လုံးလုံးကြီး ဖြစ်နေတာ ကြာပေါ့။

မျိုးမြင့်မောင် said...

ဒါနဲ့ ကိုပေါရေ ပိတောက်ရိပ်က တော်တော်မှောင်သွားတယ်။

ကိုပေါ said...

သက်ဝေ ….. သုံးကြောင်းပဲဆိုတော့ ခေါင်းသိပ်မစားရတော့ဘူး…ဟိ။

မောင်လမ်းသစ် …. ဆရာတော် ဦးဗုဓ်ကျောင်းက ကိုရင်တွေ၊ ဦးဇင်းတွေ ဆေးလိပ်သောက်လွန်းလို့ သာသနာရေးဆိုင်ရာမင်းချင်းတွေက ဆရာတော့်အနေနဲ့ ဆုံးမပေးဖို့ လာလျှောက်တဲ့အခါ ဆရာတော် ဦးဗုဓ် ဘာပြန်ပြောသလဲ…..ကြားဖူးတယ်မို့လား။ “ဟဲ့….ငါ့ကျောင်းက ပဇင်းတွေ ဆေးလိပ်သောက်တာ နင်တို့ သာသနာပိုင် ဘုရားတည်တာလောက် ငရဲမများဘူး” လို့ ပြောလွှတ်လိုက်သတဲ့။

ဘုရားတည်တယ်ဆိုပေမယ့် ၀ိနည်းမလွတ်ရင်၊ မစင်ကြယ်ရင် ကုသိုလ်ထက် ငရဲများတတ်သဗျိုး။ ကုသိုလ်တပဲ ငရဲတပိဿာ ဆိုတာမျိုးပေါ့။ သံဃာတွေကိုသတ်၊ ပြည်သူတွေကိုသတ်၊ ပြည်သူ့ဆီက ခိုးဝှက် ဓားပြတိုက်လို့ရတဲ့ ငွေနဲ့ ဘုရားတည်တာဆိုရင်တော့ စဉ်းစားသာကြည့်ပေတော့။ သူကလည်း သူ့အကြောင်းသူ သိရှာပါတယ်။ ဒါကြောင့် ပြည်သူ့ကြားကို တော်ရုံနဲ့ မသွားရဲရှာတာပေါ့ခင်ဗျ။

နေ့စဉ်သတင်းစာတော့ ယောင်လို့တောင် မဖတ်ပေါင်။ အခုဟာက ဧရာဝတီဝက်ဆိုက်မှာ တင်ထားတဲ့ပုံကို မြင်လို့ပါ။း-)

မျိုးမြင့်မောင် …. အမှောင် လောကသားတွေပဲ။ ဂလောက်တော့ ရှိပေမပေါ့။း-)

မျိုးမြင့်မောင် said...
This comment has been removed by the author.
မျိုးမြင့်မောင် said...

ကိုပေါရေ အဲဒီလဒ (အဲအဲ) အဘက ကုသိုလ်အရမ်းမက်တာ။ ကုသိုလ်တစ်ပဲ မပြောနဲ့။ ပဲဝက်လောက် ရမယ်ဆိုရင်တောင် ငရဲတစ်ပိဿာ မကလို့ ပိဿာတစ်ရာဆိုလည်း လဲယူမယ့် သဘောရှိတယ်။ အဲဒီလောက် အကုသိုလ် (အဲလေ) ကုသိုလ်စိတ် ထက်သန်တဲ့ ကျနော်တို့လဒ (အာ... ငါနော် မှားပြီးရင်း မှားချင် (အဲလေ) မှားမိနေတယ်။) ကျနော်တို့အဘဗျ။ ကိုလမ်းသစ်ရေ ဟုတ်တယ်ဟုတ်။

yehtutnaung said...

ဘကြီးတော် သန်းရွှေ..
အလှူရေစက် လက်နဲ့ မကွာပေ။
ပိတ်ဖြူကိုပတ်..
ငရဲအိုးကို ရွက်..
ပြည်သူတွေတော့ အငတ်..အဟတ်..အဟတ်။

ကိုပေါ said...

>> မျိုးမြင့်မောင် .... လဲယူမယ့်သဘောရှိတယ် မလုပ်နဲ့။ လဲယူပြီး သွားပြီ။

>> naynyoyint ... အလှူရေစက် လက်နက်မကွာ ပါဗျ။

Anonymous said...

မောင်လမ်းသစ် said. 'နေ့စဉ်သတင်းစာ ဖတ်ပြီး တစ်ယောက်ထဲ ဒေါသတွေထွက် မနာလို ၀န်တိုတဲ့ စိတ်တွေနဲ့ နေရတာ ပင်ပန်းပါတယ်ဗျာ။'

ကိုပေါကို မနာလို ၀န်တိုတဲ့ စိတ်တွေနဲ့ ပင်ပန်းတာ မကြည့်ရက်လို့၊ စေတနာ ဗလပွနဲ့ တကူးတကကြီးလာ ကွန်းမင့်ပေးတာ အားနာစရာဗျာ။ မသကာဆို ချော်လဲရောထိုင်ပြီး ဓာတ်ပုံကို ဧရာဝတီက ရကြောင်း သူသိအောင် ထုတ်ဖော်မပြောသင့်ဘူး။ သူက နေ့စဉ်သတင်းစာနဲ့ ကိုပေါတို့ရဲ့ ဘလော့ဂ်တွေသာ သိတာနေမှာပေါ့။

JulyDream said...

နောက်ဆုံးစာကြောင်း ဆုတောင်းစာက ကြိုက်သလို ဖြည့်လို့ရတယ်ဆိုတော့ ကာရံလိုက်တာလေးတွေ ရွတ်ကြည့်မိတော့...

အဟား... ရှယ်ပဲဗျို့။

မိုးခါး said...

စေတနာမှန်က ကံကောင်းမည် .. ထီဆိုင်တွေကစာကိုရွတ်သွားပါ၏း) သာဓု သာဓု ဆောင့်ကြီးအောင့်ကြီး ၂ခါသာ ရွတ်သွား၏ :D

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs