“သင် ဘယ်လိုထင်သလဲ”

Share |

ပုံ (a) တွင်ပြထားသော စက်ဝိုင်း ဧရိယာသည် မြန်မာပြည်၏ လူဦးရေ အရေအတွက်ကို ကိုယ်စားပြုသည်ဆိုလျှင် (b), (c), (d), (e) ပုံ အသီးသီးရှိ ဧရိယာများသည် မည်သူတို့ကို ကိုယ်စားပြုသည်ဟု သင်ထင်ပါသနည်း။

(မှတ်ချက်။…….။ စကေးကိုက်ဆွဲထားခြင်းမဟုတ်ပါ။ အကြမ်းဖျင်း ခန့်မှန်းနိုင်ရန်သာဖြစ်ပါသည်။ ပုံကို အသေးစိတ်မြင်နိုင်ရန် ပုံပေါ်တွင် ကလစ်ခေါက်ပါ။)

18 comments:

Anonymous said...

အသေအချာ ထပ်ကာထပ်ကာကြည့်သော်လည်း မခန့်မှန်းတတ်ပါ။ ကိုပေါဘာကို ဆိုလိုတာပါလိမ့်..တစ်ခုခုတော့ တစ်ခုခုပါပဲလေ။

ကြည်

Anonymous said...

Okie ... Ko Paw .. let's see

a.) is the Area of Myanmar
b.) is the Budgets of Myanmar
c.) is the Communication of Myanmar
d.) is the Democracy of Myanmar
e.) is the Economic of Myanmar ..

Am I Right??

Anonymous said...

(a) Money goes to Junta
(b) Money goes to Junta's cronies
(c) Money goes to Business men
(d) Money goes to education and health care
(e) Money goes to the people of Burma

Rita said...

အော် ဒါကြောင့်လဲ ကိုပေါ ကိုပေါနဲ့ ဘလော့တောမှာ ဆရာကြီး ဖြစ်ပေတာကိုး။
(ဉာဏ်မမီလို့ မဆိုင်တာတွေ လျှောက်ရေးသွားတာ)

Rita said...
This comment has been removed by the author.
Rita said...

အပေါ်က blog မှားမန့်မိလို့ delete သွားပါတယ်

ကိုပေါ said...

>>လာပြီး ခေါင်းစားသွားကြတဲ့ ကြည်၊ အမည်မသိ၊ အိုင်သင့်ခ် နဲ့ ရီတာ တို့ကို ကျေးဇူးတင်ပါတယ်။

မိတ်ဆွေတို့ ရေးထားတာဖတ်ပြီး ဟို ဟာသ တခုကို သွားသတိရမိတယ်။

လူသုံးယောက်ဟာ သစ်လုံးပုံကြီးတခုနားမှာ ရပ်နေကြတယ်။ အဲဒီသစ်လုံးပုံကြီးထဲက သစ်လုံးတလုံးမှာ “၃၁” ဆိုတဲ့ စကားလုံးကို ထုံးနဲ့ ထင်ထင်ရှားရှား ရေးထားတာကို တွေ့ရတယ်။ အဲဒီမှာ အသီးသီး ထင်ကြေးပေးကြတယ်။

(ပထမလူ) “သုံးဆယ့်တဘုံ ကို ညွှန်းချင်တာဖြစ်မယ်ဗျ။”

(ဒုတိယလူ) “မဖြစ်နိုင်ဘူး။ ဒီ သစ်လုံးကြီးကို သုံး တစ်လက်မ (၃x၁ လက်မ) ပျဉ်တွေ အဖြစ် ခွဲစိတ်ရမယ်လို့ ရေးထားတာဖြစ်မယ်။”

(တတိယလူ) “၃၁ ရက်နေ့က ခုတ်ထားတဲ့ သစ်လုံးလည်း ဖြစ်နိုင်တယ်ဗျ။”

အဲသည်လို ထင်ကြေးအမျိုးမျိုး ပေးနေကြတုန်းမှာ အရူး (စိတ်ဝေဒနာသည်)တယောက် သစ်လုံးပုံနောက်က ထွက်လာပြီး တဟားဟားရယ်တယ်။ ပြီးတော့ ပြောလိုက်သေးတယ်တဲ့။

“မင်းတို့အားလုံး မှားတယ်။ အဲဒါ ငါရေးထားတာကွ။ သုံးတစ် ဆိုတာ သစ်တုံး ကိုဆိုလိုချင်တာ” လို့ ပြောသတဲ့။

အင်း....ပြောရင်း ပြောရင်း ကိုယ့်ဟာသနဲ့ကိုယ် အရူးနေရာ ရောက်သွားပြီ။း-)

ကြည်နဲ့ ရီတာရဲ့ ကွန်မင့်ကို ကြည့်ပြီး လူအထင်ကြီးအောင်ဆိုရင် ဘာမှန်းမသိတာတွေကို ခပ်တည်တည်နဲ့ ရေးရမယ်ဆိုတာ သဘောပေါက်သွားတယ်.....ဟီး။

တကယ်တော့ ကျနော်ပြောချင်တာက

(အေ) မြန်မာပြည်ရှိ လူဦးရေ
(ဘီ) ပြည်ပရောက် မြန်မာဦးရေ
(စီ) ပြည်တွင်းပြည်ပက အင်တာနက် သုံးစွဲနိုင်သူဦးရေ
(ဒီ) ပြည်တွင်းပြည်ပက ဘလော့ဂ်ကို ပုံမှန်ဖတ်သူဦးရေ
(အီး) ဘလော့ဂ်ရေးသူဦးရေ... (နည်းလွန်းလို့ မြင်တောင် မမြင်ရဘူး)

အလားတူ.... စဉ်းစားနိုင်တာက
(အေ) မြန်မာပြည်ရှိ လူဦးရေ
(ဘီ) ပြည်ပရောက် မြန်မာဦးရေ
(စီ) နိုင်ငံရေးကို စိတ်ပါဝင်စားသူ ဦးရေ
(ဒီ) ပြည်တွင်းပြည်ပက မြန်မာ့အရေးကို ၀င်ရောက်လှုပ်ရှားသူဦးရေ
(အီး) ပြည်တွင်းပြည်ပက အချိန်ပြည့်နိုင်ငံရေးသမားဦးရေ

ကျနော်တွေးမိတာ ဘလော့ဂ်လောကက ကျဉ်းကျဉ်းလေး။ ဘလော့ဖတ်သူအရေအတွက်လောက်နဲ့တင် မြန်မာ့နိုင်ငံရေးအပြောင်းအလဲ၊ ယဉ်ကျေးမှုအပြောင်းအလဲ၊ စီးပွားရေးအပြောင်းအလဲ၊ စာပေရေစီးအပြောင်းအလဲ စတဲ့ အပြောင်းအလဲတွေကို မဖော်ဆောင်နိုင်ဘူး။ ဒါပေမယ့် အဲဒီထဲကနေ သက်ဆိုင်ရာ နယ်ပယ်အသီးသီးအတွက် လက်ရွေးစင်တွေ၊ ထူးချွန်သူတွေတော့ ပေါ်ထွက်လာနိုင်တယ်ဆိုတာကို တွေးမိလို့ပါ။

yehtutnaung said...

(a) သည် မြန်မာပြည်လူဦးရေ ဆိုလျှင်
(b) သည် ဆေးပေါ့လိပ် ကွမ်းယာနဲ့  အဆင်ပြေတဲ့ လူဦးရေ
(c) သည် လ္ဘက်ရည်နဲ့ အင်တာနက်ဆိုင် ထိုင်တဲ့ လူဦးရေ
(d) သည် ယပ်ခပ်၊ သန်းရှာပြီး နေနိုင်တဲ့ လူဦးရေ
(e) သည် ရွှေခွက်နဲ့  ဂန်ဖလား သွားနိုင်တဲ့ လူဦးရေ

ဂလို..စဉ်းစားကြည့်၏။

yehtutnaung said...

နို့ ..အဖြေပေးပြီးမှန်း မသိလိုက်ဘူး..ခေါင်းစား သွားတယ်.. ပြန်ဖြည့်ပေးပါ..ကိုပေါ :P

Anonymous said...

T_T, my answer was wrong for you..
But not for me :-D

Hee Hee :-D .. joke joke

တန်ခူး said...

အဲဒီတော့… ဘာဖြစ်လဲ… ဆက်ပြောပါဦးကိုပေါရဲ့… တခုခုကျန်သေးသလိုပဲ….

khin oo may said...

ကိုပေါ ကနေ စလိုက်တဲ့ဇတ်လမ်း ကနေ အားလုံးဘဲ အရှိန် ရကုန်ပြီး ဝိုင်းပြီး စပ်လိုက်တဲ (သီဟသစ်: ခေါင်းစဉ်ပေးထားတဲ့ မမ ကွမ်း ၏ "အလွမ်းများနဲ့မိုး" ကဗျာပေါင်းချုပ်စာအုပ်ကြီး ကို ထုတ်ဝေလိုက်ပါပြီ။

khin oo may said...

မထင်တတ်သေးပါ။ ပြန်လာခဲ့ပါမယ်

Moe Cho Thinn said...

အဖြေပြောလိုက်ပြီဆိုတော့ ဖြေစရာ မလိုတော့ဘူးပေါ့။ ဒါပေမဲ့ ကိုယ်တွေးတာတွေက ကိုပေါ အဖြေတခုနဲ့မှ မကိုက်ပါလား။ ဒီလို တလွဲတွေ လုပ်တတ်လွန်းလို့ လူတော မတိုးဘဲ ဥာဏ်စမ်းဆို ဝေါင်ဝေါင်ရှေး.. :)

ဇနိ said...

ဘီးငါးဆင့်ပါတဲ့ လယ်ထွန်စက် လုပ်မလို့လား ငှင် :D

ကိုပေါ said...

>> naynyoyint …. အဲသည်လို စဉ်းစားရင်လည်း မှန်တာပဲဗျ။ ဂန်ဘာရီကိုတောင် သတိရတယ်။

>> Anonymous …. မမှားပါဘူးဗျ။ ဒီမေးခွန်းမျိုးတွေမှာ အဖြေမှန်က တခုမက ရှိနိုင်တာပါပဲ။း-)

>> တန်ခူး …. ဟုတ်တယ်။ ကျန်သေးတယ်။ ဒါပေမယ့် အခုမပြောသေးဘူး။း-)

>> khin oo may …. လာဖတ်ဦးမယ်။……..ထင်သာထင်ပါ။ နအဖ ခေတ်မှာ ဘာဖြေဖြေ အောင်မှတ်ပေးပါတယ်။

>> မိုးချိုသင်း …. သိနေတယ်လေ။ တလွဲတွေ မလာခင် ကိုယ်ပြောချင်တာလေး အရင်ကြိုပြောလိုက်တာဗျိုး။

>> ဇနိ …. မြင်တတ်ပါပေ့ကွယ်။

Dr. Yi Yi Win said...

ကိုပေါပြောချင်တာကို သိတော့သိနေတယ် ဆိုတာကို သိတယ်ဟုတ်။

ငယ် said...

(a) စားဝတ်နေရေးအတွက် အမှန်အကန် ရုန်းကန်နေရသူတွေ
(b) ချောင်လည်သူတွေ
(c) ၀င်ငွေကောင်းသော စီးပွားရေးသမားတွေ
(d) တိုင်းပြည်ဘဏ္ဏာဖြင့် ကြီးပွားနေသူတွေ
(e) အများကောင်းကျိုးအတွက် ကိုယ်ကျိုးစွန့်ဆောင်ရွက်နေသူတွေ

အဖြေကိုမကြည့်ခင် စဉ်းစားမိတာလေးတွေပါ...း-)

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs