“ပုစဉ်း”

Share |

လွန်ခဲ့တဲ့ တနှစ်ခွဲလောက်က Sungei Buloh nature park ကို သွားလည်တုန်း ပုစဉ်းတကောင် ကိုင်းဖျားမှာ နားနေတာတွေ့လို့ ဓါတ်ပုံ ရိုက်ယူခဲ့တယ်။

ငယ်ငယ်က အခုလို ပုစဉ်းနားနေတာတွေ့ရင် နောက်ကနေ တိတ်တဆိတ် ချဉ်းကပ်သွားပြီး ပုစဉ်းအမြီးကို လက်ညှိုးနဲ့ လက်မ ကြားမှာ ဖိပြီး ဖမ်းတတ်တယ်။ အကြိမ်တော်တော်များများမှာ မိအောင်ဖမ်းနိုင်တယ်။ ပုစဉ်းတွေကလည်း အကောင်အကြီးအသေး အရွယ်အစားအစုံစုံ။ တောင်ပံပေါ်က အရောင်တွေကလည်း တကောင်နဲ့တကောင် မတူညီဘဲ အရမ်းလှတယ်။

တခါတလေကျတော့ ပုစဉ်းအမြီးမှာ ကောက်ရိုးတမျှင် ချည်ပေးလိုက်ပြီး ပုစဉ်းမြန်မြန်မြင့်မြင့် မပျံနိုင်ဖြစ်နေတာကို နောက်ကနေ အရသာခံပြီး လိုက်ကြည့်တတ်သေးတယ်။

အခုတော့ ၀ဋ်လည်တာ ထင်ပါရဲ့။ တခုခုကို လုပ်ဖို့ဆိုရင် အင်မတန် ဖင့်နွှဲလေးလံတဲ့ အကျင့် ဖြစ်လာတယ်။

ပူးတွဲဖတ်ရှုရန်........ "last minute Ko Paw"

8 comments:

Anonymous said...

ဟုတ်တယ် ..ငယ်ငယ်တုန်းကဆို ပုစဉ်းလေးတွေကို ဖမ်းပြီး ကစားခဲ့ဖူးတာပေါ့....ပျော်စရာကောင်းတာကိုး..ခုတော့ ကိုယ်ပျော်ဖို့ သူ့မှာဒုက္ခရောက်ရပါလားလို့တွေးတတ်ပြီ။ ကိုပေါရဲ့ ပုစဉ်းပုံလေးက မိုက်တယ်ဗျို့...လုပ်ပါ ပိုစ့်တွေကို ဓါတ်ပုံလေးတွေဝေေ၀ဆာဆာလေးနဲ့ တင်ပါအုံး..

ကြည်

juli said...

ပုစဉ်းအကြောင်းပြောချင်တာလား.. လူအကြောင်းပြောချင်တာလား.. ဆက်ဖတ်မယ် အလုပ်မှာ ပြီးသွားတယ်.. ပုစဉ်းတွေက ပျံတာနှေးတဲ့အတွက် ဖမ်းလို့ လွယ်ပါတယ်..နောက်ဆို ကိုပေါရဲ့လက်ရာ ဒြပ်ပုံ တွေကြည့်ရတော့မယ် ထင်တယ်..

Nay Nay Naing said...

၈၈ ကျောင်းတွေပိတ်ထားတုန်းက အဲဒီလို ပုစဉ်းတွေ ဖမ်းပြီးဆော့ခဲ့ဖူးတာ သတိရသွားတယ်... အဲဒီ နောက်ပိုင်းတော့ အဲလိုတွေ တစ်ခါမှ မဆော့တော့ဘူး။ ၀ဋ်လည်မှာ လန့် သွားတယ် ထင်ပါတယ်။

Thant said...

ပုစဉ်းတွေလား ... ငယ်ငယ်တုန်းက ပုစဉ်းတွေလိုက်ဖမ်း....အကောင်၂ဝလောက်ရရင် အမြီးတွေကိုစုပြီးအပ်ချည်ကြိုးနဲ့ချည် .... လက်ကလွှတ်လိုက်ရင် အရှေ့ ၊ အနောက် ၊ တောင် ၊မြောက် ပြန်ချင်တဲ့အကောင်ပျံ ၊ အမြီးတွေပြတ်ထွက်ကုန်ကြတာကိုကြည့်ပြီး သဘောတွေကျခဲ့တာ ။ ဘယ်တော့ ဝဋ်ပြန်လည်မလဲမသိဘူး ...... အိ ... ( မသိလို့လုပ်မိတာပါဘုရား...ခွင့်လွှတ်ပါ ..ခွင့်လွှတ်ပါ )

khin oo may said...

ငယ်ငယ်ကတည်းကဇာတိပြလာတာကိုး။
စကားမစပ်။
စပြီးဖတ်တာနဲ့ ဇတ်လမ်းကပြီးသွားပြီ။ ဟိုဟာ ကဖတ်ပြီးပြီလေ။ဒီဟာ ကဖတ်လိုက်မိပြီ။ ဟိုလိုဒီလို ကတော့ မလာသေးဘူး။

တန်ခူး said...

ကိုပေါရေ…. ၀ဋ်လား… ၀လို့ လား… (စိတ်မဆိုးနဲ့ နော်… စတာပါ)

မေငြိမ်း said...

မဆီမဆိုင် ပြောရရင်.. အရင် ဘန်နာလေးပဲ သတိရသဗျား

Dr. Yi Yi Win said...

ဘလော့ဂ်ရေးဖို့ ဖင့်နွှဲ့ နေပြီထင်တယ်။ ဒါဆိုရင် လူတော့ပေါ့ပါးလာမှာပါ။ ဘလော့ဂ်ရေးဖို့ လက်သွက်ရင်တော့ လူက ၀၀လာတယ်ဗျ။ ကိုယ်တွေ့ ပါ။

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs