“သူလိုလူ…..”

Share |

photo-Reuters

ခွင့်လွှတ်ပါဂျူလီ….” ပို့စ်ကို ရေးသောအခါ စာဖတ်သူအချို့က ဂျူလီကို ခွင့်လွှတ်ဖို့ အမြင်တူကြသလို အချို့ကလည်း ခွင့်မလွှတ်သင့်ဟု မြင်ကြသည်။

တိုက်တိုက်ဆိုင်ဆိုင် မနေ့က သတင်းတပုဒ် ဖတ်လိုက်ရသည်။ ယင်းသတင်းကို ဖတ်ရတော့ ခွင့်လွှတ်ပါဂျူလီ….ပို့စ်ကို ပြန်သတိရမိသည်။

သတင်းအကျဉ်းက ဒီလို။ စင်္ကာပူတွင် အိမ်ထောင်သည် ကျောင်းဆရာမ တယောက်သည် အသက်မပြည့်သေးသည့် ကျောင်းသားနှင့် လိင်ဆက်ဆံမိသည်။ အသက်မပြည့်သူနှင့် လိင်ဆက်ဆံမိသည့်အတွက် ဥပဒေအရ ထောင်ဒဏ် ဆယ်လ ကျသည်။ ဤသတင်းမျှလောက်သည် စိတ်ဝင်စားဘွယ်မဟုတ်သေး။

ကျနော်စိတ်ဝင်စားသောသတင်းက…… “ခင်ပွန်းဖြစ်သူက သူ့ဇနီးကို ခွင့်လွှတ်သည်….ဆိုသော သတင်း”။

အဆိုပါ သတင်းထဲတွင် ထိုသူ၏ မိခင်ဖြစ်သူက ပြောပြသည်မှာ….“ ဘာပဲ ဖြစ်ခဲ့ ဖြစ်ခဲ့… သားက သူ့ဇနီးကို မကွာရှင်းပါဘူးတဲ့။ အခု ဒီအမှုတလျှောက်လုံးမှာလည်း သူ့ဇနီးဘေးက အမြဲ ဖေးမရပ်တည်ခဲ့ပါတယ်”…..တဲ့။

သူမက ဆက်ပြောသည်မှာ….“ ဇနီးက သစ္စာဖောက်တဲ့အတွက် သားအနေနဲ့ ရင်ကွဲပက်လက် ဖြစ်ရမယ်ဆိုတာ အမေတယောက်အနေနဲ့ ကျမခံစားသိရှိပါတယ်။ ဒါပေမယ့် ကျမရှေ့မှာတော့ ၀မ်းနည်းတာတို့ ငိုတာတို့တော့ သားက မလုပ်ပါဘူး။ သူက စိတ်ဓါတ်ကြံ့ခိုင်ပါတယ်”။

သတင်းထဲတွင် ကျနော်အကြိုက်ဆုံးနေရာကလေးမှာ…..

“She said that her daughter-in-law, whom she described as a quiet person, apologised to her after confessing to her son about the affair. 'My son had already forgiven her, so we did too,' she told the TNP. ”

အဘွားကြီးက သူ့ချွေးမဖြစ်သူဟာ ခပ်အေးအေး နေတတ်သူလို့ ဖော်ညွှန်းပြီး ဒီအဖြစ်အပျက်ဖြစ်ပြီးတဲ့အခါ ခင်ပွန်းဖြစ်သူထံ သူမအမှားကို ၀န်ခံပြီး ၀န်ချတောင်းပန်တယ်လို့ ပြောပြပါတယ်။ ……“သားက သူမကို ခွင့်လွှတ်ပါတယ်။ ကျမတို့လည်း သူမကို ခွင့်လွှတ်ပါတယ်”….တဲ့။

ဒီသတင်းကို ကြားရရင် တချို့ကလည်း ဒီလူကို နွားကျတယ်လို့ မြင်ကောင်းမြင်ပါလိမ့်မယ်။

ကျနော့်အမြင်ကတော့ ဒီလူရော၊ သူ့အမေရောဟာ အင်မတန် ခွင့်လွှတ်နိုင်စွမ်းရှိသူတွေပါလားလို့ မြင်မိပါတယ်။

ဒီလူရဲ့ လုပ်ရပ်အပေါ် စာဖတ်သူရော ဘယ်လို ထင်ပါသလဲ။

မူရင်းသတင်း.............. Hubby forgives wife

35 comments:

Nay Nay Naing said...

ဘယ်လိုမှ မထင်ပါဘူး...
အင်း.. ခွင့်လွှတ်တယ်ဆိုတာ ဘယ်လောက် အတိုင်းအတာအထိလဲဆိုတာ တစ်ခုကိုပဲ တွေးလိုက်မိတယ်..

Anonymous said...

နောက်ကွယ်မှာ ဘာတွေရှိအုံးမလဲ။
အပြည့်အစုံမသိနိုင်တဲ့ အကြောင်းအချက်အလက်တွေ ပေါ်မှာ..အကြမ်းဖျင်းအမြင်အရဆိုရင်လား..
ကျနော့်စိတ်မှာ ယောက်ျားရဲ့ ရင်ဘတ် ခံစားမှုထဲ လှမ်းတွေ့ရတယ်..ကိုယ့်စိတ်နဲ့နှိုင်းရင် ..ယောက်ျားက ခွင့်လွတ်တယ်ဆိုတာရဲ့နောက်မှာ ..ပေးလိုက်ရတဲ့ ခံစားမှု အကွဲအပြဲတွေ .. သူကိုယ်တိုင်ပဲ သိနိုင်မှာပဲ။
ခွင့်လွတ်ကြတယ်ဆိုတာမှာ ခွင့်လွတ်တာ ကောင်းတာပေါ့။ စိတ်ဆင်းရဲမှု ယူကျုံးမရမှုနဲ့ ..အခြားတစ်ဖက်စီက လူလူချင်းမြင်တတ်မှု ..မှားတတ်တဲ့ လူ့သဘာဝ ..ဒါတွေ ..ပို့စ်အရ တွေ့လိုက်ရတယ်။

Anonymous said...

Ko Paw said......

သာမန်အားလုံးလက်ခံနိုင်တဲ့ သမားရိုးကျ ပို့စ်ကလေးတွေပဲ....တင်။

လူအများထောက်ခံနိုင်မယ့်....

မန်မာလူထုအသိုင်းအ၀ိုင်းက သေချာပေါက် လက်ခံနိုင်မယ့် အကြောင်းအရာတွေကို ဇောင်းပေးရေး။

ဖြစ်ပါတယ်။

ဒါမျိုး ဘလော့ဂ်အစပိုင်းမှာ ကျနော်လုပ်လည်း လုပ်ခဲ့ဘူးပါတယ်။

ဒါပေမယ့် အခုအချိန်မှာတော့ ဒီလမ်းကို ရည်ရွယ်ချက်ရှိရှိကို

စွန့်လွှတ်လိုက်တာဗျိုး။း-)

.........???????????????????????????????????????..............

AGAIN....???????????????

Anonymous said...

For those Anonymous,

Be mature. Grow up. You no need to argue / accuse all the time with someone you can agree.

Anonymous said...

For those Anonymous,

Be mature. Grow up. You no need to argue / accuse all the time with someone you can't understand.

:P said...

စီရင်ချက်ချတဲ့သတင်းတော့ မဖတ်ရသေးဘူး..။
အမှုစဖြစ်တာကို ဖတ်ရတာက အဲဒီဆရာမက ၁၅ နှစ်သား Secondary တက်နေတဲ့ ကောင်လေး (သူ့တပည့်တော့ မဟုတ်)နဲ့ Trip တစ်ခုမှာ ဆုံပြီး သူကပဲ အဲဒီကောင်လေး ကို စဖုန်းဆက်တယ်၊ ချိန်းတယ်၊ အစစ(ကျောင်းစာရော လိင်မှုရေးရာရော) သင်ပေးတယ်၊ သူ့အိမ်မှာလည်း ကောင်လေးနဲ့ ဖောက်ပြန်တယ်။ နောက်ဆုံး ကောင်လေး က အရမ်းစွဲလန်းလာလို့ အဆက်အသွယ် ဖြတ်တော့မှ ကောင်လေးက သူရော သူ့မိသားစုကိုပါ သတ်မယ် လုပ်လို့ ရဲစခန်းကို သူသွား အကြောင်းကြားတာပါ။ အဲဒီကောင်လေးကိုလည်းလူငယ်စိတ်ကျန်းမာရေး
ဆေးရုံကို ပို့လိုက်ရပါတယ်တဲ့..။
ခပ်အေးအေးနဲ့ပဲ တော်တော်မွှေသွားတဲ့ အမျိုးသမီးပါ..။
အဲလိုအမျိုးသမီးမျိုးကို ခွင့်လွှတ်ပေးနိုင်တဲ့ ခင်ပွန်းနဲ့ယောက္ခမ သည် သူတို့ စိတ်ထဲမှာ တကယ်ကျေကျေနပ်နပ် နဲ့ခွင့်လွှတ်တာ ဆိုရင်
ချီးကျူးစရာ တော်တော်ကောင်းပါတယ်..။

Anonymous said...

Hi..Zaw...!!!

We Just want to Reimnd / Refresh Him that...

" What He Said Loudly / What He Stand for " @ One hour ago..


" ဒါပေမယ့် အခုအချိန်မှာတော့ ဒီလမ်းကို ရည်ရွယ်ချက်ရှိရှိကို

စွန့်လွှတ်လိုက်တာဗျိုး။း-).."


Don't talk anyhow lah....

To be better Person...!!!!

Anonymous said...

အနောက်နိုင်ငံမှာ ရုပ်ရှင်တွေနဲ့ ပြင်ပလောကမှာ ကြားမြင်ကြုံဖူးပါတယ်..။ အခုဟာက အရှေ့တိုင်းသားဆိုရင်တော့ နည်းနည်းထူးပါတယ်..။ တကယ့်ကို ခြွင်းချက်မရှိ ခွင့်လွှတ်ပြီး ဆက်လက်ပေါင်းသင်းနိုင်မယ်ဆို အလွန်ထူးခြား ရှားပါးတဲ့ ယောက်ကျားတယောက်ပါ..၊ ချီးကျူးရမှာပါ..။

ZT said...

သူငယ်ချင်းတစ်ယောက် ပြောတဲ့စကား သွားသတိရမိတယ်။ ကိုယ် ၅ ခါဆိုရင် သူ ၃ ခါ လောက်တော့ ခွင့်လွှတ်ရမှာပေါ့တဲ့။ :D

Anonymous said...

CMA ပြော သ လို ပဲ
"ခြွင်းချက်မရှိ" ခွင့်လွှတ်မယ်ဆို..တကယ့်ကို
ရှားပါးတဲ့ အရှေ့တိုင်းသားလို့ဆိုရမှာပါ

ကိုပေါ said...

>>> Nay Nay Naing …. အင်း….သည်းခံနိုင်မှုအတိုင်းအတာဆိုရင်လည်း မမှားဘူးပေါ့လေ။

>>>နောင်မွန်း …. အေးဗျာ…ယောက်ျားမာနနဲ့ဆိုရင်တော့ ပေးလိုက်ရတဲ့ ခံစားမှုအတိုင်းအတာကို နားလည်နိုင်ပါတယ်။

>>> sin dan lar …. ကျနော်လည်း ဒီသတင်းကို အစက သာမန်ကာလျှံကာပဲ… သိပ်စိတ်မ၀င်စားခဲ့ပါဘူး။ မနေ့ကမှ….။ ဒါထက် အာရှမှာ ဆရာ(အထီး)နဲ့ ကျောင်းသူတွေ ဖြစ်တဲ့ကိစ္စကိုတော့ (လူမှုရေးအရ) သည်လောက် အပြစ်မြင်ကြမယ်မထင်ဘူး။ ယောက်ျားက ဖောက်ပြန်လို့ မိန်းမက ခွင့်လွှတ်လိုက်ရတဲ့ ကေ့စ်တွေ ဒုနဲ့ဒေး ရှိမှာပါ။ ဒါပေမယ့် ဒါကိုကျတော့ အထူးအဆန်း သတင်းလို့ မမြင်ကြဘူးလေ။ ဒီတော့…. ကျနော်တို့ကအစ (သွေးထဲသားထဲမှာ အရိုးစွဲနေတဲ့) ယောက်ျားမိန်းမ ခွဲခြားမှုတော့ တော်တော်လေး ရှိသေးတယ်လို့ မြင်မိပါတယ်။

>>> CMA …. အနောက်တိုင်းသားဘဲဖြစ်ဖြစ်၊ အရှေ့တိုင်းသားဘဲဖြစ်ဖြစ်….ခွင့်လွှတ်နိုင်တယ်ဆိုရင် ချီးကျူးရမျာပါ။

>>> ZT …. မိတ်ဆွေရဲ့ ကွန်မင့်ကို မြင်တော့ ဟို ဟာသလေးတခုကို ပြေးသတိရတယ်။ လက်ထပ်စ လင်မယားနှစ်ယောက်ဟာ ကတိက၀တ်ထားကြသတဲ့။

တကယ်လို့ တယောက်ယောက်က ကွယ်ရာမှာ အခြားတယောက်မသိအောင် ဖောက်ပြန်မိရင် ဘုရားစင်အောက်က သက်ဆိုင်ရာ အံဆွဲလေးတွေထဲမှာ ပဲစေ့လေး တစေ့ထည့်ပြီး မှတ်ထားရမယ်။ နောက်ပိုင်းမှာ ပဲစေ့လေးတွေ ပြပြီး ပြန်တောင်းပန်ရမယ်ပေါ့။

ဒီလိုနဲ့ အချိန်ကြာလာတော့ ယောက်ျားလုပ်သူက ဖောက်ပြန်တာများတော့ ပဲစေ့ ဆယ်စေ့လောက် သူ့အံဆွဲထဲမှာ စုမိလာသတဲ့။ ဇနီးဖြစ်သူရော ဖောက်ပြန်သလားသိရအောင် ဇနီးဖြစ်သူရဲ့ အံဆွဲကို တိတ်တိတ်ကလေး ဆွဲလှပ်ကြည့်တဲ့အခါ ပဲစေ့လေး တစေ့ပဲ တွေ့ရသတဲ့။ အဲဒါနဲ့ သူလည်း သူ့ဖောက်ပြန်မှုတွေအတွက် စိတ်မကောင်းဖြစ်သွားတာပေါ့။

အဲဒါနဲ့ ဇနီးသည်ကို သွားပြီးတောင်းပန်သတဲ့။ “ခင်က တကြိမ်ပဲ ဖောက်ပြန်ပေမယ့် မောင်က ဆယ်ကြိမ်ဖောက်ပြန်မိတဲ့အတွက် မောင့်ကို ခွင့်လွှတ်ပါ”…လို့ပြောသတဲ့။

အဲသည်မှာ သူ့မိန်းမက ပျာပျာသလဲ….“ အို၊ တောင်းပန်စရာ မလိုပါဘူးမောင်ရယ်။ ခင်လည်း ဖောက်ပြန်မိတာပါဘဲ။ ဟိုတလောကတင် ခင့်အံဆွဲထဲက ပဲစေ့တွေနဲ့ မောင့်ကို ပဲဟင်းချက်ကျွေးမိသေးတယ် မဟုတ်လား”….တဲ့။

>>> JD …. အဲဒါ အာရှတန်ဘိုး လေဗျာ။း-)

Anonymous said...

ကိုပေါ ပို့စ်နဲ့တော့ မဆိုင်ပါ.. လိုဂိုဓာတ်ပုံလေး ပြောင်းလိုက်တာ သတိထားမိလို့၊ တယောက်တည်း လှော်လို့ရတဲ့ ခနူးလှေပုံကိုတွေ့ရလို့ ပဲခူးအရောက် ထိုးတော့မလားလို့..။ ပိတောက်ရိပ်အောက်ကနေ ရေပြင်ဟင်းလင်းထဲ ဘာလို့ ပြောင်းလိုက်သလဲ.. လင်းတော်မူရှန်းပါဦး.။

ကိုပေါ said...

>>> CMA …. အဲဒါ မဒမ်ပေါရဲ့ ဓါတ်ပုံလက်ရာလေဗျ။ စင်္ကာပူ ဖလိုင်ယာ လို့ခေါ်တဲ့ ရဟတ်ကြီးကို သွားစီးတဲ့နေ့က ရိုက်ကူးထားတာ။

ဒီဘန်နာ မတိုင်ခင် တင်ထားတာက ကျနော့် ဓါတ်ပုံလက်ရာ။ ပူလာအူဘင်ကျွန်းက စားသောက်ဆိုင်မှာ ထိုင်နေတုန်း အိပ်တန်းပြန် ငှက်ကလေးတကောင် ကောင်းကင်ပေါ်က ပြန်သွားတာတွေ့လို့ မော့ပြီး ရိုက်ထားတာ။ ဒါပေမယ့် အဲသည်ပုံလေးက… ကြုံပလေ တကောင်တည်း…ဖော်ကွဲတဲ့ငှက်လေ….လွမ်းလွမ်းဆွေးဆွေးနိုင်တယ်။ ကောင်းကင်ကလည်း မှိုင်းနေတယ်။ စိတ်တက်ကြွစဖွယ်မဖြစ်ဘူး။

အခုပုံက ရေတွေအများကြီးနဲ့ မျက်စိအေးတယ်။ ပြီးတော့ လှေကလေးက နှစ်စီး။ တူစုံမောင်မယ် တက်ညီလက်ညီ လှော်ခတ်နေတဲ့သဘော။ ငါ့လှေငါထိုး ပဲခူးရောက်ရောက် လို့ ယူဆမယ်ဆိုလည်း ယူဆလို့ ရပါတယ်။း-) အခုတော့ ခတ်ကွင်းပြင်တုန်း။

(ဘန်နာတွေ မကြာခဏလဲတတ်တဲ့ ပန်ဒိုရာကိုလည်း အားကျမခံပေါ့ဗျာ…ဟဲ..ဟဲ)

Anonymous said...

မောင်ရင်ပေါ...
တောင်းပန်စရာတွေရှိနေပြီနဲ့တူတယ်။ :D :D :D

ကိုပေါ said...

>>> NTTN …. နှောင်းကံကြမ္မာ…. အကြောင်းဖန်မလာတဲ့အတွက်… တောင်းပန်စရာလေးတွေတောင် မရှိတဲ့ ငါ့ဘ၀ ပါလားနော်။ ကို NTTN တို့နဲ့ သိစဉ်ကလို ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်မဟုတ်တော့ဘူးခင်ည (ဟိ….အကြောင်းမသိသူများ အထင်ကြီးစေသော်ဝ်) :D :D :D

Thargyi(Gyobingauk) said...

ယောင်္ကျားမိန်းမခွဲခြားဆက်ဆံနေသရွေ့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းဟာ ဒီလိုကိစ္စတွေကို ရှုတ်ချနေကြအုံး မှာပါ.. လူတွေအထူးသဖြင့် (ကျွန်တော်တို့ယောင်္ကျား တွေ) ဟာသီးခံနိုင်မှုမှာ အမျိုးသမီးတွေအောက်များစွာ နိမ့်ကြတယ်ဆိုတာ ဒီသတင်းမျိုးတွေထွက် ပေါ်လာချိန် မှာ ပေါ်လာတတ်ကြပါတယ်.. တခါတလေ လူတွေဟာ မိန်းမတွေကို မိန်းမတွေလို့ပဲ ဘာလို့မြင်နေကြလဲ သူတို့ လဲ လူပဲဆိုတာမေ့နေကြပီလား... အမျိုးသမီးတွေ ကိုယ်တိုင်က ဒီလိုတွေမြင်တတ်ကြတော့ အမျိုးသမီး အခွင့်အရေးဆိုတာ တွေလုပ်ချိန်မှာ အနှောက်အယှက် ဖြစ်မယ်အယူအဆတွေကွဲသွားနိုင်တယ်ဆိုတာ မေ့နေကြတယ် ထင်ပါတယ်..
ဘာပဲဖြစ်ဖြစ်ကျွန်တော်ကတော့ဒီကိစ္စ မှာခွင့်လွှတ်လိုက် တဲ့အမျိုးသားကို အရမ်းလေးစားတယ်.. ကျွန်တော် ဖတ်ဖူးတဲ့စာတစ်ကြောင်းကိုသွားသတိရတယ် ကဗျာ တပိုဒ်ထဲကလို့ထင်ပါတယ် "မင်းစိတ်ဒဏ်ရာတွေ သက်သာဖို့ဆိုရင် ငါ့ပေးဆပ်ရမှုတွေဟာ ဘယ်လောက်တန်ဖိုးကြီးပါစေ ငါပေးဆပ်နေအုံးမှာပါ" တဲ့ ... ဒီကိစ္စမှာ အဲဒီအမျိုးသားဟာ အဲလိုခံစားနေရ ရင်တောင်နောင်ဆက်မယ့်မိသားစုခရီးမှာ စိတ်ဒဏ်ရာ နည်းနည်းနဲ့ လျှောက်လှမ်းနိုင်မယ်လို့ ကျွန်တော်ထင်ပါ တယ်... ဒီကိစ္စမှာကျွန်တော်ဆိုလိုတာက အမျိုးသမီးရဲ့လုပ်ရပ်မှန်တယ်လို့ထောက်ခံတာမဟုတ်ပါဘူး... လူကိုလူလို့မြင်ဖို့ပြောလိုတာပါ... သေခြာတာတခုကတော့ အမျိုးသားရဲ့လုပ်ရပ်ကတော့ မချီးကျူးဘဲကိုမနေနိုင်တာ... ဒါ့အပြင် ယောက္ခမရဲ့စိတ်ဓာတ်ဟာလဲလေးစားအတုယူစရာပါ..တခါတလေ လူတွေဟာ ကိုယ်ဘာခံစားနေရတာ ထက် ပတ်ဝန်းကျင်က ဘာတွေ မြင်ပြီးဘယ်လိုတွေပြောမလဲဆိုတာပဲ ကြည့်နေကြလွန်းတယ်လို့ထင်ပါတယ်.. အခုကိစ္စမှာ အမျိုးသားနဲ့သူ့မိခင်တို့ဟာ ပတ်ဝန်းကျင် အမြင်တွေထက် မှန်တာကိုရဲရဲဆုံးဖြတ်နိုင်ကြတယ်လို့ ယုံကြည်ပါတယ်... ကျွန်တော်ဆိုလိုတာက ကိုယ့်လှေကိုထိုးဖို့ ပြောတာမဟုတ် ပါဘူး.. ကိုယ့်ရဲ့အမှန်ခံစားချက်ကိုလဲ မမေ့ဖို့လိုပါတယ်.... အားလုံးမိမိခံစားချက်အမှန်ကိုထုတ်ဖေါ်နိုင်ပါစေ...

Anonymous said...

ကိုပေါ ရေးတဲ့ post အခြေအနေနဲ့  comment တွေအရ (စုံထောက်ပုံဖမ်းလိုက်ဦးမယ်) .. အနှီ ယောက်ျားဟာ အင်မတန်မှ ကျိုးကြောင်းနားလည် နိုင်တဲ့သူလို့  သတ်မှတ်ရမယ်။ တော်ရုံတန်ရုံ လူဆိုရင်တော့ ဒီလို စိတ်ထားမျိုး ထားနိုင်မယ် မထင်ဘူး။
အရေးကြီးတာက မှားခဲ့တာအမှားတခုကို နောင်မမှားအောင် ထိန်းသိမ်းပြုပြင်ဖို့ ပဲလေ။
ဒီမိန်းမ လင်ရကံကောင်းတယ်လို့  ပြောလိုက်ချင်ပါတယ်။ အဲ.. ယောက္ခမကြီးလည်း ပါတယ်ပေါ့။ ဟီ..

ကိုပေါ said...

>>>နေညိုရင့်.. …. ဦရှံစားလို…“မှားတဲ့အခါလည်း မှားပေမပေါ့” လာလုပ်တာလား။

တကယ်တမ်းကျတော့ ခွင့်လွှတ်ရတာ ထင်သလောက် မလွယ်လှပါဘူး။ ကျနော့်ဘော့စ်ရဲ့ လက်သုံးစကားကတော့….“I forgive, but I won’t forget. ” ….တဲ့။ သူ့ဝါဒကြီးတော့ သိပ်သဘောမတွေ့လှဘူး။ မမေ့ပျောက်နိုင်ပါဘူးဆိုမှ တကယ်ခွင့်လွှတ်တာ ဟုတ်ပါ့မလားလို့ စဉ်းစားမိတယ်။း-)

Anonymous said...

ကိုပေါ..

ဒီကိစ္စမှာ မိန်းမတစ်ယောက်ရဲ့ ပုံမှန်အပြုအမူမဟုတ်ပါဘူး... စိတ်ပိုင်းဆိုင်ရာ တစ်ခုခု ခံစားနေရတာ ဖြစ်နိုင်ပါတယ်... အဲဒီခံစားမှုကလဲ သူမ ယောက်ျားကြောင့်များလား..
ပတ်ဝန်းကျင်ကြောင့်လား.. တခုခုပေါ့..

ယောက်ျားနဲ့ သူ့အမေမှာလဲ.. ဖုံးကွယ်မှုတခုခု ရှိနိုင်ပါတယ်.. ခွင့်လွှတ်ရခြင်းအကြောင်းရင်းလဲ ရှိကောင်းရှိနိုင်ပါတယ်... ဥပမာ.. ကလေးတွေ မျက်နှာ ထောက်ရလို့လား. ပိုင်ဆိုင်မှု ပြသာနာကြောင့်များလား.. အစစ်အမှန်ဆိုရင်တော့ ချီးကျူးစရာပါ.. လူပုံအလယ်မှာ နံမည်ကောင်းယူနေပေမဲ့ နောက်ကွယ်မှာ မိန်းမအပေါ် ဆိုးဝါးချက်လဲ ရှိနိုင်ပါတယ်... စလုံးအမျိုးသားတွေရဲ့ နံမည်ဆိုးက တကိုယ်ကောင်းအရမ်းဆန်တတ်ပါတယ်..

ဘာပဲဖြစ်ဖြစ် မိန်းမတစ်ယောက်အနေနဲ့ မကျူးလွန်သင့်တဲ့ အပြုအမူတစ်ခုပါပဲ...

M.Y. said...

ခွင့်လွှတ်ခြင်းလို့ ဆိုရာမှာ ခွင့်လွှတ်သူဘက်က အပေးအယူမရှိသော၊ စစ်မှန်စွာ သဘောထားကြီးသော၊ မေတ္တာအစစ်နဲ့ ခြွင်းချက်မရှိသောခွင့်လွှတ်ခြင်း ဖြစ်ခဲ့ရင်တော့ ကောင်းပါတယ်။

မဟုတ်ရင်တော့အက်ကြောင်းလေးတွေပါလာမယ်...

ခဏခဏခွင့်လွှတ်မနေရဖို့ လဲအရေးကြီးသေးတယ်။

ကိုပေါ said...

>>> မုန်းစရာ ….. အင်း…အဲဒီလိုလည်း ဖြစ်နိုင်ပါတယ်။ ကျနော်တို့က သတင်းစာပေါ်မှာ ပါတာကနေ ကောက်ချက်ချရသလို ဖြစ်နေတာကိုး။

>>> M.Y ….. မှန်ပါ့ ကမောင်ရင်…..ခြွင်းချက်မရှိသော ခွင့်လွှတ်ခြင်းက အကောင်းဆုံးပေါ့။ နောက်ပြီးတော့….

သစ္စာကိုသာ အသိအမှတ်နှင်းကာ…
မေတ္တာဆိုတာ ခွင့်လွှတ်ခြင်းသာ……….ဆိုတဲ့ သီချင်းစာသား အတိုင်းပေါ့။

မေတ္တာဆိုတာ ခဏခဏ ခွင့်လွှတ်ခြင်းသာ…..ဆိုရင် စည်းဝါးမကိုက်တော့ဘူးထင်တယ်။

ကိုပေါ said...

>>>ရွှေအောင်........ ကိုရွှေအောင်ရဲ့ ကွန်မင့်ကို ပြန်ဖို့ ကျန်သွားတယ်။ အင်မတန် ပြည့်စုံကောင်းမွန်တဲ့ ကွန်မင့်ပါ။

အမျိုးသမီးတွေရဲ့အခွင့်အရေးကို အမျိုးသမီးတွေကိုယ်တိုင် မမေ့ကြဘို့ လိုပါတယ်။ ယောက်ျားဖြစ်စေ...မိန်းမဖြစ်စေ...ကိုယ့်အခွင့်အရေးဟာ ကိုယ်တိုင်တိုက်ယူမှ ရမှာပါ။ အဲလိုတိုက်တဲ့အခါမှာ ယဉ်ကျေးမှုတွေနဲ့ လူ့အဖွဲ့အစည်း ထုံးတမ်းစဉ်လာတွေ၊ ကန့်သတ်ချက်တွေကို ပစ်ပယ်တန်သင့်ရင် ပစ်ပယ်ရပါလိမ့်မယ်။

တန်ခူး said...

ကျွန်မကတော့ မိန်းမဖြစ်ဖြစ် ယောင်္ကျားဖြစ်ဖြစ် အိမ်ထောင်ရေးဖောက်ပြန်မှုကို ခွင့်မလွှတ်တတ်ပါဘူး… အခြေအနေအချိန်အခါအရ ထောက်ထားငဲ့ညှာစရာ သားသမီးတွေရှိလို့  မေ့ပစ်အောင်ကြိုးစားကြည့်တာက တမျိုးပေါ့… ပဲစေ့ဥပမာလေးက ပြုံးစရာ..

ဘန်နာလေးက စိတ်ထဲငြိမ်းသွားတာပဲ… မဒမ်ပေါက တော်လိုက်တာ…

Rita said...

ကိုပေါရေ..ကိုပေါက ဂျူလီ post ကို သတိရတယ် ပြောပေမယ့် ကျွန်မတော့ ဒါ ဂျူလီ post နဲ့ တော်တော် သဘောတရားကွဲလွဲတယ် မြင်မိပါတယ်။ ဒီနေရာမှာ ခင်ပွန်းဖြစ်သူနဲ့ ယောက္ခမကို သံသယရှိတဲ့ လူတွေနဲ့ ကျွန်မ အမြင်တူပါတယ်။ (မှားတဲ့သူ ကျောင်းဆရာမကိုတော့ ဒါ သူ့ကိစ္စလို့ပဲ ဂျူလီ တုန်းကလို ထားလိုက်လို့ရပါတယ်)

ဒီစာဖတ်ရင်း ကျွန်မ သတိရနေမိတာ ဟန်သစ်ခေတ်မှာ ဆရာ မောင်သစ်ဆင်း ရေးဖူးတဲ့ ကျိန်စာ ၀တ္ထုထဲက "တကယ်တမ်း အဆုံးရှုံး အစွန့်လွှတ် မခံနိုင်ဘဲ ဘာကိုမှ မစွန့်စားပါနဲ့" ဆိုတဲ့စာကြောင်းပဲ...အမျိုးသမီး အတွက် သတိရတာ မဟုတ်ပါဘူး..အမျိုးသား အတွက်ပါ။

အဲဒီ မောင်သစ်ဆင်းရဲ့ စာကြောင်းကို ကျွန်မ နားလည်သလို ပြောကြည့်ရရင် တကယ် သတ္တိမရှိဘဲ စတန့်မထွင်ပါနဲ့ ပေါ့။

ဒီအမျိုးသား တခုခုကို ဖုံးကွယ်ထားတာမျိုး ကိုယ့် အရည်အချင်းကို ပိုတွက်မိတာမျိုး မဟုတ်ဘဲ တကယ် (အမှန်တကယ်) ခွင့်လွှတ်နိုင်စွမ်းရှိသူသာ ဖြစ်ပါစေလို့ ဆန္ဒပြုမိပါတယ်။

ဒီအဖြစ်အပျက်ကြီး အပြီးမှာ ကွာရှင်းသည်ဖြစ်စေ မကွာရှင်းသည်ဖြစ်စေ လူတွေထဲ ၀င်ရဦးမယ့် အခက်အခဲကို နှစ်ယောက်လုံး သက်တောင့်သက်သာ ဖြတ်ကျော်နိုင်ပါစေတော့။

ဂျူလီ post နဲ့က ကွာချင်တိုင်း ကွာသွားပြီ ကိုပေါရေ။ ဂျူလီတုန်းက ကိုယ်က သူငယ်ချင်းနေရာက ၀င်ခဲ့တာလေ။ ခုဟာက သစ္စာဖောက်ခံရတဲ့ partner တစ်ယောက်နေရာက ၀င်ကြည့်မိတာ။ ရပ်တည်ရာက ကွာတော့ ရှုထောင့်ကလဲ ကွာပြီပေါ့။

ဂျူလီကို ခွင့်မလွှတ်နိုင်ဖြစ်နေတဲ့ ဘေးလူတွေ သူငယ်ချင်းတွေကို နားချသလို နားချလို့ မရတော့ဘူး။ သစ္စာဖောက်ခံလိုက်ရတဲ့လူက သစ္စာဖောက်ကို ခွင့်လွှတ်နိုင်တယ်တဲ့ ဆိုရင် ဘေးက ကောင်းချီး ထောပနာပေးနိုင်တာ မှန်ပေမယ့် ခွင့်မလွှတ်နိုင်ဘူးတဲ့ ဆိုရင်လည်း အပြစ်မြင်လို့ ရတဲ့ ကိစ္စ မဟုတ်တော့ဘူး။

သူ့ရဲ့ ခွင့်လွှတ်မှုက ပုထုစဉ် တစ်ယောက်ရဲ့ အတိုင်းအတာကို ကျော်နေလို့ သံသယတော့ရှိတယ်။ ပြီးတော့ တကယ် သဘောထားကြီးတာ မဟုတ်ဘဲ ပတ်ဝန်းကျင်နဲ့ မိမိကိုယ်ကို လိမ်ညာနေတာဆိုရင်တော့ နောက်ဆက်တွဲက တော်တော် မကောင်းနိုင်ဘူးလို့ ပူပန်မိပါတယ်။

ဘ၀တစ်ခုလုံးနဲ့ ဆိုင်တဲ့ ကိစ္စတွေနော်။

AyeMyatMyatKo

ကိုပေါ said...

>>> တန်ခူး .... ပဲစေ့ဥပမာက ကျနော်လည်း စဖတ်တုန်းက အရမ်းရယ်မိတယ်။ ကျနော်သေချာမမှတ်မိလို့။ သူပြောတာက အမှန်တော့....ပဲဟင်းချက်ကျွေးလာတာ နှစ်နပ်တောင်ရှိပြီ...ဆိုပဲ။

မဒမ်ပေါမှာ ဓါတ်ပုံအမြင်ရှိတယ်။ (မြေတောင်)မြှောက်ပေးဖို့ပဲ လိုတယ်။း-)

>>> Rita .... AyeMyatMyatKo.... မှန်ပါတယ်။ သစ္စာဖောက်ခံရတဲ့ ကာယကံရှင်အနေနဲ့ ဒီကိစ္စမှာ ကွာရှင်းချင်တယ်ဆိုလည်း ဘေးပတ်ဝန်းကျင်က အပြစ်တော့ မပြောသာပါဘူး။ ဒီလူ တကယ်ခွင့်လွှတ်တာ ဟုတ်မဟုတ်က ရေရှည်မှာတော့ သူ့မိန်းမက သိမှာပေါ့လေ။

ဒါပေမယ့် ယောက်ျားတွေထဲမှာ အဲသည်လို သစ္စာဖောက်တဲ့လူကတော့ အများသားဗျ။

ကျနော်ငယ်ငယ်က ရွာမှာ ကျောင်းဆရာတယောက် သူ့ဇနီးကို သစ္စာဖောက်တယ်။ သူက အဲသည်လို လိင်မှုကိစ္စတော့မဟုတ်။ ဒါပေမယ့် သူ့ဟာကလည်း တော်တော်လေး ဆိုးရွားတယ်။ သူ့ခယ်မ ငါးတန်းကျောင်းသူကို ရည်းစားစာပေးတာ။ အဲဒါကို ဟိုကောင်မလေး ကလည်း ဆတ်စလူးလေးဆိုတော့ စာပြန်ပြီး စာအပြန်အလှန်သွားနေကြတုန်းမှာ ယောက္ခမတွေက ဖမ်းမိသွားတယ်။ အဲသည်မှာ မိန်းမကလည်း စိတ်ဆိုးတော့ ကွဲသွားကြပါလေရော။

၂ လလောက်နေတော့ အဲသည် ဆရာက ကျနော့်ကို အကူအညီတောင်းတယ်။ သူ့မိန်းမကို စာတစောင်သွားပေးပေးပါပေါ့လေ။ ကျနော်သွားပေးရတယ်။ သူ့မိန်းမကို တောင်းပန်တဲ့စာ။ သူ့မိန်းမက ကျနော့်ရှေ့မှာတင်ဖတ်ပြီး ငိုလိုက်တာ။ ပြီးတော့ ပြန်ပေါင်းသွားကြပါတယ်။

နောက်တယောက်လည်း ကျောင်းဆရာပါဘဲ။ တွဲဖက်အထက်တန်းကျောင်းက အိမ်ထောင်ရှိတဲ့ ကျောင်းဆရာ။ ဆယ်တန်းကျောင်းသူ အမွှာညီအစ်မ နှစ်ယောက်ထဲက တယောက်က တွဲဖက်က လူလွတ်ဆရာတယောက်နဲ့ ကြိုက်တယ်။ ခိုးပြေးဘို့ လုပ်တယ်။ အဲသည်မှာ ကျန်တယောက်ကလည်း မိဘကို ကြောက်ရတော့ အိမ်မပြန်ရဲလို့လားတော့မသိ။ အဲသည် အိမ်ထောင်ရှိတဲ့ ကျောင်းဆရာနဲ့ လိုက်ပြေးတယ်။ တရက်တည်း အတူတူ လိုက်ပြေးကြတာ။

အဲသည်မှာလည်း ပါလေရာ ငပိချက် ကျနော်က ပဲလှော်ကြားဆားညပ်လိုက်သေးတယ်။ ကျနော်က ၇ တန်းကျောင်းသားပဲရှိသေးတာ။ ကျောင်းအသွားလမ်းမှာ အဲသည် အမွှာညီအစ်မ နှစ်ယောက်က ကျနော့်ကို ခေါ်ပြောတယ်။ ဆရာနှစ်ယောက် ကျောင်းဘေးက ဇယ်ခုံမှာ ဇယ်တောက်နေတယ်။ သူတို့က တွေ့ချင်တယ်....သွားပြောပေးပါဆိုလို့ အူတူတူ ကျနော်က ကျောင်းစာမေးချင်တယ်မှတ်ပြီး သွားခေါ်ပေးလိုက်မိတဲ့အပြစ်။

လူလွတ်ကျောင်းဆရာနဲ့ ညီမဖြစ်သူကတော့ အခုထိ ပေါင်းသင်းလျက်ပါ။ ဒါပေမယ့် အိမ်ထောင်သည်ဆရာနဲ့ အစ်မဖြစ်သူက ၃ လလောက်နေတော့ ပြန်ကွဲသွားတယ်။ အမျိုးသမီးကို သူ့အိမ်က ပြန်သိမ်းသွားတာပေါ့။ နောက်တော့ မကွေးက လူတယောက်နဲ့ အိမ်ထောင်ချပေးလိုက်တယ်။

အိမ်ထောင်သည် ကျောင်းဆရာလည်း နောက်တော့ သူ့အရင်မိန်းမနဲ့ ပြန်ပေါင်းထုပ်သွားလေသတည်းပေါ့။

ဒီအကြောင်းတွေကို ပြန်ပြောပြရတာ........ မိန်းမတွေက သူတို့ယောက်ျားတွေ ဖောက်ပြန်တဲ့အခါမှာ ဒီလိုလက်ခံပြီးပြန်လည်ပေါင်းသင်းတာဟာ သူတို့က တကယ်ခွင့်လွှတ်ချင်လို့ ပြန်ပေါင်းတာလား။ ဒါမှမဟုတ် တလင်ကွာ မုဆိုးမဟာ မြန်မာလူမှုအသိုင်းအ၀ိုင်းမှာ မတင့်တယ်လို့ မကျေနပ်သော်လည်း ပြန်ပေါင်းတာလား။ စဉ်းစားစရာတွေ ဖြစ်လာပါတယ်။

Anonymous said...

လေညာအရပ်ကအချစ်ပေါ့
ဟဟဟဟ
ပိုင်ဆိုင်လိုသူတွေအတွက်ပူလောင်ပေမဲ့
စွန့်လွတ်သူအတွက်ကတော့ ခွင့်လွတ်သူအတွက်ကတော့အေးမြပါတယ်

ကိုပေါ
ရူးချင်ယောင်ဆောင်သူများမှာ ကျွန်တော့ကွန်မန့်ကို ဝန်ခံတဲ့အတွက် လေးစားပါတယ်
ဒီထက်စွန့်လွတ်နိုင်သူဖြစ်ခဲ့ရင် ကျွန်တော်ခင်ဗျားကိုဆက်သွယ်မယ်ဗျာ
ကျွန်တော်ကတော့ ဘမာပြည်မှာဖြစ်တဲ့အရေးအခင်းတိုင်း ပါဝင်ခဲ့ရတာချည်းပဲ
ခုထိလဲ ကိုယ့်အတွက်ဘာမှမလုပ်ရသေးပါဘူး
ကျောင်းတော်သားချင်းအတူတူ လက်ကမ်းပါတယ်

Dr. Yi Yi Win said...

လူတွေမှာ မဖြစ်သင့်တဲ့ကိစ္စတွေပါပဲ။ ဖြစ်လာပြီဆိုတော့လည်း ဘယ်သူ့ မှာအပစ်ရှိလဲဆိုတာ တုတ်ထမ်းပြီးငြင်းနေကြတုန်းပါပဲ။ သေချာတာကတော့ ကာယကံရှင်တွေ ပျော်နေကြမှာမဟုတ်ဘူးနော်။

kokyaw said...

because of intermarriage. india decent wife and chinese husband

kokyaw said...

because of intermarriage. india decent wife and chinese husband

ကိုပေါ said...

>>>aungkokohtike… ဗမာပြည်အရေးအတွက် အစဉ်တစိုက် လုပ်နေတယ် ကြားရလို့ ချီးကျူးပါတယ်။ မိတ်ဆွေက စင်ကာပူမှာ ဆိုရင် ဆက်သွယ်ရလွယ်ကူပါတယ်။ ပြည်တွင်း (သို့မဟုတ်) တခြားနိုင်ငံကဆိုရင် ကိုပေါ၀၇ ဂျီမေးနဲ့ ဆက်သွယ်နိုင်ပါတယ်။

>>> Yu Wa Yi သေချာတာပေါ့။ ကာယကံရှင်တွေကတော့ ဘယ်ပျော်နိုင်ပါ့မလဲ။

>>> kokyaw အသေးစိတ်ကိုတော့ ကျနော်မသိပါ။

Doughnut IO said...

လူသားများထက် ပိုမို လူသားဆန်တယ်ဆိုတာ အဲ့ဒါပေါ့ဗျာ။ မြန်မာတွေလဲ ကိုလိုနီ အမွေဆိုးတခုဖြစ်တဲ့ ယဉ်ကျေးမှု မျက်နှာဖုံးတပ် ဖိနှိပ်မှုတွေအောက်က လွတ်မြောက်ပြီး လူသားများထက် ပိုမိုလူသားဆန်သော လူ့အဖွဲ့အစည်းကို မြန်မြန်ရောက်နိုင်ကြပါစေ။

Anonymous said...

သေသေချာချာ ဖတ်သွားပါတယ် ရှင့်။ တိုက်ဆိုင်တယ်ပဲ ပြောရမလား မသိ .. ဒီပို့စ် ဖတ်အပီး ရုပ်ရှင်ကြည့်တော့ ကိုရီးယားကား viva love တဲ့ :D

အသက် ၅၀ ကျော် ပီဖြစ်တဲ့ အိမ်ထောင် ၁ခုလဲ ရှိ သမီး ၁ ယောက် လဲ ရှိတဲ့ သာမန် လူတန်းစား အမျိုးသမီး ကြီး တစ်ဦးက သူ့သမီးရဲ့ ရည်းစား အသက် ၃၀ အရွယ်နဲ့ ချစ်ကြတဲ့ ဇာတ်လမ်းလို့တော့ အကြမ်းဖတ်ရတာပဲ :P

အခုတော့ ကြည့်တုန်း ရှင့် .. ရုပ်ရှင်ကတော့ winner of the Best Screenplay and Best New Director awards at the 2008 Daejong Awards ရပါတယ် တဲ့။

ခင်တဲ့
မလေးရည်

Anonymous said...

Ko Paw,

really met somebody who can forgive and forget.
if one really does mean when s/he says, s/he forgives, it will also be a powerful force for the other party to reflect his/her actions and walk in straight line.
but sadly, no many ppl can do what they preach.

i read the news and also wonder what are the facts behind the curtain.( i'm not and irish but i tend to see the dirty glass instead of half the beverage :P )

Rita said...

ကိုပေါရေ
ကျွန်မ comment page က discussion လုပ်ထားတဲ့ စာသား တချို့ ကျွန်မ blog ပေါ် တင်ချင်ပါတယ်

ကိုပေါ said...

>>> Rita .... တင်နိုင်ပါတယ်ခင်ဗျာ။

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs