“ပုရွက်ဆိတ်”

Share |

(ဒီပုံကို ဒီနေရာက ယူပါတယ်။)

အခု ကျနော့် ကွန်ပြူတာရဲ့ မော်နီတာမှာ ပြဿနာတခုဝင်နေတယ်။

ပြဿနာကတော့ သေးသေးလေးပါ။

သေးဆို ပြဿနာက ပုရွက်ဆိတ်တကောင်ဖြစ်နေတာကိုး။

ကျနော့် ကွန်ပြူတာ LCD မော်နီတာက ရှေ့အကြည်သားအလွှာရဲ့နောက်မှာ ၀င်နေတာ။

ဒီအကောင် ကျနော့်ကို စိတ်အနှောက်အယှက်ပေးနေတယ်။

ကွန်ပြူတာကိုင်တိုင်း ဒီအကောင်က Screen ပေါ်မှာ နေရာအနှံ့ လျှောက်သွားနေတာ။ သူ့ကို ထိလို့လည်းမရ၊ ကိုင်လို့လည်း မရဘူး။ ဖယ်ရှားလို့လဲ မရဘူး။

ဘယ်လိုက ဘယ်လို အထဲကို ၀င်သွားသလဲ မသိဘူး။ ကျနော်သတိထားမိတဲ့အချိန်ကစပြီး ရေတွက်ကြည့်ရင် နှစ်ရက်လောက်ရှိသွားပြီ။ ကြည့်ရတာ ကျနော်ကော်ဖီသောက်ပြီးရင် ပန်းကန်ကို မော်နီတာနားမှာ အမှုမဲ့ အမှတ်မဲ့ ချထားတတ်တော့ ဒီကောင် ကော်ဖီပန်းကန်ဆီလာရင်း မော်နီတာထဲကို ၀င်သွားတာဖြစ်ရမယ်။

ဒါလေးများ ဒီလောက်အဖြစ်သည်းစရာလားကွာလို့ ထင်စရာရှိမယ်။ ကျနော်က ကွန်ပြူတာပေါ်မှာ ဗီဒီယိုကြည့်ရင်တောင် Cursor မြားကလေး စခရင် (Screen) ပေါ်မှာ မြင်နေရရင် စိတ်အနှောက်အယှက်ဖြစ်တတ်သူမို့ ဘေးကို မရောက်ရောက်အောင် တွန်းရွှေ့တတ်တဲ့အကျင့်ရှိတယ်ခင်ဗျ။

အခုတော့ ဒီအကောင်က ကျနော်ဘလော့ဂ်ဖတ်နေရင်လည်း ဟိုနားက ပေါ်လာလိုက်၊ ဒီနားက ပေါ်လာလိုက်နဲ့ စိတ်အနှောက်အယှက်ပေးတယ်။ တော်တော်နဲ့ ပြန်ထွက်သွားမယ့်ပုံလည်း မပြဘူး။

ပထမတော့ ကျနော့်မိန်းမက ပြောပါတယ်။

“ပုရွက်ဆိတ်ပဲကွယ်၊ သူ့သက်တမ်းကုန်သွားရင်တော့ သေသွားမှာပေါ့၊ တပတ်လောက် စောင့်ကြည့်ပါဦးတဲ့”

သူပြောတာလည်း ဟုတ်သလိုလိုတော့ အရှိသား။

ဒါနဲ့ ကျနော်က ပုရွက်ဆိတ်ရဲ့ သက်တမ်းကို အင်တာနက်ပေါ်မှာ ရှာကြည့်တော့ သီတင်းခြောက်ပတ်ကနေ၊ ဆယ်ပတ်လောက် ရှိသတဲ့။ ဒါလောက်ဆိုရင်တော့ သည်းခံစောင့်ရမှာပေါ့ဗျာ။

ဒါပေမယ့် ခက်တာက ပုရွက်ဆိတ်ဘုရင်မဆိုရင် ၁၅ နှစ် ကျော် ကြာတဲ့အထိ အသက်ရှည်နိုင်သတဲ့။

လုပ်သားပုရွက်ဆိတ်အချို့ဆိုရင်လည်း ၇ နှစ်လောက်အထိ အသက်ရှည်သတဲ့။

ဘုရားရေ... ဒီအကောင်များ သက်တမ်း ၇ နှစ်လောက်ရှည်နေရင် ဒုက္ခ။ သူ့ကို မြန်မြန်သေပါစေလို့ ဆုတောင်းရင်လည်း ကိုယ်ပဲ အကုသိုလ်ဝင်မယ်လေ။ အခုပဲ အကုသိုလ် ၀င်လှပါပြီ။

မော်နီတာကို ပစ်လိုက်ရအောင်ကလည်း ၀ယ်ထားတာမှ မကြာသေးဘူး၊ နှမြောစရာကြီး။

တကယ်ကတော့ စာဖတ်ရာ၊ စာရေးရာမှာ သိပ်အနှောက်အယှက်တော့ မဖြစ်လှပါဘူး။ ဒါပေမယ့် ဒီကောင်က ကျနော့် Attention (ဂရုပြုမှု)ကို သိပ်လိုချင်နေဟန်ရှိတယ်။ မော်နီတာအလယ်လောက်ရောက်ရင် ခေါင်းထောင်သလိုလို၊ ဖင်ထောင်သလိုလိုနဲ့ ကျနော့်ကို မခိုးမခန့် လုပ်ပြနေတယ်လို့တောင် ထင်စရာရှိတယ်။

ဒီအကောင် ဒီထဲမှာ ရောက်နေတာ ၂ ရက်လောက်တောင်ရှိပြီ။ အစာလည်း ထွက်စားပုံမရဘူး။ အာဟာရသိဒ္ဓိများ ပြီးပြည့်စုံနေသလားမသိ။

ဒင်းတယောက်တည်းမဟုတ်ဘဲ ဒင်းရဲ့ ဆွေမျိုးသားချင်းတွေ မိသားစုတွေပါ ပါလာသေးလားမသိဘူး။ အခုလောလောဆယ်တော့ ဒင်းတယောက်ကိုပဲ မြင်ရသေးတယ်။ နောင်များမှာ အတင့်ရဲလာပြီး ဆွေပြမျိုးပြလုပ်သလို အုံနဲ့ကျင်းနဲ့ ထွက်လာဦးမလား မပြောနိုင်ဘူး။ (ပုရွက်ဆိတ်တွေ မော်နီတာနောက်မှာ အုံကျင်းဖွဲ့နေရင် ဘယ်လိုမြင်ရမလဲဆိုတာကို ဘလော့ဂါ မောင်ရင်ရဲ့ ဘလော့ဂ်ဘန်နာမှာ နမူနာအနေနဲ့ သွားကြည့်နိုင်ပါတယ်။)

ဒီကောင်တွေက လျှော့တွက်လို့မရဘူး။ နေ့ဘို့ညစာ စုဆောင်းတတ်တဲ့အကောင်တွေတဲ့။ ကျနော်မသိလိုက်ခင်အချိန်အတွင်းမှာ ဘယ်နှစ်နှစ်စာ ရိက္ခာများ မော်နီတာနောက်မှာ စုဆောင်းထားသေးလဲမသိဘူး။

ဘာပဲဖြစ်ဖြစ်....တော်ပါသေးတယ်လေ။ အဲသည်ပုရွက်ဆိတ်က မော်နီတာနောက်ကပဲ ကျနော့်ကို မခိုးမခန့် လုပ်ရဲပေလို့။ ၀င်းဖေ၀တ္ထုတပုဒ်ထဲကလို နားရွက်ထဲကနေ ခေါင်းထဲအထိဝင်သွားပြီး ခေါင်းထဲမှာ အုံကျင်းဖွဲ့နေသွားမယ်ဆိုရင် ဒုက္ခလှလှကြီး ရောက်နိုင်တယ်။

အင်း ပုရွက်ဆိတ်၊ ပုရွက်ဆိတ်။ ပေါ့သေးသေးတော့ လုပ်လို့ မဖြစ်ဘူး။ အကောင်သေးသလောက် လူကို စိတ်ဒုက္ခပေးလှပါလား။

ဟော.....ကြည့်ဦး၊ ကြည့်ဦး... အခုကိုပဲ ဟိုမှာ ကိုယ်လုံးကို ကွေးသလိုလို ဆန့်သလိုလို လုပ်နေပြန်ပါပြီ....ဟင်း။

25 comments:

ZT said...

မော်နီတာကို ရေစိမ်လိုက်ပါ။ :D

Anonymous said...

ha ha ... so funny:))))))))

Anonymous said...

လွယ်လွ.ယ်လေး စာဆက်မရေးနဲ့တော့

Anonymous said...

ဟားဟား ကျနော့ မော်နီတာကိုလည်း အဲဒီလို ပုရွက်ဆိတ် ဝင်ဖူးတယ် :D

ဇနိ said...

ပြန်ထွက်လာအောင် ချူတဲ့သဘောနဲ့ ဘေးနားမှာ ကော်ဖီခွက်ပြန်ထားလိုက်း)
- မရရင် မော်ဒယ်ဘွိုင်း ပုရွတ်ဆိတ်တစ်ကောင်ကို ဘေးနားမှာ လျှောက်ပြန်သံပေးလုပ်ခိုင်းထားလိုက် ကိုပေါ။

ကိုပေါ said...

>>>>ZT...... ရက်စက်ပါပေ့ကွယ်။ Mr. Bean ရဲ့ ဖြေရှင်းနည်းတွေကိုတောင် ပြေးသတိရတယ်။

>>>>amayar...... သူတည်းတယောက် ဟားဖို့ရောက်မူ၊ သူတယောက်မှာ ပေါက်လင့်ကာသာ ဓမ္မတာတည်းတဲ့။

>>>> anonymous..... ၀ါသနာကို မတားနဲ့တော့ရှင်။ ဒီလိုနေတာ အများကလည်း သနားကြတဲ့ သြော်...မြရင်။ ကျမ က...ရင်၊ သီးခံတော့ ဘိုကေလင်။ သြော်....မြရင်၊ မြရင်၊ မြရင်....သြော်..ဝေါ်..ဝေါ့..ဝေါ်..မြရင်..မြရင်...။ ချစ်ကြပေသရှင်...ပြေတခွင်....မောင့်အချစ်မျိုးဟာ....ဘယ်အမျိုးအစားလဲ...တကယ်အားမရနိုင်အောင်ပင်....။

>>>> ဇနိ..... အံမယ်လေး။ ဖောက်ထွက်ပြီး တွေးတတ်ပါပေ့...ကိုယ့်လူရယ်။ ဒီကွန်မင့်ကိုရေးတာ ကိုဇနိ ဖြစ်ရမယ်။ ဒါနဲ့....အထဲမှာ ၀င်နေတဲ့အကောင်ဟာ ပုရွက်ဆိတ် အမ ပါလို့ ဘယ်ပုံဘယ်နည်း ကောက်ချက်ချလိုက်ပါသလဲ...ဆိုတာ စိတ်ဝင်စားမိတယ်ဗျိုး။

Thargyi(Gyobingauk) said...

ကိုပေါရေ....

အခုဆိုကိုပေါကို..သွားလေသူ အမေရိကန်သမ္မတကြီး ဘုရှ် အီရတ်ကိုတိုက်တုန်းက ၀ိုင်းတွယ်သလိုတွယ် နေကြတယ်.. ပရွတ်ဆိတ်ကိုအကြောင်းပြုပြီး.. ယုံကြည်ရာစွန့်ဖို့တောင်လာတိုက်တွန်းနေပီနော်... ဂုဏ်ယူတတ်ရင်..ဂုဏ်ယူလို့ရတယ်....ဟိဟိ..

ကိုပေါ said...

>>>>ကိုရွှေအောင်.....အမယ်လေး ကျောချမ်းလိုက်တာဗျာ။ ဘုရှ်ကို ရေးပုံများ.... သွားလေသူကြီးတဲ့။ ဘုရှ်က သမ္မတ ရာထူးက အနားယူတာပဲ ရှိသေးတာပါဂျ။ မသေသေးပါဘူး။ ပုရွက်ဆိတ်နဲ့ ယုံကြည်ချက်ကိုတော့ ဘယ်လဲနိုင်ပါ့မလဲဗျာ...ဟိ။

pandora said...

တူတစ်လက်နဲ့ ထိုင်စောင့်ဗျာ ဒီတခါမော်နီတာပေါ် ထွက်လာရင် စိစိညက်ညက်ကြေအောင် ထုထည့်လိုက် (အလုံးစုံ ပျက်စီးရေး ခေါ်တယ်..) :P

Thant said...

ိနောက် ၅ ရက်လောက်ကြာရင် အဲဒီပုရွက်ဆိတ်ရှိသေးလားလို့ ပြန်ပြောပြအုံးနော် ။ အသည်းယားဖို့ကောင်းတယ် ။

kay said...

ပရွက်ဆိတ်မ အပျံစားလေး တကောင် ရှာပြီး.. အကူအညီတောင်းကြည့်ပါလား..ကိုမောင်ရင်ကိုလည်းမေးကြည့်အုံး။ ပုရွက်ဆိတ်တွေ အများကြီး နဲ့ ဘလော့ရေးရတာ ပိုမုဒ် ၀င်လားမှ မသိ။

ကိုပေါ said...

>>>> ပန်ဒိုရာ.... အလုံးစုံပျက်သုဉ်းရေးလမ်းစဉ်ကို မသုံးခင် brightness ကို နည်းနည်းတင်ကြည့်လိုက်တယ်။ ဒီအကောင် ပူအိုက်ပြီး ထွက်သွားမလားလို့။

>>>> သန့်..... အခုအပြင်က ပြန်လာတော့ ဒီကောင့်ကို စခရင်ပေါ်မှာ မတွေ့ရဘူး။ Toilet break ယူနေဟန် ရှိတယ်။

>>>> မကေ.... အင်း....ဒီတယောက်ကတော့ ပုရွက်ဆိတ်ကို အထီးလို့ ထင်ဟန်ရှိတယ်။ Assumption တွေများနေပြီ။ “ဂေး” ပုရွက်ဆိတ်ဆိုရင် ဘယ်နှယ့်လုပ်မလဲဗျ။ ကိုမောင်ရင်က ပြည်ထောင်စုစိတ်ဓါတ်ကို ဖော်ကျူးချင်လို့ ပုရွက်ဆိတ်တွေ ကွန်ယက်သဖွယ် ယှက်ပြထားတာလားမှမသိတာ။ (နောက်ထပ် Assumption တခုအနေနဲ့ စဉ်းစားကြည့်တာ။)

Anonymous said...

်ဒီကောင်တွေကအလင်းရောင်ကြာကြာမရရင်အသက်မရှင်
နိုင်ဘူးတဲ့..blog ကော computer ကော တစ်လ
လောက်နားကြည့်ပါလား...ကြားဘူးနားဝနဲ့ပြောကြည့်
တာ..ချိတ်ချိုးရဘူးနော်...်

ဇနိ said...

(((မော်နီတာအလယ်လောက်ရောက်ရင် ခေါင်းထောင်သလိုလို၊ ဖင်ထောင်သလိုလိုနဲ့ ကျနော့်ကို မခိုးမခန့် လုပ်ပြနေတယ်လို့တောင် ထင်စရာရှိတယ်။)))

ကိုပေါက အဲသလိုရေးသွားတော့ ကျနော်လည်း ပုရွက်ဆိတ်ဟာ အမလို့ဖြစ်ရမယ်လို့ ကောက်ချက်ချမိတာ လွန်သွားသလား လီယိုနာဒို ကိုကိုပေါ..
း)

မောင်ဇနိ

တန်ခူး said...

ကိုပေါရေ… ပုရွက်ဆိတ်တကောင် အတွက်နဲ့ တော့ ကိုပေါရဲ့ အရေးကြီးတဲ့ အချိန်တွေ အကုန်မခံနဲ့ နော်… ဥပေက္ခာပြုထားလိုက်ရင် သူရှိလို့ ရှိမှန်းတောင် သိတော့မှာ မဟုတ်ဘူး… အဲဒီအခါ ဂရုစိုက်ခံရမလားလို့  မျှော်လင့်နေတဲ့သူလဲ စိတ်လျော့ပြီးပြန်သွားလိမ့်မယ်… တခါတခါ ပုရွက်ဆိတ်တကောင်ကို သတိထားနေရင်းက သူ့ ထက်အဆိပ်ပြင်းတဲ့အကောင်ကို သတိမထားမိဖြစ်သွားတတ်တယ်… ကိုပေါရေ… ဆရာလုပ်တယ် မထင်ပါနဲ့ နော်… အရင်ပို့ စ်တွေထဲက ရေးချင်နေတဲ့ ကော်မန့် ကို ဒီပို့ စ်မှာ ပေါင်းရေးလိုက်တာ…

Anonymous said...

Blogger တစ်ပြည်သူ အိမ့်ချမ်းမြေ့ said...

ကျွန်မ ဒီပိုစ်ကို စိတ်ဝင်စားလို့ လာလာဖတ်ပြီး ကော့မန့်မရေးဖြစ်ပေမယ့် "ဖြေပေးကြပါ"ရဲ့ ကော့မန့်ကိုဖတ်ပြီး သိသလောက်လေး ဝေမျှလိုပါတယ်။

ရိုင်းတဲ့၊ ကြမ်းတမ်းတဲ့၊ ညစ်ညမ်းတဲ့ material (သီချင်းတွေ၊ စာတွေ ၊ ရုပ်ရှင်တွေကို) ဒီမိုကရေစီ တိုင်းပြည်တစ်ချို့က Obscenity, Indecency နဲ့ Profanity ဆိုပြီး စနစ်ကျစွာ အပိုင်းသုံးပိုင်းခွဲထားပါတယ်။

ပထမအဆင့် profanity (ရိုင်းစိုင်းခြင်း) ကို မြန်မာလို အနီးစပ်ဆုံး အဓိပ္ပယ်ပြန်ရမယ်ဆိုရင် သောက် ဒါမှမဟုတ်လဲ F နဲ့စတဲ့ဟိုစကားလုံး လေးလုံးမျိုးဖြစ်ပါတယ်။ အဲသလို စကားလုံးမျိုးတွေပြည့်ဝနေတဲ့၊ အဖန်တလဲလဲ သုံးနေတဲ့ material တွေဟာ profanity category ထဲမှာပါပါတယ်။ အဲသလို .. profanity category ထဲမှာပါတဲ့ သီချင်းတွေ၊ ရုပ်ရှင်တွေကို ဒီမိုကရေစီတိုင်းပြည် အချို့တွေမှာ လုံးဝပိတ်ပင်ထားတာမျိုးမဟုတ်ဘဲ၊ ရုပ်မြင်သံကြားနဲ့ ရေဒီယိုတွေမှာ နံနက် ခြောက်နာရီမှ ည ဆယ်နာရီအတွင်း လွှင့်ခွင့်မပေးပါဘူး။

ဒုတိယအဆင့် Indecent (မဖွယ်မရာ) ဖြစ်တဲ့ သီချင်း၊ ရုပ်ရှင်တွေကတော့ လိင်ကိစ္စများပါတဲ့ သီချင်း၊ ရုပ်ရှင်များဖြစ်ပါတယ်။ ဒီလိုရုပ်ရှင်များ၊ သီချင်းများကိုလဲ လုံးဝ ပိတ်ပင်တားဆီးတာမျိုးမဟုတ်ဘဲ၊ သက်ဆိုင်ရာများက ရုပ်မြင်သံကြားများနဲ့ ရေဒီယိုများကို ကလေးများကြည့်နိုင်တဲ့၊ နားထောင်နိုင်တဲ့ နံနက် ၆ နာရီမှ ည၁၀နာရီအထိ လွှင့်ခွင့်မပေးပြန်ပါဘူး။

တတိယအဆင့် Obscenity ကိုတော့ လွှင့် ခွင့်မပေးပါဘူးလို့ဆိုပါတယ်။ သီချင်း၊ ရုပ်ရှင်များကို ဒီတတိယညစ်ညမ်းဆင့်အထိ သတ်မှတ်တဲ့အခါမှာလဲ ဒီတိုင်းသတ်မှတ်လိုက်တာ မဟုတ်ဘဲ၊ အချက်သုံးချက်နဲ့ ပြည့်စုံရပါတယ်။ ပထမအချက်အနေနဲ့ ရာဂကို လှုံ့ဆော်ရမယ်၊ ဒုတိယအချက်အနေနဲ့ လိင်မြင်ကွင်းတွေပါရမယ် (လိင်မြင်ကွင်းဆိုတာတောင်မှ ချမှတ်ထားတဲ့ ဥပဒေသအတွင်းက ဒါ လိင်မြင်ကွင်း လို့ သတ်မှတ်မှ သတ်မှတ်လို့ ရပါတယ်လို့ ဆိုပါတယ်)။ တတိယအချက်ကတော့ ဒီ ရုပ်ရှင် သို့မဟုတ် သီချင်းဟာ လေးနက်တဲ့ စာပေ၊ ယဉ်ကျေးမှု၊ သိပ္ပံ၊ နိုင်ငံရေး နဲ့ အနုပညာ တန်ဘိုး လုံးဝမပါတာပဲဖြစ်ပါတယ်။ ဒါကြောင့် material တစ်ခုဟာ ပထမ အဆင့်ကော၊ ဒုတိယအဆင့်နဲ့ကော ညိနေပြီဆိုပါတော့၊ ဒါတောင် တတိယအဆင့်နဲ့ မညိဘူးဆိုရင်၊ ဥပမာ.. သိပံ္ပကို အားပေးနေတာ (scientific value) ဖြစ်တယ်ဆိုရင်၊ အနုပညာတစ်စုံတစ်ရာ(artistic merit) ပါဝင်နေတယ်ဆိုရင်၊ obscenity category ထဲကို ဆွဲသွင်းလို့ မရပါဘူး။ ဒီသုံးမျိုးလုံးနဲ့ ညိမှ နောက်ဆုံးအဆင့်ဖြစ်တဲ့ Obscenity ထဲကိုထည့်လို့ရပါတယ်။

ဒါကိုကြည့်ခြင်းများဖြင့် အဆင့်သုံးဆင့်နဲ့ ဒီလိုသီချင်း၊ ရုပ်ရှင်တွေကို ထိန်းသိမ်းထားတာကို တွေ့နိုင်ပါတယ်။ ဒါကြောင့် ဘာမဆို အရမ်းပိတ်ပင်တားဆီးတာမျိုး ဒီမိုကရေစီ နိုင်ငံအချို့က ရှောင်ပါတယ်။ တတ်နိုင်သမျှ ပထမအဆင့်အနေနဲ့ regulate, ဒုတိယ restrict လုပ်ပြီးတော့မှ နောက်ဆုံးအဆင့်အနေနဲ့ ဘယ်လိုမှ မရတော့မှ prohibit (ပိတ်ပင်) လေ့ရှိကြပါတယ်။

တစ်စုံတစ်ရာကို ပိတ်ပင်တားဆီးလိုက်တဲ့ နည်းလမ်းဟာ တစ်ကယ်တော့ အလွယ်ကူဆုံး နည်းလမ်းဖြစ်ပါတယ်။ ဘာမှလဲ သိပ်ထွေထွေ ထူးထူးစဉ်းစားစရာမလိုဘဲ ပိတ်ပင်လိုက်ခြင်းဖြင့် ပြဿနာတစ်ခုဟာ ရေတိုမှာ လွယ်လွယ်လေးနဲ့ ပြေလည်သွားသယောင်ဖြစ်တတ်ပါတယ်။ ဒါပေမယ့်လဲ ရေရှည်အကျိုးသက်ရောက်မှုတွေ၊ ကောင်းကျိုးဆိုးကျိုးတွေကို ထည့်စဉ်းစားကြရမှာဖြစ်ပါတယ်။

အလွယ်တကူပိတ်ပင်တားဆီးလိုက်ခြင်းဟာ တီထွင်ကြံဆတတ်ခြင်း (invention တို့ creativityတို့) ကို ပိတ်ဆို့ထားတဲ့ ပတ်ဝန်းကျင်တစ်ခုကို မွေးဖွားပေးလိုက်တာမျိုးလဲ ဖြစ်တတ်တာကို သတိပြုသင့်ပါတယ်။
ဒီမိုကရေစီစိတ်ဓာတ်ကို မွေးဖွားကြီးထွားစေချင်တယ်ဆိုရင် သူတစ်ပါးရဲ့ rights & freedom ကို လေးစားသင့်တယ်လို့ ဆိုကြပါတယ်။ အခြားသူများရဲ့ မိမိနှင့် လုံးဝမတူညီသော အတွေးအခေါ်၊ ခံယူချက်၊ ထင်မြင်ချက်၊ value၊ စသည်တို့ကိုလည်း လေးစားရမယ်လို့ ဆိုကြပါတယ်။ ဒါကိုပြောလို့ အကုန်လုံးဖြစ်ချင်ရာဖြစ် လွှတ်ပေးလိုက်တာမျိုးမဟုတ်သလို၊ အကုန်လုံးကိုလဲ ပိတ်ပင်တားဆီးထားတာမျိုးလဲ မဟုတ်ပါဘူး။

၁၉၆၀ခုနှစ်တွေတုန်းက Rolling Stone အဖွဲ့ဟာ Let’s spend the night together ကို Let’s spend some time together လို့ပြောင်းဆိုခဲ့ရပါတယ်။ ၁၉၅၀ခုနှစ်တွေတုန်းကလဲ အဲလ်ဗစ်ပရက်စလီရဲ့ ခါးတစ်ဝိုက်ကို ဗီဒီယိုရိုက်ခွင့်၊ ထုတ်လွှင့်ခွင့်မရှိပါဘူး။ ၁၉၉၂ ခုနှစ်မှာတော့ erotic sound recording တွေ ရောင်းချမှုကို ပိတ်ပင်တဲ့ ဥပဒေတစ်ရပ် ၀ါရှင်တန်စတိတ်မှ ထွက်လာပါတယ်။ အသက် ၁၈နှစ်အောက် ကလေးတွေကို ကာကွယ်ရန်ရည်ရွယ်တဲ့ သဘောရှိတယ်။ ၁၉၉၄ မှာတော့ Soundgarden vs. Eikenberry အမှုမှာ အဲဒီဥပဒေကို အခြေခံဥပဒေ နဲ့မညီ (unconstitutional) လို့ ခုံရုံးက သတ်မှတ်လိုက်ပါတယ်။ အခြေခံဥပဒေနဲ့ မညီတာကတော့ erotic ဆိုတဲ့စကားလုံးကို အဓိပ္ပယ်ခွဲခြမ်းလို့ မရလို့ပါလို့ဆိုပါတယ်။

ဒါတွေက ကျမ လက်လှမ်းမှီသလောက်တင်ပြခြင်းဖြစ်ပါတယ်။ ဒီကိစ္စတွေဟာ ဒီထက်အများကြီး နက်ရှိုင်းပါတယ်၊ အလွန်လဲရှုပ်ထွေးပါတယ်။ ဒီထက်ပိုပြီး အကျယ်သိချင်ရင်တော့ K. Creech ရဲ့ Electronic Media Law & Regulation ကို ဖတ်ကြည့်ကြပါရှင်..

Jan 31, 2009 3:58:00 AM

source;www.klosayhtoo.blogspot.com

Anonymous said...

ပုရွက်ဆိတ်က ငယ်သော်လည်း အဆိပ်ပြင်းသည်တဲ့ ...
သတိထားပေါ့ ကိုယ့်လူ ...

ကိုပေါ said...

>>>>အမည်မသိသို့..... အီဂျစ်နဲ့ အင်္ဂလန်...နိုင်ငံခြားကို မောင်သွားထားပါလား သူတပါး မရေးစေချင်ရင်..... စာရေးတဲ့ ဆရာတောင် အိမ်မလာရအောင်.... မောင်ပြောထားလေသလား...ပျိုတပါးမသိပေါင်..... ၀ါသနာကို မတားနဲ့တော့ရှင်....ဒီလိုနေတာ အများကလည်း သနားကြတဲ့ မြရင်.....ကျမ က ရင်....သီးခံတော့ ဘိုကေလင်။

>>>>ဇနိ...... ကြံကြံဖန်ဖန်ကိုဇနိရယ်။ ပုရွက်ဆိတ်ဖြူဖြူကျော်သိန်းရယ်လို့ မကြားဘူးသေးပါဘူး။

>>>> တန်ခူးရေ..... ကျေးဇူးပါ။ အခုတော့ ဒီအကောင်သေသွားပြီ ထင်ပါရဲ့။ ထွက်မလာတော့ဘူး။

>>>> ဖြန့်ဝေခြင်း..... ကိုစေးထူးဘလော့ဂ်မှာ ကျနော်ဖတ်ပြီးသားပါ။ သို့သော်လည်း လာရောက်ဖြန့်ဝေတဲ့အတွက် ကျေးဇူးပါ။ ဒီကိစ္စမျာ အိမ့်ချမ်းမြေ့နဲ့ သဘောထားချင်း တိုက်ဆိုင်ပါတယ်။

>>>> TNA ...... သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် သိပ်တော့ ကိစ္စမရှိ။ ကျနော် ပုရွက်ဆိတ်ပြီးတယ်။ အဖုတောင် မထဘူး။

khin oo may said...

ရှိသေးလား.. ထွက်သွားရင်ပြောပါဦး..။

Anonymous said...

ဖြန့်ဝေခြင်း..... ကိုစေးထူးဘလော့ဂ်မှာ ကျနော်ဖတ်ပြီးသားပါ။ သို့သော်လည်း လာရောက်ဖြန့်ဝေတဲ့အတွက် ကျေးဇူးပါ။ ဒီကိစ္စမျာ အိမ့်ချမ်းမြေ့နဲ့ သဘောထားချင်း တိုက်ဆိုင်ပါတယ်။

အမျိုးမျိုးပဲဗျာ.
ကိုယ်အကျိတ်အနယ်ပြောခဲ့တာကိုး ခုတော့ ..ဟားဟား

Anonymous said...

နောက်ဆုံးတော့လဲ ဒီလိုပဲ လျှောချတော့မပေါ့။
အိမ်ချမ်းမြေ့ပြောတာ ငြင်းမရတော့လို့ သဘောချင်း တူတယ် ဖြစ်သွားတာ။

This is Ko Paw ... humm?

ကိုပေါ said...

>>>> အမည်မသိ..... ဟိုက်...ရှာလပတ်ရည်။ အိမ့်ချမ်းမြေ့ ဘာပြောထားလဲ အသေအချာ ပြန်ဖတ်ကြည့်ပါဦး။ ကျနော်တို့ အစကတည်းက ပြောခဲ့တာနဲ့ ဘာကွာလို့လဲ။ ကျနော်တို့ဟာ အရာရာကို ကိုယ်မကြိုက်တိုင်း (အလွယ်တကူ) ပိတ်ပင်တားဆီးခြင်းနည်းကို ထုတ်သုံးတာ မကောင်းဘူးလို့ တောက်လျှောက်ပြောခဲ့တာပဲ။ အဲဒီသဘောထားအတိုင်းပဲ အခုထိ ကိုင်စွဲထားပါတယ်။

ကိုပေါ said...

>>>> မခင်ဦးမေ..... မရှိတော့ဘူးဗျ။ မခင်ဦးမေ မော်နီတာရှိရာကို ခရီးထွက်သွားပြီထင်တယ်။

ခင်မင်းဇော် said...

အနောနီးမတ်က အိမ်ချမ်းမြေ့ ပို့စ်ကိုဘယ်လိုနားလည် သွားတယ် မသိ။ သေချာပြန်ဖတ်ပါဦး။ သူရေးတဲ့ ဆိုလိုရင်းက ကလိုစေးထူးကို ထောက်ခံထားတာ မဟုတ်ဘူးလေ။

Anonymous said...

း) ကိုပေါကတော်သေးတယ် ဒီမှာ မော်နီတာ ထဲက ပုရွက်ဆိပ်ကို အပြင်ကမှတ်လို့ လက်နဲ့ဖွဖွယူပြီး လွှင်ပစ်မယ်ကြံတာ အထဲက ပုရွက်ဆိပ်က သေပြီး အဲဒိနေရာမှာ ကပ်နေတာ ခုထိ ဒီတိုင်းပါပဲလား၊ တော်သေးတယ်ပြောရမလားဘဲ အစွန်နဲနဲရောက်နေလို့ ဒါပေမယ့် မြင်တဲ့ လူတိုင်းကတော့ အံတွေသြောလို့ ၊ သူက အကောင်မပျက် အတောင်မပျက် ၆ လလောက်ရှိပြီ။

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs