“မြန်မာတွေရဲ့ စိတ်အစဉ်မှာ စွဲဝင်နေတဲ့ အာဏာရှင်စရိုက်”

Share |
အခုတလော အင်တာနက်ပေါ်မှာ ဂျောက်ဂျက်သီချင်းကိစ္စနဲ့ပတ်သက်လို့ ပိတ်ပင်ဖို့ ရေးကြသားကြတာတွေကို ဖတ်ရတဲ့အခါ မြန်မာတွေရဲ့ စိတ်အစဉ်မှာ ရှေးအတီတေကတည်းက စွဲဝင်နေပုံရတဲ့ အာဏာရှင်ဆန်တဲ့ ဉာဉ်လေးတွေကို အတိုင်းသား မြင်လိုက်ရပါတော့တယ်။ မတွေးပဲမနေနိုင်အောင် ဖြစ်ရတာက စစ်အစိုးရပြုတ်ကျသွားလို့ အဲဒီလူမျိုးတွေသာ နောက်အစိုးရတခုဖွဲ့စည်းမယ်ဆိုရင် နအဖထက်မလျော့တဲ့ ဖိနှိပ်မှု ဥပဒေအမျိုးမျိုးနဲ့ ပြည်သူတွေကိုများ ဖိနှိပ်ချုပ်ချယ်လေမလားဆိုတဲ့ စိုးရိမ်စိတ်အတွေးပါဘဲ။

မြန်မာအများစုရဲ့ သဏ္ဍာန်မှာ စွဲဝင်နေတဲ့ အာဏာရှင်ဆန်တဲ့ စရိုက်အကြောင်းကို သမိုင်းပါမောက္ခဒေါက်တာမောင်မောင်ကြီးရေးသားတဲ့ Burmese Political Values ဆိုတဲ့ စာတမ်းမှာ အပြည့်အစုံရေးသားထားပြီး အာရ်အက်ဖ်အေ ရေဒီယိုရဲ့ “လေလှိုင်းထဲက စာအုပ်စင်” ကဏ္ဍမှာ ဦးအောင်ခင် ကောက်နှုတ်ဖော်ပြလွှင့်ထုတ်သွားချက်များကို ဖော်ပြလိုက်ပါတယ်။ (ခွင့်ပြုချက်မတောင်းနိုင်ပဲ ဖော်ပြလိုက်ရတဲ့အတွက် သက်ဆိုင်ရာက ဖြုတ်ပေးဖို့ တောင်းဆိုလာခဲ့ရင် ဖြုတ်ပေးပါမယ်။)

မြန်မာ့နိုင်ငံရေး အတွေးအခေါ်- အပိုင်း(၁၉)

အစိုးရမင်းကို စက်ဆုပ်ရွံရှာပြီး တချိန်တည်းမှာပဲ မင်းမှုထမ်းဖြစ်ချင်တဲ့စိတ် ဗမာတွေမှာ ရှိနေပုံနဲ့ ဗုဒ္ဓ၀ါဒမဟုတ်တဲ့ အယူသီးမှုအစွဲအလမ်း၊ အာဏာရှင်စရိုက်ရှိနေပုံကို ဆရာမောင်မောင်ကြီးရဲ့ မြန်မာ့နိုင်ငံရေးအတွေးအခေါ် အပိုင်း ၁၉ မှာ တင်ပြလိုက်ပါတယ်။ မြန်မာပြည်အလယ်ပိုင်းကို ဗုဒ္ဓ၀ါဒရောက်ရှိလာတာ အနှစ်တထောင်ကျော်သွားပြီဖြစ်ပေမယ့် ရုပ်ဝတ္ထုကိုးကွယ်တဲ့ ဗမာ့ဓလေ့ဟာ ကွယ်ပျောက်သွားတာ မဟုတ်ပါဘူး။ အဲနားမစ်ဇင် Animism ခေါ် ရုပ်ဝတ္ထုကိုးကွယ်တဲ့ဓလေ့ကို ဗုဒ္ဓ၀ါဒနဲ့ ရောစပ်တဲ့အခါမှာ နတ်ကိုးကွယ်မှုကို အားသစ်လောင်းသလိုဖြစ်သွားပါသေးတယ်တဲ့။ ဗုဒ္ဓဘာသာဝင် ဗမာမင်းတွေ နတ်ကိုးကွယ်တာကို သမိုင်းမှတ်တမ်းမှာ အထင်အရှားတွေ့နိုင်ပါတယ်။

ဗုဒ္ဓဘာသာဝင်ဆိုတဲ့ ဗမာလူမျိုးတွေဟာ နက္ခတ်ဗေဒင်၊ ပယောဂ၊ မှော်အတတ်၊ ထိုးကွင်းမင်ကြောင်နဲ့ အတိတ်နိမိတ်ကို ယုံကြည်ကြတာ များပါတယ်။ အတိတ်ဆိုးနိမိတ်ဆိုးတွေ ပေါ်လာပြီး မကြာမီ ရှင်ဘုရင်သေဆုံးရပုံကို ဗမာရာဇ၀င်ကျမ်းတွေမှာ တွေ့နိုင်ပါတယ်။ ဂျပန်ခေတ်မှာ နိုင်ငံတော်အကြီးအကဲအမည်ခံခဲ့တဲ့ ဒေါက်တာဘမော်ရဲ့ ခြံဝင်းထဲကို လိပ်တကောင်ဝင်လာပြီးမကြာမီ ဒေါက်တာဘမော်ဟာ ဂျပန်နဲ့အတူထွက်ပြေးရပုံကို ဂျပန့်ခေတ်သာသနာရေးဝန်ကြီးက မှတ်တမ်းတင်ထားပါတယ်။ “လိပ်”ဟာ အင်္ဂလိပ်ကို ကိုယ်စားပြုတဲ့အတိတ်နိမိတ်မို့ အင်္ဂလိပ်ဝင်လာလို့ ဒေါက်တာဘမော်ပြေးရတာကို နိမိတ်ကောက်ထားတာပါဘဲ။ ဒေါက်တာဘမော်ဟာ အင်္ဂလန်နဲ့ ပြင်သစ်မှာ ဘွဲ့တွေယူထားတဲ့ ခေတ်ပညာတတ်ဖြစ်ပေမယ့် အင်္ဂလိပ်စစ်ရှုံးအောင် ၀ိုင်းတိုက်ပေးကြဘို့ နတ်ပေါင်းစုံကို ပူဇော်ပသ ပန်ကြားခဲ့ပါတယ်။

အယူသီးတဲ့ဗမာတွေဟာ ပုဏ္ဏားနဲ့ ဗေဒင်ဆရာမပါရင် ဘာမှမလုပ်နိုင်ဘူးလို့ ၁၉ ရာစုနှောင်းပိုင်းထုတ် အစိုးရပြန်တမ်းမှာ ဖော်ပြထားပါတယ်တဲ့။ အရေးကြီးတဲ့ကိစ္စဆိုရင် ရက်ကောင်းရက်မြတ်ရွေးရတာကလည်း အလုပ်ကြီးတခုလိုဖြစ်နေပါတယ်။ ဂျန်န၀ါရီလ ၄ ရက်နေ့ မနက် ၄ နာရီ မိနစ် ၂၀ မှာ ဗမာ့လွတ်လပ်ရေးကြေညာရတာကလည်း ဗေဒင်ဆရာ့လက်ချက်ပါပဲ။ မနက် ၄ နာရီမှာ လွတ်လပ်ရေးရတာမို့ အခမ်းအနားတက်သူတွေအားလုံး အစောကြီးထကြရပါတယ်။ ဒါကိုမကျေနပ်တဲ့ အင်္ဂလိပ်အရာရှိတဦးက “ကြိုက်သလိုလုပ်ကြပေါ့ကွာ၊ ငါတို့က ဒီတခါပဲ အိပ်ရေးပျက်ရတာ။ မင်းတို့ကတော့ အမြဲတမ်းအိပ်ရေးပျက်ရမှာပါ” လို့ ကိုယ်ရေးမှတ်တမ်းမှာ ဖော်ပြထားပါတယ်။ ခေါင်းဆောင်ပိုင်းကစပြီး ဗေဒင်ဆရာပြောတဲ့အတိုင်း ယုံကြည်နေရင် ဆင်ခြင်တုံတရားနဲ့ အညီဆုံးဖြစ်နိုင်ဘို့ ခက်ခဲသွားပါလိမ့်မယ်။

ဝန်ကြီးချုပ်ဦးနုစီးလာတဲ့ မော်တော်ကား ခွေးတကောင်တိုက်မိတာကို နိမိတ်မကောင်းဘူးလို့ ယူဆပြီး ခရီးဆက်မသွားတော့တာကိုလည်း ကြားဘူးပါတယ်။ အင်္ဂလန်မှာ ငယ်စဉ်ကတည်းက ပညာသင်ခဲ့တဲ့ ဗမာပညာတတ်တဦး ထိုးကွင်းမင်ကြောင်ကို ယုံကြည်တာဟာလည်း အံ့သြစရာပါပဲ၊ ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံသတ်ဖြတ်ခံရတဲ့အထဲမှာ သူပါမသွားတာဟာ သူ့ကျောကုန်းမှာထိုးထားတဲ့ ထိုးကွင်းမင်ကြောင်ရဲ့ အစွမ်းပဲလို့ အဲဒီပုဂ္ဂိုလ်က ပြောလေ့ရှိပါတယ်။ နောက်တော့ သူလည်း လုပ်ကြံသတ်ဖြတ်ခံလိုက်ရပါတယ်။ ဆရာဝန်အပါအ၀င် ခေတ်ပညာတတ်ထဲမှာ ကလေးနေမကောင်းတာကို ဗေဒင်မေးပြီး ယတြာချေသူတွေ ရှိပါတယ်။ စစ်ဗိုလ်တွေကလည်း အကြားအမြင်ရသူနဲ့ ဗေဒင်ဆရာကို အားကိုးကြပါတယ်။ ဘုရားကိုးဆူဆိုတဲ့ ဂြိုဟ်ပူဇော်ပွဲ ကျင်းပနေကြတုန်းပါပဲ၊ ရည်ရွယ်ချက်က မကောင်းတာတွေ ပျောက်ကွယ်ဘို့ပါပဲ။

ဒီလိုအယူသီးပြီး အစွဲအလမ်းကြီးတဲ့ ဗမာတွေမှာ အာဏာရှင်ဓလေ့ကို လိုလားတဲ့အတွေးအခေါ်ရှိတယ်လို့ ဆရာမောင်မောင်ကြီးက ယူဆပါတယ်။ အကြွင်းမဲ့အာဏာရှင်စနစ်အောက်မှာ နှစ်ပေါင်းများစွာနေခဲ့ရတဲ့ ဗမာတွေဟာ ၂၀ ရာစု ရောက်လာတော့လည်း အာဏာရှင်စနစ်ကို တောင့်တနေတုန်းပဲလို့ ဆိုပါတယ်။ ဒုတိယကမ္ဘာစစ်မတိုင်မီက အင်္ဂလိပ်ကို ပြိုင်ဆိုင်နိုင်တဲ့ နာဇီဂျာမဏီနဲ့ ဖက်ဆစ်အီတလီက အာဏာရှင်တွေကို ဗမာခေါင်းဆောင်တွေသဘောကျပြီး ဒေါက်တာဘမော်က သူ့ကိုယ်သူ အာဏာရှင်လို့ ကြေညာခဲ့ပါတယ်။ ဂျပန်ခေတ်က ကျင်းပတဲ့ လွတ်လပ်ရေးအခမ်းအနားမှာ ဒေါက်တာဘမော်ကို ရှင်ဘုရင်အဖြစ်ရည်ညွှန်းပြီး သခင်ကိုယ်တော်မှိုင်းက ကျမ်းကျိန်ပွဲမှာ ပြောဆိုသွားပါတယ်တဲ့။

ဗိုလ်ချုပ်အောင်ဆန်းငယ်စဉ်ကလည်း အင်္ဂလိပ်ကို တန်ပြန်နိုင်တဲ့ အာဏာရှင်စနစ်ကို အားကျဘူးပါတယ်။ “ခေါင်းဆောင်မှုမှန်ကန်ရင် အားလုံးကောင်းမွန်ပြီး၊ ခေါင်းဆောင်မကောင်းရင် အားလုံးကမောက်ကမဖြစ်ကုန်တယ်လို့ ဗမာတွေက ယုံကြည်ကြောင်း၊ ဒါကြောင့် ခေါင်းဆောင်ဆိုတာ ပြယုဂ်သာမဟုတ်ဘဲ တကယ်စွမ်းဆောင်နိုင်ရမှာဖြစ်ကြောင်း၊ အစိုးရတခု၊ တပါတီနဲ့ ခေါင်းဆောင်တဦးသာ ရှိသင့်ပြီး နိုင်ငံတော်အာဏာကို လူတိုင်းနာခံရမယ်” လို့ ၁၉၄၂ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်းက ဂျပန်ပြည်မှာ ရေးခဲ့ပါတယ်။

အဲဒီတုန်းက အာဏာရှင်စနစ်ခေတ်စားနေလို့ သံယောင်လိုက်တာလား၊ ယုံကြည်လို့ ပြောတာလားဆိုတာကို မသိရဘူးလို့ ဆရာမောင်မောင်ကြီးကဆိုပါတယ်။ ဖက်ဆစ်အာဏာရှင်ကို အကူအညီတောင်းဘို့အသွား ဂျပန်မှာရေးတဲ့ လွတ်လပ်ရေးစီမံကိန်းစာတမ်းဖြစ်တဲ့အတွက် ရေပန်းစားနေတဲ့ အာဏာရှင်စနစ်ကို အမွှန်းတင်တာပဲဖြစ်ဖို့များပါတယ်။ ဂျပန်စစ်ရှုံးလို့ ဒုတိယကမ္ဘာစစ်ပြီးဆုံးသွားတဲ့နောက်ပိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့မိန့်ခွန်းတွေမှာ ဒီမိုကရေစီစနစ်ကိုသာ ထောက်ခံပြောဆိုတာ တွေ့ရပါတယ်။ “ဒေးဗစ်စတိုင်းဘတ်” ဆိုတဲ့ အမေရိကန်ပညာရှင်ကလည်း ကျောင်းသားခေါင်းဆောင်ကိုအောင်ဆန်း ဂျပန်ပြည်မှာရေးခဲ့တဲ့ စာတမ်းလေးကို ထောက်ပြပြီး ဗိုလ်ချုပ်အောင်ဆန်းကို အာဏာရှင်စနစ်လိုလားသူအဖြစ် မဆင်မခြင်စွပ်စွဲပြီး ရေးသားခဲ့ဘူးပါတယ်။

ဗမာတွေမှာ အာဏာရှင်ဆန်တဲ့ အကျင့်ဓလေ့တွေ ရှိနေတာမို့ ကွဲလွဲတဲ့သဘောထားကို လက်မခံနိုင်တာလို့ ဆရာမောင်မောင်ကြီးက ယူဆပါတယ်။ ဒီမိုကရေစီဆိုတာ “ရပိုင်ခွင့်တွေ” မဟုတ်ဘဲ လေ့ကျင့်ယူရမယ့် အကျင့်ဓလေ့သာဖြစ်တယ်လို့ ရန်ကုန်တက္ကသိုလ်ပါမောက္ခဟောင်း B. R. Peam က ပြောဘူးပါတယ်တဲ့။ မိမိရထားတဲ့အာဏာနဲ့ လုပ်ပိုင်ခွင့်ကို ထင်သလိုအလွဲသုံးစားလုပ်တာဟာ အာဏာရှင်ဆန်တဲ့ ဗမာစရိုက်ပဲဖြစ်ပါတယ်တဲ့။ အထက်အောက်ဆက်ဆံရေးပုံစံဟောင်း အပိုးကျိုးနေတာကလည်း အာဏာအလွဲသုံးစားလုပ်တဲ့ စရိုက်ဆိုးကို အားပေးသလိုဖြစ်နေပါတယ်။ အင်္ဂလန်မှာတော့ မတရားလုပ်တဲ့အစိုးရအမှုထမ်းကို ခံချတဲ့ အစဉ်အလာကြီးမားတာမို့ အာဏာအလွဲသုံးစားလုပ်မှု နည်းပါးပါတယ်။

ဗမာပြည်မှာတော့ ဒီလိုမဟုတ်ပါဘူး။ ရာထူးနဲ့ သြဇာအာဏာရှိပြီဆိုတာနဲ့ မာနကြီးမောက်မာပြီး နိုင်ထက်စီးနင်းလုပ်တော့တာပါပဲ။ ရာထူးပြုတ်သွားတော့မှ မနေတတ်မထိုင်တတ် ရှက်သလိုလို ကြောက်သလိုလိုနဲ့ ဟိတ်ဟန်မထုတ် ရိုးရိုးကုပ်ကုပ် ပြန်ဖြစ်သွားပါတော့တယ်။ အာဏာကို အထင်ကြီးလွန်းတာကြောင့် အာဏာရှိသူရှေ့ရောက်ရင် ဗမာတွေဟာ ကြောက်လန့်ပြီး ခခယယ လုပ်တော့တာပဲလို့ အင်္ဂလိပ်ကိုလိုနီအရာရှိတဦးက မှတ်ချက်ချဘူးပါတယ်။ အာဏာရှိသူကို ကြောက်ပြီး အာဏာမရှိသူကို အထင်သေးတာဟာ ဗမာဓလေ့လိုဖြစ်နေပါတယ်။

ငါးပါးသီလမှာ “မုသာဝါဒါ” မဟုတ်မမှန် လိမ်လည်ပြောဆိုတာကို ရှောင်ကြဉ်ပါ့မယ်လို့ ဘုရားရှိခိုးတိုင်း ကတိပြုနေကြတဲ့ ဗုဒ္ဓဘာသာဗမာတွေဟာ အထက်လူကြီးအကြိုက်လိုက်ပြီး အမြဲတမ်းလိမ်လည်ပြောဆိုတတ်ပုံကို ရှေ့အပတ်မှာ ဆက်လက်တင်ပြပါမယ်။

43 comments:

(တေးမွန်) said...

:) စိတ်ဝင်စားပါတယ်။

နှစ်ပေါင်းများစွာ ရင်နှီးခဲ့တဲ့ အရာတစ်ခုဆိုတော့.. ။ လူက အတွေအကြုံကနေ လုပ်ကြရတာပဲ။ ဒီမိုကရေစီ ဓလေ့ စရိုက်တွေနဲ့ ရင်နှီး နှစ်ချိုက်လာတဲ့အခါ ပြောင်းလည်းလာမှာပါ။

Myo Win Zaw said...

ကိုပေါရေ အာဏာရှင် တွေဖြစ်ကုန်တာလည်း မပြောနဲ့ မင်းလောင်းမျော်တဲ့ လူမျိုးတွေကိုး ဒီမိုကရေစီ သာ လူတိုင်းမင်းလောင်း ဖြစ်နိုင်သလို မင်းအဖြစ်လည်း ရောက်နိုင်တယ် သက်သေကတော့ USA က အိုဘားမားဘဲ အာဖဂန်အမေရိကန်လူမည်း တစ်ယောက် လည်း သမ္မတဖြစ်နိုင်တာဘဲ
စကားမစပ် ကျွန်တော် ဂျောက်ဂျက်ရဲ့ မိုက်ရိုင်းတဲ့ အသုံးအနှုန်းတွေပါတဲ့ သီချင်းကိစ္စကို မကြိုက်ပါဘူး ဒါပေမယ့် ကိုပေါ ရဲ့အမြင်ကလည်း တခြားတစ်ဖက်က စဉ်းစားသင့်တဲ့ အချက်တစ်ခုဖြစ်နေတဲ့အတွက် ကျေးဇူးပါ

Anonymous said...

((ဗမာတွေမှာ အာဏာရှင်ဆန်တဲ့ အကျင့်ဓလေ့တွေ ရှိနေတာမို့ ကွဲလွဲတဲ့သဘောထားကို လက်မခံနိုင်တာလို့ ဆရာမောင်မောင်ကြီးက ယူဆပါတယ်။ ဒီမိုကရေစီဆိုတာ “ရပိုင်ခွင့်တွေ” မဟုတ်ဘဲ လေ့ကျင့်ယူရမယ့် အကျင့်ဓလေ့သာဖြစ်တယ်လို့ ရန်ကုန်တက္ကသိုလ်ပါမောက္ခဟောင်း B. R. Peam က ပြောဘူးပါတယ်တဲ့။ မိမိရထားတဲ့အာဏာနဲ့ လုပ်ပိုင်ခွင့်ကို ထင်သလိုအလွဲသုံးစားလုပ်တာဟာ အာဏာရှင်ဆန်တဲ့ ဗမာစရိုက်ပဲဖြစ်ပါတယ်တဲ့။ အထက်အောက်ဆက်ဆံရေးပုံစံဟောင်း အပိုးကျိုးနေတာကလည်း အာဏာအလွဲသုံးစားလုပ်တဲ့ စရိုက်ဆိုးကို အားပေးသလိုဖြစ်နေပါတယ်။
ဗမာပြည်မှာတော့ ဒီလိုမဟုတ်ပါဘူး။ ရာထူးနဲ့ သြဇာအာဏာရှိပြီဆိုတာနဲ့ မာနကြီးမောက်မာပြီး နိုင်ထက်စီးနင်းလုပ်တော့တာပါပဲ။ ရာထူးပြုတ်သွားတော့မှ မနေတတ်မထိုင်တတ် ရှက်သလိုလို ကြောက်သလိုလိုနဲ့ ဟိတ်ဟန်မထုတ် ရိုးရိုးကုပ်ကုပ် ပြန်ဖြစ်သွားပါတော့တယ်။ အာဏာကို အထင်ကြီးလွန်းတာကြောင့် အာဏာရှိသူရှေ့ရောက်ရင် ဗမာတွေဟာ ကြောက်လန့်ပြီး ခခယယ လုပ်တော့တာပဲလို့ အင်္ဂလိပ်ကိုလိုနီအရာရှိတဦးက မှတ်ချက်ချဘူးပါတယ်။ အာဏာရှိသူကို ကြောက်ပြီး အာဏာမရှိသူကို အထင်သေးတာဟာ ဗမာဓလေ့လိုဖြစ်နေပါတယ်။))
မှန်တာတွေ သိပ်မရေးနဲ့လေဗျာ ၊ တော်ကြာ မနိုင် နိုင်ရာနဲ့ ကိုင်တုတ်ကြလို့ သမီးနဲ့ မဒမ် ဝှက်ထားနေရမယ်ကိုပေါရေ။ ကျေးဇူးပါဗျာ။၊

Anonymous said...

This is because we are growing up with the learning environment s of socialist and military for many years.

ထက်မြက်သူ said...

အင်း...၊ ဘေးကနေ ပွဲကြည့်ပရိသတ် တောက်လျှောက်လုပ်လာခဲ့တဲ့ ကျွန်တော်ကလဲ ကိုပေါရဲ့ လူကြီးမဆန်တဲ့ လုပ်ရပ်တွေကပြနေတဲ့ စိတ်ထားကြီးကို ဘွင်းဘွင်းကြီး မြင်နေရကြောင်းပါဗျာ။ ကိုကလိုစေးထူးရဲ့ ပို့စ်ကိုသာ အရင်မဖတ်မိခဲ့ရင်၊ အဲဒီမှာ ကိုပေါရေးခဲ့တာတွေကိုသာ မဖတ်မိခဲ့ရင်၊ ဒီပို့စ်ကိုသာ သက်သက် ပထမဆုံးဖတ်မိရင်တော့ ကျနော်လဲ တခြားလူတွေလို ကိုပေါကို အရင်ကလို အထင်ကြီးခဲ့မိဦးမှာ သေချာတယ်။ သြော်၊ ကိုပေါတယောက် အမှန်တွေကို အကိုးအကားနဲ့ ရေးနေတာပါလားလို့ ခပ်တိမ်တိမ် ထင်လိုက်မိဦးမှာ။ အခုကတော့ ကျားကစားသလိုပေါ့ဗျာ။ ဘေးလူက ပိုမြင်တယ်ဗျို့။ နောက်ဆုံးတော့လဲ ကိုယ်နဲ့မတူ သမလေသတည်းပေါ့ဗျာ။

Anonymous said...

ထက်မြက်သူ၏ အဆိုကို အလေးအနက် ထောက်ခံပါ၏

Anonymous said...

မင်းတို့ပဲ တော်တယ် မင်းတို့ပဲ တတ်တယ် မင်းတို့ပဲ လန်းတယ် ...ဆိုတဲ့ ကိုပေါရပ်တည်ပေးခဲ့တဲ့သီချင်းတွေထဲကလိုပဲ ကိုပေါပဲတော်ကြောင်း ကိုပေါပဲတတ်ကြောင်းပါ။

Anonymous said...

ဟုတ်မှန်ပါကြောင်း

ကိုပေါတယောက်တည်းပဲစာတတ်ပါကြောင်း
စာတတ်တာ စာဖတ်တတ်တာကိုပြောတာပါ။
မည်သို့မည်ပုံအသုံးချရမည်ဆိုသည်ကို စာဖတ်တတ်သော ကိုပေါ မသိဘူးဟုထင်ပါကြောင်း

Anonymous said...

ဒီတခါ ကိုပေါကိုတော့ စ လောင်းနေပီနော်..။ မကြာခင်လာတော့မှာတွေ ကြိုမြင်နေသလိုပဲ..။ အင်း.ဘယ်လိုဧည့်သည်တွေမှန်းလဲ မသိဘူးဗျာ.။ မဖိတ်ပဲလာ၊ မဖတ်ပဲမနေနိုင်၊ ဖတ်ပီးတော့လည်း လူသတိထားမိအောင် ခြေရာလေး လူလူသူသူထားခဲ့ချင်တော့ ကွန်မင့်တွေ နဲ့ ပြစ်ပြစ်နှစ်နှစ်ဆဲပြ၊ ဒါမှ ဇာနည်မျိုးဟေ့ ဒို့ဗမာကွ..။
စိတ်ဓာတ်မကျတဲ့ ကိုပေါကို ချီးကျူးမိပါတယ်..ငယ်စဉ်က အချင်းချင်းနောက်လေ့ရှိတဲ့ စကားပြောင်လေးသတိရမိတယ်..ကျော်ကြားတော့ စော်ကားတာပေါ့.. ဆိုတာလေ။ ၁၉၈၀ ဝန်းကျင်လောက်တုန်းက ရန်ကုန် အနော်ရထာလမ်းမပေါ်မှာ အဆိုတော် မင်းမင်းလတ်တို့ လင်မယား (ရွှေအိမ်စည်)ဆိုတဲ့အမည်နဲ့ ဗမာအစားအသောက် (ထမင်းဆိုင်)ဆိုင်တဆိုင် ဖွင့်ခဲ့ဖူးပါတယ်။ အတော်သားနားပြီး၊ အအေးခန်း(air-con)နဲ့ဘာနဲ့မို့ ပူပြင်းတဲ့ ရန်ကုန်မှာ ဗမာအစာတွေကို သက်တောင့်သက်သာ စားသောက်နိုင်ပါတယ်။ နိုင်ငံခြားသားဧည့်သည်တွေကို အဓိကရည်ရွယ်တယ်လို့ ထင်ပါတယ်။ မြန်မာတွေစားသလို မြေဝိုင်းစားပွဲနဲ့လည်းထိုင်စားနိုင်ပါသေးတယ်။ အဲ့ဒီတုန်းကတော့ သူ့ဆိုင်က pioneer မို့ ရန်ကုန်မြို့လယ်ခေါင်ကလူတွေအဖို့ အထူးအဆန်းကြီးပေါ့။ ဗမာစာကိုများ အထူးအဆန်းလုပ်လို့ အအေးခန်းနဲ့ ရောင်းရတယ်လို့၊ မင်းမင်းလတ်ရူးနေတယ်လို့ နောက်ပြောင်ကြတာ။ ၃-၄လလောက်ပဲခံတယ်၊ ဆိုင်ပြုတ်သွားရှာပါတယ်။ ဟော အခု နှစ် ၂၀ကြာပြီးနောက် ရန်ကုန်မြို့မှာ အဲ့ဒီလိုဆိုင်တွေ မှိုလိုပေါက်နေပါရောလား။ မင်းမင်းလတ်ဟာ ဘန်းစကား(လမ်းသူရဲစကား)တွေကို စုပြီးစာအုပ်တအုပ် ထုတ်ခဲ့ဖူးတာလည်း မှတ်မိနေသေးတယ်။ အဲ့ဒီစာအုပ် အရောင်းစွံမစွံတော့ မသိပါ။ ကိုပေါ သိပ်စောနေတယ်လို့ ပြောရအောင်ကလည်း မိုးကြီးချုပ်နေတာမို့.။ အင်း ကိုပေါသတ္တိနဲ့ စေတနာကိုတော့ ချီးကျူး ဂုဏ်ယူမိပါကြောင်း ပြောပြရင်း အားပေးလျက်ရှိကြောင်းသိစေအပ်ပါတယ်ခင်ဗျား။ (အောင်မလေးဗျ..ကျနော်မပါပါဘူး.. သမီးလည်းမရှိပါဘူး..ချမ်းသာပေးပါခင်ဗျား.. နောက်ဒီလိုမရေးတော့ပါဘူး။ ):P

Anonymous said...

ဆဲတယ်ဆိုတဲ့စကားမသုံးပါနဲ့ အထက်က Anonymous တွေ ပြောတဲ့အထဲမှာ တယောက်မှ ဆဲတာမပါသေးပါကြောင်း

မျိုးမြင့်မောင် said...

Hey,

Don't just ridicule Ko Paw without a point. What is wrong with the point made by Ko Paw? Tell us!

ကိုပေါ said...

CMA...ရေ....

ကျနော်လည်း လူသားပဲဗျာ။ ဘာသားနဲ့ထုထားတာမို့လဲ။ အရင်ကတော့ ဒါမျိုးတွေ ကြုံရတဲ့အခါ စိတ်ဓါတ်ကျတတ်ပါတယ်။ ဒေါသလည်း ထွက်ပါတတ်ပါတယ်။ စိတ်လည်း ညစ်တတ်ပါတယ်။

ဒါပေမယ့် ...ကျနော်က မိတ်ဆွေကောင်းတွေနဲ့ ကြုံကြိုက်ရမယ့် ဇာတာပဲ ပါသလားတော့မသိ။ ကျနော်ကံကောင်းပါတယ်။ ကျနော့်ထက် စိတ်ဓါတ်ခိုင်မာတဲ့၊ အယူအဆခိုင်မာတဲ့၊ ယုံကြည်ချက်ပြင်းတဲ့ သူတွေနဲ့ ဆုံဆည်းသိကျွမ်းခွင့်ရတယ်။ ပုံမှန်တွေ့ဆုံခွင့်ရတယ်။ သူတို့ဆီက ခိုင်မာမှုတွေကို သွေးကူးယူခွင့်ရတယ်ဗျာ။

ကျနော်လေးစားရတဲ့ လူငယ်တယောက်ဆိုရင် ဒီလိုကိစ္စမျိုးတွေကြုံတိုင်း ကျနော်တို့ကိုပြောနေကျ လက်သုံးစကားရှိတယ်။ “ဒါတွေဟာ ကျနော်တို့ ကျော်ဖြတ်ရမယ့် ကိစ္စတွေဆိုတာ စိတ်ထဲမှာ ခံယူထားရမယ်” တဲ့။
အဲသည်လို ခံယူထားနိုင်ရင် ကျနော်တို့မှာ ခံနိုင်ရည်အင်အား တိုးပွားလာသလို၊ စိတ်လည်းရှ
ည်လာတယ်။

ကျနော်တို့ ကျော်ဖြတ်နိုင်ခဲ့တာတွေလည်း ရှိခဲ့ပါပြီ။
ကျနော်တို့ ရှေ့ဆက် အများကြီး ကျော်ဖြတ်ကြရဦးမှာပါ။
အခုလည်း ကျနော်တို့ ကျော်ဖြတ်နေဆဲပါ။

နားလည်အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Anonymous said...

အမှန်တွေ သိပ်မရေးနဲ့လေ ကိုပေါ....မတူရင်ဝိုင်းဝန်းဆဲဆိုတောထုတ်ခံရတတ်တယ်လေဗျာ..သတိထားဗျ... ခုတောင် တချို့က တောထုတ်ချင်နေကြပြီမဟုတ်လား...ကျနော်ကျတော့ ကိုပေါကိုအားပေးတယ် ..အယူအဆတွေကိုလက်ခံတယ်..ကြိုက်တယ်ဗျာ

Anonymous said...

I'd like to read again that kind of post from Ko Paw.
I am not sure whether Ko Paw need the supporters for those coming post.

Anyway, here is my support.

Carry On!! Man.

Anonymous said...

ကြိုက်တယ်ဗျား။ ကျွန်တော်တို.ရွေပြည်ကြီးသားတွေ အတွက် ကိုယ် ကျိုးနေတာကို ကျိုးမှန်းမသိဖြစ်နေကြတာ အလွန်.အကျွံဗျာ။ ဘယ်ဆေးက ပျောက်မလဲမသိဘူး။ ဒီလောက်ဗေဒင် ယတြာကိုမျက်ကန်းယုံနေတဲ.လူတွေ။ ကိုပေါ ရေ. များများရေးပါ။ ဘယ်သူတွေဘာပြောပြော ဒီမိုကရေစီဆိုတာမတူခြားနားတဲ.အမြင်တွေ ကိုနားထောင်ခွင်.ရှိနိုင်တာ .......ဆက်သာချ။

Anonymous said...

ကိုပေါရေ...မှန်လိုက်လေဗျာ....

Anonymous said...

ကျွန်တော့်အမြင်အရ..ခင်ဗျားမှာလဲအဲဒီအာဏာရှင်စရိုက်
ဝင်နေပုံရတယ်..ငါပြောတာအမှန်၊ငါလုပ်တာအမှန်..
ဘယ်သူမှလာမပြောနဲ့..ဒီကောင်တွေဘာသိလို့တုန်း...
ငါ့လောက်ဝမ်းစာမပြည့်ဘဲနဲ့...ခင်ဗျားစာတွေကအဲဒီလို
ခင်ဗျားစိတ်ကိုပုံဖေါ်နေသလိုဘဲ...ပညာရှိသတိဖြစ်ခဲတဲ့.
အရမ်းမလောပါနဲ့ဗျာ..မလိုအပ်သေးရင်ကိုယ့်အင်အားကို
ချွေတာပါ..ကိုလူသစ်နဲ့တုန်းကလဲတဖက်ကဘယ်လိုဘယ်
ကြောင်းရှင်းပြတာ ခင်ဗျားသေသေချာချာမဖတ်ဘဲ စွတ်တင်ခဲ့တာ..ဆိုလိုရင်းကိုခင်ဗျားသေချာမစေ့ငုံခဲ့
ဘဲငါ့စကားနွားရပြောခဲ့တာ..အဲဒါအာဏာရှင်စရိုက်တွေ
ဘဲမဟုတ်လား..No one perfect ပါ ကိုပေါ..
ခင်ဗျားတို့တွေရေးတဲ့ စာကောင်းလေးတွေကိုဖတ်ချင်
ပါသေးတယ်..ကျွန်တော်ကတော့ ညောင်ရမ်းဂွတိုကို
လွမ်းတယ်ဗျို့....

Anonymous said...

ကိုပေါရေ.... ခင်ဗျားကိုတော့ လေးလည်းလေးစား၊ သနားလည်း သနားပဲဗျာ။ တကယ်ပြောတာပါ။

ကယောက်ကယက်

ထက်မြက်သူ said...

နေစမ်းပါဦးဗျာ၊ ဆဲတယ်လို့ သုံးရအောင် ကျွန်တော်ပြောသွားတဲ့အထဲ ရိုင်းစိုင်းတာလို့တောင် သတ်မှတ်လို့ရတဲ့ဟာ ဘာပါသေးလဲ။ ကျုပ်အရင်က ကိုပေါဆိုတဲ့လူရေးတာဖတ်တယ်၊ ကိုကလိုစေးထူးရေးတာလဲ ဖတ်တယ်၊ အခုအဖြစ်မှာတော့ ကျုပ်က ကိုပေါလုပ်ရပ်ကိုချဉ်တယ်။ ဒီစကားက ရန်တိုက်ပေးတယ်ပဲ ထင်ထင် ကျုပ်မြင်တဲ့အမြင်ပဲ။ ကျုပ်က ဘေးလူ၊ စာတွေကို ဘေးကနေပဲ ဘယ်သူ့ဘက်မှမပါဘဲ ဖတ်ခဲ့တဲ့ကောင်။ ကိုပေါဆိုတဲ့လူ သူ့ဘာသာစာတွေ ဘယ်လောက်ဖတ်ဖတ်၊ ဘယ်လောက်တော်တော် နောက်ဆုံးဗျာ၊ ဘာတွေပဲ လုပ်နေနေ သူ့စိတ်ထားကြီးကို ဘေးကနေ ထိုင်ကြည့်နေတဲ့ ကျုပ်ကမြင်တယ်ဗျ။ ဒီလူ သဘောထား မကြီးတတ်ဘူး။ ကိုယ်နဲ့မတူတဲ့ တစ်ခြားလူတွေကို သူမနိုင်နိုင်အောင် ငြင်းဖို့ကလွဲရင် သူဖတ်ထားတယ်ဆိုတဲ့ စာအုပ်တွေကို ကောင်းကောင်း အသုံးမချတတ်ဘူး။ စာတွေက အကိုးအကားတွေ အများကြီးနဲ့အပေါ်ယံဖတ်လိုက်ရင် ဟုတ်သလိုလိုနဲ့ သူလုပ်နေတဲ့ လုပ်ရပ်တွေက ဆယ်နှစ်သားကလေးက လုပ်နေတဲ့အလုပ်လိုပဲ။ ကလေးဆန်လွန်းတယ်။ ဒါကျုပ်မြင်တဲ့အမြင်ပဲ။ ခင်ဗျားတို့က ကိုပေါကိုကောင်းတယ်မြင်ခွင့်ရှိသလို ကျုပ်လဲ လွတ်လွတ်လပ်လပ်မြင်ခွင့် ရှိတာပဲလေ။ အမြင်ကို ၀င်ပြောတာကိုပဲ မသိရင် ကျုပ်ကပဲ ၀င်ဆဲနေသလိုလို၊ ကိုပေါကိုပဲ လာတိုက်ခိုက်နေသလိုလို စွတ်ရမ်းပြောနေတဲ့ ခင်ဗျားတို့ကိုယ်တိုင်လဲ ကိုယ့်စိတ်တွေကို ကိုယ်ပြန်မေးကြ။ ကျုပ်နောက်ပိုင်းမှာ ရေးကြတဲ့ အမည်မဲ့တွေလဲ ဆဲဖို့နေနေသာသာ ရိုင်းရိုင်းစိုင်းစိုင်းတောင် ပြောသွားကြတာ မရှိဘူး။ ကိုပေါက စိတ်ဓာတ်မကျနေတာ ကြံ့ခိုင်နေတာမဟုတ်ဘူး။ အရူးချီးပန်းလျှောက်လုပ်နေတာလို့ကိုမြင်တယ်။ တစ်ခုပဲပြောလိုက်မယ် ကိုယ့်စာကို တောက်လျှောက်ဖတ်လာတဲ့ လူတစ်ယောက်က ကိုယ့်ကို အချဉ်ကြီးချဉ်သွားအောင်တော့ သိပ်မလုပ်နဲ့။ မျိုးမြင့်မောင်ဆိုတဲ့ ငတိကလဲ မရိုင်းပါနဲ့ဆိုပဲ။ ဘယ်မှာလဲ၊ ဘယ်သူက ရိုင်းနေလဲ။ ဒီပို့စ်မှာ ဘယ်သူမှကို မရိုင်းကြပါဘူး။ ကြည့်ကြက်လဲ လုပ်ကြပါဦး။ ထောက်ခံတာပဲလိုချင်နေရင် ခင်ဗျားတို့ကရော နအဖတွေနဲ့ ဘာထူးသေးလဲ။ အဝေဖန်မခံနိုင်ရင် ဘာမှကို လုပ်မနေနဲ့။ ကျုပ်က မတူလို့ ဆဲနေတာ မဟုတ်ဘူး။ ကျုပ်စာဖတ်လာတဲ့ တောက်လျှောက်မှာ ဇော်မျိုးဆီမှာပဲ တစ်ခါဝင်ပြောဖူးတယ်။ ပြောမကောင်းဆိုမကောင်းမယ့်ကောင်မို့လို့ ဆက်မပြောတော့တာ။ အခုလဲ နောက်ထပ် ပြောမကောင်းဆိုမကောင်းမယ့်လူတွေ ထပ်တွေ့နေရသလိုဖြစ်နေပြီ။ အေးပေါ့လေ၊ ပြောချင်ရာပြော လုပ်ချင်ရာလုပ်တာကိုပဲ ဒါဒီမိုကရေစီပဲ လွတ်လပ်မှုပဲကွလို့ သိမ်းကြုံးခံယူနေမှတော့လဲ လာဝေဖန်တဲ့ကောင်က ရန်သူပေါ့။ အဟက်ဟက်

ကိုပေါ said...

ထက်မြက်သူ....ရေ....

မိတ်ဆွေရဲ့ ကွန်မင့်ကို ကျနော်သဘောကျပါတယ်။ ကိုယ့်ကို ဝေဖန်ထားတဲ့ ကွန်မင့်ကို သဘောကျတယ်ဆိုလို့ ကျနော့်ကို ရူးသွပ်သွားပြီ မထင်နဲ့ဦးနော်။

ကျနော်သဘောကျတာမှာ အကြောင်းရှိပါတယ်။ ကျနော်ရဲ့ “အမှန်တရားနဲ့ ဆေးခါးတလက်” ဆိုတဲ့ ပို့စ်ကွန်မင့်ကဏ္ဍမှာ “မောင်ကျည်ပွေ့” ကို ပြန်ရေးခဲ့တဲ့ ကွန်မင့်လိုပဲ ကျနော် ဝေဖန်တဲ့ ကွန်မင့်တွေ၊ ဆန့်ကျင်တဲ့ အမြင်တွေကို ဖိတ်ခေါ်ထားပါတယ်။ ဖွင့်ပေးထားပါတယ်။ ကျနော့်ကို ဝေဖန်လို့၊ ကျနော်နဲ့ မတူလို့ ပိတ်တယ်ဆိုတာမျိုး ဘယ်တော့မှ မရှိစေရဘူးဆိုတာ ကျနော်အာမခံပါတယ်။

ကိုမျိုးမြင့်မောင်ကွန်မင့်မှာ မဆဲပါနဲ့လို့ ရေးထားတာ မတွေ့မိပါဘူး။ မိတ်ဆွေ အမှတ်မှားတာ ဖြစ်ပါလိမ့်မယ်။

နောက်ဆုံးတချက်ကတော့... ပေါ့ပေါ့ပါးပါး ပြောချင်တာပါ။ (ကျနော့်မှာ အကောင်းပြောနေရင်း ထထဖောက်တတ်တဲ့ အကျင့်ဆိုးတခုရှိတာတော့ ၀န်ခံပါတယ်။) ဒါကြောင့် အခုပြောမယ့်ဟာကို သဘောမတူဘူးဆိုရင် အလေးအနက်ကြီးတော့ မယူပါနဲ့လို့ ကြိုတင်တောင်းပန်ပါတယ်။း-)

ကျွန်တော် အခုလို Controversial ကွန်မင့်တွေ စရေးကတည်းက ကျနော်နဲ့ ဆန့်ကျင်ဘက် အမြင်ကနေ ရေးသားသူတွေ အတော်များများကို တွေ့ဖူးပါတယ်။ များသောအားဖြင့် ကလောင်အမည်တွေက “အမြင်မတော်သူ၊ ထက်မြက်သူ၊ ဘလော့ဖတ်သူ၊ စိတ်ပျက်သူ၊ စိတ်လေသူ၊ မနေသာသူ၊ မသိသူ၊” စသဖြင့် နာမည်တွေနဲ့ ရေးသားကြတာ တွေ့ရပါတယ်။ အဲဒါဟာ တကယ်တော့ ဘာမှ မမှားယွင်းပါဘူး။ ရေးသားနိုင်ပါတယ်။ ပြဿနာက သူတို့မဟုတ်ပါဘူး။

ပြဿနာက ကျနော်ပါ။ ကျနော့်အနေနဲ့ အဲဒီနာမည်မျိုးတွေ မြင်လိုက်ရင် ရယ်ချင်စိတ်နဲ့ ၀မ်းထဲမှာ ယားကျိကျိဖြစ်လာတာတော့ပါပဲ။ ဘာကြောင့်လဲဆိုတော့ အရင်က မြန်မာပြည်က သတင်းစာတွေရဲ့ ပစ်စာကဏ္ဍမှာ ဖော်ပြကြရင် အဲသည်နာမည်မျိုးတွေ တွေ့ရတတ်တော့ ကျနော်က ပစ်စာကဏ္ဍကို ပြေးပြေးမြင်တယ်။ မောင်စေတနာတို့၊ မောင်မေတ္တာတို့၊ မောင်အကြင်နာ၊ မုဒိတာ... တို့ဆိုရင် နအဖရဲ့ သတင်းဆောင်းပါးရှင် ကလောင်အမည်တွေကို ပြေးမြင်မိသလိုပေါ့။

ဒီတော့ ကျနော်အကြံပေးချင်တာက နည်းနည်းလည်း ပိုပြီး Creative ဖြစ်မယ့်၊ ဆွဲဆောင်မှုလည်းရှိမယ့်.....“နှင်းဆီကိုကို” တို့၊ “မခင်နှင်းဆီ” ဆို့၊ “လမင်းချစ်သူ” တို့၊ “အလင်းတံခါး” တို့ စတဲ့ နာမည်မျိုးလေးတွေ၊ ဆန်းဆန်းပြားပြား နာမည်လေးတွေနဲ့ ရေးသားကြဖို့ အကြံပေးချင်ပါတယ်။ ဒါမှ ဖတ်ရတဲ့ လူတွေလည်း ပိုပြီး နာမည်တွေကို အမှတ်ထင်ထင် ရှိကြမှာပါ။

Anonymous said...

ကျွန်တော်လည်း ဝင်ပြောကြည်.မယ်။
ကိုပေါ ကိုတော. တကယ်လေးစားပါတယ်။
ကျွန်တော်. မှာ ရှိနေတဲ. အမြင်တွေက ကိုပေါနဲ. တော်တော်ကြီးကို တူပါတယ်။ခင်ဗျားပြောတာ တစ်ခုလိုသေးတယ်ဗျ။ ဘာသာရေးမှာလည်း ဗမာတွေက နတ်ကိုးကွယ်မှု အဆင်.ထက်မပိုတဲ. အဆင်.မှာပဲ ရှိတယ်ဗျ။
ကျွန်တော်က ဘာသာရေးနဲ. ပက်သက်လို.ပြောချင်တာ။
ကျွန်တော်တို ဆီက လူတွေက ဘာသာရေးနဲ. ပက်သက်ရင် လုံးဝကို အထိမခံဘူးဗျ။
ပြောတော.သာ ကမ္ဘာပေါ်မှာ ဗုဒ္ဓဝါဒ အထွန်းကားဆုံးတဲ. ။
တစ်နေ.တစ်နေ. ဂုဏ်တော်ကိုးပါးကို ကိုးခေါက်ပုတီးစိပ်ဖို.လောက်ပဲ သိကြတာဗျ။
နတ်ပြည်ရောက်ဖို.ဆိုပြီး အလှူအတန်းတွေကလည်း လုပ်လိုက်ကြတာဗျာ။
ဒါပေမယ်. စိတ်နေသဘောထားတွေက လုံးဝကို mature မဖြစ်ဘူး။
အဲဒါဘာကြောင်.လည်း ဆိုတော. ဗုဒ္ဓရဲ.တရားတွေကို မှန်မှန်ကန်ကန် နားလည်သဘောပေါက်ထားခြင်းမရှိလို.ဘဲ။
ဘာသာရေးနဲ. ပက်သက်လို. ကိုပေါနဲ. အမြင်တွေ ဖလှယ်ချင်ပါသေးတယ်။

Anonymous said...

(ဆဲတယ်ဆိုတာ) ကျနော့်ကွန်မင့်ကို ရည်ညွှန်းတယ်လို့ ယူဆရပါတယ်။ ကိုပေါရဲ့ ဒီပို့စ် အရင်တစ်ခုကျော်ပို့စ်က ကွန်မင့်တွေကို ညွှန်းဆိုကြောင်းနဲ့ မကြာခင်လာတော့မှာကိုလည်း ကြိုတွေးရေးထားကြောင်း စာဖတ်အတော်အသင့်နာပြီး IQအတော်အတန်ရှိရင် နားလည်လွယ်လောက်ပါမယ်။ confuseဖြစ်သွားစေခဲ့မယ်ဆို so sorryပါခင်ဗျား။

Anonymous said...

အရူးချီးပန်း
မိုးကြိုးပစ် ထန်းလက်ကာ
မယောင်ယာဆီလူး
ယုန်တောင်ပြေး ခွေးမြောက်လိုက်
ငါ့စကားနွားရ
မဖြစ် ညစ်ကျယ်

ကိုပေါ said...

ချစ်ပြုံးနှင်းဆီ......သို့

မိတ်ဆွေမှာ ဟာသဉာဏ်နဲ့ တီထွင်ဖန်တီးဉာဏ်ရှိတယ်ဆိုတာကိုတော့ လက်ခံသွားပြီဗျိုး.....
(စာလုံးပေါင်းသတ်ပုံအမှန်ကို ပြင်ပေးလိုက်ပါတယ်။ “မယောင်ရာဆီလူး”)

ချစ်ပြုံးနှင်းဆီတပွင့်ကို.... မျှော်ကာတလင့်လင့်....
ကြိုတင်မှန်းဆရွယ်...
ဘယ်ရာသီဝယ်... မာလာရယ်ပွင့်မှာလဲ....
တငုံတည်းမငုံပဲ... နည်းနည်းလဲ လျှော့စေချင်ပါတယ်...
သဘာဝတရား... မတားသာဘဲမို့ကွယ်
ပြုံးလိုက်ပါတော့လားကွယ်...
သနားမမျှတဲ့.... အလှနှင်းဆီရယ်....

(ကျနော် အင်မတန် ကြိုက်နှစ်သက်တဲ့ သီချင်းလေးပါ။)

Ghost said...

ဟားဟား ကိုပေါက ရယ်ရတယ်။ ကလေးဆန်တာလား မရင့်ကျက်တာလား ... ။

ကိုပေါကို ထောက်ခံသူတွေ စာလုံးပေါင်း သတ်ပုံ မှားနေတာကိုတော့ မပြင်ပေးဘဲ ချစ်ပြုံးနှင်းဆီရဲ့ အမှားကို တကူးတက ပြင်ပေးလိုက်တာကို တွေ့တော့ ကိုပေါရဲ့ အငုပ်စိတ်လေးကို မြင်လိုက်ရတယ်။

ဒါနဲ့ ... သူများကို စာလုံးပေါင်း ပြင်ပေးတဲ့ ကိုပေါ ကိုယ်တိုင် စာလုံးပေါင်း မှားနေတာ တွေ့မိလို့ပါ။
(တငုံတည်း မငုံပဲ) လို့ ရေးထားတယ်။ အမှန်က မငုံဘဲ ဖြစ်ရပါမယ်။ (မ-ရဲ့ နောက်မှာ ဘဲ လိုက်တယ်လို့ မှတ်ထားလိုက်ရင် မမေ့တော့ဘူး။)

သူများ အမှားကို ပြင်ပေးချင်ရင် ကိုယ်တိုင်က အမှားကင်းစင်ရမယ် ဆိုတာတော့ မမေ့နဲ့ပေါ့ ကိုပေါရယ်။

ကိုပေါ said...

အမည်မသိသို့....

အခုလို အမှားပြင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျနော့်ကို ထောက်ခံသူတွေတိုင်းကို ကျနော်က စာပြန်နေတာ မဟုတ်တာကို သတိချပ်စေချင်ပါတယ်။ စာပြန်တဲ့အခါမှာလည်း အဓိက အကြောင်းအရာကို ပြန်တဲ့အခါ စာလုံးပေါင်းကို စိတ်ထဲရောက်ချင်မှ ရောက်လာတာမျိုး။ ချစ်ပြုံးနှင်းဆီမှာကတော့ အဲသည် စာလုံးပေါင်းက မျက်စိထဲကို ပြူးပြဲပြနေသလို မြင်လိုက်မိတာမို့ ကြုံတုန်း ထောက်ပြလိုက်တာပါ။

သူများ အမှားကို ပြင်ပေးချင်ရင် ကိုယ်တိုင်က အမှားကင်းစင်ရမယ်....ဆိုတာကတော့ မဟုတ်သေးဘူးထင်ပါတယ်။ လောကကြီးမှာ ဘယ်သူမှ အမှားကင်းကြမယ်မထင်ဘူး။ လူတိုင်းသာ အမှားကင်းကြမယ်ဆိုရင် ခဲတံတွေနောက်မှာ ခဲဖျက်ဆိုတာ ပါမှာမဟုတ်တော့ဘူး ဆိုတဲ့ နာမည်ကျော် ဆိုရိုးစကားတောင်ရှိတယ်မို့လား။

ကျနော်ဆိုလိုတဲ့ အဓိပ္ပါယ်ကလဲ အဲဒါပဲ မိတ်ဆွေ။ လူတိုင်းမှာ အမှားမကင်းတဲ့အတွက် မြင်တာကို မြင်တဲ့အတိုင်း ထောက်ပြရမယ်။ ဒါမှ အမှားကို အမှန်ပြင်နိုင်မှာပေါ့။ လူမုန်းမှာစိုးလို့ နှုတ်ပိတ်နေတာမျိုးကို ကျနော်အားမပေးပါဘူး။ ထောက်ပြပါ...ရပါတယ်။ ကျနော့်ကို ထောက်ပြတဲ့နေရာမှာ ဆဲပြီးထောက်ပြလို့ ရတယ်။ သရော်ပြီးထောက်ပြလို့ရတယ်။ ထေ့ပြီး ထောက်ပြလို့ရတယ်။ အလေးအနက် ထောက်ပြလို့ ရတယ်။ ကျနော် အားလုံးကို ဖွင့်ပေးထားပါတယ်။

(ထုံးစံအတိုင်း ဗွေဖောက်ပြီး နောက်တောက်တောက်ပြောရရင်) ဆရာသော်တာဆွေ စာပေရေးရာဆွေးနွေးပွဲမှာပြောတာ ဖတ်ဘူးတယ်။ ပဲ၊ ဖဲ၊ ဘဲ ဆိုတဲ့ စကားတွေနဲ့ ပတ်သက်လို့တော့ သူက သိပ်ပြီး အာရုံထားမနေဘူးတဲ့။ ကိုယ်က ဘယ်လိုပဲရေးပို့လိုက်၊ ရေးပို့လိုက်..... မဂ္ဂဇင်းတိုက် ရောက်တဲ့အခါမယ်.... ပဲ သန်တဲ့ အယ်ဒီတာတွေက ပဲ လို့ ပြင်လိမ့်မယ်။ ဘဲ သန်တဲ့ အယ်ဒီတာတွေက ဘဲ ပြင်လိမ့်မယ်။ ဖဲသန်တဲ့ အယ်ဒီတာတွေက “ဖဲပြင်” လိမ့်မယ်။ ကျနော်တော့ ကြုံသလိုရေးလိုက်တာပဲ၊ဖဲ၊ဘဲ...တဲ့။ အဲသည်လို ဟာသလေးစွက်ပြီး ပြောသွားတာတော့ ဖတ်လိုက်ရတာပဲ၊ဖဲ၊ဘဲ ဗျို့။

Anonymous said...

Agree we need to practise kicking fat ass..es of politicians meat heads, and officials. The military regime is power hungry and will even suck everything to hold on power, to be close to those who have power but opposition activists are the same shit too. They have entitlement mentality and time to kick the backs of all clowns.

ထက်မြက်သူ said...

ကိုပေါ၊ကိုပေါ၊ ပြောစရာစကားကုန်တော့ ကျုပ်မိဘပေးထားတဲ့ ကျုပ်နာမည်ကိုပါ နအဖ သတင်းစာတွေထဲက နာမည်တွေကို သတိရသလေးဘာလေးနဲ့ ရိလိုက်ထေ့လိုက်ရသေးတယ်။ နေစမ်းပါဦး၊ ခင်ဗျားဘလော့မှာ ကွန်မန့်ရေးတဲ့အခါ မထောက်ခံတဲ့လူတွေက သန်းခေါင်စာရင်းတို့၊ ပုံစံတစ်ဆယ်တို့ပြပြီး ယခုနာမည်သည် ကျွန်တော်မျိုး၏ နာမည်အရင်းစစ်စစ်ကြီးဖြစ်ပါကြောင်းလို့ သက်သေပြရမယ့်သဘောလား။ ခင်ဗျားကို ထောက်ခံအားပေးနေတဲ့ မြောက်များစွာသော အမည်မဲ့တွေနဲ့ နာမည်တွေကိုတော့ ခင်ဗျားဘာမှကို မရယ်ချင်တော့ဘူးလား။ အေးလေ၊ သဘောထားရင့်ကျက်စွာနဲ့ပဲ ထောက်ခံမှုကိုသာလျှင် ကျေနပ်စွာခံယူတယ်ပေါ့..နော။ ကျွန်တော် စိတ်သက်သာရာရမိတာ တစ်ခုရှိတယ်ဗျ။ အဲဒါကတော့ ခင်ဗျားစာတွေကို တလေးတစားနဲ့ ဖတ်မိခဲ့စဉ်တုန်းက ကိုပေါရေ၊ အားပေးနေတယ်၊ သိပ်ကောင်းတာပဲတို့ ဘာတို့တွေရေးပြီး အိညှောင်ဂွညှောင်လာမရောမိတာပဲ။ နို့မို့ဆိုရင် အခုလို သိပ်အချဉ်ကြီးချဉ်လာတဲ့ အခါမျိုးကျ မျက်နှာနာနေရဦးမယ်။
သြော်၊ ခင်ဗျားပြောတာနဲ့ပဲ ဟိုနအဖနာမည်တွေ တွေးမိလိုက်တာ ဟုတ်တာပဲဗျ။ မင်းရဲကောင်းပုံတို့၊ မအူပင်ခြင်ကျားတို့ မအူပင်ခြင်ရိုင်းတို့နဲ့ အပြိုင်ပေါ့ ညောင်ရမ်းဂွတိုလေ။ ဒါတင် ဘာဟုတ်သေးလဲ မြက်ခင်းသစ်နဲ့ နင်လားငါလား နာမည် ပိတောက်ရိပ်ပေါ့။ အဟက်ဟက်။ ပြောရင် ခင်ဗျားရယ်မလားငိုမလားဘဲ။ ကိုတတ်ပ ဆိုတဲ့ ကလောင်တောင်တွေ့ဖူးလိုက်သေးသဗျား ကိုပေါဆိုတဲ့နာမည်နဲ့ မဆင်ပေဘူးလား။ နေ့သင့်နံသင့် ပေးထားတဲ့ မဟာ့မဟာကလောင်နာမည်ကြီးကို ပုတ်ခတ်မိရင်တော့လဲ လွန်တာရှိဝန္နာမိပေါ့ ကိုယ့်လူ။ စိတ်ထဲလဲ သိပ်ထားမနေပါနဲ့ဗျာ။ ကျုပ်လဲ အကောင်းပြောနေရင် ကလိတတ်ရိတတ်တဲ့ အကျင့်ဆိုးက ရှိနေလို့ပါ။

CMA နဲ့ မျိုးမြင့်မောင်ကိုတော့ ကျွန်တော့်နားလည်မှု လွဲချော်ခဲ့တာတွေအတွက် တောင်းပန်တယ်ဗျာ။

Anonymous said...

ထက်မြက်သူ မှန်သော ထောက်ပြခြင်းတွေအတွက် ကျေးဇူးပါဗျို့

ကိုပေါ ဆိုတာနာမည်နဲ့လိုက်အောင်ပေါနေပီ

သူအခု၇က်ပိုင်းေ၇းသမျှစာတွေက ဖောင်းနေပီ
သူ့စာချည်းပဲဆို၇င်တော့ တကယ်အထင်ကြီးချင်စ၇ာ
ဘယ်လိုအကြောင်းကြောင့်ရေးနေတာလဲဆိုတာကိုသိပီးဖတ်တဲ့သူတွေအတွက်တော့..

ဟဲဟဲ..

မျိုးမြင့်မောင် said...

"CMA နဲ့ မျိုးမြင့်မောင်ကိုတော့ ကျွန်တော့်နားလည်မှု လွဲချော်ခဲ့တာတွေအတွက် တောင်းပန်တယ်ဗျာ။"

ထက်မြက်သူ

Well, you're not incorrigible. :D

ထက်မြက်သူ said...

ငါ့ကို ပြင်မရတဲ့လူ မဟုတ်ဘူး မှတ်ချက်ပေးရအောင် မင်းက စက်ပြင်ဆရာလား မျိုးမြင့်မောင်ရ။ အဲဒီလို ဆရာကြီးလေသံကို သောက်မြင်အကပ်ဆုံးပဲ။ ငါနားလည်မှုလွဲတာကို ငါတောင်းပန်တယ်။ မင်းက အပေါ်စီးလေသံနဲ့။ ဘာမှကို မစဉ်းစားတော့ပဲ ပေါထိ ဓားကြည့် လုပ်နေတဲ့ မင်းစိတ်ထားကိုလဲ မင်းပြင်ဦး။ အကျိုးအကြောင်းဆက်စပ်မှု ဘာမှမရှိရင် ဘာမှကို ဖြစ်မလာဘူး။ ဆဲတဲ့လူတွေ ဆဲသွားကြတာလဲ သူတို့အလွန်ချည်း ဟုတ်မယ် မထင်ဘူး၊ မထိတထိပြောပုံဆိုပုံကိုက ဆဲချင်စရာကောင်းနေတာကိုး။

Anonymous said...

အေးကွာ...ဒါဆို ငါက မင်းကိုဆဲတယ်ထက်မြက်သူ...မင်းက ဘာကောင်တုန်းကွသောက်ရူး...။ အေးကွ..ငါသိတာကတော့ ကိုပေါတို့ ကိုမျိုးမြင့်မောင်တို့ဆိုတာ တော်ရုံလူ မလုပ်တဲ့ အလုပ်တွေ ဦးဆောင်ပြီးလုပ်နေကြတာကွ။ ငါဆိုလိုတာက မြန့်မာ့အရေး..။ ပြီးတော့ သူတို့အမြင်တွေဟာ ပုံသေသမားရိုးကျ အမြင်တွေ က နေဖေါက်ထွက်ထားတဲ့ အမြင်တွေ အများကြီးပါတယ် ။ ဒါတွေ မင်းနားလည်အောင် ကြိုးစားကွာ။ မင်းသိတာ သူတပါးကိုလိုက်ကလော် ဖို့ သက်သက်လောက်ပဲ ဖြစ်နေမှာ စိုးမိတယ်ကွ။ မတူရင် ...လို့ မင်းပြောခဲ့သလို မင်းကိုယ်တိုင် ဒီလိုဖြစ်နေပြီဆိုတာ ကော သတိထားမိသလား စောက်ရူးလေး...

Anonymous said...

ငါသိတာကတော့ ကိုပေါတို့ ကိုမျိုးမြင့်မောင်တို့ဆိုတာ တော်ရုံလူ မလုပ်တဲ့ အလုပ်တွေ ဦးဆောင်ပြီးလုပ်နေကြတာကွ။


who's care???

Anonymous said...

ငါသိတာကတော့ ကိုပေါတို့ ကိုမျိုးမြင့်မောင်တို့ဆိုတာ တော်ရုံလူ မလုပ်တဲ့ အလုပ်တွေ ဦးဆောင်ပြီးလုပ်နေကြတာကွ။

ဘယ်သူတွေက အသိမှတ်ပြုတာလဲ ဟင် သားသားမသိလို့ပါ

Unknown said...

အဟမ်း... well.. we got another plone plone.....
ဟို.. ရေစက်ချ တဲ့ ဖန်ခွက်တွေ နဲ့ပုံထဲက လူက .. ကြည့်ရတာ စုဖုရားလတ်တို့ ဘာတို့ ၀ိုင်းဝန်းစင်တင်ပေးထားတဲ့ သီပေါဘုရင်လိုလို... နအဖ ယန္တရား က မြောက်စားထားသော တယောက်ပြီး တစ်ယောက် ပြုတ်တဲ့ ၀န်ကြီးချုပ် တွေလိုလို.... (စိတ်ဆိုးရဘူး မြင်တဲ့အတိုင်း ပြောတာ.. ပါစင်နယ် အတက် ကြီး ဆိုရင် .. ဟုတ်တယ် လို့ ပြောဦးမှာ.. ဘာလို့လည်း ဆိုတော့.. သောက်ညင်ကတ်လို့... )

Anonymous said...

ချိတ်ချိုးဘူး..ချိတ်ချိုးဘူး... နာ့ကိုကျောရင်ချိတ်ချိုးဘူး
တိုပေါ..တိုကျောမှချိတ်ချိုးဒါ..
အဟီး))) တိုညိုးညင့်မောင်အစားဝင်ကျောဒါ.....
ချိတ်ချိုးရဘူးနော်....

ထက်မြက်သူ said...

နာမည်ကိုက ဗောက်ဖတ်တဲ့။ ကိုပေါပြောတဲ့ နအဖ သတင်းစာထဲက ကလောင်နာမည်လိုလို၊ ဘာဂလိုတိုတို။ ထက်မြက်သူ ကွန်မန့်စရေးကတည်းက အနော်ကတော့ ဆွေးနွေးတာပါ ခညာလို့လဲ လေသံကောင်းမပစ်ခဲ့ရပါဗျာ။ ဝေဖန်တာကိုက ချဉ်လာလို့ ဝေဖန်တာလို့ ပြောခဲ့တာလေ။ လူက ချဉ်လာပြီးကိုး။ ထက်မြက်သူကို သောက်မြင်ကပ်လို့ ဆဲတာကို နားလည်လို့ရတယ်။ ကျုပ်လဲ သောက်မြင်ကပ်တတ်တာပဲကိုး။
ဒါပေမယ့် ကိုယ့်လူကို ကိုယ်တင်တာ ကြည့်ကျက်လဲ ပြောပြီးတင်ပါမောင်ရင်ရာ။ မောင်ရင် တင်ပေးနေတာက ဟိုလူတွေကိုလေးစားစရာ မကောင်းလာတဲ့အပြင် လူရယ်စရာကြီးဖြစ်နေတယ်။ နေစမ်းပါဦး တော်ရုံလူ မလုပ်နိုင်တဲ့ မြန်မာ့အရေးဆိုတာ ဘာကြီးတုန်း။ အိမ်သာတွေဘာတွေ ဆေးတာတော့ ဟုတ်မယ် မထင်ဘူးနော။ တော်ရုံလူ မလုပ်နိုင်ဘူးဆိုတာက အတော်ခေါင်းစားတဲ့ မြှောက်ပင့်စကားလုံးပေပဲ။ ဖောက်ထွက်တယ်ဆိုတော့ ဒီလူတွေ စကားပြောရင် လက်ထဲမှာ ၀ါးချွန်ကိုင်ပြီးပြောတာများလား မသိဘူးနော်။ သြော...ဒါနဲ့၊ ပြန်ဆဲလို့ရသေးတယ်နော်။ မြန်မာစကားပုံတောင် ရှိတာပဲ အမိယုတ်တော့ နှုတ်ကြမ်းတဲ့။ စိတ်ထဲလဲ ထားမနေပါနဲ့ဗျာ။ ကျုပ်က အကောင်းပြောလာရင် ထထရိတတ်လွန်းလို့ပါ။ အဟက်ဟက်။

Anonymous said...

"ငါသိတာကတော့ ကိုပေါတို့ ကိုမျိုးမြင့်မောင်တို့ဆိုတာ တော်ရုံလူ မလုပ်တဲ့ အလုပ်တွေ ဦးဆောင်ပြီးလုပ်နေကြတာကွ။"

တော်ရုံလူ မလုပ်တဲ့ အလုပ်တွေ does it means good or bad???

just curious hehe

Anonymous said...

၁။ တော်ရုံလူ မလုပ်တဲ့ အလုပ်တွေ = စာအုပ်များစွာ
ကိုးကားခြင်း
၂။ တော်ရုံလူ မလုပ်တဲ့ အလုပ်တွေ = မှန်သည်မှားသည် မစဉ်းစားပဲ ငါ့စကားနွားရ ပြောတတ်ခြင်း

၃။တော်ရုံလူ မလုပ်တဲ့ အလုပ်တွေ =လွတ်လပ်ခြင်းနှင့်ရိုင်းစိုင်းခြင်းကို ယှဉ်တွဲလက်ခံခြင်း

Anonymous said...

ဖားခရု....ဖက်အော့....ဆန်း(စ)အော့သီဘစ်ချက်....မာတာဖက်ကာ(စ)....မျိုးမြင့်မောင် အန် ကိုပေါ။ အဟက်ဟက်ဟက်။

Anonymous said...

" ဟို.. ရေစက်ချ တဲ့ ဖန်ခွက်တွေ နဲ့ပုံထဲက လူက .. ကြည့်ရတာ စုဖုရားလတ်တို့ ဘာတို့ ၀ိုင်းဝန်းစင်တင်ပေးထားတဲ့ သီပေါဘုရင်လိုလို... နအဖ ယန္တရား က မြောက်စားထားသော တယောက်ပြီး တစ်ယောက် ပြုတ်တဲ့ ၀န်ကြီးချုပ် တွေလိုလို ...."

ဘီလူ့ ကို ကျောနေတာလဲ..ဟို..ဒေါင်းချူချူ နဲ့ လူကြီးလား..
မတိလို့ ဂျာ..အဟက်ဟက်ဟက်

မျိုးမြင့်မောင် said...

ထက်မြက်သူ

"ငါ့ကို ပြင်မရတဲ့လူ မဟုတ်ဘူး မှတ်ချက်ပေးရအောင် မင်းက စက်ပြင်ဆရာလား မျိုးမြင့်မောင်ရ။" လို့ မင်းက မေးတယ်။

မင်းမေးတာ ဖြေရရင် ငါက စက်ပြင်ဆရာ မဟုတ်ဘူး။ မဟုတ်လို့ အဲဒီလို မှတ်ချက်ပေးမိတာပေါ့။ ပေးပြီးမှ မင်းက ပြင်မရတဲ့လူ ဆိုတာသိတော့တယ်။ မင်းက ဉာဏ်မရှိပဲ ဆဲတာ တစ်ခုတည်း တတ်တယ်။ မင်းပြောသလို အမိယုတ်တော့ နှုတ်ကြမ်းပေါ့ကွာ။

မျိုးမြင့်မောင် said...

Anonymous

မင်းကိုတော့ သိပ်မပြောတော့ဘူး။ မင်းကတော့ ပုဆိုးခြုံထဲကပဲ လက်သီးပုံးပြရဲတဲ့ ငကြောက်ပဲ။

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs