“အမှန်တရားနှင့် ဆေးခါးတလက်”

Share |
“သားရေ...လာပါကွာ။ ချိုပါတယ်။ သောက်လိုက်နော်......တဇွန်းထဲပါ။ ဦးဦးဆရာဝန်ကြီးက ပြောတယ်မို့လား။ ဒီဆေးလေးကို သောက်လိုက်ရင် သားသားနေကောင်းသွားမှာ”

ကလေးကို ဆေးချော့တိုက်နေရသည့် အဖြစ်အပျက်တွေကို ကျနော်တို့ ပတ်ဝန်းကျင်မှာ အမြဲလိုလို မြင်တွေ့နေရသည်။ အသိဉာဏ်နုနယ်သေးသလို၊ အတွေးအခေါ် မရင့်ကျက်သေးသည့် ကလေးဘ၀ပေမို့ သကြားအုပ်ထားသော ဆေးချိုချိုကလေးကို တိုက်ကျွေးကြသည်။

သည်လိုနှင့် ကလေးငယ်သည် တဖြည်းဖြည်း ကြီးပြင်းလာပြီး အသိဉာဏ်လည်း ရင့်ကျက်လာသည်။ လူကြီးဘ၀သို့ ရောက်ရှိလာသည်။ ထိုအချိန်တွင် နေထိုင်မကောင်းပါက ခါးသက်သော ဆေးခါးကိုလည်း ရောဂါပျောက်ကင်းရေးအတွက် မိမိ ဆင်ခြင်ဉာဏ်ဖြင့် ဆင်ခြင်ကာ ကြိတ်မှိတ်မျိုချရသည့်အခါလည်း မျိုချရသည်။

လောကကြီးတွင် ရှိသမျှ ဆေးဝါးတိုင်းသည် သကြားအုပ်ထားသော ဆေးဝါးတွေချည်း ဖြစ်မနေနိုင်ချေရာ အရွယ်ရောက်သည့်တိုင် ဆေးခါးဆိုလျှင်မသောက်လို၊ သကြားအုပ်ထားသော ဆေးကိုသာ တောင့်တနေပါက ထိုသူသည် ဇီဇာကြောင်သူအဖြစ်တော့ အနည်းဆုံး သတ်မှတ်ခြင်း ခံရချေတော့မည်။

အချို့သော အမှန်တရားတို့သည်လည်း ခါးသက်ချေ၏။ ခါးသက်သောအမှန်တရားဖြစ်သဖြင့် မကြားဝံ့ မရင်ဆိုင်ဝံ့လျှင် ဆေးခါးကိုမသောက်လိုပဲ ကြေးများ (ဂျီးများ)သူကဲ့သို့ပင် စိတ်နုသူတယောက်၊ ဇီဇာကြောင်သူတယောက်၊ မရင့်ကျက်သူတယောက် အဖြစ်သို့ ရောက်ရှိနိုင်ပေသည်။

“ဂါရဝေါစ..... ရိုသေထိုက်သောသူကို ရိုသေခြင်း”

ရိုသေထိုက်သောသူကို ရိုသေခြင်းသည် ကောင်း၏။ သို့သော် လူကြီးသူမဟုဆိုကာ အသက်ကြီးသူတိုင်းကို ရိုသေရမည်မှာ အဓိပ္ပါယ်မရှိချေ။

ဗုဒ္ဓသည် ကပ္ပိလ၀တ်သို့ ပထမဦးဆုံး ကြွချီစဉ်က သာကီဝင်မင်းတို့သည် ဗုဒ္ဓကို အသက်ငယ်သူဟူ၍ အရိုအသေမပြုလိုကြ။ ထိုအခါ ဗုဒ္ဓက ကောင်းကင်သို့ ပျံတက်ကာ ရေမီး အစုံထွက်သော ယမိုက်ပြာဋိဟာကို ပြသမှ ရိုသေရကောင်းမှ သိကြသည်ဟူ၏။ (အချို့စာများ အဆိုအရ ဖခင်ဖြစ်သူ သုဒ္ဓေါဓနမင်းကြီးက စတင် ရှိခိုးမှ အားလုံး လိုက်လံ၍ ဦးခိုက်ကြသည် ဆို၏။)

ဖြစ်သင့်သည်မှာ အသက်အရွယ်သည် ပဓာနမဟုတ်။ အချို့သူများသည် ငယ်ရွယ်သော်လည်း ပညာဉာဏ်၊ သမာဓိ၊ သိက္ခာနှင့် ပြည့်စုံကာ အရိုအသေပေးရန် ထိုက်တန်၏။ ဥပမာ မဟောသဓ ကလေးသည် ငယ်ရွယ်သော်လည်း ပညာဉာဏ်ဖြင့် ပြည့်စုံသဖြင့် လူကြီးများကပင် အရိုအသေပြုရန် ထိုက်တန်သကဲ့သို့ပင်တည်း။

အချို့သူများသည်ကား အသက်ကြီးလျက် အချိန်မစီး။ ထိုသူများအား ရိုသေလေးစားခြင်း မပြလျှင် မပြသူ၏ အပြစ်ဆိုစရာမလို။

ကျွန်ုပ်အနေဖြင့် ကား၊ ရထား၊ ဘတ်စ်ကားပေါ်တွင် လူကြီးသူမ တက်လာပါက နေရာဖယ်ပေးခြင်းမှာ သူတို့၏ ဇရာအို ပျက်ယွင်းနေသော၊ အားနည်းတုန်ချိနေသော အနေအထားကို စာနာထောက်ထား၍ ဖယ်ပေးခြင်းသာ ဖြစ်သည်။ ရိုသေကိုင်းရှိုင်းသဖြင့် ဖယ်ပေးခြင်းမျိုးမဟုတ်။ သင်ဖယ်ပေးလိုက်သူ လူကြီးသည် သူခိုးဓားပြ၊ လူအန္ဓလည်း ဖြစ်နေနိုင်သည်။ ဤသည်ကို သင်က ရိုသေသည်ဆိုက သင်သည် လူ့အန္ဓကို အရိုအသေပေးသူတဦးအဖြစ် ရောက်မသွားပေလော။

နောက်တချက်က မောင်ကျည်ပွေ့ ဘလော့ဂ်တွင် တခါက ဖတ်ရသည်။ ကျွန်ုပ်အလွန် နှစ်သက်သည်။ မိဘစကားကို မြေ၀ယ်မကျနားထောင်ရမည်ဟု ဗုဒ္ဓကမဟော။ ဗုဒ္ဓကိုယ်တိုင်ပင် သူ့မိဘစကားကိုနားထောင်ပြီး တောမထွက်ပဲနေပါက သဗ္ဗုညုတဉာဏ်တော်ကို ရမည်မဟုတ်။ (စကြ၀တေးမင်းတော့ ဖြစ်မည်ဆိုသည်)။ မိဘစကားပင်ဖြစ်သော်ငြား မိမိ စဉ်းစားဉာဏ်ဖြင့် ချင့်ချိန်ယုံသင့်သည်။

မိဘကလည်း ငါ့စကားမှအမှန်။ ငါစကားနားမထောင်ချင်လျှင် အိမ်ကဆင်းသွား။ ထိုသို့ ပြုမူသင့်သည်မဟုတ်။ အကျိုးသင့်အကြောင်းသင့်ပြောပြပြီး သားသမီးကိုလည်း အကျိုးသင့်အကြောင်းသင့် ပြန်လည်ပြောဆိုခွင့် ပေးသင့်သည်။ အဘယ့်ကြောင့်ဆိုသော် မိဘလည်း လူပင်ဖြစ်သောကြောင့် မိဘလည်း မှားနိုင်သည်။

“ပုဂ္ဂိုလ်ခင်မှ တရားကို မင်မှာလား”

တခါက ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီး သင်္ကန်းရုံသည့်အခါ (အ၀န်းအ၀ိုင်းမညီ) အထာမကျဖြစ်နေသည်ကို ရှင်သာမဏေတပါးက မြင်၍ ထောက်ပြဝေဖန်ရာ အရေးတယူ နာယူ၍ ပြန်ပြင်ဆင်ဝတ်ကာ “ညီပါပြီလား ငါ့ရှင်”ဟု တလေးတစား မေးမြန်းဖော်ရ၏။

ဆိုလိုသည်မှာ မှန်ကန်သော၊ အကျိုးရှိသောစကားကို မည်သူ့ပါးစပ်က ထွက်သည်ဖြစ်စေ လက်ခံနာယူသင့်၏။ ကျော်စောတိက္ကမ ရှိသော ပုဂ္ဂိုလ်ကြီးက ပြောလျှင် ပြောသမျှ ယုံသည်။ သာမန်လူက ပြောလျှင် လက်မခံ။ ဤသည်မှာ ပုဂ္ဂိုလ်ခင်၍ တရားမင်ခြင်းဖြစ်ရာ တရားသဘောကို လက်ကိုင်မထားသဖြင့် တရားလက်လွတ်ဖြစ်ခြင်း မည်ပေသည်။

၎င်းသည် Celebrity Worship ခေါ် နာမည်ကြီးသူကို ကိုးကွယ်သူများဖြစ်သည်။ ထိုသူများသည် နာမည်ကြီးသူပြောသည့်အထဲ၌ အမှားပါလျှင်လည်း အများ၏ ကြဉ်ခြင်း၊ စိတ်ခုခြင်းကို ခံရမည်ကြောက်၍ ထောက်မပြ၀ံ့။ ခပ်မဆိတ်သာ နေကြကုန်၏။ နာမည်မကြီးသူ ပြောသည့်အထဲတွင် အမှားပါ ပါက တောကျီးကန်းများသို့ပင် ၀ိုင်းအာကြ ၀ိုင်းဆိတ်ကြကုန်၏။ ရေနစ်သူကို ၀ါးကူထိုးဖော် ရကြပေ၏။

“ဗိုလ်ချုပ်အောင်ဆန်းကိုပင် ကြဉ်မည့်လူများ”

အချို့လူများသည် ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းထဲမှာ ကြမ်းကြမ်းတမ်းတမ်းပြောသောအခါ “ဗိုလ်ချုပ်လိုလူက ပြောတာတော့ လက်ခံနိုင်စရာရှိသည်” ဟု ဆိုကြလေသည်။ သို့သော် ဗိုလ်ချုပ်လိုပင် သာမန်လူတဦးတယောက် အမှန်တရားကို သကြားမအုပ်ပဲ ဗြောင်ဖွင့်ပြောသောအခါ လက်မခံနိုင်ဖြစ်ကြပြန်လေသည်။ ထိုသူတို့သည် စိတ်ဓါတ်မရင့်ကျက်သူများသဖွယ် အမှန်တရားကို သကြားအုပ်ပြီး ခွံ့ကျွေးရန် မျှော်လင့်နေကြကုန်သည်။ သနားဖွယ်ကောင်းလေစွ။

သူတို့သတိမပြုမိသည်က ဗိုလ်ချုပ်အောင်ဆန်းသည် အောင်မြင်သော လူထုခေါင်းဆောင်ဘ၀သို့ရောက်လာမှ ဤသို့ပြောဆိုခြင်းမဟုတ်။ ဗိုလ်ချုပ်အောင်ဆန်းသည် ငယ်စဉ်ကပင် စိတ်ထဲရှိသည့်အတိုင်း ဟောဟောဒိုင်းဒိုင်း ပြောချတတ်သည့် အကျင့်ရှိသည်။ ပွင့်လင်းသည်။ သို့ဆိုလျှင် ငယ်စဉ်ကတည်းက ဤသို့ ကြမ်းကြမ်းပြောတတ်သည့်အလေ့ရှိရမည်။ ကြီးလာမှ၊ အောင်မြင်လာမှ ဖက်ရှင်လုပ်ပြီး ပြောခြင်းမဟုတ်နိုင်ဆိုသည်ကို အတိုင်းသားမြင်နိုင်ပေသည်။

ထိုသို့ဆိုလျှင် စောစောက ဗိုလ်ချုပ်လိုလူက ပြောတာကို လက်ခံနိုင်စရာရှိသည်ဟု ဆိုသူများသည် ဗိုလ်ချုပ်အောင်ဆန်းငယ်စဉ် အမျိုးသားခေါင်းဆောင်ဘ၀မရောက်ခင်အခါက ဆိုလျှင် (ယခုအခါ သာမန်ဟောဟောဒိုင်းဒိုင်း ကြမ်းကြမ်းတမ်းတမ်း ပြောတတ်သူများကို တဖက်သတ် ဝေဖန်သလိုပင်) အောင်ဆန်းကလေးအား ၀ိုင်းကြဉ်ကြမည်ပင်ဖြစ်သည်။ ၀ိုင်းဆိတ်ကြ၊ ၀ိုင်းအာကြမည်မှာ မုချပင်ဖြစ်သည်။ ဗိုလ်ချုပ်အကြောင်းဖတ်ကြည့်ရသောအခါ ဗိုလ်ချုပ်အောင်ဆန်းကို ထိုခေတ်ထိုအခါက အင်မတန် လူမုန်းများသည်ဟု ဖတ်ရသည်။ ဗိုလ်ချုပ်ကိုယ်တိုင်က သူ့မှာ ရန်သူတွေ ၀ိုင်းနေသည့်အဖြစ်ကို ဆာဟူးလ်ဘရန့်အား ၀မ်းနည်းကြေကွဲစွာ ပြောပြဘူးသည်ဆို၏။

အမှန်တော့ အထက်က ဆိုခဲ့သူများသည် လူတယောက်ကို ကြည်ညိုသည်ဆိုလျှင် ဘာအတွက် ကြည်ညိုကြောင်း သူတို့ဘာသာ ကွဲကွဲပြားပြားသိပုံမရ။ အများယောင်၍ လိုက်ယောင်သည့်နှယ် ရှိချေသည်။

ကျနော့်အနေနှင့်မူ ဗိုလ်ချုပ်အားလေးစားသည့်အချက်များအနက် ရှေ့ဆုံးက အချက်မှာ ရိုးသားခြင်း၊ ဟန်မဆောင်တတ်ခြင်းဖြစ်သည်။ ဉာဏ်ပညာထက်မြက်ခြင်း၊ သတ္တိရှိခြင်းနှင့် ပြည်သူလူထုအပေါ် စေတနာရှိခြင်းတို့မှာ နောက်ကလိုက်သည်။ အမြင့်ဆုံး လေးစားသည့်အချက်မှာ ရိုးသားပွင့်လင်းခြင်း၊ ဟန်မဆောင်တတ်ခြင်းဖြစ်သည်။

ဤရိုးသားပွင့်လင်းခြင်းသည်ပင် ဘုမသိဘမသိ အများယောင်၍ ဟန်ဆောင်ပန်ဆောင် ရောယောင်ညာဝါးကြကုန်သော ကြောင်သူတော် ဟန်ဆောင်အရေခြုံများနှင့် မိုးနှင့်မြေလွှာလို ကွာခြားနေပေသည်။

နောက်တချက်မှာ အမှန်တရားနှင့် အကျိုးစီးပွားကို ပေးလိုသော သတင်းစကားဖြစ်လျှင် ချိုသာသော စကားလုံးများနှင့်စီခြယ်ထားသည်ဖြစ်စေ၊ ကြမ်းတမ်းသော စကားလုံးများဖြင့် ရောပြွမ်းနေသည်ဖြစ်စေ ပေးချင်သော အချက်ကို ရအောင်ယူတတ်ဘို့ အရေးကြီးပေသည်။

ထို့အတူ သကာဖုံးလွှမ်းထားသော မုသားများ၊ မက်ဆေ့ခ်ျ (Message) အလွဲများကိုလည်း စစ်ယူတတ်ရန် အရေးကြီးပေသည်။

ဗိုလ်ချုပ်ကို အမှန်တကယ်လေးစားသည်ဆိုလျှင် ဗိုလ်ချုပ်တွင် ရှိသောအရည်အသွေးများကို အားကျစိတ်ဖြင့် မိမိထံသို့ ကူးယူနိုင်အောင် အနည်းဆုံး ကျင့်ကြံသင့်သည်။ သို့မှသာ အမှန်တကယ် လေးစားရာရောက်မည်။ သို့မဟုတ်လျှင် လျှာဖျားကလေးနဲ့ ဟန်ဆောင်ပန်ဆောင် လေးစားပြခြင်းသာ ဖြစ်ပေတော့မည်။

“အရေခြုံ”

လောကကြီးတွင် သူတော်စင် သူတော်ကောင်း အစစ်အမှန်များလည်း အမှန်ပင်ရှိ၏။

သူတော်ကောင်းအစစ်အမှန်များကို သာမန်လူတို့က ကြည်ညိုကြသည်။ လေးစားကြသည်။

ထို့ကြောင့် သူတော်ကောင်းဖြစ်လိုသူများ ဒုနဲ့ဒေး ဖြစ်လာသည်။

သို့သော် သူတော်ကောင်းဖြစ်ဘို့ လွယ်သည်မဟုတ်။ အင်မတန်ခက်ခဲသည်။ သို့နှင့်အချို့လူများ ဖြတ်လမ်းကလိုက်ကာ သူတော်ကောင်းဖြစ်ဖို့ကြံသည်။ အလွယ်ဆုံးနည်းလမ်းမှာ သူတော်ကောင်း အရေခြုံလိုက်ခြင်းပင်ဖြစ်သည်။

သူတော်ကောင်းအရေခြုံရာတွင် အသုံးအများဆုံးနည်းလမ်းအချို့မှာ...

(၁) ဘာသာရေးအရေခြုံခြင်း
(၂) လူမှုရေး အရေခြုံခြင်း
(၃) အမျိုးသားရေး အရေခြုံခြင်း
(၄) ဒီမိုကရေစီအရေး အရေခြုံခြင်း
(၅) ယဉ်ကျေးမှု အရေခြုံခြင်း တို့ဖြစ်သည်။

သူတော်ကောင်းအတုကို အစစ်ထင်၍ ယုံကြည်မိသူများမှာ ထိုသူ၏ သူတော်ကောင်းအရေခြုံကွာကျသွားသောအခါ အကြီးအကျယ် ခံစားကြရလေသည်။

ဤမှာပင် “ဘုရားမှတ်လို့ ကိုးကွယ်ပါတယ်၊ ဖွတ်ထွက်မှ တောင်ပို့မှန်းသိ” ဆိုသည့် စကားပုံလည်း ပေါ်လာခြင်းဖြစ်သည်။

သူတော်ကောင်းအတုနှင့်အစစ်မှာ ခွဲခြားလိုပါက အောက်ပါအချက်ဖြင့်လည်း ခွဲခြားနိုင်သည်။

သူတော်ကောင်းအစစ်သည် သူယုံကြည်ရာအရေးကိစ္စရပ်တခုကို ဆောင်ရွက်ကျင့်ကြံပြုမူရာတွင် သူ၏ စည်းမျဉ်းစည်းကမ်း ( Principle ) မှ တဆံခြည်မျှ မသွေဖီဘဲ မြဲမြဲမြံမြံ ပြုမူတတ်သည်။

သူတော်ကောင်းအတုသည်ကား သူအရေခြုံထားသော အရေးကိစ္စတခုကို ဆောင်ရွက်ပြုမူကျင့်ကြံရာ၍ အစဉ်တစိုက်မရှိတတ်။ လစ်ရင်လစ်သလို စည်းမျဉ်းစည်းကမ်းမှ ဖဲခွာသွားတတ်၏။ ဖောက်ဖျက်တတ်၏။

ဥပမာဖြင့် ထင်လင်းအောင် ပြရလျှင် သူတော်ကောင်းသည် ငါးပါးသီလကို စောင့်ထိန်းသည်ဆိုလျှင် မကြောင်မကျား မကျိုးမပေါက်ရအောင် ထိန်းသိမ်းသည်။ သူတော်ကောင်းယောင်ဆောင်သူနှင့် သာမန်လူများသည်ကား ရံဖန်ရံခါ ချိုးဖောက်တတ်ကြသည့် ဥပမာကဲ့သို့တည်း။

ပူးတွဲဖတ်ရန်....

အခါးကိုသကာအုပ်ရင်ဖြင့်

46 comments:

Anonymous said...

ပါလေရာမောင်ပေါသို့
မရိုင်းပါဘူးလို့ ယူဆတဲ့ အို အသင် ကိုလေပေါ။ သင်၏ သမီးအတွက် အကျွနုပ် လက်ဆောင်ပေးပါအံ့။

သမီးလေးအတွက် သီချင်းလက်ဆောင်

ကိုပေါသမီး ~~~~ အမှန်လေးပါတဲ့~~~ အမှေးလန်နေပြီ~~~ သူ့ကိုယ်သူ အမှန်လေးပါတဲ့~~~ အမှေးလန်နေပြီ~~~ အမှန်လေးပါပဲ~~~ အခုတော့ အမှေးလန်နေပြီ´ (သီချင်းထဲက စာသားတချို့ပါ) ကိုပေါ သမီးလေးဆိုဖို့..။
ဒါက နောက်တပုဒ်ပေါ့ သမီးလေးအပျင်းပြေဆိုပေါ့။ ဦးဦးက နီးရင် အိမ်လည်ခေါ်မုန့်ကျွေးပီး သင်ပေးချင်သေးတာ။
အချိန်မတော်ညထဲ အိမ်ပေါ်ကပဲ ~~~ ( ငါ)သမီးလေး ဆင်းလာခဲ့~~~
လက်ထဲမှာလဲ~~~ တပြားမပါ အဲဒါ ဖာဖြစ်တာပဲ~~~
အချိန်မတော်ညထဲ ~~~ အိမ်ပေါ်ကပဲ (ငါ) သမိးကလေး ဆင်းလာခဲ့~~~
ဂျောက်ဂျက်တကောင်လဲ~~~ နေစရာမရှိ အဲဒါ ~~~ ဖာဖြစ်တာပဲ …..

ဒါတွေက မြန်မာပြည် နေရာအနှံမှာပျံ့နေတဲ့သီချင်းလေးတွေပါ။ ကလေးတွေပါးစပ်ထဲစွဲနေတာ။ ကိုပေါ ကျေနပ်လိမ့်မယ်ထင်ပါရဲ့။
ကန်တော့ပါရဲ့ တခြားသောစာဖတ်သူများ။ ကိုပေါအတွက်သီးသန့်မို့ မျက်စိမှိတ်ထားပေးကြပါလို့တောင်းပန်ပါတယ်။

Anonymous said...

Hello Singaporian Mr. Paw,
Your post is so brilliant but it is just a mess.
Are you Myanmar?
Are you Buddhist?
Have u studied Law Ka Ni Ti?
Oh my god. I'm afraid my daughter and other teenagers read you post.
I am so shy for our RIT because of you.

mg kyi poae said...

ကိုပေါခင်ဗျား ကျွန်တော်လေးစားစွာနဲ့စကားနဲနဲပြောချင် ပါတယ်။ ကိုပေါနဲ့ကျွန်တော်ဟာ လူချင်းမသိကြပေမယ့် စာတွေဖတ်ရင်း စိတ်ထဲကရင်းနှီးမှုရှိနေပါတယ်။ နိုင်ငံရေး နဲ့ပတ်သက်ပြီး ကိုပေါရဲ့ခံယူချက်တွေ လုပ်ဆောင်ခဲ့/ဆဲလုပ်ရပ်တွေကိုလည်း လေးစားပါတယ်။ အခုတလော အကြိတ်အနယ်ဆွေးနွေးငြင်းခုန်နေကြတာ နဲ့ပတ်သက်ပြီး ကျွန်တော့်အမြင်ကိုပြောရရင် ကျွန်တော်လည်း ကိုစေးထူးလိုပဲ သဘောရ ပါတယ်။ ကိုပေါနဲ့တော့ အမြင်မတူဘူးပေါ့လေ။ သို့သော်လည်း အဲဒါက သိပ်ကြီးမားတဲ့ပြဿနာလို့တော့ မထင်ပါဘူးခင် ဗျာ။ အချိန်က ဆုံးဖြတ်ပေးသွားလိမ့်မယ်လို့ပဲ ယုံကြည်ပါ တယ်။ ကိုပေါအနေနဲ့ ကိုးကားပြတဲ့အကြောင်းအရာ တွေ ကခိုင်မာပါတယ်။ ကျွန်တော်လည်း လက်ခံပါတယ်။ သို့သော်လည်း ဒီဘာမဟုတ်တဲ့ သီချင်းကိစ္စမှာ ဖြစ်နေတော့ ကျွန်တော့်အမြင်က မတန်ဘူးလို့မြင်ပါတယ်။ နောက်ပြီး အဲဒီသီချင်းတွေကို ကိုပေါလည်း နားမထောင်ဖူးဘူးလို့ထင်ပါတယ်။ ကျွန်တော့်သဘောအရဆိုရင် ကိုပေါနေရာမှာ တခြားလူတစ်ယောက်က အဲဒီလိုအပြန်အလှန်ဆွေးနွေး ကြတာကို လက်ခံနိုင်ပါတယ်။ ကိုပေါလို လူမျိုးကြတော့ အဲဒီလိုဆွေးနွေးမိလို့ ရလာတဲ့ရလဒ်တွေက ကိုပေါလုပ်နေတဲ့ နိုင်ငံရေးနဲ့ပတ်သက်တာတွေကို ထိခိုက်လာနိုင်တယ်လို့ ထင်ပါတယ်။ ဒါကြောင့် မတန်ဘူးလို့ ဆိုချင်တာပါခင်ဗျာ။ တကယ်လို့ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ကိုပေါအနေနဲ့ စည်းရုံးဖို့လိုလာတဲ့အခါမှာ အနှောင့်အယှက်မဖြစ်လာနိုင်ဘူးလားခင်ဗျာ(လူတော်တော်များများက ဒီကိစ္စမှာ အမြင်ချင်းမတူကြတဲ့အပြင် ကိုပေါကိုတောင် အစွန်းရောက်သွားပြီလို့မြင်သွားသလားလို့ပါ) နောက်တခုသတိထားမိတာက ကျွန်တော်တို့သာ အချင်း ချင်း ငြင်းခုန်နေကြတာပါ ။ ဟိုသတ္တ၀ါတွေ တခွန်းမှ ၀င်မပြောကြသေးဘူး။ ပြုံးပြုံးကြီးလက်ပိုက်ကြည့်နေကြတယ်လို့ထင်ပါတယ်။ နောက်ထပ် ဒီမိုသမားတွေဟာ နဲနဲဖြစ်ရင်ဘယ်လိုဘယ်ညာနဲ့ ပြောလာနိုင်ပါသေးတယ်။ ဒါကြောင့်မို့ မတန်ဘူးလို့ထင်ပါတယ်ခင်ဗျာ။ ကိုပေါအနေနဲ့ ဒီကိစ္စတွေကို နဲနဲထည့်စဉ်းစားပေးပါခင်ဗျာ။ ကျွန်တော်သဘောက တော့ ဘာမဟုတ်တဲ့ သာမည ကိစ္စတွေကြောင့် အဓိက ကျတဲ့ နိုင်ငံရေးကိစ္စတွေမှာ လာပြီးထိခိုက်တာမျိုး မဖြစ်စေချင်လို့ပါ။ ဒီစာကိုလည်း အီးမေးလ်နဲ့ ပို့ချင်ပေမဲ့ လိပ်စာမသိလို့ ကွန်မန့်မှာ ရေးခဲ့ရပါတယ်။ ကျွန်တော်က ညီအကိုချင်း ထင်မြင်ချက်ပေးတဲ့အနေနဲ့ ရေးလိုက်ပါတယ်။ ဆရာလုပ်တယ်လို့မထင်ပါနဲ့ခင်ဗျာ။ အခြားအခြားသော ညီအကိုများ အထူးသဖြင့် ကိုပေါနဲ့ အမြင်မတူတဲ့ညီအကိုများကိုလည်း မေတ္တာရပ်ခံချင်တာ က ကိုယ်ရေးကိုယ်တာမိသားစုတွေကို ဆွဲထည့်ပြီးပြောတာထက် အကျိုးသင့်အကြောင်းသင့် ပြောဆိုဆွေးနွေးရင် ပိုကောင်းပါမယ်ခင်ဗျာ။ နှစ်ဦးနှစ်ဖက်လည်း အမုန်းမပွါးတော့ဘူးပေါ့ခင်ဗျာ။ ကျွန်တော့်ကိုလည်းဆရာလုပ်တယ်လို့မထင်စေချင်ပါဘူး။ သိပ်အရေးမပါတဲ့ကိစ္စမှာ သဘောကွဲလွဲနေမဲ့အစား အဓိကကိစ္စဖြစ်တဲ့ နိုင်ငံ့အရေးကို ၀ိုင်းဝန်းဆောင်ရွက်ဖို့ ကိုပဲ အလေးထားတောင်ပန်ပါတယ်ခင်ဗျာ

Anonymous said...

လုပ်ပါစေ ... ပါလေရာ မောင်ပေါက ... အားယားနေလို့ပါ ... သူ့မှာ သူများကိုမှ ဆရာ မလုပ်ရရင် စားမ၀င် အိပ်မပျော် ဘော်ဒီကျ သွားမှာစိုးလို့ ...
မောင်ပေါရေ ... ကိုယ့်ကိုယ်ကိုယ် သိသင့်နေပြီနော် ... ။ ရှက်တတ်ရင် လဲသေသင့်နေပြီ။

မျိုးမြင့်မောင် said...

ဟေး….. blogreader ကွ…
ဒါမှ ယဉ်ကျေးတဲ့ ဒို့မြန်မာကွ။

Anonymous said...

Ko paw , Ko paw, Ko paw,
You are definitely identical to your name. Hee hee...

Anonymous said...

အမှန်တရားနှင့် အကျိုးစီးပွားကို ပေးလိုသော သတင်းစကားဖြစ်လျှင် ချိုသာသော စကားလုံးများနှင့်စီခြယ်ထားသည်ဖြစ်စေ၊ ကြမ်းတမ်းသော စကားလုံးများဖြင့် ရောပြွမ်းနေသည်ဖြစ်စေ ပေးချင်သော အချက်ကို ရအောင်ယူတတ်ဘို့ အရေးကြီးပေသည်။
To All Annoying Anonymous, why can't you guys comment/discuss in constructive way? Be gentlemen! What the F_ _ K!

Anonymous said...

ကျနော်လိုက်ဖတ်သလောက် ကိုပေါပြောချင်တာက Violation In Public (VIP) Sample အခွေထဲက သီချင်းတွေ ရိုင်းသည်ဖြစ်စေ ယဉ်သည်ဖြစ်စေ၊ freedom of expression ပါ။
နာမည်ကျော်ဇောသူက ဖြစ်စေ သူတောင်းစားကဖြစ်စေ မှန်တာကိုပြောနေရင် ထည့်သွင်းစဉ်းစားသင့်တယ်လို့ ပြောနေတယ်လို့ ခံယူပါတယ်။ ကိုယ်တိုင် လက်ခံတာ လက်မခံတာကတော့ တစ်ပိုင်းပေါ့။ ဒါကို အမြင်မတူသူများက အချက်အလက်ကျကျ ပြန်လည်ပြောဆိုရင်တော့ အားလုံးအတွက် အကျိုးရှိမှာပါ။ အခုတော့ ငါနဲ့ အမြင်မတူသူ လိုက်ဖဲ့မယ်ဟဲ့ဆိုပြီး မဆီမဆိုင် ကိုယ်ရေးကိုယ်တာတွေ ဆွဲထည့်ပြီးလိုက်ပြောနေတာတော့ အတော့်ကို ရုပ်ပျက်ပါတယ်။

ကိုပေါရဲ့ ကိုယ်ယုံကြည်ရာကို ဘာကြောင့်ယုံကြည်တယ်ဆိုတာကို ချက်ကျလက်ကျပြောတာရယ်၊ ကိုယ်နဲ့ အမြင်မတူသူကို မဆိုင်တဲ့ ကိုယ်ရေးကိုယ်တာတွေနဲ့ မတိုက်ခိုက်တာရယ်၊ ဘယ်လိုဖြစ်ဖြစ်ကိုယ့် ယုံကြည်ချက်ကနေ မသွေဖယ်တာတွေရယ်ကို အရမ်းလေးစားပါတယ်။

Anonymous said...

Thank you, gulu for the comment:
ကိုပေါရဲ့ ကိုယ်ယုံကြည်ရာကို ဘာကြောင့်ယုံကြည်တယ်ဆိုတာကို ချက်ကျလက်ကျပြောတာရယ်၊ ကိုယ်နဲ့ အမြင်မတူသူကို မဆိုင်တဲ့ ကိုယ်ရေးကိုယ်တာတွေနဲ့ မတိုက်ခိုက်တာရယ်၊ ဘယ်လိုဖြစ်ဖြစ်ကိုယ့် ယုံကြည်ချက်ကနေ မသွေဖယ်တာတွေရယ်ကို အရမ်းလေးစားပါတယ်။
All Annoying Anonymous should honor the way Ko Paw approaches if you guys also want to be respected! Mutual respects should prevail.

မျိုးမြင့်မောင် said...

Hi CMA and gulu,

I'm really very glad to read your comments. You got the point Ko Paw wanted to state. As Voltaire said: "I may not agree with what you say but I'll fight to the death to defend your right to say it." It's the freedom of exrpession Ko Paw wanted to defend.

What democracy needs is "tolerence", not "repression" or "censorship". As long as one's expressions and beliefs don't do harm to others' liberty or safety, all of us must tolerate them. Whether we agree with those expressions or beliefs is up to each and every one of us to decide.

What is right and just should be reasoned out with obejectivity. It's not something to be spoon-fed in accordance with tradition.

Anonymous said...

Thank you kindly in deed, Ko Myo Myint Maung. I hate those nonsense personal attacks because those attackers don't have guts or wits to reason gentlemanly.

Anonymous said...

everybody,
plz go to www.klosayhtoo.blogspot.com.

then read , comment in there what Ko Paw said.

Anonymous said...

blogreader
ဒီလို အောက်တန်းကျတဲ့ စာသားတွေကို မိကောင်းဖခင် သားသမီးဆို ဒီလိုနေရာမှာ ဒီလို စာသားမရေးသင့်ပါဘူး.

Anonymous said...

ဒီဘလော့ရဲ့ ပရိသတ်တွေ မဖတ်ဖြစ်ကြမှာစိုးလို့ မစ်ဇိမကနေ ကော်ပီကူးယူလာပေးလိုက်ပါတယ်။
လှဒါနီရဲ့ ဆောင်းပါး။
==============================
''ခင်ခင်ရဲ့ မာလာပန်းလွှာမှာ၊ ရွှေတံချူနဲ့ ချူပုံဆန်းတာ၊ ပျို့အသည်းကျွမ်းလောက်စရာ၊ မောင့်မေတ္တာရေဖျန်းတာ''

ကိုယ်ပိုင်မေတ္တာ (၁၉၃၉)

ဒေါ်မေရှင်နှယ့်ရှင်၊ နားရှက်စရာ ဒီလိုသီချင်းတွေ ဘယ့်နှယ့်ကြောင့်များ ဆိုသွားတာပါလိမ့်။ ဒါနဲ့များ သူ့ကို ဣနြေ္ဒရှင်လေးဘာလေးနဲ့ ၀ိုင်းချီးမွမ်းနေကြတဲ့ လူတွေများ ခက်ပါဘိ။

ဟဲဟဲ့  အဲဒီလိုများ ဆိုလိုက်ရင် ဟဟ... ဒီမိန်းမက တော်တော်ကို လျှာသရမ်းပါလား။ အုတ်ဂူထဲက အနုပညာရှင်ကြီးကိုတောင်မှ သွားပုပ်လေလွင့် ပြောနေတယ်လို့ အောက်မေ့ကြပါလိမ့်မယ်။ မဟုတ်ပါဘူးရှင်။ အကြောင်းက ဒီလိုပါ။ မေရှင်နဲ့ ပြည်လှဖေကြီးတို့ ဆိုကြတဲ့ ဂန္ထ၀င်အချစ်သီချင်း 'ချစ်ဗျူဟာ' ကို ညစ်ညမ်းတယ်လို့ ဆိုနေကြလို့ပါ။

မြန်မာပြည်က ဂျာနယ်လစ်တွေက ဟစ်ဟော့အဆိုတော် ဂျောက်ဂျက်ရဲ့ သီချင်းတွေကို ညစ်ညမ်းတယ်ဆိုပြီး ဝေဖန်မိလို့တဲ့ရှင့်။ အဲဒါကို အနောက်ကျွန်းကြီးမှာ ပညာတော်သင်နေတဲ့ တော်လှန်ရေးသမား သတင်းစာဆရာကြီးက ကလေးတွေကို လွတ်လပ်ခွင့်ပေးကြပါ၊ ဒါ ဒီမိုကရေစီပဲ၊ ဒါမျိုးမကြိုက်ရင် ဖဲမွေ့ယာသီချင်းတွေ နားထောင် ဆိုလို့ပါ။ရိုင်းလို့ ရိုင်းတယ် ပြောမိတာပဲရှင်။ ကျမတို့ကို ရှေးရိုးစွဲ၊ အာဏာရှင်နောက်မြီးဆွဲ၊ အန်တီ (anti-) ဒီမိုခွတုပ်၊ ဗုဒ္ဓမျိုးချစ် (Buddhist Nationalist) ဘွဲ့တွေကို စုံနေတာပဲ နှင်းလိုက်ကြတာ။

ပြောလို့ပြောတာ မဟုတ်ဘူးရှင့်။ ကျမတို့ တော်လှန်ရေးသမားကြီးတွေက သိပ်ချစ်စရာကောင်းတာ။ ဇတ်ဇတ်ကြဲတွေ။ မထင်ရင် မထင်သလို စကားလုံးကြီးတွေနဲ့ လူတွေကို အသေဆော်တော့တာ။

မြင်မြင်ရာကို သူတို့သိတဲ့ နိုင်ငံရေးပုံစံခွက်ကြီးထဲ ထည့်ဖျော်တော့တာပဲ။ ပုံးရည်ကြီးမစ်ရှိတ်ပေါ့ရှင်။ ချော့ကလက်နဲ့ ကာလာမတူဘူးလား။
(၂)

ကျမလား? ။ ဘာမော်ကွန်းဝင်မှ မဟုတ်ရပေါင်ရှင်။ ဗမာဘုရင်ခေတ်ကတည်းက ခုထက်ထိ ကောင်းစား၊ အဲလေ ဟုတ်ပါဘူး။ နာမည်တလုံးနဲ့နေတဲ့ မျက်နှာကြီးမျိုးရိုးထဲကပေါ့။ ကျမတို့ ဦးလေးဦးကြီးတွေထဲမှာ အနီးနေ အဝေးရောက် သူပုန်သူကန်တွေလည်းပါ၊ ၀န်ကြီးမှူးကြီး၊ တံတိုင်းကြီးတွေလည်း ပေါသပ။ ကျမကတော့ အားလုံးကို အမျိုးလိုပဲ အောက်မေ့ပါတယ်။ ရတဲ့ဘက်က လှည့်အခွင့်အရေးယူ... ဟုတ်သေးဘူး။ ဒီလိုပဲ နားလည် သည်းခံရတာပေါ့ရှင့်။ ဆွေဆွေမျိုးမျိုးဆိုတာ ပြတ်စကောင်းတာမှ မဟုတ်ဘဲ။

ကျမတို့လည်း တိုင်းပြည်ချစ်တတ်တာပေါ့ ရှင့်။ ဒေါ်လာ မစားဘဲ ချစ်ပြစမ်းပရစေလား။ တကယ်ပါ အဟုတ်ဘုရားရှူး။

တိုင်းပြည်အတွက်လည်း နိုင်သလောက်လုပ်ပါတယ်ရှင်။ မနိုင်တော့လည်း ချထားလိုက်တာပေါ့။ ဟုတ်ဘူးလား။ အပြင်ကနေ အာပြဲ လျှာပြဲနဲ့ အော်နေတဲ့ ကိုယ်တော်မြတ်တွေကော ဘာများအားကိုးရလို့တုံး။ အနှစ် ၂၀ကျော်မှတော့ မောင်ဘုန်းတို့ ကို သဇင်ဂမုန်းက မမျှော်တော့ပါဘူးရှင်။

သူများတွေလိုလည်း ကမ္ဘာလှည့် တင်တင်စိန် မလုပ်ဖူးပါဘူး။ ယေးလ်နဲ့ ထားဝယ် သွားဖို့ ဝေး၊ ကားမစီးနိုင်လို့် မန်းရွှေမြို့ကြီးကိုတောင် မရောက်တာ ကြာပြီရော။ ဒီတော့ ကျမ သိတဲ့ ဖြုတ်ဦးနှောက်လေးနဲ့ပဲ အစီရင်ခံပါရစေ။
(၃)

ကျမတို့သိတဲ့ သတင်းစာ၊ ဂျာနယ်ဆိုတာ ပြည်ကြီးပုခုံး၊ ပြည်ကြီးမျက်လုံးဆိုတဲ့ လူထုဦးစိန်ဝင်း ပြောတာမျိုးလို့ပဲ အောက်မေ့တာပါ။ တိုင်းပြည်မှာ မတော်မတဲ့တာတွေ့ရင် ပဲ့ပြင်ဝေဖန်ပေးဖို့ မဟုတ်ဘူးလားရှင့်။

ဒီတော့ လူတွေပြောနေကြတဲ့ Biweekly ထဲက ဆောင်းပါးဆိုတာ ရှာဖတ်ကြည့်ပါတယ်။ သူတို့ကတော့ နားရှက်စရာ ဖရုဿဝါစာတွေကို သီချင်းလုပ်ဆိုနေတဲ့အတွက် လူ့အသိုင်းအ၀ိုင်းမှာ ဘယ်လိုဆိုးကျိုးတွေ ရှိတယ်ဆိုတာ၊ ဒီလို သီချင်းတွေကို သီဆိုရောင်းချထွက်ဆိုတဲ့ သူတွေကို ဘယ်လိုဥပဒေနဲ့ အရေးယူလို့ရတယ်ဆိုတာ ရေးထားတာပါပဲ။

အာဏာပိုင်နဲ့ အဆိုတော်လေးတွေကို ဘာမှ လှည့်တိုက်ပေးတာမျိုးတွေကို မတွေ့မိပေါင်ရှင်။ ဒါပေသိ ဥပဒေ ဥပဒက်စကားတွေ တွေ့ရတော့ ယားကျိကျိတော့ နိုင်သပေါ့။ ဖြစ်ကတတ်ဆန်း တိုင်းပြည်ကြီးမှာ ဥပဒေကို မျှော့ကြိုးလို လိုရာဆွဲပြီး တစ်တီတူး တရားရှင်ကြီးတွေက စစ်မှာလောက်တော့ မြန်မာတွေက ရီတာပေါ့ရှင်။
(၄)

ရေးသင့်တာက ဒီလိုသီချင်းမျိုးကို ကလေးတွေကြားအောင် မဖွင့်ကြနဲ့။ အလှူမင်္ဂလာဆောင်မှာ အော်လံနဲ့ မလွှင့်နဲ့။ နားကျပ်နဲ့ နားထောင်ကြပေါ့။ ဘကြီးနုခေတ်က အမဲသားကို တိုးတိုးသား ခေါ်သလို တိုးတိုးသီချင်းပေါ့။ အခုခေတ် နိုင်ငံရေးသီချင်း နားထောင်သလို၊ ဟုတ်လား။

ဒီလို ဂျာနယ်ထဲထုတ်ရေးရတယ်ဆိုကတည်းက တော်တော့ကို ခွေးလှေးပျားတော ပျံ့နေလွန်းလို့ နေမှာပါ။ အစိုးရကိုယ်နှိုက်က သိသိကြီးနဲ့ လူတွေကို ကာမလမ်းလွှဲလုပ်ပေးထားတယ်လို့ မြင်တယ်ရှင့်။ ကလေးလေးတွေ ပညာရစေဖို့ အမိအဖရဲ့ ပုံသွင်ပေါ့ရှင်။ ဗိုလ်ချုပ်ကြီးများရဲ့ ရွှေမေတ္တာ။

စစ်ဗိုလ်တွေက တိုင်းပြည်ကို ဒီလို ဖျက်နေကြတာကို အပြင်က ဒီမိုကရေစီ ကြက်ဖကြီးများကလည်း လွတ်လပ်စွာ ဖော်ပြခွင့်တွေ၊ ပိတ်ပင်မှု အလိုမရှိတွေနဲ့ မီးလောင်ရာ gas အိုးဖွင့်လုပ်နေကြသေး။ မေးစမ်းပါရစေ၊ စကားမစပ်။ ရှင်တို့ အမေဒိကန်ပြည်၊ ဘိလပ်ပြည်တွေမှာကော လုံးဝဥဿုံ လွတ်လပ်ခွင့်ရှိတယ်လို့ အာမခံသလားတော့။ ရှင်တို့တိုင်းပြည်မှာ ကွန်မြူနစ်အကြောင်း၊ ဖက်ဆစ်ကောင်းကြောင်း မီဒီယာတွေမှာ ထည့်ရဲလို့လား။ အရင်းရှင်ကြီးတွေနဲ့ ပြည်သူ့လွတ်လပ်ခွင့် သမားတွေအကြား လွန်ခဲ့တဲ့ နှစ် ၄၀ မာတင်လူသာကင်းတို့ခေတ်ထိ ဘယ်လိုတိုက်ပွဲဝင်ခဲ့ရတယ်ဆိုတာ မေ့မပစ်လိုက်ကြပါနဲ့အုံး။

လွတ်လပ်စွာ ကွဲလွဲခွင့်ကို ယုံကြည်ပေမယ့် လွတ်လပ်စွာ ဖော်ထုတ်ခွင့်ဆိုပြီး လမ်းပေါ် ချွတ်သွားနေရင် မခက်ဘူးလား။ အကြွင်းမဲ့ လွတ်လပ်မှုဆိုတာ ဘယ်တိုင်းပြည်မှ မရှိပါဘူး။

ဒီလိုပဲ သူတို့တိုင်းပြည်တွေမှာ ရိုးရာယဉ်ကျေးမှု အထိန်းအကွပ်တွေ ခေတ်ပြောင်းလာတာနဲ့အမျှ ဘယ်လိုပြောင်းလဲ ပျက်စီးကုန်တယ်ဆိုတာ ရောက်ဖူးပေါက်ဖူးတဲ့ ဗမာတွေ ဟိုရှေးကတည်းက ရေးခဲ့ပြီးသားပဲ။

ကျမတို့ အမျိုးသားတိုင်းပြည်ကြီးမှာ အခုမှ လှည်းခေတ်လှေခေတ်၊ သက်ဦးဆံပိုင်ခေတ်ပါရှင်။ နေပြည်တော်မှာ ရာဇဌာနီလမ်းမကြီးနဲ့ ဆိုသဟာမျိုးပေါ့်။ ဒီမိုကရေစီတို့၊ လူ့အခွင့်အရေးတို့ဆိုတာ ရေဒီယိုထဲမှာသာ ရှိတာပါ။ ဆေးစာရှိရာ ဖတ်ပါလေ။ ရောဂါပျောက်နိုးနိုးဆိုတာမျိုး မင်းလောင်း မျှော်တာနဲ့ပဲ မိုးကြီးချုပ်လှပါပြီ။ ဒီလို ခေတ်နောက်ကျတဲ့ တိုင်းပြည်ကို အနောက်ဖော်နည်းကားတွေနဲ့  အတင်းဇိကုပ်ပြီးနတ်ပြည်ပို့ ဖို့ ကြံနေကြတာ မခက်ဘူးလား။

တတိုင်းပြည်လုံး အဘက်ဘက်က ဆုတ်ယုတ်တဲ့အချိန်မှာ ပညာရေးနဲ့ ကိုယ်ကျင့်တရားဆိုတာကကော ဘာများ စွမ်းလို့လဲ။ အရင်ဆုံး ကျဆုံးတာပေါ့။ အနာဂတ်လမ်းပိတ်ပြီး ထွက်ပေါက်မဲ့နေတဲ့ ကလေးတွေရဲ့ အစာမကြေတာဟူသရွေ့ ကို ဂီတမှာ လာပေါက်ကွဲ၊ အများပြည်သူ အကြားမတော်တဲ့ သီချင်းတွေက ကလေးပေါက်စနတွေ ပါးစပ်ထဲရောက်။ ဒါတွေကိုသာ ဆက်ပြီး သာယာနေရင်၊ လျစ်လျှူရှုထားရင် မြန်မာပြည်နဲ့ လူမျိုးဆိုတာ အလေ့ကျပေါက်ပန်းတွေလိုပဲ ထင်ရာစိုင်းတွေ ဖြစ်ကုန်မှာပေါ့။ အရည်အသွေးရှိတဲ့ ကျောက်ရိုင်းလေးတွေလည်း ဂဲလုံးဖြစ်ကုန်မပေါ့။

ကျမလို ကလေးအမေ အအိုတောင်မှ နားမုဒိမ်းကျင့်ခံနေရတာ၊ အပျိုရွယ်လေးတွေဆို ဘယ့်နှယ့် လုပ်ပ။ ရှင်တို့ လို ရှစ်စပ်က ဂျင်ဂျင်လည်နေတဲ့ ယောင်္ကျားကြီးနားနဲ့  ပဲ အရာရာကို မကြည့်နဲ့ ရှင့်။ သတင်းသမားဆိုတာ ဘက်စုံဒေါင့်စုံအောင် မြင်တတ်မှပေါ့။

သခင်ကိုယ်တော်မှိုင်း ကစလို့ ခေတ်အဆက်ဆက် မြန်မာဂျာနယ်လစ်တွေဟာ မကောင်းရင်ဖယ်၊ ကောင်းရင်တွယ် ဆိုတဲ့ မူနဲ့ပဲ တိုင်းပြည်အတွက် ပေးဆပ်သွားကြလို့ တိုင်းပြည်ပြု ပုဂ္ဂိုလ်စာရင်းဝင်ကြတာပေါ့။ ရှင်တို့လိုသာ နားမထောင်ချင်ရင် ပိတ်ထားပေါ့ဆိုတဲ့ စိတ်မျိုးနဲ့သာဆိုရင် မြန်မာပြည်ဟာ ဗိုလ်ချုပ်ပြောတဲ့ တိုင်းပြည်ကြီး ဟို အရင် အနှစ်ငါးဆယ်တုန်းကတည်းက ဖြစ်နေမှာပေါ့။ ဒီသီချင်းတွေ နားထောင်ရင်း သွားလေသူ မေမေမာကြီး(လူထုဒေါ်အမာ) ကို အောက်မေ့လိုက်တာ။ သူ ရှိစေချင်စမ်းပါဘိ။ ရှင်တို့သီချင်းတွေများကြားရင် ဒေါ်အမာတောင် သေရွာက ပြန်ထလာလောက်ပါရဲ့။
(၅)

ကျမတို့ကို အမြင်ကျဉ်းရှေးရိုးစွဲဆိုတော့ ရှင်တို့က ဇီးကွက်မျက်ပြူးတွေမို့လို့လား။ လာလာချေသေး။ ဒီဗုဒ္ဓမျိုးချစ်ဝါဒကြောင့် ရှင်တို့ ကျွန်တွင်းက လွတ်တာပေါ့။ မဟုတ်ရင် ရှင်တို့ တတွေ ချစ်တီးအဖေ ခေါ်နေရတာကြာပြီ မှတ်။ မလေးမှာ တရုတ်တွေ အုပ်စီးထားသလိုပေါ့။ အခု တရုတ်ကြီးကို မီးဖုတ်နေရတဲ့ စစ်အစိုးရကိုများ မျိုးချစ်တွေလို့ လူတွေက ထင်နေ မှတ်သလား။

ကျမတို့လည်း ငယ်ရာက ကြီးလာတာပါ။ ဂီတနဲ့ လူငယ်ဆိုတာ ခေတ်ရဲ့ ပုံရိပ်တွေမှန်း သိပါတယ်။ ဒါပေမဲ့ ညစ်ညမ်းဂီတ အလဇ္ဇီ ဒုဿီလ ကာမရာဂကို စပယ်ရှယ်ဆွတဲ့ ဟာမျိုးကိုတော့ လွတ်လပ်ခွင့်ဆိုတဲ့ ဆေးသကြားအုပ်ပြီး မသိကျိုးကျွံ မလုပ်သင့်ဘူးရှင်။ မဖြစ်သင့်တာတွေပါ။

သိုးဆောင်းပြည်မှာ အနေကြာတော့၊ အင်းလေ ဌာနီပြည်ကြီးကလည်း ဝေးသကိုး။ ရှင်တို့ရေးတဲ့ စာကို ဖတ်ပြီး လူငယ်တွေမှာ ဟီရိသြတပ္ပဆိုတာ ဘာမှန်း သိလာရအောင် ရေးနိုင်တယ်ဆိုရင် ရှင်တို့ပုံကို ဘောင်သွင်းပြီး ကျမ ကန်တော့ပါ့မယ်။ ဘယ့်နှယ့်တော် ပြည်တွင်းက ဂျာနယ်လစ်တွေမှာ ရတဲ့နည်းနဲ့ မတော်တာကို မတော်မှန်း၊ မှားတာကို မှားမှန်း ပြောတာပဲ။ ရှင်တို့က သူတို့ကို နေပြည်တော်နဲ့ ပေးစားတယ်။

ဒီသီချင်းဆိုးတွေကြောင့် အစကတည်းက လူငယ်တွေ ရဲ့ ဆန်းသစ်တီထွင်မှုတွေအပေါ် မနှစ်မြို့တဲ့ ရှေးရိုးစွဲတွေ၊ နအဖ အလိုတော်ရိတွေက ၀မ်းပန်းတသာနဲ့ မြေစမ်းခရမ်းပျိုး ယဉ်ကျေးမှုသစ်တွေကို ဖျက်ချိုးပိတ်ဆို့ကြလိမ့်မယ်။ ရှင်တို့က အဲဒီလို အားပေးအားမြှောက်လုပ်ရင် ကလေးတွေကို ပုဆိန်ရိုးလို့ သမုတ်ကြပါလိမ့်မယ်။
(၆)

စာလည်းရှည်ပြီ။ စာရိတ္တမဏ္ဍိုင်ကြံ့ခိုင်စေရမည်ဆိုပြီး ကြုံးဝါးခဲ့တဲ့ ရှေးက ဂျာနယ်လစ် လက်ဟောင်းအဖိုးတန်ကြီးတွေကိုပဲ လွမ်းရပါသရှင့်။

လွန်တာရှိ ၀န္ဒာမိပါ။

ကျမ
လှဒါနီ

(မြန်မာ မျိုးချစ် ဒီမိုကရက်စစ်စစ်)

Anonymous said...

နေနေသို့

အဲဒီလိုလုံးဝမရေးချင်ပါ။
ဒီတကြိမ်ကလွဲလို့နောင်လည်းရေးမည်မဟုတ်ပါ။
အခုက ခံငြင်းနေတဲ့ ဘလော့ရှင်မောင်ပေါအတွက်သကိသက်သာရည်ညွှန်း
ခြင်းဖြစ်ပါတယ်။

အဲဒါတွေသီချင်းပါစာသားတွေပါ
ကျေးဇူးပါ။နောင်လဲဘယ်တော့မှ အစွန်းရောက်ဒီဘလော့အား လာဖတ်မည်မဟုတ်တော့ပါ။

Anonymous said...

January 25, 2009 4:56 AM Anonymousရယ်၊ အခြားAnonymousတွေရယ်၊ blogreaderရယ်ကို ပြောချင်ပါတယ်.. ဟုတ်ကဲ့ ကိုပေါရဲ့ ကွန်းမင့်တွေကို ဖတ်ပြီးပါဘီ၊ အဲ့ဒီထဲမှာ ပုဂ္ဂိုလ်ရေးထိခိုက်တာတွေ မတွေ့ရဘဲ.သူကျတော့ဝိုင်းပြီး လောင်းကြတာ သူ့သမီးပါ မနေရပါလားဗျား. ဒါကိုကျတော့ မရိုင်းဘူးတဲ့လား..ယဉ်ကျေးသတဲ့လား၊ ဂျောက်ဂျက်ရဲ့ သီချင်းကို နားထောင်ရတာထက် နားအဝင် ချိုကြသလားဗျား၊ ဘယ့်နှယ် သီချင်းစာသား ရိုင်းမရိုင်း စကားရည်လုကြရာက အနိုင်ရပြီးရော သူတို့ကျတော့ တရားလက်လွန်ရိုင်းတော့ တရားကြတယ်ပေါ့..တရားကျစရာပါပဲဗျာ...
ဒါတောင် ယဉ်ကျေးတဲ့ ရွှေမြန်မာတွေလို့ အသံကောင်းဟစ်နေကြတုန်း..

Anonymous said...

Hey, blogreader, i also never come to this blog. Nay Nay also same group .
I think to stop rude/wild JJ songs are not related to meaning of democracy. So why US also banned rude/wild songs ? Oh God, master degree holder. I really don't understand him why he is writing so many comments unless he listened JJ songs.

ကိုပေါ said...

မောင်ကျည်ပွေ့ခင်ဗျား....

အခုလို စေတနာနဲ့ လာရောက် သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျနော့်ကို ဆရာလုပ်တယ်လို့ မထင်ပါဘူး။

မောင်ကျည်ပွေ့အနေနဲ့ ကိုစေးထူးနဲ့ အမြင်တူပိုင်ခွင့်ရှိပါတယ်။ အဲဒီအတွက် ကျနော်တို့အချင်းချင်းကြားမှာ ဘာအာဃာတမှ ပွားစရာမလိုပါဘူး။ ကျနော်ကိုစေးထူးရဲ့ ပို့စ်တွေမှာ ထောက်ခံဆွေးနွေးခဲ့တာတွေရှိသလို ဝေဖန်ခဲ့တဲ့ ပို့စ်တွေလည်း အများကြီးရှိခဲ့ပါတယ်။ နောင်လည်း သူ့ဘလော့ဂ်ကို သွားရောက်ပြီး ကွန်မင့်ပေးနေဖြစ်ဦးမှာပါပဲ။

နောက် ကိုကျည်ပွေ့ ထောက်ပြတဲ့ အချက်အတော်များများကို ကျနော်မငြင်းပါဘူး။ ဥပမာ... ဒီ ကိစ္စမှာ ငြင်းခုံခြင်းအားဖြင့် ကျနော့်ကို အစွန်းရောက်သူလို့ မြင်သွားနိုင်တယ်ဆိုတာရယ်၊ ကျနော်လုပ်နေတဲ့ နိုင်ငံရေးလုပ်ငန်းတွေနဲ့ ပတ်သက်လို့ ထိခိုက်နိုင်တယ် ဆိုတဲ့ သုံးသပ်ချက်တွေအားလုံးဟာ အများကြီး ဖြစ်နိုင်ပါတယ်။ ဟုတ်တာပေါ့ခင်ဗျာ.... ဒီအမြင်ကို ပြောလိုက်တဲ့အတွက် ကျနော်နဲ့ အမြင်မတူတဲ့ ကျနော့်စာဖတ်ပရိတ်သတ်အချို့၊ ဘလော့ဂါအချို့ဟာ ကျနော်လောလောဆယ်လုပ်နေတဲ့ လုပ်ငန်းတွေအပေါ် ထောက်ခံမှု၊ ယုံကြည်မှု လျော့ကျသွားမှာလည်း ဖြစ်နိုင်ပါတယ်။

ဒီကိစ္စမှာတင်မဟုတ်ပါဘူး။ တခြားအကြောင်းအရာတွေအပေါ်မှာ အများစုနဲ့ မတူတဲ့ အမြင်ဘက်က ဆွေးနွေးတဲ့အခါ သည်လိုရလာဒ်တွေ ထွက်ပေါ်လာနိုင်ပါသေးတယ်။

သို့သော်.... အဲဒီအတွက်နဲ့ ကျနော်တို့ဟာ ကိုယ်ယုံကြည်တာကို ထုတ်ဖော်မပြောပဲ နေလိုက်ကြတော့မလား။ ကျနော်တို့မှာ ငယ်စဉ်ကတည်းက ယဉ်ကျေးမှု၊ ဘာသာတရား၊ လူ့အဖွဲ့အစည်းနဲ့ အာဏာရှင်အုပ်ချုပ်ရေးစနစ်ရဲ့ ကန့်သတ်မှုတွေအောက်မှာ ပုံစံကျ၊ အသားကျနေခဲ့တဲ့အတွက် များသောအားဖြင့် ကိုယ့်စိတ်ထဲမှာ သံသယရှိလာတဲ့အခါ၊ မကျေနပ်တဲ့ကိစ္စတွေရှိလာတဲ့အခါ ထုတ်ဖော်မပြောဝံ့ပဲ ကျိတ်မှိတ်မျိုချခဲ့ကြတဲ့ အကျင့်ဆိုးကြီး ပါလာကြပါတယ်။

မြန်မာဘလော့ဂ်အများစုမှာ ကွန်မင့်ကဏ္ဍတွေ သွားကြည့်ရင် များသောအားဖြင့်ကတော့ ရေးသူနဲ့ သဘောထားတူရင် ထောက်ခံချီးမွန်းလိုက်ကြပေမယ့် သဘောထားမတူရင် ကိုယ့်အမြင်ကို ထုတ်ဖော်ပြီး ပွင့်ပွင့်လင်းလင်း ဝေဖန်ရမယ့်အစား ရေငုံနှုတ်ပိတ်လိုက်တာမျိုးတွေ ရှိနေတာကို သတိထားမိကြမှာပါ။ Active discussion လို့ ခေါ်ဆိုနိုင်မယ့် ကွန်မင့်မျိုးတွေ အင်မတန် ရှားပါလှတာကို တွေ့ရပါတယ်။

ခြွင်းချက်အနေနဲ့.....ဘလော့ဂါ ကိုမောင်ရင်တယောက်ကတော့ဖြင့် ကွန်မင့်ကဏ္ဍတွေမှာ သေသေချာချာ သုံးသပ်ပြတာတွေကို ရှားရှားပါးပါး တွေ့ဖူးပါတယ်။

နောက်တချက်က အများစုလက်ခံထားတဲ့ အယူအဆနဲ့ မတူညီတာကို ပြောမိရေးမိရင်... “အများနဲ့ တယောက်ဖြစ်နေပြီ” ဆိုတဲ့ အတွေးအခေါ်ဟာ ကျနော်တို့ရဲ့ စိတ်ထဲမှာ အရိုးစွဲနေပြီး လူမုန်းမခံချင်တာနဲ့ပဲ အမှန်တကယ် ယုံကြည်ရာကို ယုံကြည်တဲ့အတိုင်း ထုတ်ဖော်ချင်စိတ်ကို မသိလိုက်မသိဘာသာ အညွန့်ချိုးလိုက်ကြပါတယ်။

အဲသည်အချက်ကို သတိပြုမိတဲ့အတွက်..... ကျနော်ဘလော့ဂ်ရေးပြီး မကြာခင်မှာပဲ အခြားဘလော့ဂ်တွေမှာရော ကိုယ့်ဘလော့ဂ်မှာပါ အားထုတ်ပြီး ကွဲလွဲချက်တွေကို ကွဲလွဲတဲ့ အမြင်ကနေ အစဉ်တစိုက် ဝေဖန်ကွန်မင့်ပေးခဲ့ပါတယ်။

အားတက်စရာအနေနဲ့ကတော့ ဒီနေ့ဒီအချိန်မှာ ကျနော့်လိုပဲ ဆန့်ကျင်ဖက်အမြင်ကနေ ပွင့်ပွင့်လင်းလင်း ရေးသားကြတဲ့ စာဖတ်သူတွေ၊ ဘလော့ဂါတွေ တိုးပွားလာတာကို သတိထားမိပါတယ်။

ကျနော်က အဲသည်အဖြစ်ကို အပေါင်းလက္ခဏာဆောင်တယ်လို့ ယူဆပါတယ်။ အကြောက်တရားကြောင့် မပြောရဲဘဲ နှုတ်ဆိတ်ပြီး စည်းလုံးနေတာနဲ့စာရင် ကိုယ့်အမြင်ကို ပွင့်လင်းစွာထုတ်ဖော်ပြီး လွတ်လပ်စွာကွဲလွဲကြတာဟာ တဆင့်တက်ပြီး ရင့်ကျက်လာတဲ့သဘောလို့ မြင်ပါတယ်။

အမည်ဝှက်နဲ့ ဆဲဆိုတာမျိုး၊ ကလော်တာမျိုး၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာမျိုးတွေဟာ နောက်ပိုင်း Active discussion ကို လူတွေ ကျင့်သားရလာတဲ့အခါမှာ သူ့အလိုလို မှေးမှိန်သွားပါလိမ့်မယ်။ ကျနော်တို့ဟာ အခုမှ ခရီးရဲ့ အစဘဲရှိသေးတယ်။

ကျနော်နိုင်ငံရေးကို ကျနော့် Capacity အတွင်းက လုပ်တဲ့နေရာမှာလည်း ငကြင်းခေါင်းကို တက်ကိုင်တာထက် ကိုယ်ယုံကြည်ရာ၊ ကိုယ်တတ်စွမ်းနိုင်ရာ အသေးအဖွဲကိစ္စလေးတွေကပဲ တစိုက်မတ်မတ် တဆင့်ထက် တဆင့်တက်ပြီး လုပ်ဆောင်တာမျိုးပါ။

ကိုကျည်ပွေ့က ကွန်မင့်ကဏ္ဍကနေ ကျနော့်ထံ လိပ်မူပြီး ရေးသားလိုက်တဲ့အတွက် အခုလို သီးသန့် ပြန်လည်ရေးသားပေးလိုက်တာပါ။

အခြား...ကွန်မင့်ရေးသူများကိုလည်း ကျေးဇူးတင်ပါတယ်။

Anonymous said...

ကိုပေါသို့ ...

အငြင်းပွားဖွယ်ရာ အချက်များကို ဆက်မငြင်းလိုပါ။ တစ်ခုကိုတော့ ကောင်းကောင်း အသိအမှတ်ပြုပါသည်။

ကိုပေါ ပြောတဲ့ Active Discussion ကိုသဘောကျပါသည်။ ဖတ်ဖူးသမျှ အင်းဂလိပ်နှင့်တရုတ်ဘလော့များတွင် အက်တစ် ဒစ်စကတ်ရှင်ကို တွေ့ရပါသည်။

လူပုတ်ဂို ကို ပြောနေခြင်းထက် ဆွေးနွေးနေသည့်အရာကိုသာ ဦးတည်ပြီး ပြောဆိုကြသည်ကို တွေ့ရတယ်။ ထိုကဲ့သို့ ဖြစ်ပေါ်လာစေရန် Initiate လုပ်နေသည်ကို အသိအမှတ်ပြုပါသည်။

ထိုဂျောက်ဂျက်၏သီချင်းများနှင့်ပတ်သက်ပြီး ယခုအမြင်မရှိပါ။ လတ်တလောခံစားမှုကို ဦးစားပေးပြီး မဆုံးဖြတ်လိုပါ။ (ယခုထိုသီချင်းများ စတင် နားထောင်နေပါသည်။)

ကိုစေးထူးကိုလည်းလေးစားပါသည်။ လူအများ ပါးစပ်ပိတ်နေသည့် အရာများကို ကောင်းစွာတင်ပြပြီး ဦးနှောက်ကို မီးညိုပေးနေသောကျောင့်ဖြစ်သည်။ ကိုစေးထူး၏အမြင်နှင့် ကိုပေါ၏အမြင်၊ တစ်ဖက်ကိုရွေးရမည်ဆိုလျှင် ယခုအချိန်တွင် ကျနော် ကိုစေးထူးဘက် ပိုမို သဘောတူပါသည်။

အချို့သော ကွန်မန့်ပိုင်ရှင်များမှာ ဆွေးနွေးနေသည့်အကြောင်းအရာမှ ဖောက်ထွက်ပြီး ပုတ်ဂိုရေးကိုပါ ပုတ်ခတ်ပြီး ဆွေးနွေးသည့်အတွက် စိတ်ပျက်ရပါသည်။

ဗမာစာဖြင့် ကျိုးစားပြီး ရိုက်လိုက်ပါသည်။ ဖောင့်တစ်ချို့က ရိုက်မရပါ။ တစ်ခါတစ်မျိုးဖြစ်နေသည်။ ကျိုးစားဖတ်ပေးပါရန်...

Anonymous said...

ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ်မို့ ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ် လို့ မဝေဖန်ချင်ပါဘူး။
ကိုပေါရော ကိုစေထူး ပါ သူ့ယုံကြည်ချက်နဲ့ သူမို့ သူတို့ဘက်ကကြည့်ရင်တော့ သူတို့မှန်ကြတာပေါ့။

လူတစ်ယောက်က ကိုယ်မြင်တာက အဖြူပါလို့ သူများတွေကို ကြေညာထားပြီးရင် အဖြူဖြစ်ကြောင်း နည်းမျိုးစုံနဲ့ သက်သေပြမှာ အသေအချာပဲ။ ဒါက သူယုံကြည်ချက်ဖြစ်သွားတာကိုး။ အခု အဖြူ၊ အခု မီးခိုး၊ အခု မဖြူ မမဲလေး ပါလို့တော့ အမျိုးစုံကြိုးခုန် နေမှာမဟုတ်ဘူး။ (စိတ်ဓာတ်မခိုင်မာသူလို့ လူများမြင်မယ်လေ။) ဒီတော့ ကိုယ့်ဘက်က မှန်တယ်ထင်ရင် ဘယ်သူမဆို သက်သေ၊ သာဓကတွေနဲ့ ခြေစုံကန်ပြီး ငြင်းကြမှာပဲ။

အမြင်ချင်းမတူ၊ အယူအဆချင်း ကွဲလွဲကြလို့သာ အုပ်စုတွေကွဲပြီး ရန်ပွဲတွေဖြစ်ကြရတာပါ။

ဘာမှမဆိုင်ဘဲနဲ့တော့ ကိုပေါ သမီး ကို ဆွဲမထည့်သင့်ပါဘူး။ နင့်မနိုင် နင်ကြောင်ရိုက်ပြရင်တော့ နင်ရင်နာရမှာပါ ဆိုသလိုမျိုးပေါ့။ အကယ်၍ ဒီကလေးသာ blogreader ရဲ့ comment ကို တနေ့ဖတ်မိလို့ နားလည်သွားရင် စိတ်ဒဏ်ရာဖြစ်နိုင်ပါတယ်။ နာမူနာပေးတာ လွန်လွန်းအားကြီးတယ်လို့ထင်ပါတယ်။ သူလဲ မြန်မာမိဘက မွေးတဲ့ မြန်မာမိန်းကလေးပါဘဲ။ ပြောတော့ မြန်မာလူငယ်တွေ နားထောင်မိရင် ဘာဖြစ်နိုင်တယ်၊ ညာဖြစ်နိုင်တယ် လို့အော်ဟစ်နေ ကြပြီးတော့ အခုတော့ သူများအရှိုက်ကိုထိုးနိုင်ဖို့ နင်းတဲ့နိုင်ကွက်က foul တယ်လို့ ယူဆပါတယ်။ (ဒိုင်လူကြီးမဟုတ်ပါ။)

ဂျောက်ဂျက်သီချင်းကို နားထောင်ဖို့ မရဲတာတော့ အမှန်ပဲ။ (နားထောင်ဖူးပြီး ဆက်နားမထောင်ရဲတာ ကို ဆိုလိုခြင်းဖြစ်သည်။)

မှတ်ချက်။ ။ကိုပေါ နဲ့ အမျိုးမတော်သလို ကိုစေးထူး နဲ့လည်း အမျိုးမတော်ပါ။

**မောင်မောင်စာကလေး

မသူတော် said...

စိတ်မကောင်းစရာကတော့..ဂျောက်ဂျက်အပါအဝင်အဲ့ဒီ
သီချင်းတွေဆိုသင့်တယ်ဆိုသူတွေ..ကြိုက်သူတွေ..
ကိုယ့်နှမ/အမကို..ချာတိတ်တွေက ရည်စူးဆိုခဲ့ကြရင်..
ပြုံးပြုံးကြီးခံနိုင်ကြလိမ့်မယ်လို့ယုံကြည်ပါကြောင်း..

ဘကြီးလောက်ဖျား

TZA said...

မတူတဲ့အမြင်ကို ပွင့်လင်းစွာဖော်ပြတဲ့အတွက် ကိုပေါကို လေးစားပါတယ်။ ဒီလိုအမြင်တွေ ထွက်ပေါ်လာအောင် အစပျိုးပေးတဲ့၊ အချက်ကျကျ ရေးသားပြတဲ့ ကိုစေးထူးကိုလည်း လေးစားပါတယ်၊ ဒီကြားထဲမှာ အမြတ်ထွက်သွားသူကတော့ ကျနော့်လို စာဖတ်သူတွေပါပဲ၊ စိတ်မကောင်းစရာက ဂျောက်ဂျက်သီချင်းတွေ လိုက်ဟစ်နေတဲ့ ဆယ်ကျော်သက်တွေ ဒီလို အကျိုးကျေးဇူးမျိုး မခံစားနိုင်တာပါပဲ။

Anonymous said...

It's amazing (actually not so amazing :-)) to see a lot of people gotten so shaken to the extent of not being able to analyze things over properly anymore but could only see to defend vehemently on what they think it should be once their BELIEF system, somehow taken for granted, is challenged.

Wanted to add a simple view but after browsing through 1001 comments, found that "ကိုကိုအေး" has already done a very good job there so I thought I'd just paste it below.
Hope "ကိုကိုအေး" doesn't mind ;-).

nlt

ဂျောက်ဂျက်နဲ့ ပတ်သတ်ပြီး ဂယောက်ဂယက်တွေ
အခုတလော နာမည်ကြီးနေတဲ့ ဖရုဿဝါစာ အဆိုရှင် ဂျောက်ဂျက်နဲ့ ပတ်သတ်ပြီး တိုင်ပတ်နေကြတာ တွေ့တော့ ပျော်စရာကြီးဆိုပြီး ငါလည်းဝိုင်းအာလိုက်မယ်ဆို အခုစာကို ရေးပါတယ်။ လိုအပ်တယ် ထင်လို့တမျိုး၊ ဆွေးနွေးငြင်းခုံတာ ၀ါသနာပါလို့ တဖုံ အရှည်အကျယ် ရေးကြတယ်၊ ယေဘုယျ သဘောတွေ ပြောကြတယ်။ ယေဘုယျ သဘောတရားရေး ငြင်းခုံတယ်ဆိုတာ အများအားဖြင့် လိုရာမရောက်ဘဲ တိုင်ပတ်တတ်တယ်၊ ကျယ်ပြန့်တယ်၊ ကြာတယ်၊ ရှုပ်တယ်။ အဲဒီတော့ အသေးစိတ် တချက်ချင်းကို စူးစိုက်ပြီး (focus) လုပ်ပြီး ကျွန်တော့်အမြင်ကို ပြောမလား စိတ်ကူးမိတယ်၊ ကျွန်တော်က ပညာရှိမှ မဟုတ်ဘဲ၊ မတီးဘဲလည်း မြည်ချင် မြည်မှာပေါ့၊ ကဲ… ဟောဒီမှာ…

မေး- ၁။ ကိုကိုအေး ဂျောက်ဂျက်ကို နားထောင်ဖူးသလား။

ဖြေ- ကိုယ်တိုင် နားမထောင်ဖူးဘူး၊ ဒါပေမယ့် စာသားတွေကို ဖတ်ဖူးတယ်။

မေး - ၂။ သူ့ကို ကြိုက်သလား။

ဖြေ- မကြိုက်ဘူး။ အထင်လည်း မကြီးဘူး။ ကျွန်တော့် အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ တိုင်းရင် အနုပညာ မပါဘူး။ ဟစ်ဟော့သီချင်း ပုံစံကို မကြိုက်လို့ အထင်မကြီးလို့ မဟုတ်၊ ကျွန်တော် နားထောင်တဲ့ ဟစ်ဟော့ သီချင်းတွေရှိတယ်၊ သူ့သီချင်းတွေက အနုပညာ မပါတဲ့ ဖရုဿဝါစာ သက်သက်လို့ ကျွန်တော့် ပုဂ္ဂလိက အနေနဲ့ ယူဆတဲ့အတွက်ကြောင့်ပဲ။ (ဒါပေမယ့် ကျွန်တော့်အတွက် ဖရုဿဝါစာ သက်သက်က အခြားတချို့အတွက် ပွင့်လင်းတဲ့ အနုပညာ ဖြစ်နိုင်တာကိုတော့ မမေ့ဘူး။)

မေး - ၃။ ခင်ဗျားက နားမထောင်ရသေးဘဲနဲ့ အနုပညာ မပါဘူးလို့ ဘယ်လိုပြောနိုင်လဲ။

ဖြေ- ဒီစာသားတွေနဲ့ဆိုရင် သံစဉ်နဲ့ သီဆိုပုံက ကျွန်တော့်အတွက် မိုးပျံအောင် ကောင်းနေပစေ မစင်နဲ့ သီးခြားသန့်စင်လို့ မရအောင် ရောနေတဲ့၊ စားမရတဲ့ နတ်သုဒ္ဓါပဲ။

မေး - ၄။ ဒါဆိုရင် ဒီသီချင်းခွေကို မြန်မာပြည်မှာ ပိတ်ပင်သင့်တယ် ထင်သလား။

ဖြေ- ပိတ်တယ်ဆိုတာ ဒီအခွေလုံးဝ မရောင်းရ၊ မည်သူမှ လက်ဝယ်မထားရ အဲဒီလိုလား။

မေး - ၅။ ဟုတ်တယ်၊ အဲဒီလို ပိတ်သင့်တယ် ထင်သလား။

ဖြေ- မထင်ဘူး၊ အဲဒီလို မပိတ်သင့်ဘူး။

မေး-၆။ ခင်ဗျားဟာ ရှေ့နောက်မညီ ဖြစ်မနေဘူးလား၊ ခင်ဗျားသားသမီး၊ အထူးသဖြင့် သမီးလေးကို ဒီလိုဟာမျိုး နားထောင်ခွင့် ပေးမှာလား။

ဖြေ- မပေးနိုင်ဘူး၊ အရွယ်မရောက်ခင်အထိ၊ ဥပဒေက ခွင့်ပြုထားတဲ့ အရွယ် မရောက်ခင် (မြန်မာပြည်မှာ ၁၈နှစ်) အထိ အဲဒါမျိုးနဲ့ ဝေးအောင် တတ်နိုင်သမျှထားမယ်၊ မတော်တဆ ထိတွေ့မိသွားရင် အမေကနေတဆင့် ဆွေးနွေးပညာပေးမယ်၊ ကျွန်တော့်သမီးက (ကျွန်တော့် အဓိပ္ပာယ်သတ်မှတ်ချက် အရ) ဆိုးလွန်းလို့ နောက်ဆုံး ဆုံးမလို့ မရတော့မှ အရွယ်မရောက်ခင်အထိ အင်အားသုံး ပိတ်ပင်မယ်၊ ဒါပေမယ့် အကျိုးအကြောင်းနဲ့ ရှင်းပြရင် လက်မခံနိုင်စရာ မရှိဘူးလို့ ယုံတယ်။ ကလေးက လိမ္မာလို့ ရင့်ကျက်ပြီလို့ ယူဆရင် ၁၆နှစ်လောက် ပြည့်ရင်လည်း ကျွန်တော် ပေးနားထောင်ရင် နားထောင်မယ်၊ Do’s and Don’t s သင်တဲ့နေရာမှာ Don’t တစ်ခု အနေနဲ့ပေါ့။ ကျွန်တော့် သမီး ဒီသီချင်းကို နားထောင်မိတာနဲ့ ဘ၀ပျက်သွားပါပြီ ဆိုတဲ့ အဆင့်မျိုးတော့ ဘယ်အဖေမှ မယူဆဘူး ထင်ပါတယ်။

မေး၇။ ဒါဖြင့် လက်ဘက်ရည်ဆိုင်မှာ လမ်းထဲမှာ အဲဒီသီချင်းကို ဖွင့်ရင်ကော။

ဖြေ- မဖွင့်ရဘူး၊ မဖွင့်သင့်ဘူး၊ ဖွင့်ရင် အဲဒါက ကျွန်တော့် ကိုယ်ပိုင်လွတ်လပ်ခွင့်၊ လွတ်လပ်စွာ အနှောင့်အယှက်ကင်းစွာ သွားလာလှုပ်ရှားခွင့်ကို စော်ကားတာ၊ offend လုပ်တာဖြစ်တယ်။ အဓိက ကျွန်တော်ပြောချင်တာက အဲဒါပဲ။ မြန်မာပြည်မှာ rating system တစ်ခု ရှိသင့်နေပြီ။ တကယ့် တရားဥပဒေ စိုးမိုးမှု rule of law နဲ့ ပုဂ္ဂလိက လွတ်လပ်ခွင့်ကာကွယ်မှု privacy protection ရှိသင့်ပြီ။ ယေဘုယျ အကျယ်ပြောရင် ကျယ်ကုန်လိမ့်မယ် (တကယ် လက်တွေ့ အကောင်အထည် ဖော်မယ်ဆိုရင်တော့ ပြောရမှာပေါ့လေ။ အခုဟာက သက်သက် လေပေါတာကိုး၊ ကျွန်တော်တို့ ပါးစပ်က ပြောရုံနဲ့တော့ ဘာမှ မှ ဖြစ်မှာမှ မဟုတ်တာပဲလေ။) အဲဒီတော့ ဒီ ဂျောက်ဂျက် ကိစ္စပဲ ပြောမယ်။

မေး-၈။ ဘာတွေလဲ rating system၊ rule of law၊ privacy protection။

ဖြေ-ဖွံ့ဖြိုးပြီး တရားဥပဒေစိုးမိုးတဲ့၊ လွတ်လပ်တဲ့ နိုင်ငံတွေမှာ ရုပ်ရှင်၊ သီချင်း၊ နောက်ဆုံး ဂိမ်းတွေအထိ အမျိုးအစား သတ်မှတ်တဲ့ rating system ရှိတယ်။ အမေရိကားမှာ R – rated ရုပ်ရှင်ကို လူငယ်တွေ (၁၇ နှစ်အောက်လို့ ယူဆတယ်) မကြည့်ရဘူး၊ ငယ်လွန်းတယ်လို့ ယူဆရရင် ရုပ်ရှင်ရုံတွေမှာ၊ အခွေအငှားဆိုင်တွေမှာ အသက်ထောက်ခံချက် ပါတဲ့ အိုင်ဒီစစ်တယ်။ သီချင်းခွေတွေလည်း ဒီလိုပဲ၊ ဥပမာ အခု Unplayed Piano သီချင်းကို ဆိုတဲ့ နာမည်ကြီး အိုင်းရစ်အဆိုတော် Damien Rice ရဲ့ နောက်ဆုံးထွက် အခွေ 9 crimes ဆိုရင် Parent Advisory/Explicit Content ဆိုတဲ့ တံဆိပ် (ဥပဒေအရ) ပါလာတယ်။ လိင်ဆိုင်ရာ တိုက်ရိုက်ညွှန်းဆိုချက်တွေ၊ ဆဲတဲ့ စာလုံးတွေ ပါလို့ပဲ။ ဂျောက်ဂျက်ရဲ့ အခွေကို အဲဒီလို တံဆိပ်မျိုးတပ်ပြီး အရွယ်ရောက်ပြီးသူများသာ အခြားလူကို အနှောင့်အယှက် မဖြစ်တဲ့ နေရာမျိုးမှာ ဖွင့်ခွင့်ပေးသင့်တယ်။ ဆဲတာလေးမှ လိုချင်သူများ ၀ယ်ကြ၊ သူတို့ချင်း ဆဲကြပေါ့၊ အဲဒါ သူတို့ လွတ်လပ်ခွင့်။ အသက်အရွယ် တစ်ခုအထိ ရောက်လာပြီးမှတော့ ကိုယ်ပိုင်ဆုံးဖြတ်ကြပေါ့။ အဲဒီ rating system ကို သေချာ ကြပ်မတ်ဖို့ enforce လုပ်ဖို့တော့ လိုတာပေါ့။ ဘယ်အရွယ်ကို အရွယ်ရောက်ပြီလို့ သတ်မှတ်မှာလဲ၊ ဘယ်နေရာတွေမှာ ဖွင့်ခွင့်ပေးမလဲ၊ ဥပမာ - အသက်စိစစ်ပြီးမှ ၀င်ရတဲ့ နိုက်ကလပ်၊ ဘား၊ ကာရာအိုကေခန်း တွေဆို ဖွင့်ချင်ရင် ဖွင့်ခွင့် ပေးသင့်တယ်၊ မကြိုက်ရင် မ၀င်နဲ့ပေါ့။

မေး၉။ ခင်ဗျားဟာက ရှုပ်လိုက်တာ၊ မြန်မာပြည်မှာ အဲဒါတွေ အကုန်လုံး လုပ်လို့ ရပါ့မလား၊ အဲဒါထက် အရေးကြီးတဲ့ ကိစ္စတွေတောင်…

ဖြေ။ ဒါ့ကြောင့် လေပေါမယ်လို့ ပြောတာပေါ့ဗျ၊ နောက်ဆုံးတော့ ဒီဘူတာကိုပဲ ဆိုက်တာပဲ၊ အရင်းစစ်တော့ အမြစ်မြေကလို့ ဆိုသကိုးဗျ။

မေး၁၀။ ကဲ… ဒါဖြင့် လောလောဆယ်မှာ အခုလို ဂျောက်ဂျက်ကို ခေါ်ဆူတာ ကောင်းသလား မကောင်းဘူးလား၊ မဖြစ်နိုင်သေးတဲ့ ခင်ဗျားရဲ့ ideal regulation တွေ၊ rule of law တွေကို ဖယ်ထားပြီး လက်တွေ့ ကျကျ စဉ်းစားကြည့်ပြီး ဒီကိစ္စတစ်ခုတည်းကိုပဲ ကွက်ကြည့်ပြီး ဆုံးဖြတ်ပါလို့ အတင်းကာရော တောင်းဆိုလာရင်ကော။

ဖြေ။ ကုလားကြီးနဲ့ အရာကြီးလို့ပဲ ဖြေရမှာပဲ။ ခေါ်ဆူ ဆူ၊ မဆူဆူ၊ ဆိုသူကဆို၊ ဖြန့်သူက ဖြန့်ဦးမှာပဲ။ ခေါ်ဆူတော့ နည်းနည်း လန့်သွားပေမယ့်၊ ရေတိုမှာတော့ လူတွေ စိတ်ဝင်စားလို့ အရောင်းသွက်ချင်တောင် သွက်ဦးမှာ။ နောက်ကျွန်တော်တို့မှာ ဒါ့ထက် အရေးကြီးတာတွေ တပုံကြီး ရှိသေးတယ်။ ဒါပေမယ့် လူတွေ့စိတ်ထဲမှာ သူတပါး အခွင့်အရေးကို မထိပါးဘဲ ကိုယ့်အခွင့်အရေးကို ရွပ်ရွပ်ချွံချွံ ကာကွယ်တတ်တဲ့ အကျင့်လေးကို ပိုမိုခိုင်မာအောင် ဆွေးနွေးရတာလို့ပဲ ကြီးကြီးကျယ်ကျယ် ပြောရတော့မှာပဲ။

မေး၁၁။ ဝေ့ ၀ိုက် မနေနဲ့ဗျာ၊ ခင်ဗျားကို သေနတ်ထောက်ပြီး ရွေးခိုင်မယ်၊ တခြား ဘာရွေးချယ်စရာမှ မပေးဘဲ ခေါ်ဆူမလား၊ ခေါ်မဆူဘူးလား နှစ်ခုထဲက တစ်ခုပဲ ရွေးရမယ် ဆိုရင်ကော။

ဖြေ။ ဟား… ဟား… အတင်းကြီးပါလား။ ဒါဆိုရင်တော့ ခေါ်ဆူတာကိုပဲ ရွေးရတော့မှာပေါ့ဗျာ၊ လူဆိုတာ တကိုယ်ကောင်းဆန်တာပဲ၊ ကျုပ်မကြိုက်တဲ့ ကောင်ကို ခေါ်ဆူတာ၊ ကန့်သတ်တာက တခြားသူတွေ့ အခွင့်အရေးကို ပိတ်ပင်တာ မှန်ပေမယ့် ခင်ဗျားက ခုလောက်ထိ သေနတ်ထောက်နေမှတော့ ခေါ်ဆူလိုက်မှာပေါ့။

မေး၁၂။ ဒါပဲ… ကျုပ်လိုချင်တဲ့ အဖြေက၊ ကိုယ်ကြိုက်ရင် ကောင်းတယ်၊ ကိုယ်မကြိုက်ရင် မကောင်းဘူး၊ ဒါပဲ။

ဖြေ။ ဘုရား… ဘုရား…

ဤသို့ဖြင့် လေပေးသန်သော ကိုကိုအေးနှင့် အမေးအဖြေခန်းကြီး နိတ္ထိတံလေ၏။ ။

ကိုကိုအေး

Anonymous said...

lol,
JJ is still making problem online. Please stop about this idiot. Don't accompany with him on the way to hell. By the way, i am a real Myanmar not so called Myanmar.

Anonymous said...

ကိုပေါရဲ့  ဒီ post ကို အတော်လေးကြိုက်ပါတယ်။ တချို့ နေရာတွေမှာ အကျိုးအမြတ် တခုခုအတွက် ပြုံးဖြီးနေတဲ့ မျက်နှာကြီးတွေ၊ မကောင်းတတ်လို့  မျက်နှာကြီးဖြဲကား ပြနေတာတွေ့ ရင် အတော်လည်း စိတ်ပျက်မိတယ်ဗျာ။ ကျွန်တော် ကိုယ်တိုင်လည်း အဲဒီလိုမျိုး လုပ်ခဲ့ဖူးပါတယ်။ အမှန်တော့ အဲလိုမျိုးကို ဘယ်သူမှ မလုပ်ချင်ကြပါဘူး။ အခြေအနေ အချိန်အခါကြောင့်သာ လူတွေက အမှန်တရားတခုပေါ်မှာ ချိုသကာသုတ်လိမ်းပြီး ပြုမှုဆက်ဆံနေကြတာပါ။ သို့ သော်လည်း တချို့ နေရာတွေမှာ ကိစ္စတခု အောင်မြင်ပြီးမြောက်မှုဖို့  ဒါတွေဟာ လိုအပ်ကောင်း လိုအပ်လိမ့်မယ်လို့ ယူဆပါတယ်။ ဆိုလိုရင်းက သူတပါးကို မကောင်းကြံခြင်း၊ သူတပါး အရိပ်အာဝါသကို ခိုလှုံပြီး ကျေးဇူးကန်းခြင်း စတဲ့ နောက်ဆုံးမှာ negative destination ကိစ္စတွေကလွဲရင်းပေါ့။ သို့ သော် တချို့ နေရာများအတွက်တော့ အမှန်ကို အမှန်အတိုင်း ကွက်ကွက်ကွင်းကွင်း ဖော်အောင်ပြနိုင်မှ အဆင်ပြေမယ်လို့ ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုပေါရဲ့  ဒီ post ဟာ လူတိုင်းဖတ်သင့်တဲ့အရာတခုပါ။ ဆင်ခြင်စဉ်းစားပြီး အခြေအနေနဲ့  အချိန်အခါပေါ်မှာ အသုံးချနိုင်ပါစေလို့  မျှော်လင့်ပါတယ်။
ကျွန်တော့် blog မှာလည်း ဒီ post ကိုရည်ညွှန်းခြင်းပါတယ်လို့  request လုပ်ပါတယ်။ ပွင့်လင်းစွာ reply လုပ်နိုင်ပါတယ်။

ကိုပေါ said...

နေညိုရင့်...

ကျေးဇူးတင်ပါတယ်။ ကျနော့်ပို့စ်ကိုလည်း ရည်ညွှန်းနိုင်ပါတယ်။

Thiha Kyaw Zaw said...

တရားရတယ်။စဉ်းစားစရာတွေလဲ
အများကြီးဖြစ်လာတယ်။ဒီမိုကရေစီ
စနစ်ဆိုတာအခုလို controversial ဖြစ်တဲ့
issue တွေမှာ လူတိုင်းကကိုယ့်ရဲ့ထင်မြင်
ယူဆခွင့် တွေကို လွတ်လွတ်လပ်လပ်
ထုတ်ဖော်ခွင့်ကိုပေးထားတာပါ။
ဒါ freedom of expression ပါ။
အာဏာရှင်စနစ်(ပြည်တွင်းမှာတော့ )
မှာတော့ ဒါမျိုးရမှာမဟုတ်ဘူး။
တဖက်သတ် စီရင်ချက်အရ ခွင့်ပြုတယ်၊မပြုဘူး၊ဒါဘဲ။
ဒီမိုကရေစီ ဆိုတိုင်းလဲလွတ်လပ်ခွင့်အပြည့်အဝ
ရှိလိမ့်မယ်လို့မျှော်မှန်းလို့မရဘူး။
ဒီမိုကရေစီ စနစ်ဆိုတာ political systemတခုပါဘဲ။
political system change ဖြစ်ပြီးဒီမိုကရေစီ စနစ်
ဖြစ်သွားတိုင်း အဲ့ဒီနိုင်ငံရဲ့ social system တွေ၊
culture system တွေမှာ လွတ်လပ်ခွင့် ရလိမ့်မယ်
လို့ ချက်ချင်းမျှော်လင့်လို့တော့မရသေးဘူး။
အနောက်နိုင်ငံတွေမှာက နိုင်ငံရေးအရ ဒီမိုကရေစီ
စနစ် မဖြစ်ခင်Renaissance ခေတ်ကိုဖြတ်ပြီး
cultural အရတွေးခေါ်စဉ်းစားပုံတွေ၊
ပညာသင်ကြားရေးပုံစံတွေ၊လူမှု့ စံ စနစ်တွေမှာ
ပြောင်းလဲမှု့တွေဖြစ်ပြီးမှဒီမိုကရေစီ စနစ် ဖြစ် တဲ့
political system change ဖြစ်လာတာ။
Renaissance ခေတ်ကိုဖြတ်ပြီး
လူတွေဟာ စဉ်းစားတွေးခေါ်တတ်လာပြီး
လွတ်လပ်ခွင့် ဆိုတာကို တကယ်ရင်ထဲက
နားလည်လာကြတယ်။ တန်ဖိုးထားလာကြတယ်။
ဒါပေမယ့် တခြား region တွေ ဥပမာ အာရှ၊
အာရှမှာကြတော့ Renaissanceမရှိပဲ
နိုင်ငံရေးအရ ဒီမိုကရေစီ စနစ် ဖြစ် တဲ့
political system change အရင်ဖြစ်တာ၊
ဗမာပြည် မှာလဲpolitical system change
အရင် ဖြစ်မှာ( ခဏတဖြတ်တော့မြည်းစမ်းခဲ့ဘူးပြီပေါ့)
political system change
ဖြစ်ပြီးမှ သူတို့ရဲ့ education system တွေ၊
တွေးခေါ်လုပ်ကိုင်ပုံတွေကို ပြောင်းကြပြီး
social system တွေ၊ culture system တွေမှာ
လွတ်လပ်တယ် ဆိုတာကို ခံစားကြရဖို့ ကြိုးစားကြရတာ၊၊
ဗမာပြည်လဲဒီ stage တွေကိုကြုံရမှာ၊ကျော်ဖြတ်ရမှာ။
တချို့လွတ်လပ်ခွင့်ဆိုတဲ့အရာတွေဟာ
လက်ရှိအခြေအနေမှာချပြဖို့စောသေးတယ်။
ကျတော်ကိုယ်တိုင်ဒီဂျောက်ဂျက်ကိစ္စမှာ
ဘာမှမထူးစမ်းသလိုခံစားရပေမယ့်
အခု U.S မှာဖြစ်နေတဲ့ ကိုယ်ဝန်ဖျက်ချဖို့ကိစ္စတွေ၊
လိမ်တူချင်း တရားဝင် လက်ထပ်ဖို့ကိစ္စတွေ၊
stem cell ကိစ္စတွေကျတော့ အင်တင်တင်နဲ့
မစဉ်းစားတတ်အောင်ဖြစ်နေတယ်။
အဲ့ဒီကိစ္စတွေဟာအခုဂျောက်ဂျက်ကိစ္စနဲ့
သဘောချင်းဆင်တူပါတယ်၊ဒါပေမယ့်
ဂျောက်ဂျက်ကိစ္စကတော့ လုံးဝပိတ်ပင်ဖို့ဆို့တာ
freedom of expression ကိုထိခိုက်မှာစိုးရပါတယ်။
U.S မှာ လက်နက်အလွယ်တကူကိုင်ခွင့်ရှိလို့
ကျောင်းတွေမှာ ပစ်ခတ်မှု့တွေဖြစ်ပွားနေတဲ့အပေါ်
အလွန်စိတ်ညစ်နေကြရပါတယ်။
မကြိုက်မနှစ်သက်မနှစ်မြို့ကြပေမယ့်
လက်နက်ကိုင်ခွင့်ကိုပိတ်မပြစ်ရဲကြပါဘူး။
လူတွေရဲ့ မွေးရာပါအခွင့်အရေးဖြစ်တဲ့
မိမိကိုယ်ကိုခုခံပိုင်ခွင့် စတဲ့လွတ်လပ်ခွင့်
အခွင့်အရေးကိုထိပါးလာမှာကြောက်ကြလို့ပါ။
လွတ်လပ်ခွင့် (freedom)မှာ cost ရှိပါတယ်။
လွတ်လပ်တယ်ဆိုတာ အလကား ရတဲ့
အရာတခုမဟုတ်ပါဘူး။ ကျောင်းတွေမှာ
ပစ်ခတ်မှု့တွေဖြစ်ပွားနေတာကိုမကြိုက်ကြပေမယ့်
လက်နက်ကိုင်ခွင့်ကို မပိတ်ပင်ဘဲ ဆက်လက်ခွင့်ပြု
ထားရတာဟာလွတ်လပ်ခွင့် အတွက်ပေးလိုက်ရတဲ့ cost ပါပဲ၊
တခြားနည်းတွေနဲ့သာပစ်ခတ်မှုတွေမဖြစ်ပွားအောင်
တားဆီးဖို့ကြိုးစားကြရတာပါ

နိုင်ငံရေးကိုစိတ်ဝင်စားတဲ့သူတွေအတွက်
တချိန် ဗမာပြည်မှာ political change
နောက် social change, culture change
တွေဖြစ်လာတဲ့အခါမှာ transition ကို
smoothly ဖြစ်အောင်ဘယ်လိုကိုင်တွယ်မလဲ
ဆိုတာသိပ်ကိုအရေးကြီးပြီးသိမ်မွေ့ပါတယ်။
အပြောင်းအလဲ (change) တိုင်းမှာ
အဲဒီအပြောင်းအလဲ ကိုဆန့်ကျင်တဲ့အင်အားစု
ဆိုတာရှိစမြဲပါ။ နိုင်ငံရေးမှာမှမဟုတ်ပါဘူး၊
ဘယ်အဖွဲ့အစည်းမဆို ၊Business companies
တွေဖြစ်ဖြစ်၊ even families တွေမှာကအစရှိပါတယ်
အခုလိုဂျောက်ဂျက်ကိစ္စဟာ ဒါအစပဲရှိပါသေးတယ်။
တချိန်ဗမာပြည်ပြောင်းလဲသွားရင
်ဒီလိုဂျောက်ဂျက်issue ဟာအများကြီး ကြီးလာပြီးကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာမှာ။
အဲ့ဒီအခါကြရင်နိုင်ငံရေးကိုစိတ်ဝင်စားတဲ့သူတွေဟာ
ဒီကိစ္စ(change)ကိုကိုင်တွယ်ရာမှာသိပ်ကိုငြင်သာ
သိမ်မွေ့ဖို့လိုပါတယ်။
ဂျောက်ဂျက်သီချင်းတွေကိုလက်ခံဖို့
အဆင်သင့်ဖြစ်တဲ့သူတွေရှိသလို၊
အဆင့်သင့်မဖြစ်သေးတဲ့
လူတွေကလဲတပုံကြီး၊အကိုင်အတွယ်မှားရင်အကွဲအပြဲ
တွေဖြစ်ပြီး တိုင်းပြည်ပါနစ်နာနိုင်ပါတယ်။
နိုင်ငံရေးကိုစိတ်ဝင်စားတဲ့သူတွေဟာတချိန်
အခုလိုအပြောင်းအလဲတွေကို manage လုပ်ဖို့
အခုထဲကကြိုတင်စဉ်းစားထားဖို့လိုပါတယ်

ကောင်းတိုင်းမှန်တိုင်းလူတိုင်းကလက်ခံချင်မ
ှလက်ခံကြတာ။
ဗမာတွေလွတ်လပ်ခွင့်နဲ့မတန်သေးဘူး၊
ဒီမိုကရေစီနဲ့မတန်သေးဘူးဆိုပြီးဖြစ်ချင်ရာဖြစ်ကွာ
လို့ဆိုပြီးဥပေက္ခာပြုလို့လဲမရပါဘူး၊
ပြုလဲမပြုသင့်ဘူးလေ။
ဒီတော့အတွေးအခေါ်ပွင့်လင်းပြီး
အယူအဆအသစ်တွေ၊
အပြောင်းအလဲကိုအဆင်သင့် ဖြစ်နေတဲ့
သူတွေကသာ
စိတ်ရှည်ရှည်နဲ့ change တွေမှာ
conflict တွေမဖြစ်အောင်ကြိုးစားကြရမှာပါ။

Anonymous said...

ဂျောက်ဂျက်ရေးထားတဲ့သီချင်း ဆိုထားတဲ့ သီချင်း
တွေကို ဘလော့ရီဒါက ပြန်ပြောတာဖြစ်မယ်ထင်တယ်။
ကိုပေါနဲ့ အပေါင်းအပါတစုက ဂျောက်ဂျက်တို့ဆိုထားတဲ့ သီချင်းကို မှန်တယ် ဆိုသင့်တယ်ဆိုရင် ဘလော့ရီဒါ မရိုင်းပါဘူး။
သူက ကိုပေါ လက်ခံလို့ ဆိုပြတာနေမှာလေ။
ဘယ်လိုလဲ .. လွတ်လပ်ခွင့် မြတ်နိုးသူ ဒီမို လူစွမ်းကောင်းကြီးရယ်...
ကိုယ့်ကိုထိတော့မှနာတတ်တာလားဗျာ။

Anonymous said...

ကိုပေါကို ပါစင်နယ် မတိုက်ခိုက်ဖို့ပြောတဲ့ ကိုစေးထူးကို ကျုပ်လေးစားတယ်။ ကိုပေါနဲ့ ကိုစေးထူးကို ကျုပ်မသိသလို၊ သူတို့ကလဲ ကျုပ်ကိုမသိဘူး။ ဒါပေမယ့် ကိုပေါကို မနာလိုစိတ်နဲ့ ကော့မန့်သမားတွေ ၀ိုင်းဆော်နေတာ ဘေးကနေအမြင်မတော်တော့ဘူးဗျ။

ကွန့်မင့်တွေကို စောင့်ဖတ်ပြီး စကားပြောချင်စိတ်ကိုကုန်တယ်ဗျာ။ ခင်ဗျားတို့ဟာ ကိုပေါ၊ ကိုကိုကျော်၊ ကိုကိုအေး၊ သူရိန်အစရှိတဲ့သူတွေပေးချင်တဲ့ ဆိုလိုရင်းကို နားလည်နိုင်လောက်တဲ့ အဆင့်မရှိဘူးဆိုတာ သေချာသွားပြီ။ ခင်ဗျားတို့ ဂျောက်ဂျက်ရိုင်းတာကိုထောက်ပြရုံနဲ့ ဒီလောက်မဖြစ်ဘူး။ စာလဲသေသေချာချာဖတ်ကြဦးဗျာ။ ရိုင်းတယ်ဆိုပြီး ဘာသာရေး၊ ယဉ်ကျေးမှု စတဲ့ ခြုံလွှာတွေကို အကာအကွယ်ယူပြီး ရှုံ့ချကဲ့ရဲ့တတ်တဲ့၊ ပိတ်ဆို့တားဆီးတတ်တဲ့ ခင်ဗျားတို့ရဲ့ စစ်အာဏာရှင်ဥာဏ်ကလေးတွေကို ထောက်ပြနေကြတာ။ ဒီမိုကရေစီလိုချင်ရင် ဒီလို သေးသိမ်တဲ့ စိတ်ဓာတ်တွေ ဖယ်ဖို့ ပြောပြနေတာ။ ခင်ဗျားတို့ဟာ ကိုယ်နဲ့ကီးကိုက်ရင်တော့ ငြိမ်ကုတ်နေကြတယ်။ အကိုနဲ့နှမ မကြားဝံ့မနာသာ ပြက်လုံးတွေနဲ့ ပြည့်နှက်နေတဲ့ သီးလေးသီးနဲ့ တခြား မြန်မာ့အငြိမ့်တွေကျတော့ တခွန်းမဟရဲဘူး..ဟတ်လား။ တဏှာရာဂတွေ မထိန်းနိုင်မသိမ်းနိုင်ပဲ ပေါက်ကွဲထွက်လာတဲ့ အရှက်တရားကင်းမဲ့နေတဲ့ အငြိမ့်ပျက်လုံးတွေကိုလဲ ဆွေးနွေးကြဦးဗျ။ စကားမစပ်ဗျာ.. ဒီလိုအောက်တန်းကျတဲ့ ပျက်လုံးတွေနဲ့သဘင်အငြိမ့်တွေ မြန်မာပြည်မှာ ပျံ့နှံ့နေတာကြာပြီဗျ။ သတိမထားလိုက်မိမှာစိုးလို့။ ဟတ်ပလား။

ဗိုလ်ချုပ်မိန့်ခွန်း ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်း ဒေါက်တာသန်းထွန်းစကား နော
က်ဆုံးဗျာ ဘုရားပါမကျန် ကိုပေါက ထည့်သွင်းကိုးကားပြောနေတယ်လို့ ပြောတယ်။ အေး ကိုပေါဟာ ပညာတတ်ပြီသစွာ ဒီလိုကိုးကားပြီး ဒီလောက်ပြောနေတာတောင်မှ နကန်းတလုံး နားမလည်တဲ့ လူတွေဘဲ။ ခင်ဗျားတို့ဟာ ယဉ်ကျေးတဲ့စကားလုံးနဲ့ အကျိုးသင့်အကြောင်းသင့် ကိုးကားပြောပြလို့ နားမလည်တဲ့ လူတွေဆိုတော့ ဒီမှာတင်ပွဲပြီးနေပြီ။ စစ်အစိုးရ ဘာကြောင့်အာဏာဒီလောက်မြဲနေလဲ ဘယ်သူမှ မေးခွန်းထုတ်စရာမလိုတော့ဘူး။ ဟတ်ပလား။

လူတယောက်နဲ့ယှဉ်ပြီး ဆွေးနွေးငြင်းခုံနိုင်လောက်တဲ့ အဆင့်မရှိရင် အဲဒီလူကို ပါစင်နယ်တိုက်ခိုက်တတ်တဲ့ ဘုတ်လှေးတို့ မြန်မာပြည်သားတို့ စူစူတို့လို လူတွေပေါများနေလောက်တဲ့ တိုင်းပြည်ပါလားဆိုတာ ဒီကော့မန့်တွေကိုဖတ်ပြီး ကျုပ်နားလည်လိုက်တယ်။ ကိုပေါ စင်္ကာပူမှာနေလို့ပဲလို့ ဘလိုင်းကြီးပြောတဲ့ စူစူဆိုသူ၊ စင်္ကာပူမှာ အလုပ်ကောင်းတစ်ခုပဲ ရအောင်သွားရှာစမ်းပါဦးဗျာ။ နယ်စပ်ကနေ လေယာဉ်ပေါ်တက်ပြီး နိုင်ငံခြားအစိုးရငွေတွေနဲ့ နိုင်ငံကြီးတွေကို ကုတ်ကပ်ရောက်လာ၊ နိုင်ငံကြီးတွေမှာ ရရာ အလုပ်လုပ်ပြီး စလုံးမှာ သိက္ခာရှိရှိနေနေတဲ့ ကိုယ့်လူမျိုးအချင်းချင်း နှိမ်ရလောက်အောင် ခင်ဗျားက ဘယ်လောက်ပါးပြောင်နေလို့လဲ။

ဒီမှာပြောနေတဲ့ လူနည်းစုက Freedom of thoughts freedom of expression တို့ စတဲ့ ဒီမိုကရေစီရဲ့ အရသာလေးကို ဒီလိုကိစ္စမျိုးနဲ့ စပြီး မြည်းစမ်းခိုင်းကြည့်တာ။ တကယ်တော့ခင်ဗျားတို့ နဲ့ မထိုက်တန်ဘူး။ လက်ညောင်းတာပဲ အဖတ်တင်တယ်။

နောက်ဆုံးကွန့်မင့်အနေနဲ့ ကျုပ်ပြောခဲ့မယ်။ ကျုပ်ရဲ့တန်ဖိုးရှိလှတဲ့ အချိန်တွေအတွက်လဲ ခင်ဗျားတို့လို နလပိန်းတုံးတွေအတွက် ဆက်အကုန်မခံတော့ဘူး။ ဟတ်ပလား။

နတ်ပြည်ကို ဂုတ်ဆွဲတင်တာတောင် အေးတယ်ဆိုပြီး ခုန်ဆင်းချင်သူတွေ၊ ကျန်စစ်က စောလူးမင်းကို ပြောသလို ပြောမှ တန်ရာကျမယ်။ ဘာသာရေး၊ ယဉ်ကျေးမှု စတဲ့ ခြုံလွှာတွေနောက်ကနေ အခြေအနေရင်းမြစ်ကို လေ့လာမသုံးသပ်ပဲ၊ တခြားနည်းလမ်းတွေကို မရှာဘဲ၊ ကိုယ်နဲ့ အမြင်မတူဘူးဆိုတာနဲ့ အရာရာကို အပုတ်ချ၊ စော်ကား၊ ပိတ်ဆို့တားဆီးရင်း စစ်အာဏာရှင်လက်ထဲမှာခွေးသေ၀က်သေ သေပြီး နေရစ်ကြတော့ဟေ့။

ကျုပ်(အနောက်နိုင်ငံ)

Anonymous said...

I want to share Kyote's comment here.

ကိုပေါကို ပါစင်နယ် မတိုက်ခိုက်ဖို့ပြောတဲ့ ကိုစေးထူးကို ကျုပ်လေးစားတယ်။ ကိုပေါနဲ့ ကိုစေးထူးကို ကျုပ်မသိသလို၊ သူတို့ကလဲ ကျုပ်ကိုမသိဘူး။ ဒါပေမယ့် ကိုပေါကို မနာလိုစိတ်နဲ့ ကော့မန့်သမားတွေ ၀ိုင်းဆော်နေတာ ဘေးကနေအမြင်မတော်တော့ဘူးဗျ။

ကွန့်မင့်တွေကို စောင့်ဖတ်ပြီး စကားပြောချင်စိတ်ကိုကုန်တယ်ဗျာ။ ခင်ဗျားတို့ဟာ ကိုပေါ၊ ကိုကိုကျော်၊ ကိုကိုအေး၊ သူရိန်အစရှိတဲ့သူတွေပေးချင်တဲ့ ဆိုလိုရင်းကို နားလည်နိုင်လောက်တဲ့ အဆင့်မရှိဘူးဆိုတာ သေချာသွားပြီ။ ခင်ဗျားတို့ ဂျောက်ဂျက်ရိုင်းတာကိုထောက်ပြရုံနဲ့ ဒီလောက်မဖြစ်ဘူး။ စာလဲသေသေချာချာဖတ်ကြဦးဗျာ။ ရိုင်းတယ်ဆိုပြီး ဘာသာရေး၊ ယဉ်ကျေးမှု စတဲ့ ခြုံလွှာတွေကို အကာအကွယ်ယူပြီး ရှုံ့ချကဲ့ရဲ့တတ်တဲ့၊ ပိတ်ဆို့တားဆီးတတ်တဲ့ ခင်ဗျားတို့ရဲ့ စစ်အာဏာရှင်ဥာဏ်ကလေးတွေကို ထောက်ပြနေကြတာ။ ဒီမိုကရေစီလိုချင်ရင် ဒီလို သေးသိမ်တဲ့ စိတ်ဓာတ်တွေ ဖယ်ဖို့ ပြောပြနေတာ။ ခင်ဗျားတို့ဟာ ကိုယ်နဲ့ကီးကိုက်ရင်တော့ ငြိမ်ကုတ်နေကြတယ်။ အကိုနဲ့နှမ မကြားဝံ့မနာသာ ပြက်လုံးတွေနဲ့ ပြည့်နှက်နေတဲ့ သီးလေးသီးနဲ့ တခြား မြန်မာ့အငြိမ့်တွေကျတော့ တခွန်းမဟရဲဘူး..ဟတ်လား။ တဏှာရာဂတွေ မထိန်းနိုင်မသိမ်းနိုင်ပဲ ပေါက်ကွဲထွက်လာတဲ့ အရှက်တရားကင်းမဲ့နေတဲ့ အငြိမ့်ပျက်လုံးတွေကိုလဲ ဆွေးနွေးကြဦးဗျ။ စကားမစပ်ဗျာ.. ဒီလိုအောက်တန်းကျတဲ့ ပျက်လုံးတွေနဲ့သဘင်အငြိမ့်တွေ မြန်မာပြည်မှာ ပျံ့နှံ့နေတာကြာပြီဗျ။ သတိမထားလိုက်မိမှာစိုးလို့။ ဟတ်ပလား။

ဗိုလ်ချုပ်မိန့်ခွန်း ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်း ဒေါက်တာသန်းထွန်းစကား နော
က်ဆုံးဗျာ ဘုရားပါမကျန် ကိုပေါက ထည့်သွင်းကိုးကားပြောနေတယ်လို့ ပြောတယ်။ အေး ကိုပေါဟာ ပညာတတ်ပြီသစွာ ဒီလိုကိုးကားပြီး ဒီလောက်ပြောနေတာတောင်မှ နကန်းတလုံး နားမလည်တဲ့ လူတွေဘဲ။ ခင်ဗျားတို့ဟာ ယဉ်ကျေးတဲ့စကားလုံးနဲ့ အကျိုးသင့်အကြောင်းသင့် ကိုးကားပြောပြလို့ နားမလည်တဲ့ လူတွေဆိုတော့ ဒီမှာတင်ပွဲပြီးနေပြီ။ စစ်အစိုးရ ဘာကြောင့်အာဏာဒီလောက်မြဲနေလဲ ဘယ်သူမှ မေးခွန်းထုတ်စရာမလိုတော့ဘူး။ ဟတ်ပလား။

လူတယောက်နဲ့ယှဉ်ပြီး ဆွေးနွေးငြင်းခုံနိုင်လောက်တဲ့ အဆင့်မရှိရင် အဲဒီလူကို ပါစင်နယ်တိုက်ခိုက်တတ်တဲ့ ဘုတ်လှေးတို့ မြန်မာပြည်သားတို့ စူစူတို့လို လူတွေပေါများနေလောက်တဲ့ တိုင်းပြည်ပါလားဆိုတာ ဒီကော့မန့်တွေကိုဖတ်ပြီး ကျုပ်နားလည်လိုက်တယ်။ ကိုပေါ စင်္ကာပူမှာနေလို့ပဲလို့ ဘလိုင်းကြီးပြောတဲ့ စူစူဆိုသူ၊ စင်္ကာပူမှာ အလုပ်ကောင်းတစ်ခုပဲ ရအောင်သွားရှာစမ်းပါဦးဗျာ။ နယ်စပ်ကနေ လေယာဉ်ပေါ်တက်ပြီး နိုင်ငံခြားအစိုးရငွေတွေနဲ့ နိုင်ငံကြီးတွေကို ကုတ်ကပ်ရောက်လာ၊ နိုင်ငံကြီးတွေမှာ ရရာ အလုပ်လုပ်ပြီး စလုံးမှာ သိက္ခာရှိရှိနေနေတဲ့ ကိုယ့်လူမျိုးအချင်းချင်း နှိမ်ရလောက်အောင် ခင်ဗျားက ဘယ်လောက်ပါးပြောင်နေလို့လဲ။

ဒီမှာပြောနေတဲ့ လူနည်းစုက Freedom of thoughts freedom of expression တို့ စတဲ့ ဒီမိုကရေစီရဲ့ အရသာလေးကို ဒီလိုကိစ္စမျိုးနဲ့ စပြီး မြည်းစမ်းခိုင်းကြည့်တာ။ တကယ်တော့ခင်ဗျားတို့ နဲ့ မထိုက်တန်ဘူး။ လက်ညောင်းတာပဲ အဖတ်တင်တယ်။

နောက်ဆုံးကွန့်မင့်အနေနဲ့ ကျုပ်ပြောခဲ့မယ်။ ကျုပ်ရဲ့တန်ဖိုးရှိလှတဲ့ အချိန်တွေအတွက်လဲ ခင်ဗျားတို့လို နလပိန်းတုံးတွေအတွက် ဆက်အကုန်မခံတော့ဘူး။ ဟတ်ပလား။

နတ်ပြည်ကို ဂုတ်ဆွဲတင်တာတောင် အေးတယ်ဆိုပြီး ခုန်ဆင်းချင်သူတွေ၊ ကျန်စစ်က စောလူးမင်းကို ပြောသလို ပြောမှ တန်ရာကျမယ်။ ဘာသာရေး၊ ယဉ်ကျေးမှု စတဲ့ ခြုံလွှာတွေနောက်ကနေ အခြေအနေရင်းမြစ်ကို လေ့လာမသုံးသပ်ပဲ၊ တခြားနည်းလမ်းတွေကို မရှာဘဲ၊ ကိုယ်နဲ့ အမြင်မတူဘူးဆိုတာနဲ့ အရာရာကို အပုတ်ချ၊ စော်ကား၊ ပိတ်ဆို့တားဆီးရင်း စစ်အာဏာရှင်လက်ထဲမှာခွေးသေ၀က်သေ သေပြီး နေရစ်ကြတော့ဟေ့။

ကျုပ်(အနောက်နိုင်ငံ)

မျိုးမြင့်မောင် said...

(I've already made the following comment on Ko Klo Say Htoo's blog. I'm also posting it here just in case that he may block my comment on the ground that he thinks my comment is satirical.)

Some people, please don't make blind accusations about others' messages and intents. Use specific examples (like Ko Paw does) to make your points. Don't just say what you think of something without explaining why and how you have come to such a conclusion. I'm really sick of such lousy comments!

On behalf of all the people who value reason

Kaung Kin Ko said...

အများကမကြိုက်ပေမယ့် ကိုယ်ခံယူချက်အတိုင်း ရေးရဲတဲ့ ကိုပေါရဲ့ သတ္တိ ကို အရမ်းလေးစားမိတယ်ဗျာ။

တစ်ခုတော့ အံ့သြဖို့ ကောင်းတယ်။ ဂျောက်ဂျက်စာသားတွေကို အော့နှလုံးနာပါတယ်ဆိုတဲ့ blogreader ဆိုသူက အချက်အလက်နဲ့  ရေးတဲ့ကိုပေါ ကို တုံ့  ပြန်လိုက်တဲ့ ပုံကတော့ ကိုယ့်အဆင့်အတန်းကို ဖော်ပြလိုက်တာပဲဗျာ။ အသက်ငယ်သေးတဲ့ ကာယကံရှင် ဟစ်ဟော့ အဆိုတော့်ဂျောက်ဂျက်နဲ့ သူ့ ကိုဖေးဖေးမမ ရေးမိတဲ့ လူတွေကို အုပ်စုနဲ့ ဝိုင်းရိုက်နေသလိုပါပဲဗျာ။ (ဖတ်လိုက်ရတဲ့ သီချင်းစာသားတွေက အတွေးအခေါ်မပါ ကြမ်းလည်းအရမ်း ကြမ်းလို့ ဒါမျိုးကို မကြိုက်ပေမယ့်) လူငယ်လေး တစ်ယောက်ကို ဒီလောက်အထိ မရက်စက်သင့်ပါဘူး။ ဒီသီချင်းကို သူက ဒီလောက်အထိ ပျံ့ နှံ့ လိမ့်မယ်လို့ ထင်မိချင်မှလည်း ထင်မိပါမယ်။သူငယ်ချင်းအချင်းချင်း ပေးနားထောင်ရင်းကနေ မထင်မှတ်ပဲ ပျံ့  သွားတာနေမှာပါ။ ဒီလိုဆိုရင် သီချင်းကို စိတ်ဝင်စားတဲ့ လူငယ်ထု ရှိနေပြီ။ ဒါကြောင့် ပျံ့  တာ။(ကျွန်တော်တို့  လူကြိးတွေလည်း အချင်းချင်း ဟိုပုံ ဒီပုံ ဟိုလင့်ခ် ဒီလင့်ခ်တွေ မဖြန့့် ကြဘူးလားဗျာ။ ) အဲဒီ့တော့ ဒါကို လက်မခံနိုင်ရင် လူငယ်တစ်ယောက်တည်းကို ဝိုင်းပြီး တရားခံရှာ အပြစ်ပြောမယ့် အစား လူငယ်အားလုံးကို ညင်ညင်သာသာ ပညာပေးမှ ထိရောက်မှာပါ။ လွတ်လပ်ခွင့်ကိုလည်း အတိုင်းအတာ တစ်ခုအထိတော့ ပေးရမှာပါ။ တရားဝင် ထွက်လာတဲ့ အခွေမျိုးဆိုရင်တော့ ဆင်ဆာ အဖွဲ့ ကို အပြစ်တင်ရမှာပါ။ ဒါက သူတို့ အလုပ်လေ။ တစ်ချို့  ကျွန်တော် တွေ့ ဖူးတဲ့လူတွေ ထဲမှာ မြန်မာ မော်ဒယ်တွေရဲ့  ပုံတွေ၊ နိုင်ငံတကာက အပြာပုံတွေကို စီးပွါးဖြစ်ကို ဝက်ဆိုဒ်လုပ်နေတာတွေ ရှိပါတယ်။ ဒါမျိုးကို ကျတော့ ဒီလောက်ကျယ်လောင်တဲ့ အပြစ်တင်သံ မကြားမိသေးပါလားခင်ဗျာ။ လူငယ်တစ်ယောက်ရဲ့  ဘဝကိုတော့ ဒီလောက်အထိ အညွန့် မချိုးသင့်ဘူးလို့မြင်မိတယ်။ ရက်ရက် စက်စက် သတင်းမီဒီယာတွေအပေါ်အထိတက်ပြီး အပြစ်မတင်သင့်ဘူးလို့  ထင်ပါတယ်။ မကြိုက်ရင် မကြိုက်တဲ့အကြောင်း မပြောရဘူးတော့ မဟုတ်ပါဘူး။ အကျိုးအကြောင်းနဲ့  ညင်ညင်သာသာ ပြောဆို ဝေဖန်ရမှာပါ။ အညွန့် ချိုးသလို မဖြစ်အောင် ဂရုစိုက်ဖို့ လိုပါတယ်။

Anonymous said...

ကောင်းကင်ကို

ပါစင်နယ်တိုက်တာမဟုတ်ဘူးထင်တယ်

ဒီလို သီချင်းကို လက်ခံတဲ့ ကိုပေါအတွက် ဒီလိုသီချင်းကို
ဆိုပြတာဖြစ်မယ်။

အရူးဘုံမြှောက်တဲ့
စာဖတ်လွန်းတော့လဲ တချို့ ယဉ်ယဉ်လေးရူးတယ်

Anonymous said...

Just to consider another point of view.
Sincerely apologize to blogger for not seeking permission in advance.

ယဉ်ကျေးမှုကို ဖိသတ်ချင်နေပြီလော အသင်ဆောင်းပါးရှင်
Posted by လင်းဦး(စိတ်ပညာ) | Labels: ကျွန်တော်ပြောချင်နေတဲ့ ကျွန်တော့်အမြင်များ

နေသန်မောင် (ရုပ်ရှင်ဗီဒီယိုထုတ်လုပ်ရေးနှင့် နိုင်ငံရေးသိပ္ပံဘာသာရပ်ကျောင်းသား)ဆိုသူ ရဲ့ စည်းကမ်းပြည့်ဝသော သတင်းများနဲ့ Hip Hop ငိုငြီးသံများ ဆောင်းပါးကို ဖတ်ပြီး ကျွန်တော်တော်တော်လေးကို ၀မ်းနည်းမိသည်။ ထို့ထက် ထိုသို့သော အတွေးအရေးကို ထောက်ခံသော ဘလောဂ်တစ်ခုကို ဒေါက်တာလွဏ်းဆွေ ဘလောဂ်စီဗောက်မှ ရောက်သွားခဲ့သည်။ တော်တော်လေးကို ဟုတ်နေကြသည်ဟု တွေးမိသည်။ အဲ့နေ့ကတည်းက ဒီပို့စ်ကို ရေးတင်ချင်သော်လည်း မတင်ဖြစ်ခဲ့။ ယခု သွားကြည့်မိတော့ ထိုဘလောဂ်တွင် ထောက်ခံထားသော ဆောင်းပါး မတွေ့ရှိရတော့ပါ။ သို့နှင့် မဇ္ဈိမသို့ ပြန်ရောက်သော် ထိုအကြောင်းနှင့်ပတ်သက်၍ ထပ်ပြီးရေးထားသော ဆောင်းပါးကိုတွေ့ခဲ့ရပြန်သည်။

နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးတွင် ဓလေ့စရိုက် ယဉ်ကျေးမှုများ ရှိကြသည်ချည်းပင် ဖြစ်ပါသည်။ ကျွန်တော်တို့နိုင်ငံတွင်လည်း ကိုယ့်ယဉ်ကျေးမှုနှင့် ကိုယ် ရှိပါသည်။ Hip Hop ဖြင့် ယဉ်ကျေးမှုတစ်ခုကို ပစ်ပယ်သင့်ပြီဆိုသော အဓိပ္ပါယ်ဖြင့် Revolution ကို သုံးသွားသည်ကို တွေ့ရသည်။ ပစ်ပယ်သင့်သည် / မသင့်သည် ၊ချိုးဖောက်သင့်သည် /မသင့်သည် ဆိုသည့် အဆင့်မရောက်မီ ဆောင်းပါးရှင်အနေဖြင့် ယဉ်ကျေးမှုဆိုသည်ကို မည်သို့ နားလည်သဘောပေါက်ပါသနည်း။ မည်သို့ နားလည် ခံယူထားပါသနည်း။ မည်သို့ နားလည်ခံယူပြီး ဤသို့သောဆောင်းပါးမျိုးကိုရေးချမိပါသနည်း။

ဆောင်းပါးရှင်အနေဖြင့် ဒီမိုကရေစီဟူသော အနက်အဓိပ္ပါယ်ကို ဘယ်လို နားလည်ထားပါသနည်းဟု ကျွန်တော် ထပ်မေးချင်ပြန်ပေသည်။ အများကြီး ဆက်စပ်နေသော မေးခွန်းဟု ကျွန်တော့်အနေဖြင့် ပြောချင်သည်။ မိမိရောက်ရှိနေသော နိုင်ငံ၏ ယဉ်ကျေးမှု ဖုံးလွှမ်း စိုးမိုးမှုကြောင့်လား၊ ဒါမှမဟုတ် ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံမဆို၊ ဒီမိုကရေစီဆိုလျှင် ၄င်းအနောက်နိုင်ငံတို့၏ စည်းမျဉ်းအတိုင်းသာလျှင် ဖြစ်ရမည်ဟု လက်ခံထားလို့လား.....။ လူ့အခွင့်အရေးဟု ဆိုတိုင်း မိမိနိုင်ငံ၏ ယဉ်ကျေးမှုဘောင်ကို ကျော်ဖြတ်သင့်သည်ဟု့ ဆောင်းပါးရှင်အနေဖြင့် ယူဆနေသည်ကို တွေ့နေရသည်။ သူ့အနေဖြင့် မည်သို့သော အသိုင်းအ၀ိုင်းကြားတွင် မွေးဖွားရှင်သန် လာခဲ့သည်တော့မသိပါ။

ကျွန်တော် Fucking ဆိုသည့် စာတန်းနှင့် ပတ်သက်၍ ဆောင်းပါးရေးခဲ့ဖူးသည်။ ထိုတုန်းကလည်းဝေဖန်ဆွေးနွေးကြ၏။ ဒီမိုကရေစီ နိုင်ငံများ၊ အနောက်နိုင်ငံများတွင် ဤသို့သော စကားလုံးကို မည်သို့သော ပုဂ္ဂိုလ်များသာလျှင် အသုံးပြုကြသည်ကို တွေ့ရှိနိုင်သည်။ ဆောင်းပါးရှင်အနေဖြင့် ပိုမိုသိနိုင်မည်ဟု ထင်မိသည်။ ပြီးတော့ ၄င်းနိုင်ငံများအနေဖြင့် ညစ်ညမ်းစွာ ဆဲဆိုမှုကို လိုလားကြသူချည်းလား။ အနောက်နိုင်ငံသားတိုင်း မရိုင်းကြပါ။ အနောက် ဒီမိုကရေစီနိုင်ငံများနှင့် မိမိ အမိမြန်မာပြည်ရဲ့ ယဉ်ကျေးမှုနှင့် ကိုက်ညီပါရဲ့လား။ ဆဲရေးတိုင်းထွာနေသော သီင်္ချင်းများကို အဟုတ်ကြီးလုပ် နားထောင်နေကြသော လူငယ်ထုကို အမှားထဲကို ထပ်ပြီးတိုးဝင်အောင် ပြုလုပ်နေသည်က မအပ်စပ် မလုပ်သင့် မလုပ်ထိုက်သော အလုပ်ကို လုပ်နေသည်ဟု ကျွန်တော် ကောက်ချက်ချပါသည်။ ဒါမှမဟုတ် မိမိရေးသော ဆောင်းပါးတစ်ခုကြောင့် မြန်မာလူငယ်ထုအပေါ် မှားယွင်းသော အတွေးအခေါ်ဆိုးကျိုးများပေါ်လာနိုင်သည်ကိုမစဉ်းစားမဆင်ခြင်မိသည်လား။

ဒါ လူ့အခွင့်အရေးကွ.... ဆိုခွင့်ရှိသည်ဟု ဆိုလျှင် မခက်ပါပြီကော။ အဘယ့်ကြောင့် ထိုသီချင်းများ ခေတ်စားကာ နာမည်ကျော်ကြား လာပါသနည်းဟူသည်...... မြန်မာလူမျိုးများသည် လျှို့ဝှက်သောအကြောင်းအရာများကို အလွန်စိတ်ဝင်စားတတ်ကြသည်။ သီချင်းဆိုလျှင် အခွေမထွက်ခင် Sample အနေဖြင့် ထွက်သော အခွေများကို စိတ်ဝင်စားကြသည်။ ဟိုအဆိုတော်က ဘယ်သူနဲ့ ဘယ်လိုဆိုလျှင် မရမကအောင် လိုက်လံရှာဖွေ ၀ယ်ယူတတ်ကြသည်။ ယခုလည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။ ရိုင်းစိုင်းသော အဆိုမျိုးကို လူငယ်ထုအနေဖြင့် သာမက လူကြီးများပါ အထူးတဆန်း နားထောင်ချင်ကြသည်။ လိုက်ရှာကြသည်။ လိုက်ဝယ်ကြသည်။ မိန်းကလေးများ နားမထောင့်သင့် ဆိုပေမယ့် နားထောင်ကြသည်ဆိုသည်မှာ ဤအချက်များကြောင့် အများဆုံးပါဝင်ကြသည်။ ဘာဖြစ်ဖြစ်နားထောင်ဖူးချင်ကြသည်။ထိုသို့ဖြင့်ထိုအဆိုတော်များနာမည်ကြီးကြပါသည်။

ထိုသို့ဆိုလျှင် နာမည်ကြီးချင်တိုင်း ရိုင်စိုင်းသော အသုံးအနှုန်းမျိုးဖြင့် လိုက်ဆိုကြလျှင် မခက်ပါပြီကော။ ထို့ထက် ငါတို့နိုင်ငံရဲ့ ယဉ်ကျေးမှုကို ချိုးဖောက်သင့်ကြပြီဟုဆိုလျှင် မခက်ပါပြီကော အသင်ဆောင်းပါးရှင် နေသန်မောင်။ ခေတ်ရေစီးကြောင်း ခေတ်ရေစီးကြောင်းဆိုပြီး မိမိနိုင်ငံရဲ့ ယဉ်ကျေးမှုကို ဖိသတ်ချင်နေပြီကော အသင်ဆောင်းပါးရှင်၊ လူ့အခွင့်ရေး ဆိုပြီး မိမိနိုင်ငံရဲ့ မျိုးဆက်သစ်များအပေါ် အတွေးအခေါ်မှားများကို သွတ်သွင်းနေပြီကော အသင်ဆောင်းပါးရှင်။ ဒီမိုကရေစီဆိုသည်မှာ ထိုသို့သော ရိုင်းစိုင်းသော စာသားအသုံးအနှုန်း ၊ သီချင်းများကို အားပေးသည်ဟု လူငယ်ထုများအပေါ် ထင်မြင်စေချင်သလော အသင်ဆောင်းပါးရှင် ။
လင်းဦး(စိတ်ပညာ)

Anonymous said...

အစကတော့ မရေးတော့ဘူးလို့ပဲ ကိုပေါရေ.....
ခုတော့ ရေးချင်လာပြီ....
ကိုပေါပြောတာမှန်ပါတယ်...
တိုက်ပုံဝတ်ပြီး လူယဉ်ကျေးချင်ယောင်ဆောင်ပြီး.. ကွယ်ရာမှာ ဖောက်လွဲ ဖောက်ပြန်လုပ်နေတဲ့ လူတွေနဲ့ စာရင် လွတ်လွတ်လပ်လပ် ပေါက်ကွဲ.. ရိုင်းစိုင်းတဲ့စာလုံးတွေနဲ့ ဟစ်အော် ဟစ်ကြွေးနေတဲ့.. လူငယ်လေးတွေက အများကြီး အပြစ်ကင်းပါတယ်...

ကိုပေါပြောသလိုပဲ... ဟုတ်မှန်ပြီး အကျိုးရှိတဲ့ စကားကို ပြောတဲ့နေရာမှာ... ခံယူတဲ့ လူတွေရဲ့ အဆင့်အတန်းပေါ်မူတည်ပြီး.. စကားလုံးအသုံးအနှုံးရွေးချယ်ရပါတယ်... တချို့က ယဉ်ယဉ်ကျေးကျေးပြောမှ နားဝင်လွယ်ပြီး.. တချို့က ကြမ်းကြမ်းတမ်းတမ်း ပြောမှ နားလည်လွယ်ကြပါတယ်.. စကားလုံးအသုံးအနှုန်း ကြမ်းတမ်းသွားသော်လည်း စေတနာက ရိုးသားနေသေးတယ်ဆိုရင် ခွင့်လွှတ်သင့်ပါတယ်...

ဒါပေမဲ့ ကိုပေါရေ... လူ့အသိုင်းအဝိုင်း လူ့ယဉ်ကျေးမှုဆိုတာကို .. ခုခေတ်လူငယ်တွေ အမြင်မှား အသိမှား သွားမှာလဲ စိုးရိမ်ရပါတယ်...
မှန်တဲ့ အတိုင်း ပြောဆို ပြုမူလုပ်ကိုင်တိုင်း.. လွတ်လွတ်လပ်လပ်ကြီး လုပ်လို့ ရတယ်ဆိုရင်... လူမြင်ကွင်းမှာ ခွေးတွေ ပျော်မြူးတတ်တဲ့ တော်သလင်းလ ရာသီလို ဖြစ်မှာလဲ စိုးရိမ်ရတယ်လေး.

အမှန်တကယ်က လူတိုင်းလူတိုင်း.. မိမိကိုယ်ကို မိမိ ဘာလဲဆိုတာ မမေ့ဖို့လိုတယ်လေ... မိမိအဆင့်အတန်းပေါ် မူတည်ပြီး... နားလည်ကြ ခံစားကြပေမဲ့... ယိုသူမရှက် မြင်သူရှက် အပြုအမူမျိုး.. အသုံးအနှုန်း အပြောအဆိုမျိုးတွေကိုတော့... ရှောင်ရှားသင့်ပါတယ်....

ယဉ်ကျေးမှုအဆင့်အတန်းတစ်ခုကိုတော့... ကိုယ်ရောစိတ်ပါ စောင့်ထိန်းသင့်ပါတယ်....

မုန်းစရာ

Anonymous said...

ဒီသီချင်းစာသားလေး ဖတ်ကြည့်ကြပါဦး။
ရသမြောက်အောင် ရေးတတ်လိုက်တာ။ တော်လိုက်တဲ့ ဗီအိုင်ပီ အဖွဲ့။ နားထောင်ရင်းနဲ့ စိတ်ထဲ မရိုးမရွကို ဖြစ်ရော။
ဒါမှ လူငယ့်အသံ အစစ်။ (ယောက်ျားလေးအသံရော မိန်းကလေး ညည်းတွားတဲ့အသံပါ ပါတယ်) ဒါမျိုးတွေ ပိတ်ပင်လို့ ဘယ်ဖြစ်မတုန်း။ လိုက်ပိတ်ရင် မျိုးတုံးသွားမှာပေါ့။ ပြီးတော့ သူတို့လေးတွေရဲ့ လွတ်လပ်ခွင့်။ ဒါမျိုး မတားဆီးကောင်းဘူး မို့လား။ မတားကြနဲ့နော် ... ငရဲကြီးလိမ့်မယ်။

သီချင်းခေါင်းစဉ်နဲ့ သီချင်းစာသားတွေနဲ့ကလဲ အဟပ်ပဲ။ စာသားတွေက အလန်းစား။ အားလုံး အမှန်တရားတွေချည်းပဲ။ ခုခေတ်လူငယ်တွေရဲ့ ပေါက်ကွဲသံစဉ် ချိုချိုလေးတွေ ဆိုပါတော့။

ဟိုရှေးခေတ်ကဆိုရင်တော့ ဒီသီချင်းထဲက အသံမျိုး ခြင်ထောင်သံ ခေါ်မလားမသိဘူး။ ဒီခေတ်မှာတော့ ခြင်ထောင်နဲ့လဲ သိပ်မအိပ်ကြတော့ဘူးဆိုတော့ ဘာသံ ခေါ်ရမလဲ ... ပြောတတ်ပေါင်။

ဒီသီချင်းမျိုး လူငယ်လေးတွေ များများနားထောင်ကြရင် ဒန့်ကျွဲပင် ပုခက်ဆင်တဲ့ သူတို့ခေတ်ကိုတော့ အမြန်ရောက်ရမည်မှာ မလွဲပါ ... တို့ဗမာ ... တို့ဗမာ ...
အဲ ... တို့ဗမာ သီချင်းနဲ့ မှားသွားပြီ။

စကားကြော မရှည်တော့ပါဘူး။ ဖတ်ကြည့်လိုက်ပါဦး။ နားထောင်ချင်ရင်တော့ .... ဟတ်ဟတ် ... လူတိုင်းလိုလို သိပြီးသားမို့ ပြောတော့ဘူးနော်။
++++++++++
ပြီးခါနီး (သားကြီး - VIP)

လိမ်မာတယ် ပြောစကားနားထောင်ရင်
နင်ငါ့နောက်လိုက်စေချင်
နင်စိတ်ကြိုက်အချစ်တွေပေးမယ် ယုံ
မိဘတွေဆူမှာ တွေးကြောက်နေလို့လား
မိုးမချုပ်စေရဘူး ကတိပေးတယ်
အိမ်အရောက်ပြန်ပို့ပေးမယ်
ထွေးပိုက်လို့ထား ညရဲ့ ရင်ခွင်လယ်ထဲ
ဘယ်သူမှ မတွေ့အောင် ၀ှက်ထားမယ်
မင်းစိတ်ချလိုက်
မုန့်ဘိုးများစုကာထားလေ
တွေးလို့မပူနဲ့ ကုန်လောက်တယ်
တဖြည်းဖြည်း စိတ်ကိုလျှော့
သိပ်စောဒက မတက်နဲ့နော်
မျက်လုံးလေးမှိတ်ကာ မှိန်းနေလိုက်စမ်းပါ
သက်ပြင်းလေးချကာပေါ့
ရေတခွက်လောက်သောက်ချင်ပြော
အချိန်တွေ သိပ်မရှိ ငြိမ်နေသက်ပြီး
အချိန်တန်ရင် ပြီးသွားမှာပေါ့
တဖြည်းဖြည်းစိတ်ကိုလျှော့
သိပ်ဒေါသမကြီးနဲ့နော်
မျက်လုံးလေးမှိတ်ကာ မှိန်းနေလိုက်စမ်းပါ
သက်ပြင်းလေးချကာပေါ့
ရေတခွက်လောက်သောက်ချင်ပြော
အချိန်တွေ သိပ်မရှိ ငြိမ်နေသက်ပြီး
အချိန်တန်ရင် ပြီးသွားမှာပေါ့
မင်းနှုတ်ခမ်းကအနမ်းတို့ ဖူးပွင့်ရင်းနဲ့
တို့နှစ်ယောက်ဇာတ်လမ်း ခုအချိန်စတင်မယ်
မင်းငါ့ကို ချစ်တယ်ဆိုတာ ဟုတ်တယ်ဆိုရင်
ခုချိန်မှာမရှက်နဲ့
မင်းဂရုမစိုက်နဲ့ ဖွင့်ဟထုတ်ဖော်လိုက်
မင်းရဲ့ ရင်ထဲ ခံစားချက်တွေ
မင်းအတွက် ငါ့အချစ်တွေ သိပ်ပြင်းထန်လို့သွားလား
ဒီတခုတော့ ငါ့အပေါ် နားလည်ပါ
((ရှေ့တိုးနောက်ဆုတ်
ဝင်လိုက်ထွက်လိုက်
ငါ့အသက်ရှူသံများ
ရင်ခုန်သံများ ဆုပ်ကိုင်
အာရုံများယိမ်းယိုင်
မောဟိုက်နေပြီလား )) အခေါက်ခေါက်ဆို
+++++++
ဘယ့်နှယ့်လဲ ... ကောင်းတယ်မှတ်လား။ လန်းရော လန်းသွားသလား။

အင်း ... အဲဒါပါပဲ ...
ပြီးခါနီး လွတ်လပ်ခွင့်၊
ရှေ့တိုးနောက်ဆုတ် ဒီမိုကရေစီ၊
ဝင်လိုက်ထွက်လိုက် မြန်မာ့ယဉ်ကျေးမှု။
သင်ကြိုက်ရာ ရွေးချယ်ပါ ... ။
ဘာကို ရွေးမလဲ ... ရွာကလေးရယ် ...

Anonymous said...

စာတိုကိုပေါ

ဂျောက်ဂျက်ဆိုသော သီချင်းများအား သင့်ကိုမွေးထုတ်ပေးခဲ့သော မွေးသမိခင်အားဆိုပြ၍ ဤ သီချင်းနှင့်ပက်သက်၍ သား၏ ထောက်ခံချက်သည် ဆီလျော်ပါသည်လောဟု မေးကာ မာတာမိခင် ကိုပေါအမေ၏ ဖြေကြားချက်ကို စာဖတ်သူတစ်ဦးအနေနှင့် သိချင်လှပါကြောင်း။

Anonymous said...

ကျမ ၂၅ နှစ်ကျော် တဲ့ မိန်းကလေး တစ်ယောက်ပါ။ hiphop ကို မကြိုက်ပါဘူး။ ကိုပေါ နဲ့လဲ မသိပါဘူး။ ဘလော့ဂါ လဲ မဟုတ်ပါဘူး။ ဖတ်ချင်တဲ့ ဘလော့ တွေ လိုက်ဖတ်ပါတယ်။ ကိုပေါ ရဲ့ ဘလော့ ကို အရင်က တခါ လာဖတ်ဖူးပါတယ်။ အခု ၁ ခါ .. ဒါပါပဲ။

ကိုပေါက ကိုစေးထူး ဆီ ကွန်မန့် ပေးတုန်းက ဂျောက်ဂျက် သီချင်း နားမထောင် ဖူးပါဘူး .. သူ့အမြင်ကို ဖော်ပြချင်လို့ ရေးပါတယ်တဲ့။ ကျမ ကတော့ အပြန် အလှန် ကွန်မန့် တွေဖတ် ပီး ဂျောက်ဂျက် သီချင်း နားထောင် အပီးမှာ ဒီ ကွန်မန့်ကို ရေးပါတယ်။

ဂျောက်ဂျက် ရဲ့ သီချင်းစာသား တွေဟာ .. ဟုတ်ကဲ့ အတော်ရိုင်းပါတယ် ... မိန်းကလေး တယောက်နားထောင်မိရင် ဒေါသ အလိပ်လိုက် ထွက်လာနိုင်အောင် အော့နှလုံးနာ စရာ ကောင်းလောက် အောင် ရိုင်းပါတယ်။ မိန်းကလေး ဆိုတဲ့ အဆင့်အတန်းကို အတော် နှိမ်ချ ရေးထား တဲ့ စာသားတွေ .. ဒါ ကျမ သူ့သီချင်း တွေ သေချာ နားမထောင်ကြည့်ရခင် .. တပိုင်းတစ စာသား အကြား မြင်မိတဲ့ အမြင်ပါ။

ဒီလူငယ် ဆိုထားတဲ့ သီချင်းတွေကို နားထောင်ကြည့်တော့ ... သူစော်ကား မော်ကား ဆိုထားတယ်လို့ ယူဆချင်ယူဆနိုင်တဲ့ စာသားတွေဟာ .. မိန်းကလေး ၁ ယောက်ကို ရည်ညွှန်းတဲ့ စာသားတွေဟာ ဘယ်လို အသိုင်း အ၀ိုင်းက ဘယ်လို စိတ်ဓါတ်ရှိတဲ့ မိန်းကလေးတွေကို ရည်ညွှန်းလဲ သိနိုင်ပါတယ်။ မိကောင်းဖခင် သားသမီး သူ့ဘာသာ နေနေတဲ့ မိန်းကလေး တယောက်ကို ရည်ညွှန်း စော်ကားတာ မပါပါဘူး။ သူဆိုတဲ့ စာသားတွေထဲမှာကို ဘယ် အသိုင်းအ၀ိုင်းက ဘယ်လို လူတွေ ကို ပြောနေမှန်း သိပ်သိသာပါတယ်။

နောက် ကလော် တုတ်တယ်လို့ ယူဆ နိုင်တဲ့ စာသားတွေဟာ ဂီတ အသိုင်းအ၀ိုင်းထဲက နာမည်ကြီး တချို့ရဲ့ မတော် မတည့် လုပ်ရပ်တွေကို ဆိုထားတယ် လို့ ပဲ ကျမ မြင်ပါတယ်။

နောက် မိဘ ကို စော်ကားတယ် ပြောနိုင်တဲ့ သီချင်း .. ထမိန် ၀တ်ထားပါလား ပြောလိုက်လို့ သိပ်ရိုင်းသွားပါတယ် ။ ဒါပေမယ့် သူခံစား နေရမယ့် အတိုင်းအတာ ရဲ့ ထွက်ပေါက် အဖြစ် ထွက်လာတဲ့ အသံလို့ ကျမ နားလည်ပီး နားထောင်လို့ ရသွားပါတယ်။

နောက် သီချင်း ၁ပုဒ် .. အင်း အချစ်သီချင်းပါ .. အချစ် သီချင်း လို့ပဲ ပြောရမယ် ထင်ပါရဲ့။ ဒီလို အသံတွေ ထည့်တာ ကျမ လည်း လက်ခံ နားမထောင်နိုင်ပါဘူး။ ဒါပေမယ့် ဒါ သူ့ရဲ့ ဖန်တီးခွင့်ပါ။ ဒါလည်းလေ မကြိုက်ရင် နားမထောင်နဲ့ပေါ့ .. လို့ ပြောရုံပါပဲ။ နောက် ဒီ သီချင်း တွေဟာ တရားဝင် အခွေထွက်နေတဲ့ သီချင်းတွေမဟုတ်ပါဘူး။ ဒီသီချင်းတွေ လဘက်ရည်ဆိုင် မှာဖွင့်လို့ ကိုယ် အနှောင့်အယှက် ဖြစ်တယ်ဆိုရင် အဲ့ဆိုင် သွားမထိုင် ရုံ သာ ရှိပါမယ်။

ကိုပေါ ရဲ့ ဒီပို့စ် ဟာ ဂျောက်ဂျက် သီချင်းအကြောင်း ရေးတဲ့ ပို့စ် မဟုတ်ပေမယ့် .. ကျမ မြင်မိတဲ့ အမြင်လေးကို လာရေးရတဲ့ အတွက် လမ်းချော်သွားမယ် ဆိုရင် တောင်းပန်ပါတယ်။

ကျမ ၂ ခါပဲ လာဖတ်ဖူးတဲ့ ပိတောက်ရိပ်ကို နောက် မကြာမကြာ လာဖတ်ပါတော့မယ် လို့ပဲ ပြောပါရစေ။

ခင်တဲ့
မလေးရည်

Anonymous said...

နားမထောင်ချင်မထိုင်နဲ့ဆိုတဲ့လက်ဖက်ရည်ဆိုင်ရှေ့မလေးရည် ဖြတ်လျှောက်သွားချိန် ဆိုင်ထဲကသီချင်းကအပြင်ကိုလျှံကျနိုင်သလို မလေးရည်ကိုလည်း စောင်းမြောင်းသီဆိုနိုင်တယ်လို့ကော မလေးရည်မထင်မိဘူးလားရှင့်.။

ဆရာမလေးကို အသည်းစွဲချစ်တယ်..လို့ဆိုခဲ့တဲ့ရိုးရိုးသားသား သီချင်းလေးကတောင် ကျမဆရာမဖြစ်ချိန်မှာ လမ်းလျှောက်သွားချိန် ရိသဲ့သဲ့ ပြောတတ်တဲ့ ချာတိတ် တွေ ရှိနေခဲ့တာကို ဆရာမဖြစ်တဲ့ကျမ အနေနဲ့ မလေးရည်ကို ပြောပါရစေရှင်

Anonymous said...

ကိုယ်မမြင်ချင်တဲ့ အရာ မကြားချင်တဲ့ အရာ နားထဲဝင်လာတာ လိုက်ပိတ်ပင်လို့ မှ မရဘဲလေ ။

ပီးတော့ ကျမ ပြောချင်တာ ဒီသီချင်းတွေရဲ့ ဆိုလိုရင်းဟာ ဘယ်သူတွေကို ရည်ညွှန်းလဲ အသိသာကြီးပါ။

မိန်းကလေး ၁ ယောက်ကို စချင်နောက်ချင် နှမချင်း မစာနာ ပြောချင်တဲ့သူက ဒီလို သီချင်း မှ မဟုတ်ပါဘူး ... သူဆိုချင်တာ ဆိုပီး ပြောမှာပါပဲ :)

Anonymous said...

မလေးရည်

နာမည်ကဗျာဆန်တယ်

အဲဒီလိုလှပပီး ယဉ်ကျေးတဲ့နာမည်ပိုင်ရှင်က ဒီလိုလူကြားထဲ ရိုင်းပျတဲ့သီချင်းကိုတောင် ပီးအောင်နားထောင်နိုင်တဲ့အတွက် ချီးကျူးမိပါတယ်။

ဒါဟာ ရိုင်းပျတာကိုလဲ လက်ခံတယ်။ ဟင်းးးးး သက်မပဲချလိုက်ပါပီ မလေးရည်
ဆက်မရေးချင်တော့ပါ မလေးရည်။

Anonymous said...

မရေးပါနဲ့တော့ရှင် ။ ဂျောက်ဂျက် သီချင်း အကြောင်းအပြောကောင်းတာ ကျမ နာမည်ပါ အဆစ်ပါသွားပီ .. စိတ်မကောင်းဘူးရှင့် :)

Anonymous said...

((အများကမကြိုက်ပေမယ့် ကိုယ့်ခံယူချက်အတိုင်း ရေးရဲတဲ့ ကိုပေါရဲ့ သတ္တိကို အရမ်းလေးစားမိတယ်ဗျာ။))

ကျမသည် ကိုကောင်းကင်ကို ရေးခဲသည့်
အထက်ပါ comment အား အပြည့်အဝ ထောက်ခံပါသည်။

လူသားတိုင်းသည် မိမိကိုယ်ပိုင် လွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ကွဲပြားခံစားခွင့် ရှိသင့်ပါသည်။

မိမိမရိုင်းပါဟု ပြောဆိုကြသော လူတိုင်းသည်
သူတို့ဘဝမှာ သူတို့ကိုယ်တိုင်ရိုင်းသည်ဟု သတ်မှတ်သော အရာများနှင့် ကင်းလွတ်ခဲ့ပါ၏လော...။

လင်းအေးလူ said...

ှကို blogreader......
တပါးသူ ဖရုဿဝါစာပြောတာ မကြိက်ရင် ခင်ဗျားကိုယ်တိုင်မပြောမိဖို့ အရေးကြီးပါတယ်....မြတ်စွာဘုရားရှင်ကလည်း သည်လိုဘဲ သွန်သင်ခဲ့ပါတယ်...
ခင်ဗျားက ဂျောက်ဂျက်ရဲ့စာသားတွေကို ယူသုံးထားတော့ ခင်ဗျားလည်း.......ဂျောက်.
ကျွန်တော်ထင်တယ်..အဲသည်ထက်တောင် ပိုပါလိမ့်မယ်.....

Anonymous said...

ကိုပေါ အမေဆီက အဖြေရပါပီလားဗျို့

Anonymous said...

ကိုပေါ မားသားဆီက အဖြေရပီလးဗျို့ သားသား
သိချင်လှပီဗျ

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs