“ဘောလုံးပွဲ”

Share |
ပွဲကြည့်စင်ပေါ်က
အော်ဆဲဖို့လွယ်သလောက်
ကွင်းထဲရောက်တော့
ထင်သလောက်မလွယ်။

9 comments:

တန်ခူး said...

ကိုပေါရေ… တိုတိုနဲ့ ထိမိတဲ့ ကဗျာကောင်းလေးပါ…
ဟုတ်တယ်ကိုပေါရေ… အပြောလွယ်သလောက် တကယ်လုပ်ဖို့ ခက်တာအမှန်ပဲ…

Anonymous said...

စက`်ာပူကို အလုပ်လာရှာကြသလိုပေါ့ :(

Unknown said...

ပွဲကြည့်ပရိတ်သတ်ကတော့...
မောရင်ရေသောက်
နားဘို့အချိန်ရောက်နိုင်ပေမယ့်
ကွင်းထဲက သူတို့ကတော့...
ချွေးတပြိုက်ပြိုက်နဲ့
အားစိုက်နေကြရဆဲ။

pandora said...

ဟာ.. ကိုပေါ သိသွားပြီကိုး။

ကိုပေါ said...

တန်ခူးရေ....ကျေးဇူးပါ။

ရွှေထုပ်လေး..... ခေတ်ပျက်တုန်းဆိုတော့ ဂလိုဘဲ။

လရိပ်.... ဟုတ်တယ်။ ဒီပွဲလက် လက်ဝှေ့ဘဲလို တရောင်းပြီးတရောင်း နားချိန်ခံပြီး ကစားရတာမျိုးမဟုတ်။

ပန်ဒိုရာ.... ကျနော်လည်း ကွင်းပြင်မှာပဲ ရှိပါသေးတယ်။ (ဘောလုံးကောက်)။ ဒါပေမယ့် ကွင်းထက်က လူတွေရဲ့ အဖြစ်ကို စာနာကြည့်တာပါ။

Anonymous said...

ဂျာမနီနဲ့ ပွဲတုန်းက Terry ကြီး ကောင်းသလောက် ဟိုးအရင်တစ်ပွဲ တုန်းက တော်တော် အသုံးမကျတဲ့ကောင်လို့ ပြောမိသေးတာ. မင်းကကော ကန်တတ်လို့လား လာမေးရင်. ကန်တတ်ပါဘူး.. ကွင်းထဲက လူတွေကတော့ ပရိုတွေကိုး ။ အော်ဆဲတာတော့ ရိုင်းတာပေါ့.
(FullStop)

ကိုပေါ said...

အမည်မသိ..... ဟုတ်ပါပေဗျိုး။ မှန်ပါပေဗျိုး။ ထိုင်ဆဲတာကတော့ ရိုင်းတာပေါ့ခင်ဗျာ။ ဒီကနေ့ မြန်မာ့နိုင်ငံရေးမှာလည်း ကွင်းထဲမှာ ကစားနေသူတွေနဲ့ ဘေးမှာ ထိုင်ဆဲနေသူတွေဆိုပြီး ရှိပါသေးတယ်ဗျာ။ မြန်မာနိုင်ငံလွတ်မြောက်ဘို့အရေးမှာ ဘယ်သူ့ဘယ်သူမှာမှ တာဝန်ပိုမရှိပါဘူး။ မြန်မာနိုင်ငံသားတိုင်းမှာ တန်းတူညီမျှ တာဝန်ကိုယ်စီရှိကြပါတယ်။ တာဝန်ကျေသူနဲ့ မကျေသူ ဆိုပြီး နှစ်မျိုးဘဲ ကွာခြားနိုင်ပါတယ်။

ဇနိ said...

တကယ်တော့ ကိုပေါရယ်... ပွဲကြည့်စင်ပေါ်က အော်ဆဲဖို့လည်း မလွယ်ပါဘူး... ကွင်းထဲက မလွယ်တာက သိပြီးသားပါ
း)

ကိုပေါ said...

ကို/မဇနိ..... မပူနဲ့ဗျိုး။ ဆဲမမ ပကာသနီ ၀တ္ထုရေးမလို့ စိတ်ကူးနေတယ်...

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs