“ဘွတ်ရှ်မေကမ်းမ် အင်န် ဘွတ်ရှ်မေဂိုး”

Share |


ယနေ့မှစ၍ နောက်ပြန်ရေတွက်သော် လွန်ခဲ့သော ရှစ်နှစ်တိတိကာလ အခါသမယက ကျနော် မောင်ကိုပေါနှင့် မဒမ်ပေါတို့ စုလျားရစ်ပတ် လက်ထပ်မင်္ဂလာပြုခဲ့ကြပါတယ်။ အဲသည်တုန်းကတော့ ကိုပေါတို့ဆိုတာ နှုတ်ခမ်းနီ ပါးနီလေးတွေအသည်းစွဲ အင်မတန်ကြည့်ကောင်းတဲ့ လူတယောက်ဆိုဘဲ။ (ဟင့်အင်း...ဘယ်သူမှ ပြောတာမဟုတ်ပါဘူး။ ကိုယ့်ဘာသာ ပြောကြည့်တာ...ဟီး)

အမှတ်တရဖြစ်စရာကတော့ ကျနော်တို့ဟာ မစ္စတာ ဘွတ်ရှ် အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတဖြစ်လာတဲ့ နှစ်မှာ လက်ထပ်ခဲ့ပြီး အခုဆိုရင် သက်တမ်း ရှစ်နှစ်ပြည့်လို့ မစ္စတာ ဘွတ်ရှ်ခမြာသာ အိမ်ဖြူတော်က ထွက်ခွာရတော့မယ်။ ကျနော်တို့ရဲ့ အိမ်ထောင်ရေးခရီးကတော့ အချိန်တွေ ကုန်မှန်းမသိ အကုန်မြန်လွန်လွန်းလို့ အခုအချိန်အထိ ချစ်စခင်စကြင်နာစလို့ဘဲ ထင်မိပါသေးတယ်။ (ယူလိုက်ဦးမယ် တမှတ်...ဟိ။ နောက်မှာ မဒမ်ပေါ ယောင်းမ ကိုင်စောင့်နေတယ်။ မှားရင်...ဂေါက်ခံရမယ်။ ဟုတ်တယ်လေဂျာ....လျှာနဲ့သွား ဇာတ်လမ်းတွေကိုတော့ ဒီအချိန်မှာ ထည့်ရေးလို့ ဘယ်ဖြစ်ပါ့မလဲ။)

ဆယ်တန်းတုန်းက အင်္ဂလိပ်ကဗျာလေးကိုတောင် အခုလို ဖျက်ပြီး ဆိုလိုက်ချင်သေးရဲ့။

"Bush may come and Bush may go,
But we go on forever."


51 comments:

AYE said...
This comment has been removed by the author.
PAUK said...

၈နှစ်ရှိသွားပြီပေါ့..
ကောင်းပါတယ်..
ဒီလင် ဒီမယား အိုအောင် မင်းအောင် ပေါင်းရပါစေ..
နိနိတို့ဖက်မှာတွေ့လို့ လာလည်တာပါ။။

Moe Cho Thinn said...

၈နှစ်တဲ့..။
ဘ၀ခရီးမှာ အတူရင်ဆိုင်ဖော် ရင်ဆိုင်ဖက်၊ စိတ်တူညီမျှစွာ ပျော်ရွှင်လျက်၊ ကဗျာလေးထဲကလို ထာဝရ အတူတွဲ ခရီးဆက်နိုင်ကြပါစေ .. လို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းလိုက်ပါတယ်။

ဒါနဲ့ ဖိတ်စာမှာ ရေးထားတာ နံမည်က မောင်ကိုပေါနဲ့ မဒမ်ပေါ ဆိုပါလား။ အရင်ကတည်းက အဲဒီလို ပေါ တာ၊ အဲလေ.. ရေးတာလား လို့။

Anonymous said...

ကိုပေါ က ပုံကြီးတာကို နည်းနည်းရှုံ့လိုက်သလိုပဲ သိပ်မကွာဘူး ... ချက်ချင်း မှတ်မိတယ် ... မဒမ်ပေါကတော့ တော်တော်ကွာတယ် ... တစ်ယောက်တည်း ရိုက်ထားတဲ့ပုံ လာပြရင် သိပ်မှတ်မိမှာ မဟုတ်ဘူး ... သတိုးသမီးဝတ်စုံနဲ့ အရှိန်အ၀ါတွေ တောက်ပပြီး လှချင်တိုင်း လှနေတယ် ... နောက်တွေ့ရင် မုန့်ဝယ်ကျွေးရမယ် ...

ချစ်သောသူတိုင်း ညားကြပြီး ညားသောသူတိုင်းလည်း ချစ်ခင်ကြင်နာမှု၊ အပြန်အလှန် ရိုသေမှု၊ နားလည်မှု၊ ပေးဆပ်မှုတွေနဲ့ သေတပန် သက်တဆုံး ရိုးမြေကျ ပေါင်းသင်းနိုင်ကြပါစေ ...

ဇနိ said...

ဟေး ကိုပေါပိန်ပိန်ကြီး တွေ့ဖူးပြီ....
မဒမ်ပေါနဲ့ အတူ ပျော်ရွှင်ပါစေ ကိုပေါ..
း)
ကိုဇနိ

ခင်မင်းဇော် said...

ကိုပေါနဲ့ မဒမ်ပေါ..
ပျော်ရွှင်ချမ်းမြေ့တဲ့ မိသားစု ဘ၀ခရီးကို ဆက်လှမ်းနိုင်ပါစေ..

pandora said...

နှစ်တစ်ရာတိုင်သစ္စာခိုင်လိုပျော်ရွှင်ကြပါစေ

ဓာတ်ပုံထဲမှာ ၂ ယောက်စလုံး လှပါ့။

Andy Myint said...

တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်တို့ ဟိုတယ်မှာ ဧည့်ခံပွဲ လုပ်တာလည်း ၁၂ ရက်နေ့ပဲ။ ဘုန်းကြီးကျောင်းမှာက ၁၀ ရက်နေ့မှာ။ ကိုပေါတို့က ၈ နှစ် ရှိသွားပြီ ဆိုတော့ ၀ါတော်တော်ရင့်နေပြီး အဟက်ဟက်.. ကိုပေါဆီက နည်းနာလေးတွေ တောင်းရမယ်။ ကိုပေါ၊ မဒမ်ပေါနဲ့ သမီးလေးတို့ မိသားစု ပျော်ရွှင်ဖွယ်နှစ်တွေ ဆက်လက် ပိုင်ဆိုင်ဖို့ ဆုတောင်းပေးလိုက်ပါတယ်။
- WeSheMe Family

Anonymous said...

ကိုပေါ နဲ့  အမ

၈နှစ်မြောက်မင်္ဂလာရက်မြတ်မှ သည် သက်ဆုံးတိုင်
ချစ်ချစ်ခင်ခင် သောက်နိုင်စားနိုင်ကြပါစေ.
စလုံးမှာသာ ရှိရင် ခုလောက်ဆို တစ်ပွဲလုပ်လို့ ရမှာ. ဟင့် သတိရလိုက်တာ.

ချစ်မမက လုံးဝမမှတ်မိလောက်အောင်ပဲ အဟီး တကယ်လှတယ်။

ကိုပေါကတော့ နဲနဲ မဆိုသလောက်လေး ၀လာတာပဲရှိတာပါ.

Anonymous said...

ကိုပေါနဲအမရေ.. နောင်နှစ်ပေါင်းများစွာ ကျန်းမာပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေ။ ကိုပေါကတော်တော်ပိန်တာပဲနော်။ အမကိုတော့ လုံးဝမမှတ်မိဘူး။

:P said...

ကိုပေါနဲ့ မဒမ်ပေါ.. အိုအောင်မင်းအောင်ပေါင်းကြရပါစေ...
ကိုပေါက လင်မိုးနဲ့တူနေပါ့လားးးးး
(လွင်မိုးပြောတာ၊ ၀ ဆွဲကျန်သွားလို့)။ မဒမ်ကလည်းလှတယ်(တူတဲ့မင်းသမီးတော့စဉ်းစားမရလို့)...
အသားရောင်တော့ကွာတယ်နော်....ဟဲဟဲ
The Brook ကဗျာထဲကလား..."For men may come and men may go" ကို "အော်..မင်းအမေနားကို မင်းအဖေတိုး " လို့ ၁၀တန်းတုံးက ဆိုခဲ့ဖူးတာ သတိရမိပြီး..ကိုပေါက ဒီကဗျာ ဒီအပိုဒ်ကို
မင်္ဂလာနှစ်ပတ်လည်နဲ့တွဲတင်ထားတော့ ရီမိတယ်....

TZA said...

ဟာ.. မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး၊ ဒါကိုပေါတို့ မဟုတ်ဘူး။

(အဲဒီတုန်းက အခုထက် size သုံးလေးခုကွာမယ်)

ဟဲဟဲ.. အတည်ပြောမယ်။ ဒီလင် ဒီမယား အိုအောင်မင်းအောင် ပေါင်းရပါစေသတည်း။ သမီးလေးလည်း ကစားဖော် မောင်လေးဖြစ်ဖြစ် ညီမလေးဖြစ်ဖြစ် မြန်မြန်ရပါစေသတည်း။

Nay Nay Naing said...

ကိုပေါ... အကြိုနေ့ ဆယ်လီဘရိတ် လုပ်မယ်ဆိုလို့  ဘာလဲမသိဘူး ဆိုတွေးနေတာ.. အခုသိပြီ...
၈ နှစ်ကြီးများတောင်ရှိပြီ....
အိုအောင်မင်းအောင်ပေါင်းရပါစေကြောင်း..
ချမ်းမြေ့အောင်မြင်ပျော်ရွှင်တဲ့ မိသားစု ဘ၀ကို ဆက်လက်တည်ဆောက်နိုင်ပါစေကြောင်း
ဆုမွန်ကောင်းတောင်းလိုက်ပါတယ်..

ကိုပေါ said...

ပေါက်…… အိုင်အိုမင်းအောင် ပေါင်းရပါစေတဲ့လား။း-) ကျေးဇူးပါ။

မမိုးချိုသင်း….. ဖိုတိုရှော့ပ်ထဲမှာ နာမည်အရင်း မောင်လူချောကို ဖျက်ပြီး မောင်ကိုပေါ လို့ ရေးထားတာခင်ဗျ။ ဆုတောင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

လွန်လွန်းရေ……. မဒမ်ပေါကို ချီးမွမ်းထားပုံက အပြောမတတ်တော့ ဆဲသလိုလေးပါဘဲကွယ်။ မဒမ်ပေါခမြာ ငိုရမလို ရယ်ရမလို။ ဟားဟား နောက်တာပါ။ (တို့ကတော့ ပျော်တယ်။ ကိုပေါက သိပ်မကွာဘူးတဲ့…ခွိခွိ) ဆုတောင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ကိုဇနိ……… ကျောင်းတုန်းက အဲသည်ထက် ပိန်သေးသဗျ။ နောက်အလျဉ်းသင့်မှ ကိုယ်ပိန်ခဲ့တာကို ထုတ်ကြွားရဦးမယ်။

မခင်မင်းဇော်….. ဆိမ်းတူယူ။ သိုင်းကျူး။

ပန်ဒိုရာ…….. ကျေးဇူးပါ။ အပြင်မှာ အဲသည်ထက် လှသကွဲ့။

ကိုအင်ဒီမြင့်…….. ဟား၊ ကျနော်တို့နဲ့ တရက်ထဲပေါ့။ နောက်ဆိုရင် ၀ိုင်ခွက်မြှောက်တဲ့အချိန်မှာ ကိုအင်ဒီနဲ့ ကိုအင်ဒီ့ဘလော့ဂျာအတွက်ပါ ချီးယားစ်လုပ်လိုက်မယ်။ နည်းနာကတော့ ကိုအင်ဒီဆီက ပြန်ယူရကိန်းရှိသဗျိုး။ သက်ငယ်စကား သက်ကြီးကြား ဆိုသလိုပေါ့။ ၀ီရှိမီ မိသားစုအတွက်လည်း ဆိမ်းတူယူပါဗျိုး။

နေနေ….. ဟယ်….ဒီဆုတောင်းက တညိုးပါလားကွယ့်။ အဟီး….ပေးတဲ့ဆုနဲ့ ပြည့်ပါစေသား။ ညီမလေး လိမ္မာတယ်။ ကိုပေါက မဆိုစလောက်လေးဘဲ ၀လာတာပါကွယ်။ (ချစ်မမကတော့ လုံးဝ မမှတ်မိအောင်ဘဲတဲ့….ခွိခွိခွိ)

ငြိမ်း……ကျေးဇူးပါ။ နောက်ဆို “တကယ်ပိန်တာ ကျနော်ပါ” ဇာတ်ကားမှာ သရုပ်ဆောင်ဘို့ စိတ်ကူးရှိတယ်။

စင်ဒန်လား…… အဲသည်တုန်းက ရန်ကုန်မှာကျင်းပတဲ့ မင်္ဂလာဆောင်ကို လာတက်တဲ့ သူငယ်ချင်းတယောက်က စင်္ကာပူကို အရင်ပြန်သွားနှင့်ပြီး ကျနော်နဲ့ တအိမ်တည်းနေ စင်္ကာပူက သူငယ်ချင်းတွေကို မင်္ဂလာပွဲအကြောင်း ပြန်ဖောက်သည်ချတယ်။ သူပြောတဲ့အထဲမှာ “သူတို့သားက လွင်မိုးလိုလို ဘာလိုလိုနဲ့။ မျက်နှာနဲ့ အသားအရောင်ကလွဲရင် လွင်မိုးနဲ့ ချွတ်စွတ်ဘဲ” တဲ့။ “မင်းအမေနားကို မင်းအဖေတိုး” ကို သဘောကျသဗျို့။ ရယ်စရာဖြစ်သွားတာပေါ့။

ကိုတီဇက်အေ……ဘုရားစူး၊ မိုးကြိုးပွတ်။ အဲဒါ ကျနော်တို့ပါ။ ဆိုက်ကတော့ ဘောင်းဘီခါးဆိုက်နဲ့ပြောရရင် “6 inch ago” လို့ ပြောရမှာပေါ့ဗျာ…ဟဲဟဲ။ နောက်ထပ် ဂျူနီယာပေါကလေးတယောက် ဆုတောင်းပေးတဲ့အတွက် ကျေးဇူးပါ။

N3……..သဲလွန်စ ချန်ထားရစ်ခဲ့တာလေ။ အခုတော့ သင်လည်း စုံထောက်ကျော် မဖြစ်နိုင်တော့ပါဘူးကွယ်။ ဆုတောင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Thargyi(Gyobingauk) said...

ကိုပေါနဲ့မဒမ်ပေါသို့..
လွန်ခဲ့တဲ့ ၈ နှစ်ကကိုပေါကိုလေထိုးလိုက်သော်..ယခုကိုပေါရ၏။
သို့သော်...မဒမ်ပေါ၏လွန်ခဲ့သော ၈ နှစ်ကအလှကားအံဩလှစေတကား..
ကိုပေါမပြောပြသော်...ဘယ်မင်းသမီးနှင့်အခါအခွင့်သင့်တုန်းဝင်ရိုက်ထားသည်မသိဟုထင်စရာရှိပေလှ၏။
၈ နှစ်မှသည်သံသရာဆုံးတိုင် ပါရမီဖြည့်ဘက်များဖြစ်နိုင်ကြပါစေသော်..

တန်ခူး said...

အိုးအိုး… နောက်ကျသွားတယ်ဗျို့ …
အမြဲပြုံးနေပြီး ရည်မွန်စိတ်ထားကောင်းတဲ့ လူမှုရေးလုပ်ငန်းတွေမှာ တက်တက်ကြွကြွ ပါဝင်တတ်တဲ့ (နှုတ်ခမ်းနီမလေးတွေ ခင်ကြတဲ့… ခင်ရုံပဲခင်တာပါ… သူကြွားထားသလိုမဟုတ်)… ကျွန်မမောင်လေး ကိုပေါ နဲ့ 
ချိုသာနူးညံ့တဲ့အသံလေးနဲ့ လိုက်ဖက်တဲ့ နှလုံးသားဖြူဖြူလေးနဲ့  စံပယ်ပန်းလေးနဲ့ တူတဲ့ ချစ်စရာစနိုးဝှိက်ကွင်းကလေး… ကျွန်မညီမလေး မဒမ်ပေါတို့ ရဲ့ အတောက်ပဆုံးနေ့ ရဲ့ အမှတ်တရ ရုပ်ပုံလွှာလေးပေါ့…
ကျွန်မချစ်တဲ့ ဒီစုံတွဲလေးရဲ့ ၈ နှစ်မြောက် မင်္ဂလာမှသည် နှောင်နှစ်ပေါင်း ရာကျော်တိုင် ဒီထက်မကတဲ့ ချစ်မြတ်နိုးခြင်းတွေ ဒီထက်မကတဲ့နားလည်မှုတွေ ဒီထက်မကတဲ့ အကြင်နာတွေနဲ့  သံယောဇဉ်ကြိုးတွေ တိုးလို့ ချည်နှောင်နိုင်ပါစေလို့ …
စိတ်တူကိုယ်တူ အသွင်တူ အကြင်နာတွေတူကြတဲ့ ရှားပါးတဲ့ စုံတွဲလေး လိုအင်ဆန္ဒတွေ အမြန်ဆုံးပြည့်စုံပါစေလို့ …
ချစ်တဲ့
အကို+အမ= သားသား

ကိုပေါ said...

ကိုရွှေအောင်….. အံမယ်လေး အသုံးအနှုန်းကတော့ ရက်စက်ပ၊ ကိုရွှေအောင်ရယ်။ လွန်ခဲ့သောရှစ်နှစ်က ကိုပေါကို လေထိုးလိုက်သော်….တဲ့….အဟင့်။
မဒမ်ပေါရဲ့ အလှတရားနဲ့ ပတ်သက်လို့ကတော့ “စကားပြောသော မိတ်ကပ်” ဆိုတဲ့ ဇာတ်ကားကြီးထဲကအတိုင်းပေါ့ကွယ်။ မိတ်ကပ်အောင်အောင်တို့ နာမည်ကြီးတာ အကြောင်းမဲ့မဟုတ်ဘူးကွဲ့…..(ဂေါက်… အောင်မလေးဂျ။) ကိုရွှေအောင်ဆုတောင်းပေးတဲ့အတွက်ကျေးဇူးပါ။ မကြာခင် ကိုရွှေအောင်တယောက်လည်း ကြင်ဖက်သက်လျာချောချောလေးနဲ့ စုလျားရစ်ပတ်သည်ကို မြင်လိုပါကြောင်း….

တန်ခူး…… အံမယ်လေး…သူက ပိုရက်စက်တယ်ဂျ။ နှုတ်ခမ်းနီမလေးတွေက ခင်ရုံဘဲ ခင်ကြတာပါတဲ့။ သူကြွားထားသလို မဟုတ်တဲ့။ လူလစ်ပြီထင်လို့ ကြွားကြည့်တာ နောက်က အကြွားဖော်ပေးမယ့်လူနဲ့ တိုးနေတယ်။ အမှန်တရားရဲ့ အရသာဟာ အင်မတန်ခါးသီးပါလားနော်….ဟိ။ အကို၊ အစ်မနဲ့ သားတို့ မိသားစုလည်း ငြိမ်းချမ်းပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Anonymous said...

အော်လူတွေကလဲ ဟုတ်ပ ကိုပေါလို့ဆိုလိုက် ရင် ဒီဝတာလေးပဲ ခလုပ်တိုက်နေကြတာကိုး.. ခန့်တာလေးပါ ပြောကြသင့်တယ် ဟိဟိ.. မဒမ်ပေါလဲ လှတယ်ဗျို့..မီးမီးပေါလေးရော ပုံလဲတွေ့ဝူး ၂ယောက်ထဲ ကြွားနေကြတယ်..

ကိုပေါ said...

!i! ……၀ုတ်ပါ့။ “၀သောသူကို ကြင်နာပါ”။ နောက်ဆို ကျနော့်အနေနဲ့ အပြည်ပြည်ဆိုင်ရာ လူဝသမဂ္ဂဖွဲ့ပြီး လူဝအခွင့်အရေးတွေ ကာကွယ်ဘို့ ကြိုးစားတော့မယ်စိတ်ကူးတယ်။း-)
မီးမီးပေါ ပုံက လာမယ်။ သူ့အကြောင်းကို ပို့စ်ရေးဖြစ်တော့မှ ပုံထည့်ပေးဦးမယ်။ အခုတော့ သမီးမပါဘဲ အပျိုလူပျိုလုပ်နေကြတာပေါ့ဗျာ။

Anonymous said...

ဒီလင် ဒီမယား အိုအောင် မင်းအောင် ပေါင်းရပါစေ..
သားတဖြာ၊ မြေးတဖြာ (i don't know what does mean of "တဖြာ")
မ၈င်္လာနှစ်ပေါင်း ၁၂၀ တိုင်စေသော်ဝ်..

ကိုပေါ said...

kk….ဆုတောင်းပေးတဲ့အတွက် ကျေးဇူးပါ။ တဖြာဆိုတော့ အများကြီးထင်ပါ့။ ကိုပေါတယောက် ခါးချည့်အောင် ရုန်းရကိန်းရှိတယ်။

khin oo may said...

သတို့သမီးက ပိုလှပါတယ်။

khin oo may said...

ဖိတ်စာမှ နာမည်တွေ ပြင်ထားသလား ဟိုတုံးကတောက အဲလို မဟုတ်ဘူးထင်ပါတယ်။ (ဖျက်တာလေးက သေသပ်သကွယ်။)

Ko Myo (SG) said...

Dear Ko Paw & Mdm Paw,

Let me make an anniversary toast for you two.

"No one can know what the outcome
Of spending years together will be.
Being happy together is a gift,
And enduring love is the key.


So here's to a favored couple;
Everything has worked right for you.
May your future bring more of the same,
And your love remain strong and true."

Pls do not forget to count me in when you think of inviting people for wedding dinner.

ကိုပေါ said...

မခင်ဦးမေ….. ကျေးဇူးပါ။ (သတို့သားလေးခင်မြာလည်း ချောရှာပါတယ်တော်ရေ့…တော်ရေ့)

ကိုမျိုး……. ကဗျာလေးအတွက် ကျေးဇူးပါဗျိုး။ ၀က်ဒင်းဒင်နာရှိရင် သတိရပါမယ်ဗျား။

မျိုးမြင့်မောင် said...

Dear A-Ko and A-Ma,

Happy 8th anniversary! Yours is indeed a time-tested matrimony to celebrate. May your lovely family enjoy the bliss of togetherness in the warmth of your mutual affection.

Best wishes,
Myo Myint Maung

ကိုပေါ said...

Myo Myint Maung………..Thanks for your beautiful statement. You know that we enjoy the bliss of togetherness in the presence of the four-faced goddess too. 

s0wha1 said...

ဖတ်တာ နောက်ကျသွားပြီ။ မနက်က အလုပ်မှာ ပို့စ်ကို တွေ့လိုက်ပေမယ့် အရှည်ကြီးဖတ်ရမယ်ထင်လို့ အိမ်ရောက်မှ ဖတ်မိတာ။

ကိုပေါက အရင်ထဲက ပြည့်ပြည့်ဖြိုးဖြိုးပဲကိုး။ :P

မိသားစုတတွေ ပျော်ရွှင်စရာနှစ်တွေ အမြဲပိုင်ဆိုင်ပြီး မိသားစုဦးရေလည်း ထပ်ထပ်တိုးလာပါစေ။:D

s0wha1 said...
This comment has been removed by the author.
Anonymous said...

ကိုပေါ နဲ့  အမ
၈နှစ်မြောက်မင်္ဂလာရက်မြတ်မှသည်
သက်ဆုံးတိုင် အမ နဲ့ အကို တို့ မိသားစု
ပျော်ရွှင်ဖွယ်နှစ်များစွာ ပိုင်ဆိုင်ဖို့ဆုတောင်းပါတယ်။

Best Wishes,
သက်,ကျော့ နှင့် သမီးလေး
မိသားစု

chocothazin said...

အကိုပေါရေ
ဝမ်းသာပါတယ်
ယနေ့မှစ နှစ်တရာတိုင်ပါစေနော်
သီချင်းဆိုတာ ဟုတ်ဘူးနော်

Sonata Cantata said...

Happy Anniversary!

ငါမပါ ဘယ်ဟာမှမပြီး
ငါချည်းလည်း ဘာမှမပြီး...

သူမပါ ဘယ်ဟာမှမပြီး
သူချည်းလည်း ဘာမှမပြီး...

နှစ်ပင်လိမ်ကြိုးလေးက ပြောနေတယ်...

(ကုသိုလ်၊ ပညာ၊ ဥစ္စာ ပေါချင်တိုင်း ပေါကြပါစေ)

ချစ်ခင်စွာဖြင့်
ဧရာသီတာ

ကိုပေါ said...

ညီမ s0wha1............ ကျေးဇူးပါ။ “ပြည့်ပြည့်ဖြိုးဖြိုး”ဆိုတဲ့စကားနဲ့ မြန်မာစာဝေါဟာရကြွယ်ဝကြောင်း သုံးပြသွားတာပေါ့လေ။

သက်၊ကျော့နှင့် သမီးလေး..... သက်တို့မိသားစုလည်း ပျော်ရွှင်ဘွယ်နှစ်များကို ပိုင်ဆိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ မဒမ်ပေါက သက်တို့ကို သတိရလို့ မကြာမကြာပြောနေတတ်တာ။

Choco thazin.............. ယနေ့ကစ နှစ်တရာတိုင်ဆိုလို့ မင်္ဂလာဆောင်မှာ တီးဝိုင်းနဲ့ အဲသည်သီချင်းကို သီဆိုပေးတဲ့ “နီမာ” ဆိုတဲ့ မိတ်ဆွေမလေးကို သတိရမိတယ်။ ကျေးဇူးပါ။

ကိုဧရာမသီတာ....... ပေးတဲ့ဆုနဲ့ ပြည့်ပါစေ။ အခု အဲသည်သုံးမျိုးစလုံး ဆင်းရဲနေသေးတယ်... :-)

kay said...

နောက်တောင်ကျနေပြီ- ဟူး..မောလိုက်တာ-

ဒီ ၂ယောက်မှာ..ဘယ်သူက.. ကံကောင်းသူလည်း-
၂ ယောက်လုံးပဲ ကံကောင်းကြတာ ဖြစ်မှာပါ။
ကျမ ကတော့ ပြောလိုက်မယ် ..ကိုပေါ ကံကောင်းတယ်- မဒမ်ပေါက..ဒီလောက်ချောတာ။း)

ရေကြည် said...

မဒမ်ပေါ.. ဟိဟိ.အပြင်မှာ ဒီလိုမခေါ်ပေမယ့် comment ထဲမှာခေါ်ရတာ မိုက်တယ်..
ဒီနေ့ မနက် အိပ်ချင်မူးတူးနဲ့ ရုံးရောက်သွားပြီး
မနေ့ က ဖွင့်ခဲ့တဲ့ အင်တာနက်စာမျက်နှာတချို့ 
ပိတ်နေရာ က ကိုပေါဘလော့ကို Refresh လုပ်မိပါတယ်
ဖြုန်းခနဲ ဆို ပေါ်လာတဲ့ ဓါတ်ပုံကြောင့် ရေချိုးတုန်းက မပွင့်သေးတဲ့ မျက်လုံးတောင် ပြူးခနဲ မော်နီတာရှေ့  ကပ်သွားတယ်..

"မင်းလေးဟာ..စွမ်းအားရှိ.."
နောက်ထပ်ပုံတွေုကည့်ချင်သေးတယ်..

ကိုပေါ said...

မကေ..... မဒမ်ပေါကတော့ ကံဆိုးရှာတယ်တောင် ပြောလို့ရမှာပါဗျာ...း-) တကယ်မင်္ဂလာဆောင်တုန်းကတောင် တပတ်အတွင်း ဖိတ်စာဝေရတော့ လူသိပ်မစည်ဘူး။ အခုမှ သတို့သားနဲ့ သတို့သမီး ဧည့်သည်တွေကို လှည့်နှုတ်ဆက်ရတဲ့ ခံစားမှုမျိုး ဖြစ်လာတယ်။ ကိုအင်ဒီတို့စကားနဲ့ ပြောရရင် “ဒီနေ့ ရောင်းကောင်းတယ်။” နောက်ရက်တွေမှာလည်း မင်္ဂလာနှစ်ပတ်လည်ပို့စ်ကလေးတွေ မကြာမကြာတင်မှ...ဟီး။

ရေကြည်.....“မင်းလေးဟာ.... စွမ်းအားရှိ...”။ တို့ကို ပြောတာလားဟင်။ တော်သေးတယ်.... “မင်းလေးဟာ စွမ်းအားရှင်”လို့ မပြောလို့။ နောက်ထပ်ပုံတွေ ကြည့်ချင်လို့မရဘူး။ ဒါ ကြည့်ပျော်ရှုပျော်အရှိဆုံးပုံဘဲ၊ သူ့ဘက်ကိုယ့်ဘက်မျှအောင် မဒမ်ပေါနဲ့ မနည်းအတိုက်အခံလုပ်ပြီး နှစ်ဦးသဘောတူ တင်ထားရတာ။ လွယ်တယ်မှတ်လို့။

Ye said...

Ko Paw, Ma Han Thu

Wish you the best till the rest of your life with Moe and friends.

ကိုပေါ said...

ကိုရဲရေ....ကျေးဇူးပါ။ အဲသည်ညက ကိုရဲမှတ်မိလား။ အားလုံး ၂ နာရီလောက်အထိ မအိပ်ကြဘဲ ၁၉၉၆ ကအကြောင်းတွေကို တလှည့်စီပြောကြတာလေ။

လာလည်ပြီး ကွန်မင့်ဆုတောင်းပေးသွားကြသူအားလုံးကို ကိုပေါနှင့် မဒမ်ပေါ နှစ်ယောက်စလုံးက ကျေးဇူးတင်ကြောင်းပြောပါရစေ။

Anonymous said...

စိတ်မပူပါနဲ့ ကိုပေါ kk ပြောတဲ့ ဖျာဆိုတာ ဖိုးချစ် ဇာတ်ရုံထဲက ဖျာပါ ၀တဲ့သူထိုင်ရင် တင်ပါး ထွက်နေတတ်တယ်.. ကလေးဆိုရင်တော့ ၃ယောက် ဆို တိုးမှရမယ်..

လင်းလက်ကြယ်စင် said...

ကိုပေါ - မျက်နှာတော့ တန်းကနဲ မှတ်မိတယ်။ ကျန်တာတော့ နည်းနည်းကွာသွားတယ်နော် ဟိး။ သတို့သမီးတစ်ယောက်ဖြစ်ချိန်က ပျော်ရွှင်မှုအပေါင်း ၀န်းရံနေတော့ အလှပဆုံးပါပဲ။ ဘ၀တစ်လျှောက်လုံး ချစ်ခင်သာယာပျော်ရွှင်စွာဖြင့် လျှောက်လှမ်းနိုင်ကြပါစေ :)

ကိုပေါ said...

!i!..... ဒါဆို ဖိုးချစ်ဇာတ်ရုံဆိုတာ မကြည့်ဘဲနေမှဘဲ။ တော်ကြာ တင်ပါးထွက်မှာကြောက်လို့။

မလင်းလက်….. ၀တ်ပုံစားပုံကွာသွားတာကို ပြောတာထင်ပါ့….ဟိ။ မကြာခင် သတို့သမီးဖြစ်တော့မယ့်သူတယောက်ဆိုတော့ မလင်းလက်အတွက်လည်း အပျော်ဆုံး အချိန်ဖြစ်နေမှာ သေချာပေါက်ပါဘဲ။

Anonymous said...

သူများတွေကို အားကျမိတယ်။။။ :P
အချစ်ကလေးရေ့။။။။ :P
ဘယ်လိုလဲ ပြော။။။။ :P
ဖတ်ရတာနဲ့ပဲ ပျော်နေရတာ ..ဒီက
အစ်ကိုကြီး အဖရာတဲ့
ဟွန်းးးးးး
တာဝန်လည်း မကျေဘူး
တော်ပြီ မခေါ်တော့ဘူးးးးးးးးးးးးးးးးးးD

Myo Kyaw Htun said...

အားကျတာလိုက်တာဂျာ။ အတိုကြီးကော အစ်မကြီးကော လိုက်တယ်။ စိတ်တူကိုယ်မကွဲ အမြဲတမ်းအတူတူ ပျော်ရွှင်စွာနဲ့ ဘဝခရီးလမ်းကို ဆက်လက်လျှောက်လှမ်း နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

p.s: comment အတွက်လဲ ကျေးဇူးပါပဲ အစ်ကို။

ကိုပေါ said...

ရွှေထုပ်လေး….. ဘယ်တာဝန်ကိုပြောတာလဲ။ ထိမ်းမြားခြင်းလျှင် ၀တ်ငါးအင်ကိုပြောတာလား။ လာမှာပေါ့….ညီမလေးရယ်…. မိဘနေရာမှာရှိတဲ့ အကိုကြီးအဖအရာ ကိုပေါလေးကို ဆယ်နှစ်တန်သည် ဆယ့်ငါးနှစ်တန်သည် လုပ်ကျွေးပြုစုပါဦး။ (ko WTS ကြားရင် ကျနော့်ကို သတ်ချင်တော့မယ်…ဟိ။)

ကိုမျိုးကျော်ထွန်း….. လာရောက်ဖတ်ရှုတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကိုမျိုးကျော်ထွန်းပြောတဲ့ နည်းနာတွေက တကယ်အသုံးဝင်ပါတယ်။

သက်ဝေ said...

ကိုပေါနဲ့  မဒမ်ပေါ
နှစ်ပေါင်း တစ်ရာတိုင် ရွှေလက် ခိုင်ခိုင်တွဲ၍
ချစ်ပွဲဝင် နိုင်ကြပါစေကြောင်း ဆုတောင်းပါတယ်...။

ကိုပေါ said...

သက်ဝေ…. လာလည်တဲ့အတွက်ရော..ဆုတောင်းအတွက်ပါ ကျေးဇူးတင်ပါတယ်။

Tin said...

Dear Bro ကိုပေါနဲ့ မဒမ်ပေါ..
၈နှစ်မြောက်မင်္ဂလာရက်မြတ်မှသည်
သက်ဆုံးတိုင့် မိသားစု
ပျော်ရွှင်ဖွယ်နှစ်များစွာ ပိုင်ဆိုင်ဖို့ဆုတောင်းပါတယ်။

with best wishes
tinhtoo

ကိုပေါ said...

တင်.....ကျေးဇူးတင်ပါတယ်။

laminkhin said...

သတို့ သမီး အင်မတန်ချောပါသည်

ကိုပေါ said...

လမင်းခင်...မှတ်ချက်အတွက် မဒမ်ပေါကရော၊ ကျနော်ကပါ ကျေးဇူးတင်ပါတယ်။

Rita said...

ဒီ post က ဒီနေ့မှ ဖတ်မိတာ။ ဓါတ်ပုံက မမKOM ဟိုတပတ်ဆီကမှ ဖျက်ပစ်လိုက်တဲ့ blogger ပုံတွေတင်တဲ့ post မှာ တွေ့ဖူးတာ။ အဲဒီတုန်းကတောင် သူ့ comment မှာ ရေးမိသေး။ လွင်မိုး လိုလိုပုံက ကိုပေါ လားလို့။ ခု မူရင်း post ဖတ်မိမှပဲ လွင်မိုးလို့ ထင်တာ ကျွန်မတစ်ယောက်ထဲ မဟုတ်ပါလားလို့ သိတော့တယ်။

(လွင်မိုး သိရင်တော့ တရားလာစွဲတော့မှာပဲ)

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs