“သြဂုတ်လကို ပြန်စောင်းငဲ့ကြည့်ခြင်း”

Share |


ပြီးခဲ့တဲ့လ (သြဂုတ်လ) ထဲမှာ လှုပ်ရှားခဲ့တာလေးတွေကို မအားလပ်တာနဲ့ မတင်ဖြစ်ဘူး။ အခု ဓါတ်ပုံလေးတွေနဲ့ တကွ စုစည်းတင်ပြလိုက်ပါတယ်။
ပထမတခုကတော့ သြဂုတ်လ ၈ ရက်၊ ရှစ်လေးလုံးနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ပင်နင်ဆူးလားပလာဇာမှာ လာသမျှလူတွေကို အအေးဘူးတွေ သွားဝေကြတယ်။ ကျနော်တို့အားလုံး နောက်ကျောမှာ 8 ဂဏန်းပါတဲ့ ဂျာစီအနီတွေ ၀တ်ကြတယ်။ ကျနော်တယောက်ဘဲ ကျနော်နဲ့တော်တဲ့ အင်္ကျီဆိုက်ဇ်မှာ အနီရောင်ဝယ်မရတဲ့အတွက် ဖြူကြောင်ကျားလေးဖြစ်နေရှာတယ်။
(ရှစ်လေးလုံးအထိမ်းအမှတ်အဖြစ် ပင်နင်ဆူးလားပလာဇာမှာ အအေးဝေနေကြပုံ)

(ဆိုင်ထဲမှာ ၀င်ထိုင်ပြီး ဒီလိုဒီလို လေကန်လိုက်သေးတယ်။)

ရှစ်လေးလုံးနှစ်ပတ်လည်အကြောင်းပြောတော့.... လွန်ခဲ့တဲ့ သုံးနှစ်လောက်က ပင်နီဆူးလားပလာဇာမှာ စာရွက်စာတမ်းတွေ စဝေစဉ်က အချိန်ကို သတိရတယ်။ စနေနေ့တိုင်းလိုလို ကျနော်ရယ်၊ မဒမ်ရယ်၊ (တခါတလေ သမီးပါ ပါတယ်)၊ အခြား မိတ်ဆွေ သုံးဦးလောက်ရယ် ပင်နီဆူးလားမှာ အင်တာနက်က ကူးယူထားတဲ့ စာရွက်စာတမ်းတွေကို ဝေကြတယ်။ တခါဝေရင် ဒေါ်လာ ရှစ်ဆယ်၊ တရာဖိုးလောက် မိတ္တူကူးပြီး ဝေကြတာ။ ထုံးစံအတိုင်း အိတ်စိုက်ပေါ့။

ပထမတော့ ကိုရွှေမြန်မာလေးတွေက စာရွက်စာတမ်း အလကားဝေတာကို မယူရဲကြဘူး။ နောက်တော့ကျတော့ အပတ်တိုင်းလိုလို ဝေတဲ့အခါမှ ရဲလာကြပြီး ကူညီဝေငှပေးတဲ့လူနဲ့ ဘာနဲ့ သိုက်သိုက်မြိုက်မြိုက်ဖြစ်လာတယ်။ တခါတလေ ကိုယ်က တခြားအစီအစဉ်ရှိလို့ သွားမဝေဖြစ်ရင်တောင် မြန်မာလေးတွေဟာ ပင်နင်ဆူးလားပလာဇာကနေ တမျှော်မျှော်နဲ့။ မလာရကောင်းလားဆိုပြီး အပြစ်တင်ဖော်ရလာတယ်။ Petition တွေ ဘာတွေဆိုရင်လည်း စင်္ကာပူက အင်မတန် အားရစရာ။ ခဏလေးအတွင်းမှာ လက်မှတ်တွေ အများကြီးရရော။

အဲသည်လို အနေအထားလဲ ရောက်ရော.....အာဏာရှင်စင်္ကာပူအစိုးရက ထုံးစံအတိုင်း မျက်စိစပါးမွှေးစူးလာတယ်ထင်ပါ့။ အဆောက်အဦး လုံခြုံရေးကတဆင့် ကျနော်တို့ကို စစ်လာဆေးလာလုပ်လာတယ်။ ထုံးစံအတိုင်း သူတို့မေးခွန်းက “ပါမစ်” ပါလား ပေါ့လေ။ “ပါမစ်” သွားလျှောက်တော့လည်း ပေးတာမဟုတ်ဘဲနဲ့ ညစ်ပုံက။

ပင်နင်ဆူးလားပလာဇာမှာ နအဖအလိုတော်ရိ ဈေးဆိုင်တွေရှိတော့ အဲသည်ဈေးဆိုင်တွေက ထောင်တာလည်း ပါသပေါ့။

ဘာဘဲဖြစ်ဖြစ်......အဲသည်အချိန်ကစလို့ စင်္ကာပူရောက်မြန်မာတွေအကြားမှာ နိုင်ငံရေး အသိစိတ်တွေ နိုးကြားလာအောင် အိုးဝေ(စင်္ကာပူ)အဖွဲ့သားတွေဟာ နေ့ကြီးရက်ကြီးအထိမ်းအမှတ်နေ့တွေမှာ အထိမ်းအမှတ်ပွဲတွေကို အိပ်စိုက်စနစ်နဲ့ ကျင်းပလာလိုက်တာ သုံးနှစ်နေလို့ ရွှေဝါရောင်တော်လှန်ရေးကြီးလည်း ပြည်တွင်းမှာ ဖြစ်ရော။ စင်္ကာပူက မြန်မာတွေရဲ့ နိုင်ငံရေးရေချိန်ဟာ အမြင့်ဆုံး အထွတ်အထိပ်ကို ရောက်သွားတော့တာပါဘဲ။ အဲသည်တုန်းက ပြည်ပမှာ စင်္ကာပူရောက် မြန်မာတွေလောက် အင်အားတောင့်တာမရှိဘူး။

ကျနော်တို့တွေ ရွှေဝါရောင်တော်လှန်ရေးမတိုင်ခင် ကျင်းပခဲ့တဲ့ အထိမ်းအမှတ်ပွဲတွေတိုင်းမှာ စွဲစွဲမြဲမြဲ ထားရှိခဲ့တဲ့ ရည်ရွယ်ချက်ရှိပါတယ်။ အဲဒါကတော့ (၁) မြန်မာတွေအကြား နိုင်ငံရေးအသိစိတ်မြင့်တက်လာဘို့ရယ်...(to raise political awareness) (၂) မြန်မာ့ဒီမိုကရေစီအရေးမှာ ကိုယ်တိုင်ကိုယ်ကျ ပူးပေါင်းပါဝင်လာဘို့ရယ် (Participation) စတဲ့ အဓိက ရည်ရွယ်ချက်နှစ်မျိုးပါ။ ကိုယ်တိုင်ကိုယ်ကျ ပူးပေါင်းပါဝင်လာပြီဆိုရင် တော်တော်ကြီးကို ခရီးရောက်နေပြီပေါ့။

ပြီးခဲ့တဲ့လ ရှစ်လေးလုံးအထိမ်းအမှတ်ကာလမှာတော့ စင်္ကာပူအစိုးရက မြန်မာ့အရေးလှုပ်ရှားမှုတွေကို ဗီဇာလက်နက်နဲ့ နှိပ်ကွပ်နေတဲ့အချိန်ဖြစ်နေလေတော့ ရွှေဝါရောင်တော်လှန်ရေးကာလအတွင်းကလို မြန်မာတွေ အားတောင့်မနေပါဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့ သုံးနှစ်တာကာလက စာရွက်စာတမ်းစဝေတဲ့အချိန်ကနဲ့ နှိုင်းယှဉ်ရင် အများကြီး အခြေအနေကောင်းပါတယ်။ အအေးဘူး ကူညီဝေပေးတဲ့သူတွေရှိသလို စာရွက်စာတမ်း မဝေဘူးလား မေးတဲ့လူတွေလည်း ရှိပါတယ်။ အမှန်ကတော့ စာရွက်စာတမ်းတွေက နောက်တနေ့လမ်းပြကြယ်ကလုပ်တဲ့ ဓါတ်ပုံပြပွဲမှာမှ တွဲပြီး ဝေဘို့ဆုံးဖြတ်လိုက်တဲ့အတွက် အဲသည်နေ့က မဝေဖြစ်လိုက်ပါဘူး။ အဲသည်နေ့က စင်္ကာပူဘက်က ထောက်လှမ်းရေးတွေဆိုတာ ခြေချင်းလိမ်နေတာဘဲ။ အမျိုးသမီးတွေ လက်ကိုင်အိတ်ထဲမှာ ကင်မရာထည့်ပြီး (အိတ်မှာ အပေါက်ပါတယ်။ ရုတ်တရက်ကြည့်ရင် ပန်းပွင့်လေးကပ်ထားသလိုဘဲ။ အဲသည်အပေါက်ကနေချိန်ပြီး ရိုက်ရတာ။ ကျနော်တို့က နောက်ကနေ ပတ်ချောင်းတော့ သူ့အိတ်ထဲက ကင်မရာကို ချိန်နေ၊ ပြုနေ၊ ကြည့်နေတာကို အတိုင်းသားပေါ့။ နောက်တော့ အဲသည်မိန်းမပုံကို ဓါတ်ပုံဝိုင်းရိုက်လိုက်တော့ ထွက်ပြေးရော။) ကျနော့်တို့ လှုပ်ရှားမှုကို မှတ်တမ်းတင်နေတာ တွေ့ရတယ်။

ကျနော့်အနေနဲ့ အင်မတန် နှစ်ထောင်းအားရမိတဲ့အချက်တခုရှိပါတယ်။ အဲသည်နေ့က အမာခံလူစုထဲမှာ ကျန်ရစ်ခဲ့တဲ့လူတွေထဲမှာ လူတိုင်းဟာ မြန်မာ့ဒီမိုကရေစီအရေးဟာ ခုရေတွင်းတူး ခုရေကြည်သောက် ရမယ်ထင်လို့ ထလုပ်ကြတဲ့လူတယောက်မှ မပါ။ ဒီခရီးဟာ ကြမ်းတမ်းခက်ခဲ ရှည်လျားမယ့် ခရီး (Uphill task) ဆိုတာကို ကောင်းကောင်းသဘောပေါက်သူတွေချည်း။ ဒါပေမယ့် မလျှော့သောလုံ့လနဲ့ ကြိုးစားတက်နေသရွေ့ကတော့ တချိန်မှာ တောင်ကြီး ဖ၀ါးအောက် ရောက်ရမှာ အမှန်ပါဘဲ။

(Lotus ခန်းမက သတင်းစာရှင်းလင်းပွဲ)

နောက်လှုပ်ရှားမှုတခုကတော့ စင်္ကာပူအစိုးရရဲ့ ဗီဇာလက်နက်နဲ့ နှိပ်ကွပ်မှုအကြောင်းကို ဖွင့်ချတဲ့ သတင်းစာရှင်းလင်းပွဲပါဘဲ။ အဲဒီ သတင်းစာရှင်းလင်းပွဲလုပ်လိုက်ရင် မိမိကို စင်္ကာပူအစိုးရက ချက်ချင်းအရေးယူနိုင်မှန်းသိသိနဲ့ မတွန့်မဆုတ်ဘဲ အမှန်တရားအတွက် တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်တွေရဲ့ သတ္တိကလည်း အံ့မခန်းပါ။

နောက်ဆုံးတပွဲကတော့ ကျနော်ရယ်၊ မဒမ်ရယ်၊ ကိုဂျေရယ်၊ ကိုမျိုးမြင့်မောင်ရယ် လေးယောက်သား ဒီက အတိုက်အခံ စင်္ကာပူဒီမိုကရက်ပါတီက ကျင်းပတဲ့ ဟာဝိုင်ယီရှပ်ပါတီ ကို သွားတက်ကြခြင်းပါ။ ကိုဂျေနဲ့က ဟိုရောက်မှ တွေ့တာပါ။ ကမ္ဘာပေါ်မှာ ရှိတဲ့ အာဏာရှင်တွေ အချင်းချင်းယိုင်းပင်းနေကြတဲ့အချိန်မှာ ကျနော်တို့ ကမ္ဘာတလွှားက ဒီမိုကရက်တွေကလည်း သွေးစည်းရပေမပေါ့။ အဲသည်နေ့က ဒေါက်တာချီးရဲ့ စာအုပ်အသစ်ဖြစ်တဲ့ “အလိမ်ညာခံရသော နိုင်ငံတနိုင်ငံ ( A nation cheated ) ” ကို စတင်ထုတ်ဝေတဲ့နေ့။ ဒေါက်တာချီးက ကျနော့်စာအုပ်ထဲမှာ လက်မှတ်ထိုးပေးတော့ “ဘယ်တော့မှ အရှုံးမပေးပါနဲ့” တဲ့။ ပါးစပ်က မှာလိုက်သေးတယ်။ စာအုပ်ထဲမှာတော့ စင်္ကာပူနဲ့ မြန်မာ့လွတ်လပ်ရေးအတွက် ဆိုပြီး ရေးပေးလိုက်တာပေါ့လေ။


(Democrats go Hawaiian!)


(နှစ်ကိုယ်တူ ချစ်သမျှဒွေ..........)


(လေးယောက်ပေါင်း လောင်းကျော်)


(ဆိုကြမယ်၊ ပျော်ကြမယ်)
အင်း.....သြဂုတ်လ၊ သြဂုတ်လ....။ တော်တော်လေး အိပ်ပျက်လိုက်ရတဲ့ သြဂုတ်လပါဘဲ။
ပူးတွဲကြည့်ရှုရန်။

9 comments:

သစ်နက်ဆူး said...

ဟားးးး.........................
ဘာရမလည်း....ကျနော့်ရဲ့ ကိုပေါကို
မင်းသားသုမောင်နဲ့ ဖိအားပေးလိုက်တာ..
ခု ကျော်ဇေယျ...ရုပ်ခံကြီးနဲ့ ပွင့်ထွက်လာပြီ..
ဘေးမှာလည်း ပန်းဘုရင်မလေးနဲ့ ပေါ့လေ...
ဒါကြောင့် မျက်နှာကြီးက ပြုံးနေတာ...
အသွင်တူတဲ့ မောင်နှံ......
အရာရာ အောင်မြင်နိုင်ပါစေဗျာ....။
သြော်...ကိုပေါ၊ကိုပေါ....
ရုပ်လေးက မဆိုးရှာပါဘူး.....ဟဲ။

Moe Cho Thinn said...

ရုပ်ကလေးက စွာ တယ်လို့ မထင်ရဘူးနော်။
(မဒမ်ပေါ ကိုပြောတာ မဟုတ်)

အဝေးက ကြည်ညိုနေသူတဦး လာကြည့်ရှုသွားပါတယ်။

Anonymous said...

Just a piece of beautiful lyrics of " WE SHALL OVERCOME " !


"...deep in my heart..I do believe...someday we'll all be free... Someday..We..All Be..Free...We..Shall..overcome...someday. ..."

ခင်မင်းဇော် said...

မဒမ်ပေါက ချစ်စရာ ကြီး .. ဒါ့ကြောင့်လဲ ကိုပေါက... ဒန် တန် တန်...
တနေ့ အောင်ပွဲ ခံရမည်။
ခင်မင်ရင်းနှီးစွာဖြင့်

တန်ခူး said...

Oh.. So Cute… ကိုယ့်ညီမလေးကို ပြောတာနော်… အဲဒီစုံတွဲ ပုံလေးကို ပြက္ခဒိန်တောင် ထုတ်လိုက်ချင်တယ်…

Anonymous said...

တခုပြောချင်ပါတယ်....
နောက်မဆုတ်နဲ.ကိုကံချွန်.....
Tomorrow will come....
ကျွန်တော်တို.လဲအတတ်နိုင်ဆုံးတိုင်းပြည်လွတ်လပ်ရေး အတွက်ရောကတဲ.နေရာက...အကေါင်းဆုံးလုပ်ဆောင်နေကြပါတယ်။။

လင်းလက်ကြယ်စင် said...

ကိုပေါတို့နှစ်ယောက်လုံး တယ်ချောနေပါလား။ မမ၀တ်ထားတဲ့ပုံစံလေးက လှတယ်။ ဟာဝိုင်ယီပုံစံကို သဘောကျတယ် :)

Anonymous said...

ကိုပေါကို အခုမှ သေသေချာချာ မြင်ဘူးတယ်....
မိုးဒီနဲ့ ရုပ်ဆင်တယ်နော်...... အရပ်ပဲကွာတယ်.... အလောင်းလှတာပေါ့...... :P

Tin said...

haha,
atwhin ma tu ein thu ma hpit pa.
Glad to see both of you n very nice.
Sure one day we all overcome.
keep it up.

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs