“မိန်းမ၊ ယောင်္ကျား အခွင့်အရေး”

Share |
ဒီနေ့ ပို့စ်အသစ်တင်မည်။

ကိုယ့်ရဲ့ ပို့စ်ကလေးကို ဆွဲဆောင်မှုရှိအောင် ဘယ်လို စ ဖွင့်လိုက်ရပါ့။

အား….ဟုတ်ပြီ၊ အကြံရပြီ။ ဂလိုလေး ဖွင့်ကြည့်လိုက်မယ်။

ကိုယ့်ကို ယောင်္ကျား သိပ်မပီသဘူးလို့ တယောက်ယောက်က ပြောလာခဲ့ရင် လက်ခံရမှာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ယောင်္ကျားရယ်လို့ ကျားကျားယားယား၊ အကြမ်းပတမ်း မနေတတ်။ စိတ်အေး လက်အေး ကနွဲ့ကလျသာ သွားလာ လုပ်ကိုင်ချင်တယ်။

ဟဲ့….ပလုပ်တုတ်။ မနိပ်သေးပါဘူး။ အဲသည်လိုသာ ရေးလိုက်လို့ကတော့ ပရိတ်သတ်က ငါ့ကို “သို့လော သို့လော” ထင်ကုန်တော့မှာဘဲ။

တကယ်ကတော့ မိုးချိုသင်းရဲ့ “စပယ်တွေပွင့်ပြီ” ပို့စ်အဖွင့်က အရေးအသားလေးကို သဘောကျမိလို့ “မိန်းမ” ဆိုတဲ့ နာမ် နေရာမှာ “ယောင်္ကျား” ဆိုတာ ထည့်ပြီး နည်းနည်းဘဲပြောင်းရေးကြည့်လိုက်မိတာပါ။

နေပါဦး…သူ့တုန်းက ဖတ်လို့ကောင်းလျက်နဲ့ ငါ့ကျမှ ဘယ်လိုဖြစ်သွားရတာလဲ။ စဉ်းစားစမ်း… စဉ်းစားစမ်း။

သြော်…သိပြီ။ သိပြီ။ လား…လား…..သူက မိန်းမသား ဖြစ်နေတာကိုး။ မိန်းမသားက အဲသည်လိုရေးရင် အကြောင်းမဟုတ်ပေမယ့် ယောင်္ကျားသားက ရေးတော့ မသင့်လျော်ဘူးလေ။ အသားကျနေတဲ့ ပတ်ဝန်းကျင်မှာ အမြင်စောင်းလွယ်တတ်တယ်။နောက်ပြီး ယောင်္ကျားလေးဆိုရင် လူတွေက သိပ်ခွင့်လွှတ်တတ်ကြတာမဟုတ်ဘူး။

ဟုတ်တယ်။ ဟုတ်တယ်။ စကားစပ်မိလို့ ပြောရရင် တချို့ယောင်္ကျားတွေ ရှိသေးတယ်။ မိန်းကလေးတွေနဲ့ ရန်ဖြစ်တဲ့အခါမျိုးမှာ (အထူးသဖြင့် နိုင်အောင်မပြောနိုင်တဲ့အခါ)….

“မင်းကွာ….မိန်းကလေးမို့ သည်းခံနေတာ။ ယောက်ျားချင်းသာဆို ဆွဲထိုးလိုက်ပြီ” ….တဲ့။

လုပ်ပုံက…လုပ်ပုံက။ ဘယ့်နှယ်ဗျာ…..အမျိုးတူ ဖိုသတ္တ၀ါချင်း ဖေးဖေးမမ လုပ်မယ်မရှိဘူး။ ယောင်္ကျားချင်းဆို ဆွဲတောင် ထိုးမယ်ဆိုဘဲ။ သူရဲကောင်းကြီး ထလုပ်နေတယ်။ အသားထဲကလောက်ထွက်…ပုဆိန်ရိုး…။

ဘယ်ကောင်လဲကွ၊ ယောက်ျားချင်းဆို ဆွဲထိုးမယ်ဆိုတဲ့အကောင်….လာ…ထွက်ခဲ့။

မိုက်တိုင်ဆင် နဲ့ တွေ့ပေးလိုက်မယ်။ ဒါမှ မဟုတ်….ဗိုလ်အောင်ဒင်နဲ့ ပေးတွေ့လိုက်မယ်… ဟင်း..ဟင်း။

“ဟေ့ကောင်၊ ရာမ…။ မင်းငါ့ကို ထိုးရဲရင်ထိုး။ မင်း….ငါ့ကို ထိုးလို့ရရင် ဗိုလ်လုပ်တော့”….

အံမယ်….မိန်းကလေးတွေကလည်း အလာသားဗျ။ အတင်းတုပ်တာကို သူတို့ရဲ့ မဟာရပိုင်ခွင့်ကြီးလို လက်ဝါးကြီးအုပ်ထားတာကလား။

“ခစ်…ခစ်….လူကြီးက၊ ယောင်္ကျားကြီးတန်မယ့် အတင်းအုပ်နေတယ်” ဆိုတာမျိုးပေါ့။ ယောင်္ကျားတွေကို မြှောက်ပြောသလိုလိုနဲ့ Freedom of Speech ကို ပညာသားပါပါ ပိတ်ပင်နေတယ်။ အဲလိုပြောလိုက်လို့ ကိုကိုပုရိသတို့ကရော ရှက်သွားပြီး မတုပ်ဘဲ နေတယ်မှတ်လို့လား။ ဝေးသေး။ ဘီယာဆိုင်တို့ လက်ဘက်ရည်ဆိုင်တို့မှာ တနေကုန်တနေခန်း ထိုင်ပြီး တုပ်ကြတာပေါ့ဗျာ။ ဘယ်နေလိမ့်မတုန်း။

တကယ်တမ်းကျတော့…. မိန်းကလေးတွေမှာလည်း တပန်းသာတဲ့ နေရာတွေ ရှိပါသဗျ။ အခွင့်အရေးပိုရတဲ့နေရာတွေရှိပါတယ်။ ဖော်ထုတ်ပေးဦးမှ… ။ အမျိုးသမီးအခွင့်အရေးအတွက် တိုက်ပွဲဝင်ပေးလေ့ရှိတဲ့ ဘလော့ဂ်ဖော် ဘလော့ဖက် နာမည်ကျော်စာရေးဆရာမကြီး သိသာစေရန်…..ဟိ။ (ဘဒူလဲဆိုတာ ပြောပြ၀ူး)

ပထမဦးဆုံးအနေနဲ့ အခြေခံလူ့အခွင့်အရေးဖြစ်တဲ့ Right to life ကို မိန်းမတွေက ယောင်္ကျားလေးတွေထက် အကြိမ်တော်တော်များများမှာ ပိုရလေ့ရှိပါသတဲ့။ (ဘယ်ကိုမှ မှီးငြမ်းကိုးကားပြီးပြောတာမဟုတ်။ ကိုယ်ပြောတာဆိုရင် မယုံမှာစိုးလို့ “ပိုရလေ့ရှိတယ်” ရေးရမယ့်အစား “ပိုရလေ့ရှိပါသတဲ့” ဆိုပြီး ခပ်တည်တည်နဲ့ အုပ်ထည့်လိုက်တာ။)

ဥပမာ…လေယာဉ်ပျံကို ပြန်ပေးဆွဲရင် အရင်ဆုံး လွှတ်ပေးတာက မိန်းမနဲ့ ကလေးငယ်တွေ ခင်ဗျ။ ဦးစားပေးခံရပုံ၊ ဦးစားပေးခံရပုံ။ တလေယာဉ်ထဲစီး၊ တခရီးတည်း သွားကြတဲ့ ကိုကိုကာလသားတွေခမြာမှာတော့ ပြန်ပေးတွေ လက်မှာ “မိုးသောက်ကျလာ ထကာရွတ်ကြလေ သံဗုဒ္ဒေ၊ ခရီးရပ်ဝေးသွားရင်း ရွတ်ကြလေ သံဗုဒ္ဒေ၊ အိပ်ယာဝင်တိုင်း မဆိုင်းရွတ်ကြလေ သံဗုဒ္ဒေ” ဖြစ်ပြီး ကျန်ရစ်ခဲ့တာပေါ့ခင်ဗျာ။

အံမယ်….ရထားပေါ်မှာ၊ ဘတ်စ်ကားပေါ်မှာလည်း ယောက်ျားကြီးတန်မဲ့နဲ့ မိန်းကလေးနဲ့ အပြိုင် ထိုင်ခုံလုလို့ မကောင်းဘူးတဲ့။ အဲဒါနဲ့ဘဲ ကျွန်ုပ်တို့ရဲ့ အကောင်းစားလေး ကိုပေါတယောက် ကားပေါ် ရထားပေါ်မှာ သွေးကျအောင် ရပ်ခဲ့ရပေါင်း များခဲ့ပြီကွယ်။ (အရင်ပို့စ်ကလေးထဲမှာ ရေးလိုက်မိတဲ့ ....ဘဒူ ဘာထင်ထင် ဂရုမစိုက်ဘူး…ဆိုတာလေးတောင် အဲဒီနေရာမှာ ဘေးချိတ်ထားရတယ်)

အစားအသောက်စားတာလေးတောင် လေဒီဖတ်စ်…တဲ့။ ၀ သောသူကို စာနာပါ။

ဆက်သာ ရေးချဦးမယ်ဆိုရင် ဒီလိုဘဲ မိန်းမသားက တပန်းသာတဲ့ နေရာလေးတွေ အများကြီးထွက်လာဦးမယ်။ ပို့စ်ရှည်သွားမှာစိုးလို့ ဒီမှာဘဲ ရပ်လိုက်တော့မယ်။ (ဆက်စဉ်းစား၍ မထွက်တော့သည့်အခါမျိုးတွင် ဤသို့ ဤနှယ် အဆုံးသတ်ရလေ့ရှိသည်။)

ဟို…“ယောင်္ကျားတွေဘာကြိုက်”၊ “မိန်းမတွေဘာကြိုက်” ရေးတဲ့ဆရာဆိုရင် ပိုတောင် ရေးနိုင်ဦးမယ်ထင်ပါရဲ့။ (…...သေဖော်ညှိကြည့်တာ………ဟိ)

ဘလော့ဂ်ဖတ်လာ မိတ်သဟာ… ချမ်းသာကိုယ်စိတ်မြဲပါစေ။ ကျားမ မဟူ စိတ်ကြည်ဖြူ….. ညီတူအခွင့်အရေး ပေးနိုင်စေ။

9 comments:

Andy Myint said...

မနောက်ပါနဲ့ ဆရာပေါရာ... :)

ဒီလိုတွေလည်း ရတယ် ဟုတ်လား။

Myo Win Zaw said...

ဟုတ်တယ် တိုက်တန်းနစ်တုန်းကလဲ လေဒီဖက်စ ဘဲ တန်းတူမရှိဘူး အမျိုးသားတွေ မျက်နှာလွဲခဲပစ်ပေါ့ ဟဲဟဲ

Anonymous said...

ဖတ်လို့ကောင်းပါ့ရှင့်။Blog တွေမှာပြောသလို စာမူခ ပေးသွားတာပါ။ :)

Taungoo said...

ကားပေါ်တက်ရင် မိန်းကလေးကို ဦးစားပေးရပြီး
လှေကားတက်ရင်တော့ ယောက်ျားလေးက ရှေ့က တက်ရတယ်တဲ့။ ဘာလို့လဲတော့ ပြောတော့ဘူးဗျာ။

မေတ္တာဖြင့်

စာမူခ က ဒီမှာပေးသွားပါတယ်။

Moe Cho Thinn said...

တို့ ကိုပေါကြီး စိတ်ကြည်လာပြီဟေ့..၀မ်းသာလိုက်တာ။

အမျိုးသမီးလေးတွေက ချစ်စရာလေးတွေပါ၊ အခွင့်အရေး ပိုပေးလိုက်ပါ :P
ဘယ့်နှယ် ၀ သောသူကို စာနာပါ ပြောရသလဲ မသိ။ သူများကို စောင်းပြောနေတာလား။ :D

Anonymous said...

ကိုပေါရေ အသက်ကြီးတဲ့ နေရာမှာလဲ မိန်းမတွေက ယောက်ျားတွေထက် အရင်ပါနော်...ဟုတ်တယ်မလား.. ကျန်ခဲ့လို့ ထပ်ထဲ့ပေးတာ..

တန်ခူး said...

ကိုပေါရေ… ကောင်းတယ်… ဒါမျိုးလေးတွေ မဖတ်ရတာ ကြာပေါ့…ခုမှ အတိုးချပြုံးရတယ်… နောက်ဆုံးဆုတောင်းလေးကိုတော့ ကြိုက်သွားပြီ…

သစ်နက်ဆူး said...

ကိုကြီးပေါ....
အမျိုးသမီးတွေမှာ တဗန်းသာတာ တစ်ခုရှိသေးတယ်
ဘာလဲဆိုတော့.....အသုဘလိုက်ပို့ ရင်
ရင်ဘတ်စည်တီး...ငိုကြီးချက်မ အားရပါးရငိုလို့ ရတယ်..
ကိုပေါ...ငိုဘူးလား
ငိုရဲလား...
ကျနော်တွေးကြည့်တာ....မတန်ခူးပြောပုံဆို..
သုမောင်ရုပ်ကြီးနဲ့ အဲလိုငို ရင်...
မလှမှာသေခြာတယ်....။

Anonymous said...

ကောင်းချက်

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs