“ကြုံရာဆုံရာ တမိနစ်တာ”

Share |
ရေးရတာ ကြောင်တောင်တောင်တော့ နိုင်တယ်။ တချိန်က မြန်မာမဂ္ဂဇင်းတွေမှာ “တနေ့တာ”တို့ ၊ “ကြုံရာဆုံရာ တမိနစ်တာ” တို့ စတဲ့ ကဏ္ဍတွေဆိုရင် စာမျက်နှာဖြုန်းတယ်လို့ ကိုယ်တိုင် ဝေဖန်မိခဲ့တာကို သတိရတယ်။ အခု ဒေါ်တန်ခူးက Tag တယ်ဆိုတော့လည်း ကိုယ့်အကြောင်းကိုယ် ဖော်ရတာပေါ့လေ။ ပြောချင်တာလေးတွေ တပါတည်း ပြောခွင့်သာတော့မှာမို့ ကျေးဇူးပါ တန်ခူးရေ။ ခေါင်းစဉ်တော့ ကျနော်မုန်းတဲ့ နာမည်ကိုဘဲ ပြောင်းပြီးတတ်ပေးလိုက်ပါတယ်။ အဟိ....ကိုယ့်ကိုယ်ကို Celebrity လိုလို Super Star လိုလို ခံစားရတယ်။
ကိုယ့်ရဲ့နာမည် - အမေကတော့ စိတ်ကြည်သာတဲ့အချိန်ဆိုရင် “မိုးကို” တဲ့။ စိတ်မကြည်တဲ့အချိန်ဆိုရင်တော့ “ဟဲ့...ကောင်လေး” ဆိုပြီး အသံကုန်ဟစ်လိုက်တာပါဘဲ။
မဒမ်ပေါကတော့ ပုံမှန်အတိုင်းဆို “ကိုကို” တဲ့။ ကျနော်ပေါက်ကရလုပ်ပြီဆိုရင် ရယ်ကျဲကျဲနဲ့ ခေါ်ပုံက “လဒ” တဲ့။
သမီးက ကျနော့်ကို တိုက်ရိုက် First person အနေနဲ့ ခေါ်တာဆိုရင်တော့ “ဖေဖေ” တဲ့။ အဲ.....သူများနဲ့ စကားပြောရင်း ကျနော့်ကို ရည်ညွှန်းချင်တာဆိုရင် (Third person) “သူက၊ ဖေဖေက” လို့ ပြောမယ့်အစား “နင့်အဖေလေးက”တဲ့။ သုံးနှစ်အရွယ်ရောက်တဲ့အထိ သူ့အဖွားနဲ့အတူ မြန်မာပြည်မှာ ခွဲနေခဲ့ရတာဆိုတော့ အဖွားသုံးတဲ့ အသုံးအနှုန်းအတိုင်း လိုက်သုံးရှာတာပေါ့။ အခုတော့ အဲဒါလေးကိုဘဲ ချစ်နေလို့ ပြင်မပေးရက်ဘူး။
ကိုယ့်ကိုသူငယ်ချင်းတွေက ဒီလိုခေါ်တယ် - မရင်းနှီးသူတွေက နာမည်အရင်းမှာ ရှေ့က “ကို” တတ်ပြီးခေါ်ကြတယ်။ လေးစားတယ်ဆိုတာထက် သူတို့ထက် အသက်ကြီးတယ်ထင်လို့ ခေါ်တာနဲ့တူတယ်။ ရင်းနှီးသူတွေက “ကိုပေါ” လို့ခေါ်တယ်။
ကျနော့်အသက်ထက်ဝက်လောက် ရှိတဲ့ ကောင်မလေးက ကျနော့်ထက်ကြီးတဲ့ သူ့ချစ်သူကို “ကိုကို” လို့ ခေါ်ပြီး ကျနော့်ကိုကျတော့ “ဦးလေး” လို့ ခေါ်လိုက်တုန်းက စိတ်ထဲမှာ အီတွန့်ပွမ်သွားတယ်...ဟီးဟီး.....။
ဖိုရမ်တွေမှာ သမိန်ပေါသွပ် နာမည်ယူချင်တာ၊ သူများဦးသွားလို့ ညောင်ရမ်းဂွတိုနဲ့ဘဲ ကျေနပ်လိုက်ရတယ်။
ကိုယ်ဒီမှာနေတယ် - အခွင့်သာတာနဲ့ တစက္ကန့်မဆိုင်းဘဲ ထွက်ပြေးချင်နေပြီဖြစ်တဲ့ လွတ်လပ်မှုအပေါင်းတို့ ချုပ်ငြိမ်းရာ စင်္ကာပူဆိုတဲ့ ကျွန်းငယ်မှာ ခြေချုပ်မိနေတယ်။…။
ကိုယ့်ဆီ ဖုန်းဆက်ချင်ရင် - များရဲ့ ဖုန်းနံပါတ် ပေးထားတဲ့ မိတ်ဆွေတွေအနေနဲ့ ည ၁၂ နာရီအလောက်အထိတော့ ခေါ်လို့ ရပါတယ်။ များက မာနမကြီးတတ်ပါဘူး။
အရောင်ဆိုရင် - များတို့က အရောင်စွဲတော့ မရှိပါဘူး။ ဒါပေမယ့် သင်္ကေတအရကတော့ အနီရောင်ကို အကြိုက်ဆုံးဘဲ။
အ၀တ်အစားဆိုရင် - အ၀တ်အစားမှာ ကိုယ်နဲ့တော်တဲ့ ဆိုက်ဇ်က ရှာရခက်သမို့ တော်တာလေးများတွေ့ရင် ချေးမများနိုင်ဘဲ ၀မ်းသာအားရ ၀ယ်ယူရတဲ့ အခြေကို ဆိုက်နေပါပြီကွယ်။
အစားအစာဆိုရင် - ဘီယာနဲ့ဆို ဘာမဆိုကောင်းတယ်။ ဘီယာတီထွင်ခဲ့တဲ့လူကို ကျေးဇူးတင်တယ်။
ပစ္စည်းဆိုရင် - အီလက်ထရောနစ် ပစ္စည်းလေးတွေကို အသစ်အဆန်း မြင်တိုင်းဝယ်ချင်မိတယ်။ ဒါပေမယ့် အခုတော့ လိုချင်ဆန္ဒတွေကို ဦးစားမပေးတော့ပါဘူး။
သီချင်းဆိုရင် - ခေတ်ဟောင်းသီချင်းတွေ၊ အနှစ်နှစ်ဆယ်တေးတွေ၊ တချို့သော စတီရီယိုတေးတွေ ကြိုက်တယ်။ အကြိုက်ဆုံးအဆိုတော်တွေကတော့ မေရှင်၊ ၀င်းဦး၊ ကာပင်တာစ် တို့ပါဘဲ။ မာမာအေး၊ ကိုအံ့ကြီး၊ ဟေမာနေ၀င်း၊ အယ်လ်ခွန်းရီ၊ ကော်နီ၊ ဇော်ဝမ်း၊ ခင်မောင်ထူးတို့ကို ကြိုက်တယ်။ အများကြီးကျန်ပါသေးတယ်။ ချမရေးနိုင်တော့လို့။
မကြိုက်တဲ့ အဆိုတော်တွေလည်း ရှိသေးတယ်။ ဟင်္သာတထွန်းရင်၊ တွံတေးစိုးအောင်။ ခင်မောင်တိုးနဲ့ ထူးအိမ်သင်ကိုလည်း မကြိုက်ဘူးဆိုရင် ၀ိုင်းဆဲကြမလားမသိဘူး။ ခင်မောင်တိုးက ဘာသီချင်းဆိုဆို အဲဒီအသံဘဲ။ ထူးအိမ်သင်က “ညှောင့်ညှောင့်ညှောင့်ညှောင့်”
နဲ့ ဆိုလို့ မကြိုက်ဘူးဗျ။ (ထူးအိမ်သင် သူငယ်ချင်းတွေနဲ့ ပရိသတ်ကတော့ ဆဲတော့မယ်။) မလေးရှားမှာတုန်းက ထူးအိမ်သင်ညီနဲ့ တအိမ်တည်းနေခဲ့လို့ ထူးအိမ်သင် သီချင်းတွေ နားထောင်ခဲ့ရတာတောင်မကြိုက်ဘူး။
စာရေးဆရာ - အလွှမ်းမိုးဆုံးက ရွှေဥဒေါင်း။ မြန်မာဝတ္ထုတိုမှာ အကြိုက်ဆုံးက ဂျာနယ်ကျော်မမလေး၊ ပြီးတော့ ခင်ဆွေဦး။ ပြီးတော့ ဂျူး။
စာအုပ် - ရွှေဥဒေါင်းရဲ့ တသက်တာမှတ်တမ်းနဲ့ အတွေးအခေါ်များ။
Life style - တကယ်တမ်းက တယောက်တည်း လွတ်လွတ်လပ်လပ် ဘဲ နေချင်တယ်။ အခုတော့ သူငယ်ချင်း နှစ်ယောက် သုံးယောက်နဲ့ ဘီယာသောက်ရင်း စကားပြောရတာကို နှစ်ခြိုက်တယ်။ မဒမ်နဲ့ နှစ်ယောက်ထဲ စိတ်ကူးပေါက်ရာသွားပြီး ဓါတ်ပုံရိုက်မယ်၊ စကားပြောမယ်။ ရုပ်ရှင်ကြည့်မယ်။ သမီးကို ရံဖန်ရံခါ သူသွားချင်တဲ့နေရာ လိုက်ပို့ပေးတယ်။
ကိုယ့်ရဲ့ဝါသနာ - ကိုယ်ဝါသနာပါတာကို အကြောင်းကြောင်းကြောင့် ဘေးချိတ်ရင်းချိတ်ရင်းနဲ့ အခု ကိုယ်ဘာဝါသနာပါသလဲတောင် မသဲကွဲတော့ဘူး။
အလိုချင်ဆုံးလက်ဆောင် - စကားပြောကောင်းခြင်း။ စာရေးကောင်းခြင်း။ တွေးခေါ်စဉ်းစားတတ်ခြင်း။
ကိုယ့်ရဲ့အချစ်ဆုံးသူက - မဒမ်ပေါ။
ကိုယ့်ရဲ့အလေးစားဆုံးသူက - သက်ရှိထင်ရှားမှာ ဒေါ်အောင်ဆန်းစုကြည်။
ကိုယ့်ရဲ့အခင်ဆုံးသူငယ်ချင်းက - မဒမ်ပေါ။
ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက - အမေနဲ့ မဒမ်ပေါ။
ကိုယ့်ရဲ့အမုန်းဆုံးသူက - မရိုးမဖြောင့် လုပ်တတ်သူ။
ရင်အခုန်ဆုံးအချိန် - စာမေးပွဲခန်းထဲ ၀င်ကာနီးအချိန်.....နဲ့..... ရုံးနောက်ကျပြီး ရုံးပေါက်ဝမှာ ဘော့စ်နဲ့ တည့်တည့်တိုးတဲ့အချိန်။
အကြောက်ဆုံးအချိန် - တနင်္ဂနွေနေ့လေး ကုန်ဆုံးသွားပြီး နောက်တနေ့ ရုံးပြန်တက်ရတော့မှာပါလားလို့ စဉ်းစားမိတတ်တဲ့အချိန်။
အမှတ်တရနေ့  - မဒမ့်ကို စချစ်သွားမိတဲ့နေ့။
ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် တောင်းမဲ့ဆု - သူရဲဘောကြောင်သူတွေနဲ့ ဘ၀ဆက်တိုင်း မဆုံရလို။
အချစ်ဆိုတာ - ရယူချင်တာတွေ များနေဆဲ။ ပေးနိုင်အောင် ကြိုးစားဆဲ။
အမုန်းဆိုတာ - တာရှည်မခံ။
အလွမ်းဆိုတာ - လွတ်လပ်မှုကိုဘဲ လွမ်းတယ်။
သံယောဇဉ်ဆိုတာ - ချစ်ခြင်းမေတ္တာကို အရင်းခံပြီး သစ္စာတည်တံ့တဲ့ တာဝန်သိမှုတခု။
ဘ၀ဆိုတာ - ဘ၀ဆိုတာ လဒပျံသလိုဘဲ။ အရှိန်မရခင်တော့ ခုန်ဆွခုန်ဆွနဲ့ပေါ့ဗျာ....။ အဟီး နောက်တာပါ။
ကိုယ့်ဆန္ဒ စိုးစဉ်းမှမပါဘဲ၊ ရွေးချယ်ခွင့်မရှိဘဲ လူဖြစ်တာကိုက ခံရဘို့ဖြစ်လာတာပါ။ ဒီကြားထဲမှာ ကိုယ်လုပ်ချင်တာလေးမှ မလုပ်ရရင် ဘာအဓိပ္ပါယ်ရှိတော့မတုန်း။ လူလူချင်း ကန့်သတ်ချုပ်ချယ်ချင်သူတွေကို နေရသခိုက် နိုင်နိုင်မနိုင်နိုင် တဖက်တလမ်းကနေ တွန်းလှန်တိုက်ဖျက်သွားမယ်။
သူငယ်ချင်းဆိုတာ - ကိုယ်နိမ့်ပါးတဲ့အချိန်မှာ ဖိမထောင်းတတ်သူ။
ချစ်သူဆိုတာ - ဘီယာသောက်ဖော်သောက်ဖက်လည်း ဟုတ်တယ်။ အတင်းတုပ်ဖော် တုပ်ဖက်လည်း ဟုတ်တယ်။ နိုင်ငံရေးလုပ်တော့လည်း အတူတူ။ ဘ၀ဖော်လည်း ဟုတ်တယ်။
ကိုယ့်ကိုယ်ကို ဒီလိုထင်တယ် - ဘယ်သူဘာထင်ထင် ဂရုမစိုက်ဘူး။
ကိုယ့်ရဲ့လက်စွဲဆောင်ပုဒ်က - ကိုယ်ယုံကြည်ရာကို ဘယ်သူဘာထင်ထင် မတွန့်မဆုတ်လုပ်။
အပြောချင်ဆုံးစကားတခွန်း - ကိုယ့်အခွင့်အရေးကို ရဘို့ဆိုရင် ကိုယ်တိုင်တိုက်ယူဘို့ လိုလိမ့်မယ်။ သူများနှာခေါင်းနဲ့ အသက်မရှူကြပါနဲ့။

8 comments:

Moe Cho Thinn said...

အမှတ်တရနေ့  - မဒမ့်ကို စချစ်သွားမိတဲ့နေ့ တဲ့။ အားပါးပါး တယ်မိုက်တဲ့ အဖြေပါလား။ ဒီလိုဟာလေးများ အိမ်ကလူကို လာသင်ပေးစမ်းပါ။

ခင်မင်းဇော် said...

အီလက်ထရောနစ် ပစ္စည်းဆန်းဆန်းတွေ ကြိုက်တာ တူသဗျို့..

pandora said...

အကြောင်းတွေ ပိုသိသွားပြီ။

kay said...

လိုက်လေ့လာနေတာ..မခင်မင်းဇော်..နှိပ်စက်တာ..ရေးဖို့။ ကိုပေါဆီက..တော်တော် ကုန်ကြမ်းရသွားတယ်။

တန်ခူး said...

ကိုပေါရေ… ခုလို ကိုပေါရဲ့ တန်ဖိုးရှိလှတဲ့ အချိန်လေးကနေ ဖဲ့ခြွေပြီး ကျွန်မတို့ ဘလော့ဂ်tag အစီအစဉ်မှာ ဖြေကြားပေးတာ ကျေးဇူးပါ… ကိုပေါရဲ့ ပရိသတ်တွေ ကျေနပ်အားရလိမ့်မယ်
လို့ မျှော်လင့်ပါတယ်… ပရိသတ်အစား ပြောရရင် ဒီပို့ စ်လေးက မဒမ်ပေါကို ဘယ်လောက်ချစ်တယ်ဆိုတာ အရမ်းပေါ်လွင်ပြီး ကြည်နူးစရာကောင်းသလို ဒီလို ပေါ့ပေါ့ပါးပါး ပို့ စ်လေးမှာတောင် ကိုပေါစတိုင်အတိုင်း Messageလေး ထည့်ဖြစ်အောင်ထည့်ပေးသွားတာကြောင့် ကိုပေါ..ကိုပေါလို့  နာမည်ကြီးနေတာ မဆန်းပါဘူးနော်… ဒါထက်…ဒီနှစ်ဘယ်ပို့ စ်နဲ့ မှန်းသလဲဟင်…(ကိုပေါရေ… ကိုပေါက Celebrityလို ခံစားရတယ် ဆိုလို့ နောက်လိုက်တာပါ...ဟိဟိ)

Thargyi(Gyobingauk) said...

ကိုပေါရေ... ကိုပေါအဖြေတွေဖတ်ပြီး မဒမ်ပေါတော့ သူ့သူငယ်ချင်းတွေကိုလျှောက်ကြွားတော့မှာမြင်ယောင် ပါသေးတယ်.. ဟိ

Anonymous said...

ဟားဟားဟား ၊ ကိုယ့်ရဲ့ အကြောက်ဆုံး ဆိုရင်လည်း မဒမ်ပေါပဲ ဖြစ်မှာသေချာတယ် ... ခွိခွိ

Anonymous said...

အကြောက်ဆုံး အချိန်ကတော့ တူသွားပြီ။ (အတူဆုံးဘဲ)
ဂျာနယ်ကျော်မမလေးကြိုက်တာလဲ တူတယ်
အကြိုက်မတူတာဆိုလို့ မဒမ်ပေါဘဲရှိတယ်/ haha
အေးလေ မဒမ်ထိ တုတ်ကြည့်ဖြစ်သွားမှာပေါ့
ဒီမှာ ဓါးမကိုင်ရဘူးနဲ့တူတယ်

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs