“သံစဉ်မဲ့တေးသွား”

Share |
ကိုပေါ ပို့စ်အသစ်မရေးနိုင်ခင်စပ်ကြား မဒမ်ပေါရေးထားတဲ့ ကဗျာတပုဒ်ကို ယူတင်လိုက်ပါတယ်။



“သံစဉ်မဲ့တေးသွား”

ငုံရာက ဖူး
ဖူးရာက ပွင့်
နွမ်းတဲ့အခါ ကြွေလွင့်ရတာ
ပန်းတပွင့်ရဲ့ ဓမ္မတာ။

မှိုင်းရာက ညို့
ညို့ရာက မဲ
မစဲဘဲ ရွာတတ်တာ
မိုးတိမ်တွေ ရဲ့ အလင်္ကာ။

ကြယ်တွေ လင်းလက်
မဟူရာ ကောင်းကင်ထက်မှာ
ဝါနစ်နစ် မျက်ဝန်းနဲ့
ကမ္တာမြေကို ပြုံးရင်းကြည့်နေတတ်တာ
လတစင်း ရဲ့ ကဗျာ။

အိပ်မက်စမ်းချောင်းထဲ
စိတ်ကူးပွင့်ကြွေလေးတွေ မျှောရင်း
သံစဉ်မဲ့တေးတစ
ခပ်ဖွဖွလေးဆိုညည်းနေတတ်တာ
အိမ်လွမ်းသူရဲ့ ဝေဒနာ။

-ထနောင်း

9 comments:

Ko Boyz said...

Madamn ပေါ သည် ခေသူ မဟုတ်ဟု နောက်ဆုံး အချပိုဒ်ကို ဖတ်လိုက်သည့်အခါတွင် လက်ခံလိုက်သည်...။

Anonymous said...

harrrrr....
Mdm Paw should write more not only poems but also short stories.

ကိုပေါ said...

ကဘွိုင်းဇ်>>>>> မဒမ်ပေါက ပညာအရည်အချင်းကိုဖြည့်ရင်တောင် ခေသူမဟုတ် လို့ ဖြည့်သွင်းတတ်တယ်ဗျ…ဟိ၊ဟိ။

ကေပီ>>>>> မဒမ်ပေါရေးဘူးတဲ့ ၀တ္ထုတပုဒ်တော့ရှိတယ်ဗျိုး။ ဒါပေမယ့် ဘလော့ဂ်ပေါ် တင်ရဲဘူးတဲ့….

တန်ခူး said...

သံစဉ်မဲ့တေးသွားလေးက ငြိမ့်ညောင်းလိုက်တာ… ကဗျာလေးနဲ့ အတူ အိမ်ကို လွမ်းသွားတယ်… သရုပ်ဖော်ပုံလေးက လဲ ကဗျာလေးကို ပိုအသက်ဝင်စေတယ်…
ကိုပေါရေ… ရှေ့ သွားနောက်လိုက်တကယ်ညီပဲ… အားကျတယ်ဗျို့ …

kay said...

ပေါ -မိသားစု ရဲ့အနုပညာ သမ္ဘာ က..အုံနဲ့ကျင်းနဲ့ပါလား။း)
တကယ်..ကောင်းတယ်..မဒမ်ပေါ..( အာပလာမဟုတ်)

Anonymous said...

အမရေ ဒီလောက်တော်လိမ့်မယ်လို့  အစကမထင်ခဲ့ဘူး တအားတော်တာဘဲ. ချီးကျူးရင် ဘယ်လို ကျေးဇူးဆပ်ရမယ်ဆိုတာ မေ့နဲ့နော် :P

Anonymous said...

Hi Ko Paw,

After I read your " Who am I", I don't want to make such a quiz for you. I am MZL. If it is not enough, I am your same batch as well. Your blog is really impressive to me. I wish I could do like you did. Mdm Paw is also very good in poem writing. How come we didn't realize that before. You two are really equal in Shayt Thwer and Nauk Lite. my gmail address is mzlwin11111@gmail.com. Please keep in touch.

Regards,

MZL

လင်းလက်ကြယ်စင် said...

အမရေ ခံစားချက်ကလေးပါတော့ ကဗျာလေးက ပိုအသက်ဝင်သွားပါရဲ့ .. ကဗျာရေးတော်တယ် ( အပြင်မှာ ဒီတစ်ခါထပ်တွေ့ရင် မုန့်ကျွေးနော် :P )

ကလိုစေးထူး said...

ကိုပေါနဲ့ မဒမ်ပေါ လိုက်လဲ လိုက်ပါပေ့ဗျာ။ ကောင်းလိုက်တဲ့ ကဗျာ။ :)

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs