“ဖြောင့်တယ် မတ်တယ် ဆိုတာ...”

Share |
“သဗ္ဗေမနုဿတ္တ ညေနဘာယီအဝေါဿသောက္ထပေး....”

ဤကား ကျွန်ုပ်တို့၏ အကောင်းစားလေး ညောင်ရမ်းဂွတို ညနေဘက်တွင် ရွတ်လေ့ရွတ်ထ ရှိသော သစ္စာဂါထာ ဖြစ်ပါတယ်။

အနက်အဓိပ္ပါယ် မြန်မာပြန်မှာ “ သဗ္ဗေ...ခပ်သိမ်းကုန်သော၊ မနုဿတ္တ....မနုဿ လူသားအပေါင်းတို့သည်၊ ညေန...ညနေချမ်းတွင်၊ ဘာယီ....ဘီယာဆိုသောအရည်ကို၊ အဝေါဿ....အ၀သောက်မိသည်ရှိသော်၊ သောက္ထပေး...အမှန်စင်စစ် သေးထပေါက်ရကုန်၏။”

ညောင်ရမ်းဂွတိုဆိုတာ ဒီလိုဒီလို.. မှန်သော သစ္စာစကားကို ဆိုတတ်တယ်။ ဖြောင့်မတ်တယ်ပေါ့ကွယ်။
“ဖြောင့်တယ် မတ်တယ် ဆိုတာ၊ ဘယ်လိုဟာများ ခေါ်ပါသလဲလို့ မောင်ဘုရားကို ပြောစမ်းပါ နှမတော်လေးရယ်...အယ်” ....အဟိ ရွှေမန်းတင်မောင်အသံလေးနဲ့ မတူဘူးလားခင်ညာ။

ဖြောင့်မတ်တဲ့အကြောင်းပြောလို့ ညောင်ရမ်း လိုဘဲ လေးကိုင်းပမာ အင်မတန်မှ ဖြောင့်မတ်လွန်းတဲ့ ဘဘလီကွမ်းယူကို သတိရတယ်။ ဘဘလီက ဖြောင့်မတ်မှု (Integrity)နဲ့ ပတ်သက်လာရင် အင်မတန် ဂုဏ်ယူတဲ့သူ။ သူ့ဖြောင့်မတ်မှုကို တစုံတယောက်က သံသယနဲ့ မေးခွန်းထုတ်လာရင်တောင် လုံးဝသည်းမခံဘူး။ အသရေဖျက်မှုနဲ့ ချက်ချင်း တရားစွဲပစ်တာမျိုးကလား။

ဒါပေမယ့် ပြီးခဲ့တဲ့ ဒေါက်တာချီးတို့မောင်နှမ နဲ့ ဘဘလီတို့ သားအဖ တရားခွင်မှာ ရင်ဆိုင်တွေ့ခဲ့ကြတုန်းက.........

ဘဘလီ ပြောခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ရှေ့နေအသင်းက စာပို့တယ်ဆိုတဲ့ ကိစ္စဟာ မဟုတ်မမှန်ပါဘူးလို့ ရှေ့နေအသင်းကနေ ဖြေရှင်းရှာသတဲ့။

တရားရုံးတော်မှာ ကျမ်းကျိန်ပြီးမှ မမှန်မကန်လီဆည် သက်သေထွက်ဆိုခဲ့ရင် Perjury ခေါ်တဲ့ သက်သေလိမ်ထွက်မှုနဲ့ အပြစ်ဒါဏ်ကျခံရတတ်ပါတယ်။ အခုအမှုမှာ ဘယ်သို့ဘယ်ပုံ ဖြစ်လာမလဲ။ ငွေရောင်ပိတ်ကားကြီးပေါ်မှာ ရှုစားတော်မူကြပါ။ ဒန်တန့်ဒန်....

စင်္ကာပူရဲ့ တရားရေးဟာ တကယ်ဘဲ လွတ်လပ်မှု၊ တရားမျှတမှုရှိတဲ့ တရားရေးစနစ်လားဆိုတာ ညောင်ရမ်းဂွတိုလို အင်မတန် စပ်စုတတ်တဲ့သူအတွက် အင်မတီး အင်မတန် စိတ်ဝင်စားဘို့ ကောင်းနေပါပြီ။

အသေးစိတ်ကို ဒီမှာ သွားဖတ်ပါ။

ဒါထက် စကားမစပ် ဘလော့ဂ်လာ မိတ်သဟာပေါင်းကို ကျွန်ုပ်တို့၏ အကောင်းစားလေး ညောင်ရမ်းဂွတိုရဲ့ ဖြောင့်မတ်မှုနဲ့ ပတ်သက်ပြီး မေးခွန်းမထုတ်ဘို့ ဒီနေရာကနေ အတိအလင်း သတိပေးလိုက်ပါရစေ။ အသရေဖျက်မှုနဲ့ တရားစွဲပစ်လိုက်မယ်နော်။ ဘာမှတ်လဲ....ညှင်းညှင်းညှင်း

5 comments:

Anonymous said...

သစ္စာဂါထာလေးတော့ကြိုက်သွားပြီ :D:D:D

Anonymous said...

ကျွန်တော့်  မျိုးချစ် စိတ် ကို မှတ် ကျောက် တင် ခံ ရဲ တယ် ဆို တဲ့ သွား လေ သူ ဗိုလ် ခင်ညွှန့် ရဲ့ စကား ကို သွား သတိ ရ သ ဗျာ ။ အခု တော့ တရား တွေ တောင် ရ လို့ ဆို ပါ လား ။ သာဓု အကြိမ်ကြိမ် ခေါ် မိ ပါ ရဲ့ ။

ကိုပေါ said...

---------------------------
Anonymous ရေ……
ဟုတ်ပါသဗျ။ ကျွန်ုပ်တို့ရဲ့ အကောင်းစားလေး ဗိုလ်ခင်ညွန့်ကိုယ်တိုင် ဒေါနဲ့ မာန်နဲ့ ရုပ်မြင်သံကြားကတဆင့် ပြောခဲ့တာလေးကို အခုစဉ်းစားရင် မနေ့တနေ့ကလိုဘဲ ပြန်လည်မြင်ယောင်မိတော့တယ်ခင်ဗျာ။ သူဘယ်လိုပြောသလဲဆိုတော့….

“ခင်ညွန့်…. ဟွန်းဟွန်းဟွန်း (ရယ်သံ)…. ဟုတ်ပါတယ်…ဦးကြည်မောင်ပြောသလို…..ခင်ညွန့်ပါ။ ခင်ညွန့်ဟာ ငယ်တယ်ဆိုပေမယ့် မျိုးချစ်စိတ်ရှိတဲ့ နေရာမှာ ခင်ညွန့်တို့လည်း ဦးကြည်မောင်နဲ့ ယှဉ်ရဲပါတယ်” လို့ စိန်ခေါ်သွားပါသဗျ။

တန်ခူး said...

ဘီယာ သစ္စာဂါထာ…မှတ်သားသွားတယ်

Anonymous said...

Your post has changed my opinion of Dr Chee and his struggle. It is very deplorable for the people of Singapore that all the media here treat Lee family as the untouchable and Dr Chee has not got his fair share in SG media coverage. I feel Singaporeans have chosen survival at the expense of freedom.

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs