“သွေးစုတ်ဖုတ်ကောင်များ”

Share |
“တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ”….. တဲ့။

“တိုင်းပြည်ကို ချောက်ထဲမကျအောင် ကယ်တင်လိုက်ရတာပါ”……တဲ့။

“တိုင်းပြည်ပြိုကွဲမယ့် အန္တရာယ်ကနေ ကာကွယ်လိုက်ရတာပါ”…..တဲ့။

ထွီ…..မတန်မရာ။ အခုလို သဘာဝဘေးအန္တရာယ်ကြုံလို့ ပြည်သူတွေ တကယ်လည်း ဒုက္ခရောက်ရော……ဘယ်မလဲ… အဲဒီ အမိအဖ လို့ ကိုယ့်ဘာသာ သတ်မှတ်ထားတဲ့ ပုဂ္ဂိုလ်ကြီးတွေ၊ ကယ်တင်ရှင်ကြီးတွေ၊ ကာကွယ်စောင့်ရှောက်သူကြီးတွေ။ အားလုံးကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကြတယ်။

ကမ္ဘာတလွှားက တခြားနိုင်ငံတွေမှာ အခုလို အဖြစ်မျိုးကြုံရင်... စစ်တပ်က စွမ်းစွမ်းတမံ ကယ်ဆယ်ရေး လုပ်ငန်းတွေ၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက် ပေးတယ်။ အကူအညီတွေပေးတယ်။

အခုတော့ လမ်းမပေါ်မှာ လဲကျနေတဲ့ သစ်ပင်တွေကို ပြည်သူတွေနဲ့ ရဟန်းသံဃာတွေဘဲ ကိုယ်ထူကိုယ်ထ ခုတ်ထွင်ရှင်းလင်းနေကြရတယ်။ သူတို့က ရုပ်မြင်သံကြားမှာ တကွက်နှစ် ကွက် ဟန်ပြလုပ်ပြီး ၀ါဒဖြန့်ဘို့ဘဲ ကြိုးစားနေတယ်။

အခု နောက်ဆုံးကြားရတဲ့ သတင်းအရဆိုရင် တော်တော် အော့နှလုံးနာပြီး မသတီစရာ ကောင်းတယ်။ လူတွေ အုံကြွမှာစိုးရိမ်လို့ ရန်ကုန်မှာ လုံခြုံရေးတွေ တင်းကြပ်ထားသတဲ့။ တော်တော်လည်း တရားကျဘို့ ကောင်းတယ်။

မုန်တိုင်းတို့ မြေငလျှင်တို့ ရေကြီးတာတို့ဟာ သဘာဝဘေးအန္တရာယ်တွေမို့ တားဆီးလို့မရတာ မှန်ပေမယ့် လူအသေအပျောက်နည်းအောင်၊ အိုးအိမ်အပျက်အစီးနည်းအောင် ကြိုတင် အစီအမံတွေ ချထားနိုင်တယ်။ ပြီးတော့ မုန်တိုင်းပြီးပြီးချင်းမှာလည်း ကယ်ဆယ်ရေး လုပ်ငန်းတွေကို အလျှင်အမြန်လုပ်ဆောင်ရမှာ ဖြစ်တယ်။

ဆင်းရဲတဲ့နိုင်ငံမို့ အစိုးရက ကြိုတင်တပ်လှန့်မှုတွေ ထိထိရောက်ရောက်မလုပ်နိုင်ပါဘူးလို့ လာဆင်ခြေမပေးနဲ့။ အမျိုးသားညီလာခံထောက်ခံဆန္ဒပြပွဲတွေတုန်းကတော့ မြို့တိုင်းရွာတိုင်း တအိမ်တယောက်နှုန်းနဲ့ မထွက်မနေရ ထွက်လာအောင် ဖိအားပေးတတ်တယ်။ အတင်းအဓမ္မ လုပ်အားပေးခိုင်းပြန်ရင်လည်း လူထုမှာ ပုန်းလို့တောင် မလွတ်စတမ်း အကွက်စေ့စေ့ ခိုင်းတတ်တယ်။

ဟော….လူတွေ အကျိုးစီးပွားကို ကာကွယ်ဘို့ကျတော့ တကယ်ဘဲ မျက်နှာလွှဲခဲပစ် နေနိုင်ရက်တယ်။ နေနိုင်မှာပေါ့။ ဗိုလ်ချုပ်ကြီးတွေ၊ ဗိုလ်ချုပ်ကလေးတွေ၊ ၀န်ကြီးတွေ၊ ၀န်ကလေးတွေရဲ့ သားသမီးတွေက စင်္ကာပူလိုနိုင်ငံမျိုးမှာ ပြည်သူ့ချွေးနှဲစာကို ဓားပြတိုက်လို့ ရထားတဲ့ ပိုက်ဆံတွေနဲ့ ကွန်ဒိုမီနီယံတွေဝယ်၊ ကားတွေဝယ်စီး။ ကြွားကြ၀ါကြ ပလွှားကြ။ မုန်တိုင်းက သူတို့တတွေနဲ့ အဝေးကြီးမို့လား။ သူတို့ဘ၀တွေ ပြည်တော်သာနေရင် ပြီးရော ဆိုတဲ့စိတ်နဲ့ တိုင်းပြည်ဘာဘဲဖြစ်ဖြစ် ဂရုလုံးလုံးမစိုက်တဲ့ အစိုးရ။ အဲသည်အစိုးရမျိုးရှိနေတာဟာ ပြည်သူအတွက် အထောက်အကူမရဘဲ ၀န်ထုပ်ဝန်ပိုးကြီးသက်သက်ဘဲ။

စင်္ကာပူမှာရောက်နေတဲ့ ဗိုလ်ချုပ်သားသမီး၊ ၀န်ကြီးသားသမီး ဆိုတဲ့သူတွေ….။ သင်တို့ သိအောင်ပြောလိုက်မယ်။ သင်တို့ ဖခင်တွေဟာ ဒီရာထူးကို လူထုက ရွေးချယ်တင်မြှောက်လို့ရထားကြတာမဟုတ်ဘူး။ လူထုဆီက အာဏာကို ဓားပြတိုက်ယူထားလို့သာ ဒီနေရာ ဒီရာထူးတွေကို ရခြင်းဖြစ်တယ်။ သင်တို့သုံးဖြုန်းနေတာ တွေဟာလည်း လူထုစားမယ့် ထမင်းလုပ်ကို ပုတ်ချပြီးမှ ရလာတဲ့ ပြည်သူရဲ့ချွေးနှဲစာ ပိုက်ဆံတွေဖြစ်တယ်။ပြည်သူတွေရဲ့ သွေး၊မျက်ရည်နဲ့ ရင်းပြီးမှ စားရတဲ့ ထမင်းကို သင်တို့ မြိန်ယှက်ပါသလား။ သင်တို့မှာ ကိုယ်ချင်းစာတရား မရှိတော့ဘူးလား။ သင်တို့ လူစိတ်ခေါင်းပါးသလား။ သင်တို့ဟာ သွေးစုတ်ဖုတ်ကောင်တွေလား။

ပြည်သူအားလုံးအနေနဲ့ကတော့ ဒီ သွေးစုတ်ဖုတ်ကောင်၊ မကောင်းဆိုးဝါး စစ်အစိုးရကို မြန်မာ့မြေပေါ်က အမြန်ဆုံး အမြစ်ပါပြတ်အောင် မဖြစ်မနေ ဆန့်ကျင်တော်လှန်ကြရမှာဘဲ။

10 comments:

Anonymous said...

ရန်ကုန်၊ ဧရာဝတီတိုင်း အတွင်းက စစ်တပ်တွေလဲ မုန်တိုင်းဒဏ်ခံရတာပဲခင်ဗျ၊ သူတို့ဟာ သူတို့ နေအိမ်၊ကို မပြုပြင်ရဘဲ မြို့ထဲထွက်ပြီး ကူညီနေကြရတာပါခင်ဗျ ။ဘိုကလေး ၊ ဟင်္သာတ မှာ မိဘဆွေမျိုးတွေ ရှိတဲ့ စစ်သားတွေဟာ ကိုယ်မြို့ ကိုယ့်ရွာကို မပြန်ရဘဲ ရန်ကုန် မှာ လမ်းတွေ ရှင်း ၊ အကူအညီးပစ္စည်းတွေကို ရွှေ့ပြောင်းနေကြရတာပါခင်ဗျာ ၊ ကိုပေါ ကရော ဘာလုပ်ပြီးပြီပါလဲခင်ဗျ ။ ဒေါသတွေ နဲနဲထိန်းပါခင်ဗျ

Ko Myo (SG) said...

To MgLannThit,

In response to your comment, we understand and feel about the plight and truma of Burmese citizens including the families of the army who have suffered the disaster of this magnitude.
Here, Ko Paw is talking about those in the elite military circles who do not give a shit about the suffering of ordinary citizens, and enjoy all kinds of luxury at the expense of the people.
Why did the military junta fail to inform people of this disaster appropriately and take any preventive measures in advance?
To them, their so-called referendum (the military's roadmap to power) is more important than people's lives.
To answer your question of what we are doing, we, overseas Burmese, are doing whatever in our capacity such as raising funds and donating money and food supplies to those affected people in Burma.
We are trying to fulfill the duties of citizens whereas the military junta dismally failed again to do its duty of protecting its citizens.
We will remember the greed, ignorance, cruelty and incompetence of this military regime inside the deepest of our hearts and minds.

Anonymous said...

ရခဲလှတဲ့လူ့ အသက်တချောင်းကဒီတိုင်းပြည်မှာတော့၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊

မင်းသုမေ

Anonymous said...

hey mylanthit..

Please go away.. bcos.. you really don't get what blogger says. If you don't see and agree these real things , you are totally nuts.. it means u might be good solider, can hope for lousy black star on your shoulder. ( or) you might be one of the family members from these reckless, and the most irresoponsive regimes.

Anonymous said...

မောင် လမ်း သစ် ရေ

ကို မျိုး ပြော တာ ကို နား လည် အောင် ဖတ် ကြည့် ပါ ။ အစိုးရ ရဲ့ တာ ဝန် ၊ တိုင်း သူ ပြည် သား တစ် ယောက် ရဲ့ တာ ဝန် ဆို တာ ရှိ တယ် ။ အစိုး ရ ဘက် က ကြို တင် ပြင် ဆင် မှု မရှိ ဘဲ ပျက် ကွက် ခဲ့ တယ် ။ တစ် ပတ် လောက် ကြိုသိ ပြီး သတိ မပေး ခဲ့ ဘူး ။ ဖြစ် ပြီး ပြီး ချင်း ထွက် မ လာ ခဲ့ ဘူး ။ အကူ အညီ ပေး မဲ့ လူ တွေ ကို ငြင်း ခဲ့ တယ် ။ နောက် မှ မနိုင် မနင်း ဖြစ် မှ ဟို လူ ကယ် ပါ ။ ဒီ လူ ကယ် ပါ လုပ် တယ် ။ အိုး နင်း ခွက် နင်း နဲ့ ။ ရှေ့ စ ကား နောက် စ ကား မ ညီ နဲ့  ။
တီ ဗွီ ထဲ က ပြ ကွက် တွေ က မြို့ လယ် ကောင် တွေ မှာ လုပ် ပြ သွား တာ တွေ ကို သိ မှာ ပါ ။

Anonymous said...

Ko Paw,

Every post of you unveil your knowledge, patriotic spirit, sense of humar and most inportant of all personality and character itself. I always respect you for every single posting.

The recent post have some negative affect due to anger tone and strong language selected. However, who can write better, who can choose better word.... to wake up who are enjoying in their dream land

For those affected by the post.....
Just take it as wake up call...
Try to see what blogger see....though it may not be easy...

Mg Lan Thit,

I collected used cloth in my neighbourhood and wash them last whold night. will pack them nicely and sent to Panasula today or tomorrow. that is what lowly citizen can do... you can't blame me for not doing more....

What is our might military governmet doing? Washing clothes just like i did last night....?

...Pls wake up.....
...Already wake up but refuse to open eye and look around...for the sate of deprived country and it's people pls NOW IS TIME TO OPEN YOUR EYE AND LOOK AROUND. we always welcome you..

Thanks Ko Paw for this post may Ko Paw write more and enlighten more people.

Thilawa

Anonymous said...

Continuous from previous comment..

To mglanthit,

I do not want to ask you, what are you doing or what can you do,
I believe you are doing best of your capacity to help typhoon hit area..

If every one try, tried best....??

Thilawa

Anonymous said...

အသိခေါက်ခက်အ၀င်နက်လှချီလားလမ်းသစ်ဆိုတဲ့ကောင်---တပ်မတော်ကလုပ်ပေးနေတယ်မှန်ပါတယ်--ဒါနဲကခေါင်းဆောင်ပိုင်းကရောဘာလို့အချိန်မှီမကာကွယ်နိုင်ခဲ့တာလဲ---သူတို့မှာပိုက်ဆံမတတ်နိုင်လို့ဆိုပြီးကာပြောပေးဦးမလို့လား
ဖတ်ချင်တာချည်းပဲရွေးဖတ်မနေနဲ့ကွ--ကိုယ်ကိုယ်တိုင်လဲမကူညီနိုင်ကူညညီမယ့်သူတွေကိုလဲတာမြစ်ပိတ်ပင်နေတာကရောကွာ
မင်းတိုစစ်သားငယ်တေါသစ်ပင်ကိုလက်နဲ့ခုတ်ဖြတ်နေတာကရောစက်တွေမ၀ယ်နိုင်တာလာ--မ၀ယ်ပေးချင်တာလား--နွားလိုခိုင်းနေတာမင်းတို့အဘ--ပြီးရင်တော့ငါတို့တပ်မတော်ကကိုယ်ကျိုးစွန့်တပ်မတော်ကြီးပါဆိုပီးး--သူကတော့စိန့်ုပေါ်မှာထိုင်ပီမင်းတို့အရူးတွေကိုမြှောက်ပီခိုင်းစားနေတာသိရဲ့လာ..ဦးဏှောက်ချီးပိတ်ရဲ့--မင်းတို့ကကြောင်တောင်ကန်းတွေပဲ

Anonymous said...

I agree with what Anonymous said:

"Every post of you[rs] unveil your knowledge, patriotic spirit, sense of hum[o]r and most i[m]portant of all, personality and character itself. I always respect you for every single posting.

The recent post have some negative affect due to ang[ry] tone and strong language selected. However, who can write better, who can choose better word.... to wake up who are enjoying in their dream land[?]"


Anyways, keep writing (please be careful of the tone, though, because it's very important to get the message across) :)

ခင်မင်းဇော် said...

တကယ်စစ်သားတွေ အလုပ်လုပ်ရင် ခုလို ၀တ်စုံပြည့်နဲ့ မလုပ်တတ်ဘူး။ စွပ်ကျယ်နဲ့ပဲ လုပ်ကြတယ်။ အပေါ်အကျီ င်္ကို ချွတ်ထားတတ်တယ်လေ။ ခုက လမ်းတွေကို တီဗွီ ရိုက်ဖို့အတွက် ထွက် လုပ်ပြကြတာ။ နောက် အဲဒီနေ့က တလမ်းဝင် တလမ်းထွက် သူတို့ လုပ်နေပုံ ကို တီဗွီထဲမှာ ပြသကိုး။ တကယ်က တီဗွီရိုက်ပြဖို့ပဲ သူတို့ လုပ်နေတာ။ တပ်မတော်သာအမိ တပ်မတော်သာ အဖကိုး။

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs