“၀ါးဟားဟားဟား”

Share |
ခွင့်လွှတ်ကြပါ....ကွယ်ရို့။

ဝမ်းထဲကနေ ကျလိ....ကျလိ...ဆိုပြီး တလိပ်လိပ်နဲ့ လှိမ့် လှိမ့်တက်လာတော့လည်း ပါးစပ်ကနေ အဟိ..အဟိ...ဖြစ်သွားမိတာ မဆန်းပါဘူး။ ကျနော်မောင်ပေါ တယောက် ဘာတွေများ မပြုံးဘဲနဲ့ ၀ါးလုံးကွဲနေသလဲ သိချင်ကြမယ်ထင်ပါရဲ့။

အောက်ပါသတင်းလေးကို ဖတ်ကြည့်ပါ။ ကမ္ဘာပေါ်မှာ ပထမတန်းစားနိုင်ငံ (First World Country) ဆိုပြီး (အုပ်ချုပ်သူ အစိုးရက) ကိုယ့်တိုင်းပြည်ကိုယ် သမုတ်တတ်သော၊ အင်မတန်မှ ခေတ်မီတိုးတက်သော၊ အင်မတန်လုံခြုံသည်ဟု နာမည်ကျော်ကြားသော (ညအချိန် လမ်းထွက်လျှောက်တောင် ဘာမှမဖြစ်ဘူးလို့ အဆိုရှိတယ်)၊ အင်မတန် စွမ်းရည်ထက်မြက်သော လုံခြုံရေးတပ်ဖွဲ့ဝင်များရှိသည်ဟု ဆိုသော စင်္ကာပူသမ္မတ နိုင်ငံတော်ကြီးတွင် ဖြစ်ပျက် သွားခြင်းပါ။

http://www.straitstimes.com/Latest%2BNews/Singapore/STIStory_211064.html

အဖြစ်အပျက်ကို အတိုချုပ်ပြောရလျှင် စင်္ကာပူနိုင်ငံမှ ရထားလမ်းများ၊ ဘူတာရုံများ၊ ချန်ဂီလေဆိပ် အစရှိသည်တို့ကို ဗုံးဖောက်ခွဲရန်ကြံစည်ခဲ့ဘူးသော ဂျမားအစ္စလမ်းမီးယား အဖွဲ့ခေါင်းဆောင်ဖြစ်သူအား အင်ဒိုနီးရှားရဲတပ်ဖွဲ့မှ ဖမ်းမိပြီးနောက် စင်္ကာပူအာဏာပိုင်များ လက်သို့ အပ်လိုက်ပါသည်။ ထို အကြမ်းဖက်ခေါင်းဆောင်သည် ယခု စင်္ကာပူ အိုင်အက်ဒီ (ပြည်တွင်း လုံခြုံရေး ဌာန) လက်အောက် အကျဉ်းစခန်းတခုတွင် ထိန်းသိမ်းထားရာမှ ယနေ့ ထွက်ပြေး လွတ်မြောက်သွားပါသည်။ ယခု ဤပို့စ်ကို ရေးနေစဉ်အထိ ဖမ်းမမိသေး။ ရဲများ ဒေါင်းတောက်အောင် မြေလှန်ရှာနေကြပါသည်။ လွတ်မြောက်ထွက်ပြေးသူ အကြမ်းဖက်သမားသည်ကား သန်သန်စွမ်းစွမ်းမဟုတ်။ ခြေတဖက်မသန်။

အမှန်တကယ်တော့ ထိုသူ လွတ်မြောက်ထွက်ပြေးသွားခြင်းသည် အင်မတန် အန္တရာယ်များသည့် ကိစ္စဖြစ် သည်။ မထင်မှတ်သောသူများကို ဓါးစားခံ လုပ်နိုင်သည်။ လူစည်ကားရာနေရာများတွင် အန္တရာယ်ပေးနိုင်သည်။ လုံခြုံရေး အင်မတန်ပေါ့လျော့သည်ဟု ဆိုရပေမည်။

First World Countries များတွင်တော့ ဤအဖြစ်အပျက်မျိုး ဖြစ်ပါက တာဝန်ရှိသူ ပြည်ထဲရေး ၀န်ကြီး နှုတ်ထွက်ရမည်မှာ မြေကြီးလက်ခတ်မလွဲပေါ့။ စင်္ကာပူမှာ တနှစ်တနှစ် ဒေါ်လာသန်းချီပြီး လုပ်ခ ရယူနေသော ပထမတန်းစား ပြည်ထဲရေးဝန်ကြီး ဦးဦး ဝေါင်ကန်ဆင်း တယောက်ရော အဲဒီလို ရဲရဲကြီး တာဝန်ယူရဲပါမည်လော မပြောတတ်။





ဒီလို ဒီလို လုံခြုံတဲ့ နိုင်ငံကြီးမှာ ဖြစ်သွားတာနော်.........


ကြည့်ရတာ လူဆိုးက ထွက်မပြေးခင်မှာ ဓါတ်ပုံထဲက ကွန်မန်ဒိုရဲ့ ခေါင်းစွပ်ကို မျက်စိနဲ့ အပေါက်နဲ့ လွဲသွားအောင် ဆွဲလှည့် သွားသေးတယ်ထင်တယ်... ခွိခွိ။ ဟိုကောင် တော့ ခေါင်းစွပ်နဲ့ နပန်းလုံးပြီး ကျန်ခဲ့မှာပေါ့။




13 comments:

Anonymous said...

အောက်ကပုံမှာ ဘယ်ဟာက တာရားရစ် (စ်) လဲ ဟင် အစွပ်ကြီးတွေနဲ့ဟာလား....ခွိခွိ
အခုထိ မမိသေးဘူးတဲ့ဗျို့...

တန်ခူး said...

"အမှန်တကယ်တော့ ထိုသူ လွတ်မြောက်ထွက်ပြေးသွားခြင်းသည် အင်မတန် အန္တရာယ်များသည့် ကိစ္စဖြစ် သည်။ မထင်မှတ်သောသူများကို ဓါးစားခံ လုပ်နိုင်သည်။ လူစည်ကားရာနေရာများတွင် အန္တရာယ်ပေးနိုင်သည်။ လုံခြုံရေး အင်မတန်ပေါ့လျော့သည်ဟု ဆိုရပေမည်။"

ခွင့်မလွှတ်နိုင်တဲ့ပေါ့လျော့မှူ။ သိပ်ကြောက်စရာကောင်းပါတယ်။ လူ့အသက်ပေါင်းများစွာကို တပြိုင်တည်း ဒုက္ခပေးနိုင်တဲ့ထိ အန္တရာယ်ကြီးလွန်းတယ်။

Kaung Kin Ko said...

လာဖတ်သွားတယ်ဗျာ။ :-D :-D :-D

Anonymous said...

THESE ARE THE QUESTION NOW EVERONE IS ASKING:=

1) did he really escape?
2) is he still alive ?
3) how do we know?
4) can his family demand for him?
5) what is the proof that he escaped?
6) if he did escape -how?
7) did the jamban have a dug up hole that leads to Timbuktu?
8) who was involved in his escape?
9) what 's the deal actually?
10) did Mas Selamat have an supernatural power?

http://forums.delphiforums.com/sammyboymod/messages

လင်းလက်ကြယ်စင် said...

အဟားဟား ကိုပေါပြောတာ ရေလည်ကြိုက်တယ်ဗျို့ .. အဲဒီသတင်းကြားကြားချင်း ကျွန်မလည်း တော်တော်အံ့သြသွားတယ်။ လုံခြုံရေးမှာ နာပါတ်တစ်လို့ သိထားတဲ့ စင်္ကာပူနိုင်ငံမှာ ဖြစ်ပျက်သွားတော့ ပိုမိုအံ့သြမိတာပေါ့။ အင်မတန်အန္တရာယ်များသော အမှုကြီးတစ်ခုပါ ။ စလုံးရဲတွေက ထောက်လှမ်းစုံစမ်း ၊ လိုက်ရှာတဲ့နေရာမှာ တော်ပုံမျိုးနဲ့တော့ ဒုက္ခတော့များမှာ မြင်ယောင်နေမိပါသေးတယ်။ ဘာပဲဖြစ်ဖြစ် သွားတာ လာတာ အားလုံးသတိထားကြဖို့ပဲ အကြံပြုချင်ပါတယ် ။

Anonymous said...

ဟားဟား ကိုပေါရေ

အူတူတူ စလုံးရဲတွေတော့ပြာနေပြီ အရည်အချင်းက အပြည့်ဆိုတော့ ခုလောက်ဆိုရင် ဝန်ကြီးချုပ်နား ရောက်နေလောက်ပြီ။

အတော်ပဲ နောက်ဆိုရင် တေဇအဆက်အနွယ်တွေကို ဆော်ပလော်တီးလို့ရပြီဗျို့

Ka Daung Nyin Thar said...

တားတားဆီကို မလာပါနဲ့ဗျို့..
တားတားက မုတ်ဆိတ်မွှေးနဲ့ဆို ကြောက်တတ်လွန်းလို့ပါ.. ဟီး

Anonymous said...

http://burmaunited.blogspot.com/2008/02/no-voteorvote-no.html

pandora said...

အေးဗျာ.. ဒီတစ်ခါတော့ ရေရေလည်လည် ရှက်ဖွယ်လိလိပဲ
စလုံးရဲတွေက ကိုပေါတို့ လင်းလက်တို့ကို စစ်မေး ဟိန်းဟောက်တဲ့ နေရာမျိုးတင်မက တကယ်အန္တရာယ်များတဲ့ လူကို မိအောင်ဖမ်းတဲ့နေရာမှာလည်း (သူတို့ပြောပြောနေသလို) efficient ဖြစ်တယ်ဆိုတာ ပြရတော့မှာပဲ။ တော်ကြာနေ ဟို index ဒီindex တွေမှာ ထိပ်ဆုံးက နေရာယူထားတာ တဟုန်ထိုး ကျနေပါဦးမယ်။

s0wha1 said...

၅ ရက်တောင် ရှိပြီဗျို့... မိတော့မှာ ဟုတ်ပါဘူး။။။ စင်္ကာပူကြီး အကြီးအကျယ် အရှက်ကွဲခြင်းပေါ့။ ဒါတောင် ဒီနေ့သတင်းစာထဲမှာ အပြောက မလျှော့သေးဘူး။ =))

Anonymous said...

လော်စစ်ဟန်ရဲ့ကုမဏီတွေစင်ကာပူမှာပိတ်ခံရတာ --ဒီအကြောင်းကိုရေးကြတာကျနော်မတွေ့သေးဘူး



လူထုတရပ်လုံးရဲ့ရန်သူ--ဘိန်းဘုရင်ကိုသူတို့နိုင်ငံမှာစီးပွားေ၇းလုပ်ခွင့်ပေးတဲ့ကိစ

ဒီလူက--တကဘာလုံးရဲ့ criminal ပဲ --ဒီလူဘာလုပ်တယ်ဆိုတာတကဘာလုံးသိတယ်





ကဘာက-စလုံးကိုမသိချင်ယောင်ဆောင်ပြီးရှောင်နေကြတာ

ဒီကိစခေါင်းကြီးပိုင်းတောင်တင်သင့်တယ်

စလုံးကတရုတ်ပီးရင်--နှာအစီးဆုံးပဲ

အခုလဲအရှက်ခဏခဏကွဲနေတာ

ရာဇ၀တ်သားလွတ်နေတာ၂-ပတ်၇ှိပီခုထိမမိသေးဘူး

မူးယစ်ဆေးနဲပတ်သတ်လို့ဥပဒေတင်းကျပ်ပါတယ်ဆိုတဲ့စင်ကာပူမှာ--ဒီလိုကဘာ့နံပါတ်-၂-ဘိန်းထုပ်လုပ်သူကိုဘာကြောင့်ကုမဏီတွေအများကြီးဖွင့်ခွင့်ပေးထားတာလဲဆိုတာ

မေးခွန်းထုပ်ကြပါဦး--ကျနော်တို့လှုပ်ရှားသူတွေကိုနှိပ်ကွပ်နေတဲ့စလုံးအစိုးရရဲ့လုပ်ရပ်ကိုဖွင့်ချကြပါဦးလို့တောင်းဆိုပါရစေ

Anonymous said...

ဟုတ်ပ။ ကျွန်တော် သတင်းစာမှာ ဖတ်လိုက်ရတာကို ပြောရအုန်းမယ်။ အလကားရတဲ့ သတင်းစာက ပေးစာနေရာမှာ ရေးထားတာ။ သူတို့ ၀န်ကြီးက တောင်းပန်တဲ့အကြောင်းလေ။ အဲဒီလို တောင်းပန်တာဟာ တော်ရုံခေါင်းဆောင်တွေက မတောင်းပန်ဖူးဘူး။ အမေရိကန်က ဘယ်သမ္မတက ဘယ်တုန်းက တောင်းပန်ဖူးတာ။ ဘယ်ခေါင်းဆောင်ကောင်းက ဘယ်တုန်းက တောင်းပန်ဖူးတာနဲ့ ရေးပြီး အခုလို သူတို့ ၀န်ကြီးက တောင်းပန်တာဟာ အလွန်ကို လေးစားစရာ ကောင်းတဲ့ အကြောင်းတွေ ရေးထားတာ။ မရယ်ရဘူးလား။ ဘုန်းကြီးရူးနဲ့ လှေလူးကတော့ လိုက်ပါ့ဗျာ။ စလုံးတွေ ရူးပုံက အဲဒီလို...

Tin said...

မြန်မာစစ်အဆိုးရ လို ရိုက်စစ်ရင်းနဲ့ လက်လွန်ခြေလွန်ဖြစ်ပြီး သေသွား လို့ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ပြောတာလား?? ဒါမှမဟုတ် လူတွေကို တမင်သက်သက် စိတ်ပြောင်းအောင်လုပ်တာဘဲလား??
စ လုံး အစီုးရ လဲ မြန်မာစစ်အဆိုးရ နှင့် သိပ်မကွာပါ။ ယုံ လို့ မရပါ ။

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs