"ရမ်ဘိုနှင့် သူတော်ကောင်း တသိုက်"

Share |
ရမ်ဘိုကား ရုံတင်ပြီးကတည်းက ဗမာတချို့ရဲ့ အော့ဂလီဆန်ချင်စရာကောင်းသော စရိုက်ကို ဘွားကနဲ ထင်းထင်းကြီးတွေ့လိုက်ရသည်။ တခြားမဟုတ်။ နေရာတကာ သူတော်ကောင်း ၀င်လုပ်ချင်သော စရိုက်ပင်ဖြစ်သည်။

ဟိုတုန်းက မြန်မာပြည်မှာ ရေပန်းစားခဲ့သော ဗိုလ်အောင်ဒင် ဇာတ်ကားထဲက ဒမြဗိုလ်၊ လူဆိုးဗိုလ် ဗိုလ်အောင်ဒင်အား သူ့တပည့် သုခ ကပြောလေ့ရှိသော စကားတခွန်းကိုလည်း သတိရမိသည်။ ဗိုလ်အောင်ဒင်သည် လူက ဒမြဗိုလ်လုပ်စားနေပြီး ကြင်နာသနားတတ်သော စိတ်ရှိရာ (ဒမြတိုက်နေရင်းတောင် ဒမြအတိုက်ခံရသောသားအမိက ငိုယိုတောင်းပန်သောအခါ စိန်တွေ ရွှေတွေ မယူတော့ဘဲ လမ်းစားရိတ် ငွေတစ်ဆယ်ကိုသာ တောင်းသူမျိုးဖြစ်ရာ) ကြာတော့ သုခက စိတ်မရှည်တော့ဘဲ “ဆရာ နေရာတကာ သူတော်ကောင်းစိတ်မွေး မွေးနေတာ ခက်တာပေါ့ ဆရာရဲ့” ဟု ပြောလေတော့သည်။ သုခ စကားကို ကျနော်ကြိုက်သည်။ လူဆိုတာ ကိုယ့်အလုပ်ကိုယ် ပီပြင်အောင် လုပ်ရမည်။ ယုတ်စွအဆုံး ဓါးပြလုပ်ရင် ဓါးပြအလုပ်ကို တူတူတန်တန်လုပ်ရမည်။ ဓါးပြလုပ်နေပြီး သူတော်ကောင်းစိတ်မွေးချင်နေ သေးလျှင် ဒီလူတခုခု မှားယွင်းနေပြီ။

ယခုလည်း ရမ်ဘိုကားနှင့် ပတ်သက်ပြီး နိုင်ငံရေး ရှုထောင့်ကရော၊ ဘာသာရေးရှုထောင့်ကရော၊ လူမျိုးရေးရှုထောင့်ကရော ဝေဖန်လိုက်ကြသည်မှာ မိုးမွှန်နေသည်။ အကယ်၍သာ ရမ်ဘိုကားသည် အက်ရှင်ကားမဟုတ်ဘဲ Documentary တခုသော်လည်းကောင်း၊ ကုလသမဂ္ဂ၏ အရေးပါသော ဆောင်ရွက်ချက်တခုသော်လည်းကောင်း၊ သို့တည်းမဟုတ် နိုင်ငံတနိုင်ငံ၊ အဖွဲ့အစည်းတခုခု၏ ပေါ်လစီသော်လည်းကောင်း ဖြစ်နေခဲ့လျှင် ၄င်းတို့ ဝေဖန်နေကြသည်ကို တလုံးတပါဒမျှ ကျနော့်အနေဖြင့် ၀င်ပြောဖြစ်မည် မဟုတ်ပါ။ ကျနော်ကိုယ်တိုင်ပင်လျှင် ၀င်ရောက် ဝေဖန်ကောင်း ဝေဖန်မည်ဖြစ်သည်။

ယခုမူကား အားလုံးသိကြသည့်အတိုင်း ရမ်ဘို သည် ဟောလီးဝုဒ် အက်ရှင်ကား တကားမျှသာဖြစ်သည်။ အက်ရှင်ကားတို့မည်သည်မှာ အပျင်းပြေကြည့်ရန် ရိုက်ကူးခြင်းမျှသာ ဖြစ်သည်။ ဤသည်ကို “စနစ်အား တိုက်ခြင်းမဟုတ်”ဟုလည်းကောင်း၊ “မြန်မာ့ ဒီမိုကရေစီအရေးအား မည်သို့မျှ အထောက်အကူမပြု”ဟုလည်းကောင်း၊ “တိုင်းရင်းသားလူမျိုးစုများကို အသိဉာဏ်နည်းသည်ဟု နှိမ်ရာရောက်သည်” ဟူ၍လည်းကောင်း၊ “ဗုဒ္ဓဘာသာနှင့် ခရစ်ယာန် ဘာသာကို ရန်တိုက်ပေးသည်” ဟု လည်းကောင်း အမျိုးမျိုး ဝေဖန်နေကြခြင်းမှာ ဝေဖန်သူများသည် ရူးသွပ်နေသူများမဟုတ်ပါက အထက်ကပြောခဲ့သလို နေရာတကာ သူတော်ကောင်းယောင် ဆောင်ချင်နေသူများသာ ဖြစ်ရချေမည်။ အက်ရှင်ကားကို အက်ရှင်ကားလိုဘဲ ကြည့်ကြပါ။ စတားလုံးက စီးပွားရေးအမြတ်ထုတ်သွားသည်ဆိုလည်း အပြစ်ပြောစရာမရှိ။ သူသည် မဟုတ်မဟတ်ကို လုပ်ကြံပြီး ရိုက်ကူးခြင်းမဟုတ်။ နအဖ စစ်တပ်များ နယ်စပ်ရှိကျေးရွာများကို ဖျက်ဆီးနှိပ်စက်သည်မှာ သူရိုက်ပြသည်ထက် မလျော့ကြောင်း အားလုံးအသိပင်ဖြစ်သည်။

အိုဘီပီ အဖွဲ့မှ ကိုကျော်စိုးပြောသလိုပင် ဇာတ်ကားထဲတွင် ရမ်ဘိုသတ်သွားသည်မှာ လမ်းမပေါ်တွင် မေတ္တာပို့၊ အေးချမ်းစွာ ဆန္ဒပြနေသော ဘုန်းတော်ကြီးများကို သတ်ခြင်းမဟုတ်၊ ကျောင်းသားလူငယ်လေးများကို သတ်ခြင်းမဟုတ်၊ ကရင်ကျေးရွာမှ အမျိုးသမီးနှင့် လူမမယ်ကလေးများ အပြစ်မဲ့ တိုင်းရင်းသားများကို သတ်ခြင်းမဟုတ်။ လက်နက်အားကိုးဖြင့် ရမ်းကားနေသော သတ်သင့်သတ်ထိုက်သူများကို သတ်ခြင်းဖြစ်သည်။ ထိုကြောင့် သင်သည် ဇာတ်လမ်းကြည့်ရှုနေစဉ်အတွင်း ရမ်ဘိုက မြန်မာစစ်သားများကို သတ်ဖြတ်သည်ကို နှစ်ထောင်းအားရစွာ ကြည့်ရှုနေပါက သင့်မှာ အပြစ်မရှိ။

ဗုဒ္ဓလက်ထက်ကလည်း သူဌေးသမီးတယောက် (ကျနော် နာမည်မမှတ်မိ)သည် အကွပ်မျက်ခံရတော့မည့် ရာဇ၀တ်သားသူခိုးဓားပြ တယောက်ကို သူသတ်ကုန်းသို့ ခေါ်ဆောင်အသွား အိမ်ပေါ်မှလှမ်းမြင်စဉ်တခဏ အရူးအမူးချစ်ကြိုက်မိ၍ သူသတ်တို့ထံမှ ရွေးယူကာ လင်မယားအဖြစ် ပေါင်းသင်းသည်။ သူခိုးသည် သူခိုးဗီဇမပျောက်။ နောက်ဆုံးတွင် သူဌေးသမီးအား တောင်စောင်းသို့ခေါ်သွားပြီး လက်ဝတ်ရတနာများကို ချွတ်ခိုင်းကာ အသေသတ်ဘို့ကြံသည်။ သူ့ကိုသတ်တော့မည်ကို သိသောအခါ သူဌေးသမီးက ဥပါယ်တံမျဉ်ဖြင့် သူ့လင်သူခိုးအား နောက်ဆုံး လက်ယာရစ် သုံးပတ်လှည့်ကာ ကန်တော့ခွင့်တောင်းသည်။ သူခိုးကို လှည့်ပတ်နေစဉ်အတွင်း သူခိုးအား ကမ်းပါးကျောက်စောင်းကနေ ရုတ်တရက် အားကုန်တွန်းချလိုက်ခြင်းဖြင့် သူမကိုယ်တိုင်မူ အသက်ဘေးမှလွတ်မြောက်ရသည်။ မြတ်စွာဘုရားလက်ထက်တွင် ထိုသူဌေးသမီးမှာ တင်္ခနုပ္ပတ္တိဉာဏ်အရာ (တွင်ထင်သည်) ဧတဒဂ်ရသည် ကြားဘူးသည်။ မိမိအားမတရား အနိုင်အထက်ပြုသူအား မိမိအသက်ကို ကာကွယ်ရန် ပြန်သတ်ရသည်မှာ အပြစ်မဟုတ်။ တရားဥပဒေမှာပင် မိမိအသက်ကို ခုခံကာကွယ်သည့်အနေဖြင့် သတ်မိလျှင် ပြစ်မှုမမြောက်။

ရမ်ဘိုသည် အလကားနေရင်း မြန်မာစစ်သားများကို သွားသတ်ခြင်းမဟုတ်။ လက်နက်ကိုင်ကာ ဥပဒေမဲ့ ရမ်းကားနေသူများကို ခုခံကာကွယ်ရင်း သတ်ခြင်းသာဖြစ်၍ တရားသည်။ တပ်စိတ်တစိတ်သာ သတ်လို့ ဘာဖြစ်မလဲ မမေးပါနှင့်။ တပ်စိတ်အများစုသည် ထိုနည်းနှင်နှင်သာဖြစ်ရာ ဤရမ်ဘိုကား ခိုးကူးအခွေများ မြန်မာပြည်တွင် ပျံ့နှံ့ပါက လူဆိုးနေရာရောက်နေသော သူတို့အဖြစ်ကို မြန်မာစစ်သားတွေ ရှက်ကြပေလိမ့်မည်။ တပ်ပြေးတွေ ပိုများလာမည်။ စိတ်ဓါတ်ရေးရာအရ မြန်မာစစ်တပ်ကို အကြီးအကျယ် ထိခိုက်ပေလိမ့်မည်။

ဤဇာတ်ကားကြောင့် မြန်မာလူမျိုးဂုဏ်ကိုလည်း ထူးခြားပြီးမထိခိုက်၊ ရမ်ဘိုလည်း ၀င်ငွေအမြတ်အစွန်းရသည်။ အရှုံးထွက်သည်မှာ နအဖ အစိုးရသာလျှင်ရှိပေသည်။ သို့စင်လျက် အဘယ်ကြောင့် ရမ်ဘိုကားအပေါ် မုဒိတာ မပွားနိုင်ကြပေသနည်း။

အထက်ကပြောခဲ့သလို နေရာတကာ သူတော်ကောင်းစိတ် ၀င်မွေးလိုသော အကြောင်းကြောင့်သာဖြစ်ပေမည်။ ဗမာတွေ မဟုတ်တဲ့နေရာမှာ သူတော်ကောင်းစိတ်မွေးလိုခြင်းကို ရပ်တန်းက ရပ်သင့်ကြပေပြီ။

(မှတ်ချက်။ ။ စင်္ကာပူတွင် မြန်မာပေါင်း ၆၀၀ ကျော်ကို တစုတစည်းတည်း ရမ်ဘိုကား ကြည့်ခွင့်ရအောင် ကြိုးပမ်းပေးသော ပြည်ပရောက်မြန်မာမျိုးချစ်များ အဖွဲ့ မှ လူငယ်များအား အထူး ကျေးဇူးတင်ရှိပါကြောင်း။)

18 comments:

တန်ခူး said...

လူကြားကောင်း ပရိတ်နာ ဆိုတာ သွားသတိရမိတယ်။

WanderFish said...

ရမ်ဘိုအကြောင်း ဝေဖန်တာ ကြားနေရတာ စိတ်ထဲမတင်မကျနဲ့ ဘာပြောရမှန်းမသိ၊ ခုတော့ ကိုပေါက ကျွန်တော်တို့ကိုယ်စား(မှားတယ်၊ မှန်တယ် မဟုတ်ပဲ ရပ်တည်မှုတစ်ခုအနေနဲ့) ပြောပေးလိုက်သလိုပါပဲဗျာ။

Anonymous said...

ကျွန်တော့အမြင်ပြောရလျှင်...
စစ်အစိုးရလက်အောက်ရှိ မြန်မာပြည်သည် သိက္ခာကျစရာ၊ရှက်စရာမကျန်လောက်အောင် နိမ့်ကျနေပြီးဖြစ်သည်။
ဤဇာတ်ကားကြောင့်တော့ပိုထူးပြီးရှက်စရာဖြစ်မသွားပါ။ဖြစ်ပျက်နေသောအခြေအနေအမှန်တရပ်ပို၍ ဘွင်းဘွင်းကြီးပေါ်သွားခြင်းသာဖြစ်သည်။အထုတ်ဖွင့်ပြသမို့ရှက်သည်ဆိုလျှင် အာဏာစနစ်အမြစ်ဖြုတ်တိုက်ထုတ်တတ်ရေးတွင်တပ်အားသမျှပါဝင်ရန်သာရှိသည်။သို့မှသာသိက္ခာရှိနိုင်ငံတခုအဖြစ်ပြန်လည်ရပ်တည်နိုင်လိမ့်မည်။ယူတတ်လျင် ဤဇာတ်ကားသည် မြန်မာတွေအတွက်သတိပေးတတ်လှန့်သံပင်ဖြစ်သည်။
"live for nothing..or die for something"

ဒီပို့စ်အတွက် ကိုပေါကိုအထူးကျေးဇူးတင်မိပါသည်။

Anonymous said...

ကိုပေါေ၇---အမှန်တရားကအမှန်တ၇ားပဲလေ---တကယ်လို့--ဒါမျိုးအဖြစ်အပျက်ထဲမှာကိုယ်တိုင်ပါဝင်ခြ့၇သူအနေနဲ့လူအများကိုသိစေချင်မှာပေါ့---ကောင်းကွက်နဲ့ဆိုးကွက်ကတော့နေ၇ာတိုင်းမှာရှောင်လို့မလွတ်ပါဘူး--တယူသန်ပြီးအမြင်တွေမကျဉ်းစေ့ချင်ပါ---ေ-ွးဝမ်းသာအောင်လေလည်မိသလိုဖြစ်တတ်တယ်--

ကလူသစ် said...

ဟားဟား နောက်ဆုံးတော့ အောင့်ထားလို့မရတော့ဘူးမှတ်လား

မဆုမွန် said...

ရှင်းအောင်ရေးပေးတဲ့အတွက် ကျေးဇူးတင်တယ် ကိုပေါ့

ခင်မင်းဇော် said...

ကိုပေါရေ..
အဲဒီလူတွေက ရန်ငါစည်း မပြတ်သေးတာ လို့မှတ်...

Anonymous said...

Rambo ကားကိုရိုးရိုးဆင်းဆင်းလေးဘဲမြင်ပေးပါတယ်၊
မှန်ပါတယ်ဗျာ၊ သိုပေမဲ့ ဆူညံသံတွေရှိတာကိုလည်းထားပါတော့
ကြားရ၊ဖတ်ရတဲ့အထဲမှာတော့Rambo ကို အကြောင်းပြုပြီးတော့
Overseas Burmese Patriots ကကောင်းကောင်းလိုင်းကြောင်းမှန်
တစ်ခုကိုလုပ်ပြသွားနိုင်တယ်လို့ မြင်မိသောကြောင့်ပါ၊
သူတို့ တွေတကယ်ကိုညီညွတ်ရေးဆိုသောစကားကို၊
ညီညွတ်ကြပါဆိုသောစကားကိုတွင်တွင်ပြောနေခြင်း
ထက်၊အလုပ်လုပ်ရင်းညီညွတ်ရေးဆိုတာဘာလည်းလို့  လုပ်ပြသွားနိုင်လို့ ပါ၊

လုပ်သွားသော Movement မိုးကို ဗမာရှိသောနိုင်ငံတိုင်းမှာလုပ်နိုင်ခဲ့ ရင်ပြန့် 
ကျဲနေသောအင်အားတွေကိုနားလည်မှုယူ၍ပြန်လည်
တည်ဆောက်ခြင်းဖြစ်၊ နောင်မကြာသော်ကာလမှာဖြစ်လာမှာဖြစ်သောအပြီး
သတ်တိုက်ပွဲအတွက် စုစည်းညီညာမှုကို ပီပီပြင်ပြင်နှင့် ကြီးမားသောအထောက်
အကူဖြစ်မှုကိုပေးဆောင်နိုင်တယ်လို့ ယုံကြည်ပါကြောင်း။

Anonymous said...

ကိုပေါရေ

ပေးလို့ရတဲ့ credit အကုန်ပေးလိုက်တယ်

မှန်လွန်းလို့

ပြျောင်တာတွေ အကုန်ပြောပေးလို့ပါ

ကှေးဇူးကမ္ဘာပါဘဲ

Anonymous said...

Well I dont like the fact that they are portarying Karen as Christians, KNU might be dominated by Christians but majority of Karens are buddhists. So while KNU is practising warlordism as much as Burmese army does, it is stupid to praise that movie however it is an action film.

မေငြိမ်း said...

ထောက်ခံပါတယ်ခဗျားးးး

Anonymous said...

သွေးထွက်အောင် မှန်ကန်သောကြောင့် ကဂျီကျဂျောင် ကျသော အမကြီး မသဒ္ဓါပင်..ဖြည့်စွက်ရန် စကား မကျန်တော့ဘဲ ပါးစပ်အဟောင်းသားဖြင့် ကျေနပ်စွာ ပြန်သွားပါကြောင်း။

Anonymous said...

ကိုပေါခင်ဗျား

ကောင်းတယ်ဗျာ။ ဒီသူတော်ကောင်း တသိုက်နဲ. တော့ ခက်ကုန်ပါပီ။ တယောက်ကလည်း သတ်ပြီးရင် သစ်ပင်ပေါ် မခြိတ်ခဲ.ဘူးနဲ. ရာဇ၀င် ဒုတ်ထမ်း ပြော.... ဟောနောက်တယောက်က မြန်မာ့ဂုဏ်သရေ ထိခိုက်တယ် ပြော.... ဟုတ်မှာပေါ့လေ အပြည်ပြည်မှာ အိမ်နီးချင်း နိုင်ငံ တွေမှာ ဒို. မြန်မာနိုင်ငံ ကို ကြောက်နေ ကြရတာ တွေ ..... ပြီးတော. တယောက်က ဆို ပြန်ရော Missionary တွေနဲ. NGO တွေတဲ့ ...... မြန်မာပြည် ကို မ၀င်စေချင်ရင် တားလို. ရတာ ဘဲဗျာ....... စားစရာ မရှိတဲ. လူတွေကတော. ဘာ ဘာသာလဲ အရေးမကြီး တော. ဘူး ဗိုက်ပြည်. ဖို.အရေးကြီးတယ်.... ဗိုက်ပြည်.မှ အသက်ရှင်မယ်ဗျ။ ဒါတင်ဘဲလား မဟုတ်သေးဘူး.... နောက်တယောက်က ဆို ပြန်သဗျ..... အိမ်ဖော်တွေတဲ့..... IT ခောတ်ကြီးမှာဗျာ..... သတင်းနောက်ကျနေပြီ....... ဘွဲ.ရ မြန်မာ အိမ်ဖော်များတဲ....... တော်သေးတာပေါ....... Singapore မှာ မြန်မာ Engineer တွေ Nurse တွေ Technician တွေ Accountant တွေ ကယ်ပေလို. သါပေါ့................ အပြည်ပြည်မှာ မြန်မာ့ဂုဏ်ရည် ထွန်းတောက်နေပေလို.ဘဲ.......

ဘါတွေပြောပြော......Singapore က ရတဲ့ အခွင်.အလမ်း အသုံးချ နိုင်တာ ဂုဏ်ယူတယ်။ အခြား ပြည်ပရောက် မြန်မာများ လည်း ကိုယ်နေနေတဲ့ နိုင်ငံ မှာ နမူနာ ယူကြ လိမ့်မယ်လို. မျှော်လင့် ရင်း

ကိုပေါ said...

လာရောက်ဖတ်ရှုကာ မှတ်ချက်ပေးကြသူအားလုံးအား ကျေးဇူးတင်ပါတယ်

Unknown said...

BRAVO
BRAVO
BRAVO ,KO PAW AND OTHER MYANMAR IN S'PORE.

HTA2

TZA said...

မိုက်၏၊ ကြိုက်၏၊ ထို့ကြောင့်တခါတရံတွင် ကိုပေါအားကျွန်ုပ်ချစ်မိတော့၏။

Anonymous said...

ကိုပေါ ရေးတာရျင်းတယ်ဗျာ...။
ရမ်ဘိုက အက်ရှင်မင်းသား ဆိုတော့ အက်ရှင်ကား ရိုက်မှာပါ။ ဒါသူ့ လုပ်ငန်းဘဲ။ မြန်မာပြည် နောက်ခံ ဇာတ်လမ်းမဧုတ်ဘဲ အခြားနိုင်ငံ နောက်ခံထားပြီးရိုက်ယင်လည်း ငွေကရမှာဘဲ။ တခုတော့ရှိပါတယ် သူလုပ်စားချင်ရုံသက်သက်မဟုတ်ဘူးဗျာ...။အရိပ်အရောင်တစ်ခုကို သူပြလိုက်တာပါ...။ဖွလိုက်တယ်ပေါ့ဗျာ။
မြန်မာပြည်မှာမွေး မြန်မာမြေမှာနေပြီး ပေါ်လစီ ဖားကားတွေရိုက်တဲ့ မြန်မာသရုပ်ဆောင်တွေနဲ့ စာရင်
သူကတောင် နိင်ငံတစ်ကာသိအောင်ဖွနိုင်သေးတယ်...။
အတူတူပေါ့ဗျာ...။ ရမ်ဘိုကိုလည်း ရုပ်ရျင် ဘလော့ဂ် ဂါတစ်ယောက်လို့  နားလည်ပေးကြည့်ပါ..။

ကိုပေါ said...

ကိုတီဇက်အေ.........
မချစ်ဘူးပြောရင်..ငိုလိုက်မယ်။
မလှဘူးပြောရင်....စိတ်ဆိုးတယ်။
မှန်ထဲကြည့်ရင် မလုံလဲ..။
တကယ်ဘဲ အကျည်တန်နေလား....။
သံသယစိတ်တွေ ၀င်ခဲ့မိပြန်တယ်။ ဟဲ ဟဲ...ငယ်မူပြန်သွားတယ်။

ကိုအင်န်ဇက်...ဒါပေါ့ဗျာ။ ရမ်ဘို ပထမ ဇာတ်လမ်းတွဲတွေမှာတုန်းကလည်း တခြားတိုင်းပြည်တွေကို နောက်ခံထားရိုက်တာပါဘဲ။ တကယ်တမ်းပြောရရင် ကျနော်က အရင်က ရမ်ဘို ကြည့်တဲ့လူမဟုတ်ဘူးဗျ။ ညရှုခင်းတွေမှာ ရမ်ဘိုကလည်း မျက်နှာမှာ အမည်းတွေခြယ်ပြီးရိုက်တော့ ဘာမှမမြင်ရဘူး။ ကြည့်တဲ့ ပရိတ်သတ်က ညကြည့်ကိရိယာတပ်ကြည့်ရမလိုလို ဘာလိုလို။ အခု သွားကြည့်ဖြစ်တာက နအဖ ကို သောက်ညင်ကပ်လို့ တမင်ကို တကူးတက သွားအားပေးတာပါဗျာ။

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs